နိုင်ငံများကြား ရန်ငြိုးပဋိပက္ခနဲ့မုန်းတီးမှုများရှိနေခြင်းက ယူကရိန်းစစ်ရေးပဋိပက္ခများကိုအဆုံးသတ်ဖို့ ဖြေရှင်းနိုင်မှာမဟုတ်ကြောင်း တရုတ်သံအမတ်ကြီး ပြော

 557

ဂျန်ဇက် (NP News) - ဇွန် ၂၂
နိုင်ငံများကြား ရန်ငြိုး၊ ပဋိပက္ခနဲ့မုန်းတီးမှုများရှိနေခြင်းက ယူကရိန်းစစ်ရေးပဋိပက္ခတွေကိုအဆုံးသတ်ဖို့ ဖြေရှင်း နိုင်မှာ မဟုတ်ကြောင်း တရုတ်သံအမတ်ကြီးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ယူကရိန်းစစ်ရေးပဋိပက္ခများနဲ့ပတ်သက်ပြီး ကုလမသဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးအတွင်း ကုလသမဂ္ဂ ဆိုင်ရာ တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ရဲ့ဒုတိယသံအမတ်ကြီး Dai Bing က အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။

ယူကရိန်းစစ်ရေးပဋိပက္ခဖြစ်လာခဲ့ပြီးနောက်ပိုင်း ရန်ငြိုး၊ ပဋိပက္ခနဲ့မုန်းတီးမှုများဟာ နိုင်ငံတကာအဖွဲ့အစည်းများ ကြားပျံ့နှံနေခဲ့ကြောင်း တရုတ်သံအမတ်ကြီးကပြောပါတယ်။ နိုင်ငံများကြားအမုန်းတရားပြင်းထန်လာခြင်းဟာ ကမာ့္ဘငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့ကို ထိခိုက်စေနိုင်ပြီး နိုင်ငံတကာ နိုင်ငံရေးအခြေအနေများကို အဆိပ် အတောက်ဖြစ်လာနိုင်ဖွယ်ရှိနေကြာင်း တရုတ်သံအမတ်ကြီးက ပြောပါတယ်။

တရုတ်သံအမတ်ကြီးက "ကျွန်တော်တို့အားလုံးဟာ တစ်လှေတည်းစီနေကြသူတွေဖြစ်ပါတယ်။ ကျွန်တော်တို့ လုံခြုံရေး ခွဲခြားလို့မရပါဘူး။ စစ်အေးခတ်တိုက်ပွဲတုန်းက စိတ်ဓါတ်တွေ၊ နိုင်ငံအလိုက် စုဖွဲ့လှုပ်ရှားမှုတွေ ကာလ အတန်ကြာရှိနေခဲ့ပြီး တိုးလာခဲ့တယ်။ ကျွန်တော်တို့ဟာ ထိပ်တိုက်တွေ့ဆုံမှုများမရှိအောင် တွေ့ဆုံဆွေးနွေးရေး နဲ့ အစားထိုးရမယ်။ နိုင်ငံအချင်းချင်း တိုင်ပင်ရမယ်။ မဟာမိတ်များအတွက် မိတ်ဖက်တိုးချဲ့မှုများ လုပ်ဆောင်ရ မယ်။ win-win ရလဒ်များဖြစ်အောင် လုပ်ဆောင်ရမယ်" လို့ပြောပါတယ်။

