တတိယကမ္ဘာစစ်စတင်ရင် လန်ဒန်မြို့မှာ ရုရှားရဲ့ပထမဆုံး ဗုံးကြဲတိုက်ခိုက်ခံရဖွယ်ရှိနေကြောင်း ပြောဆို

 2416

ဂျန်ဇက် (NP News) - ဇွန် ၂၆
ရုရှားဟာ တတိယကမ္ဘာစတင်ဖြစ်ပွားမယ်ဆိုရင် ဗြိတိန်နိုင်ငံကို ပထမဆုံးဗုံးကြဲတိုက်ခိုက်သွားဖွယ်ရှိ နေကြောင်း သိရပါတယ်။

ရုရှားသမ္မတပူတင်နဲ့ရင်းနှီးသူတစ်ဦးက လန်ဒန်မြို့ဟာ တတိယကမ္ဘာစစ်စတင်ဖြစ်ပွားချိန်မှာ ရုရှားရဲ့ပထမဆုံး ဗုံးကြဲတိုက်ခိုက်ခံရဖို့ အလားလာများတယ်လို့ ဆိုခဲ့ပါတယ်။ ယူကရိန်း စစ်ရေးပဋိပက္ခနဲ့ပတ်သက်ပြီး ရုရှားဟာ အနောက်အုပ်စုနိုင်ငံများနဲ့ တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာ သမ္မတပူတင်နဲ့ရင်းနှီးတဲ့ မိတ်ဆွေတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရုရှားနဲ့ ဗြိတိန်တို့ဟာ အရင်တည်းက ဆက်ဆံရေး အေးစက်မှုများရှိနေခဲ့ရာ ယူကရိန်းစစ်ရေး ပဋိပက္ခ စတင် ဖြစ်ပွားလာချိန်မှာ နှစ်နိုင်ငံကြား ထိပ်တိုက်တွေ့ဆုံမှုများ၊ အပြန်အလှန်ပြစ်တင်ဝေဖန်မှုများ အရှိန်မြင့်တက်ခဲ့ တယ်လို့ သိရပါတယ်။

ရုရုားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်က ရုရှားနိုင်ငံအနေနဲ့ ရန်လိုမှုတွေရှိတဲ့ အနောက်အုပ်စုနိုင်ငံများနဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ကြောင်း မကြာသေးမီက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရုရှားသမ္မတဟာ ၎င်းရဲ့မဟာမိတ်နိုင်ငံတစ်ခုဖြစ်တဲ့ ဘီလာရုစ်သမ္မတ အလက်ဇန်ဒါ လူကာရှန်ကို နဲ့ မကြာသေးမီက ဆွေးနွေးခဲ့ရာ နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များ ကူညီပံ့ပိုးပေးဖို့ ကတိပြုခဲ့တယ်လို့ သိရပါတယ်။
ဘီလာရုစ့်သမ္မတ က အိမ်နီးချင်းနိုင်ငံများဖြစ်သလို နေတိုးအုပ်စုဝင်နိုင်ငံများဖြစ်တဲ့ ပိုလန်၊ လစ်သူယေးနီးယား စတဲ့ နိုင်ငံများရဲ့ထိပ်တိုက်တွေ့ဆုံရေး မူဝါဒများကို စိုးရိမ်မိကြောင်း၊ သမ္မတပူတင်အနေနဲ့ ဘီလာရုစ့်နိုင်ငံကို တုံ့ပြန်မှုအားကောင်းတဲ့လက်နက်များ ကူညီထောက်ပံ့ပေးစေလိုတယ်လို့တောင်းဆိုခဲ့ရာ ရုရှားသမ္မတက နျူကလီးယားထိပ်ဖူးတပ်ဒုံးကျည်များ တပ်ဆင်ပစ်လွှတ်နိုင်တဲ့ဒုံကျည်များ ကူညီပေးဖို့ ကတိပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ရုရှားသမ္မတက မြေပြင်မှ ပစ်ခတ်နိုင်သလို သင်္ဘောပေါ်ကနေလည်း ပစ်ခတ်နိုင်စွမ်းရှိတဲ့ Iskander-M အမျိုး အစား တာတိုပစ်ဒုံးကျည်များ ကူညီထောက်ပံ့ပေးမယ်လို့ ကတိပြုခဲ့တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။ အဆိုပါဒုံးကျည်များဟာ အကွာအဝေး ၅ဝဝ ကီလိုမီတာအထိ ရောက်ရှိပစ်ခတ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုရှားသမ္မတက ဘီလာရုစ့်နိုင်ငံရဲ့ SU-25 အမျိုးအစားတိုက်လေယာဉ်များကို ပိုမိုခေတ်မီအောင် ကူညီ ပေးသွားမှာဖြစ်ကြောင်း ကတိပြုခဲ့ပါတယ်။ ယူကရိန်းနဲ့ ရုရှားကြားဖြစ်နေတဲ့ စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့ နိုင်ငံတွေမှာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်လျက်ရှိနေရာ စက်မှုထိပ်သီးအင်အားကြီးတွေဖြစ်တဲ့ G-7 အဖွဲ့ဝင် နိုင်ငံများဟာ ဂျာမနီနိုင်ငံမှာ ထိပ်သီးအစည်းအဝေးကျင်းပဖို့ စီစဉ်ထားပါတယ်။