တရုတ်နိုင်ငံကိုယ်စားလှယ်အဖွဲ့ရဲ့ဒုတိယသံအမတ်ကြီး Dai Bing က "နိုင်ငံတကာအဖွဲ့အစည်းတွေဟာ လက်ရှိအခြေအနေတွေကို လျော့ကျအောင်အတူတကွဲ လုပ်ဆောင်သ့င်တယ်။ ပဋိပက္ခကို ပိုကြီးလာအောင် မီးမွေးတာမျိုး မလုပ်သင့်ဘူး။ ငြိမ်းချမ်းရေးဆွေးနွေးဖြစ်အောင် လုပ်ဆောင်သင့်တယ်။ နှောင့်နေးမှုမရှိဘဲ အပစ်ခတ်ရပ်စဲမှုများဖြစ်အောင်၊ ဆွေးနွေးမှုများပြန်လည်စတင်နိုင်အောင် လုပ်ဆောင်ရမယ်။ ပထဝီ နိုင်ငံရေး အကျိုးစီးပွားများအတွက် ပြဿနာတွေ ပိုကြီးလာအောင် မီးထိုးပေးတာမျိုးမဖြစ်သင့်ဘူးလို့ နိုင်ငံတကာကို အကြံပေးချင်ပါတယ်။ ဒါ့အပြင် အခြားနိုင်ငံတွေကို ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေအနက်တစ်ဖက်ဖက်မှာရပ်တည်ဖို့ တွန်းအားပေးတာမျိုးမလုပ်သင့်ဘူး။ အဲဒီလိုမျိုးလုပ်ဆောင်ခြင်းက နိုင်ငံတကာအဖွဲ့အစည်းများကြား ရန်ငြိုး၊ ပဋိပက္ခ နဲ့ မုန်းတီးမှုတွေဖြစ်လာစေနိုင်တယ်" လို့ပြောပါတယ်။

http://en.freshnewsasia.com/index.php/en/30276-2022-06-22-04-13-30.html

Zawgyi Version;
ႏိုင္ငံမ်ားၾကား ရန္ၿငိဳးပဋိပကၡနဲ႔မုန္းတီးမႈမ်ားရွိေနျခင္းက ယူကရိန္းစစ္ေရးပဋိပကၡမ်ားကိုအဆုံးသတ္ဖို႔ ေျဖရွင္းႏိုင္မွာမဟုတ္ေၾကာင္း တ႐ုတ္သံအမတ္ႀကီး ေျပာ
ဂ်န္ဇက္ (NP News) - ဇြန္ ၂၂
ႏိုင္ငံမ်ားၾကား ရန္ၿငိဳး၊ ပဋိပကၡနဲ႔မုန္းတီးမႈမ်ားရွိေနျခင္းက ယူကရိန္းစစ္ေရးပဋိပကၡေတြကိုအဆုံးသတ္ဖို႔ ေျဖရွင္း ႏိုင္မွာ မဟုတ္ေၾကာင္း တ႐ုတ္သံအမတ္ႀကီးက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ယူကရိန္းစစ္ေရးပဋိပကၡမ်ားနဲ႔ပတ္သက္ၿပီး ကုလမသဂၢလုံၿခဳံေရးေကာင္စီအစည္းအေဝးအတြင္း ကုလသမဂၢ ဆိုင္ရာ တ႐ုတ္ႏိုင္ငံကိုယ္စားလွယ္အဖြဲ႕ရဲ႕ဒုတိယသံအမတ္ႀကီး Dai Bing က အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။

ယူကရိန္းစစ္ေရးပဋိပကၡျဖစ္လာခဲ့ၿပီးေနာက္ပိုင္း ရန္ၿငိဳး၊ ပဋိပကၡနဲ႔မုန္းတီးမႈမ်ားဟာ ႏိုင္ငံတကာအဖြဲ႕အစည္းမ်ား ၾကားပ်ံ႕ႏွံေနခဲ့ေၾကာင္း တ႐ုတ္သံအမတ္ႀကီးကေျပာပါတယ္။ ႏိုင္ငံမ်ားၾကားအမုန္းတရားျပင္းထန္လာျခင္းဟာ ကမာ့ၻၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးတို႔ကို ထိခိုက္ေစႏိုင္ၿပီး ႏိုင္ငံတကာ ႏိုင္ငံေရးအေျခအေနမ်ားကို အဆိပ္ အေတာက္ျဖစ္လာႏိုင္ဖြယ္ရွိေနၾကာင္း တ႐ုတ္သံအမတ္ႀကီးက ေျပာပါတယ္။

တ႐ုတ္သံအမတ္ႀကီးက "ကြၽန္ေတာ္တို႔အားလုံးဟာ တစ္ေလွတည္းစီေနၾကသူေတြျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ လုံၿခဳံေရး ခြဲျခားလို႔မရပါဘူး။ စစ္ေအးခတ္တိုက္ပြဲတုန္းက စိတ္ဓါတ္ေတြ၊ ႏိုင္ငံအလိုက္ စုဖြဲ႕လႈပ္ရွားမႈေတြ ကာလ အတန္ၾကာရွိေနခဲ့ၿပီး တိုးလာခဲ့တယ္။ ကြၽန္ေတာ္တို႔ဟာ ထိပ္တိုက္ေတြ႕ဆုံမႈမ်ားမရွိေအာင္ ေတြ႕ဆုံေဆြးေႏြးေရး နဲ႔ အစားထိုးရမယ္။ ႏိုင္ငံအခ်င္းခ်င္း တိုင္ပင္ရမယ္။ မဟာမိတ္မ်ားအတြက္ မိတ္ဖက္တိုးခ်ဲ႕မႈမ်ား လုပ္ေဆာင္ရ မယ္။ win-win ရလဒ္မ်ားျဖစ္ေအာင္ လုပ္ေဆာင္ရမယ္" လို႔ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံကိုယ္စားလွယ္အဖြဲ႕ရဲ႕ဒုတိယသံအမတ္ႀကီး Dai Bing က "ႏိုင္ငံတကာအဖြဲ႕အစည္းေတြဟာ လက္ရွိအေျခအေနေတြကို ေလ်ာ့က်ေအာင္အတူတကြဲ လုပ္ေဆာင္သ့င္တယ္။ ပဋိပကၡကို ပိုႀကီးလာေအာင္ မီးေမြးတာမ်ိဳး မလုပ္သင့္ဘူး။ ၿငိမ္းခ်မ္းေရးေဆြးေႏြးျဖစ္ေအာင္ လုပ္ေဆာင္သင့္တယ္။ ေႏွာင့္ေနးမႈမရွိဘဲ အပစ္ခတ္ရပ္စဲမႈမ်ားျဖစ္ေအာင္၊ ေဆြးေႏြးမႈမ်ားျပန္လည္စတင္ႏိုင္ေအာင္ လုပ္ေဆာင္ရမယ္။ ပထဝီ ႏိုင္ငံေရး အက်ိဳးစီးပြားမ်ားအတြက္ ျပႆနာေတြ ပိုႀကီးလာေအာင္ မီးထိုးေပးတာမ်ိဳးမျဖစ္သင့္ဘူးလို႔ ႏိုင္ငံတကာကို အႀကံေပးခ်င္ပါတယ္။ ဒါ့အျပင္ အျခားႏိုင္ငံေတြကို ပဋိပကၡျဖစ္ေနတဲ့ႏိုင္ငံေတြအနက္တစ္ဖက္ဖက္မွာရပ္တည္ဖို႔ တြန္းအားေပးတာမ်ိဳးမလုပ္သင့္ဘူး။ အဲဒီလိုမ်ိဳးလုပ္ေဆာင္ျခင္းက ႏိုင္ငံတကာအဖြဲ႕အစည္းမ်ားၾကား ရန္ၿငိဳး၊ ပဋိပကၡ နဲ႔ မုန္းတီးမႈေတြျဖစ္လာေစႏိုင္တယ္" လို႔ေျပာပါတယ္။

http://en.freshnewsasia.com/index.php/en/30276-2022-06-22-04-13-30.html

Picture

Kyaw Kyaw

22/06/2022 18:07

သမာသမတ္ က် ပါတယ္

Related news

© 2021. All rights reserved.