အဆိုပါထိပ်သီးအစည်းအဝေးအတွင်း စွမ်းအင်လိုအပ်ချက်၊ စားနပ်ရိက္ခာပြသာနာအပြင် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး အဓိကဆွေးနွေးသွားဖွယ်ရှိနေတယ်လို့ သိရပါတယ်။

https://www.wionews.com/world/morning-news-brief-putin-ally-threatens-to-bomb-uk-g7-summit-kicks-off-and-more-491854?utm_source=izooto&utm_medium=push_notifications&utm_campaign=Morning%20brief

Zawgyi Version;
တတိယကမာၻစစ္စတင္ရင္ လန္ဒန္ၿမိဳ႕မွာ ႐ုရွားရဲ႕ပထမဆုံး ဗုံးႀကဲတိုက္ခိုက္ခံရဖြယ္ရွိေနေၾကာင္း ေျပာဆို
ဂ်န္ဇက္ (NP News) - ဇြန္ ၂၆
႐ုရွားဟာ တတိယကမာၻစတင္ျဖစ္ပြားမယ္ဆိုရင္ ၿဗိတိန္ႏိုင္ငံကို ပထမဆုံးဗုံးႀကဲတိုက္ခိုက္သြားဖြယ္ရွိ ေနေၾကာင္း သိရပါတယ္။

႐ုရွားသမၼတပူတင္နဲ႔ရင္းႏွီးသူတစ္ဦးက လန္ဒန္ၿမိဳ႕ဟာ တတိယကမာၻစစ္စတင္ျဖစ္ပြားခ်ိန္မွာ ႐ုရွားရဲ႕ပထမဆုံး ဗုံးႀကဲတိုက္ခိုက္ခံရဖို႔ အလားလာမ်ားတယ္လို႔ ဆိုခဲ့ပါတယ္။ ယူကရိန္း စစ္ေရးပဋိပကၡနဲ႔ပတ္သက္ၿပီး ႐ုရွားဟာ အေနာက္အုပ္စုႏိုင္ငံမ်ားနဲ႔ တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာ သမၼတပူတင္နဲ႔ရင္းႏွီးတဲ့ မိတ္ေဆြတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။

႐ုရွားနဲ႔ ၿဗိတိန္တို႔ဟာ အရင္တည္းက ဆက္ဆံေရး ေအးစက္မႈမ်ားရွိေနခဲ့ရာ ယူကရိန္းစစ္ေရး ပဋိပကၡ စတင္ ျဖစ္ပြားလာခ်ိန္မွာ ႏွစ္ႏိုင္ငံၾကား ထိပ္တိုက္ေတြ႕ဆုံမႈမ်ား၊ အျပန္အလွန္ျပစ္တင္ေဝဖန္မႈမ်ား အရွိန္ျမင့္တက္ခဲ့ တယ္လို႔ သိရပါတယ္။

႐ု႐ုားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာဗ့္က ႐ုရွားႏိုင္ငံအေနနဲ႔ ရန္လိုမႈေတြရွိတဲ့ အေနာက္အုပ္စုႏိုင္ငံမ်ားနဲ႔ ထိပ္တိုက္ေတြ႕ဆုံသြားမွာျဖစ္ေၾကာင္း မၾကာေသးမီက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
႐ုရွားသမၼတဟာ ၄င္းရဲ႕မဟာမိတ္ႏိုင္ငံတစ္ခုုျဖစ္တဲ့ ဘီလာ႐ုစ္သမၼတ အလက္ဇန္ဒါ လူကာရွန္ကို နဲ႔ မၾကာေသးမီက ေဆြးေႏြးခဲ့ရာ ႏ်ဴကလီးယားထိပ္ဖူးတပ္ဒုံးက်ည္မ်ား ကူညီပံ့ပိုးေပးဖို႔ ကတိျပဳခဲ့တယ္လို႔ သိရပါတယ္။
ဘီလာ႐ုစ့္သမၼတ က အိမ္နီးခ်င္းႏိုင္ငံမ်ားျဖစ္သလို ေနတိုးအုပ္စုဝင္ႏိုင္ငံမ်ားျဖစ္တဲ့ ပိုလန္၊ လစ္သူေယးနီးယား စတဲ့ ႏိုင္ငံမ်ားရဲ႕ထိပ္တိုက္ေတြ႕ဆုံေရး မူဝါဒမ်ားကို စိုးရိမ္မိေၾကာင္း၊ သမၼတပူတင္အေနနဲ႔ ဘီလာ႐ုစ့္ႏိုင္ငံကို တုံ႔ျပန္မႈအားေကာင္းတဲ့လက္နက္မ်ား ကူညီေထာက္ပံ့ေပးေစလိုတယ္လို႔ေတာင္းဆိုခဲ့ရာ ႐ုရွားသမၼတက ႏ်ဴကလီးယားထိပ္ဖူးတပ္ဒုံးက်ည္မ်ား တပ္ဆင္ပစ္လႊတ္ႏိုင္တဲ့ဒုံက်ည္မ်ား ကူညီေပးဖို႔ ကတိျပဳခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

႐ုရွားသမၼတက ေျမျပင္မွ ပစ္ခတ္ႏိုင္သလို သေဘၤာေပၚကေနလည္း ပစ္ခတ္ႏိုင္စြမ္းရွိတဲ့ Iskander-M အမ်ိဳး အစား တာတိုပစ္ဒုံးက်ည္မ်ား ကူညီေထာက္ပံ့ေပးမယ္လို႔ ကတိျပဳခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပေနပါတယ္။ အဆိုပါဒုံးက်ည္မ်ားဟာ အကြာအေဝး ၅ဝဝ ကီလိုမီတာအထိ ေရာက္ရွိပစ္ခတ္ႏိုင္စြမ္းရွိတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ႐ုရွားသမၼတက ဘီလာ႐ုစ့္ႏိုင္ငံရဲ႕ SU-25 အမ်ိဳးအစားတိုက္ေလယာဥ္မ်ားကို ပိုမိုေခတ္မီေအာင္ ကူညီ ေပးသြားမွာျဖစ္ေၾကာင္း ကတိျပဳခဲ့ပါတယ္။ ယူကရိန္းနဲ႔ ႐ုရွားၾကားျဖစ္ေနတဲ့ စစ္ေရးပဋိပကၡမ်ားေၾကာင့္ ကမာၻ႔ ႏိုင္ငံေတြမွာ ေငြေၾကးေဖာင္းပြမႈႏႈန္းျမင့္တက္လ်က္ရွိေနရာ စက္မႈထိပ္သီးအင္အားႀကီးေတြျဖစ္တဲ့ G-7 အဖြဲ႕ဝင္ ႏိုင္ငံမ်ားဟာ ဂ်ာမနီႏိုင္ငံမွာ ထိပ္သီးအစည္းအေဝးက်င္းပဖို႔ စီစဥ္ထားပါတယ္။

အဆိုပါထိပ္သီးအစည္းအေဝးအတြင္း စြမ္းအင္လိုအပ္ခ်က္၊ စားနပ္ရိကၡာျပသာနာအျပင္ ယူကရိန္းစစ္ပြဲနဲ႔ ပတ္သက္ၿပီး အဓိကေဆြးေႏြးသြားဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

https://www.wionews.com/world/morning-news-brief-putin-ally-threatens-to-bomb-uk-g7-summit-kicks-off-and-more-491854?utm_source=izooto&utm_medium=push_notifications&utm_campaign=Morning%20brief

Picture

Kyaw Kyaw

26/06/2022 12:45

ေျပာထားတဲ့အတိုင္း၊ ေရေအာက္နယ္ခ်ဲ႕ ႏိူင္ငံ ျဖစ္ေအာင္ လုပ္ေပးလိုက္ပါ ။

Related news

© 2021. All rights reserved.