G-7 အဖွဲ့ဝင်နိုင်ငံများ စုစည်းညီညွတ်ဖို့ ဂျပန်ဝန်ကြီးချုပ် တိုက်တွန်းတောင်းဆို

 682

ဂျန်ဇက် (NP News) - ဇွန် ၂၇
ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက G-7 အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ စုစည်းညီညွှတ်ကြရမှာဖြစ်ကြောင်း၊ ယူကရိန်း စစ်ပွဲနဲ့ပတ်သက်ပြီး ရုရုားထံကနေသင်ခန်းစာအမှားတွေကို အခြားနိုင်ငံတွေ ရယူခြင်းမရှိအောင် တားဆီးနိုင်ဖို့ စုစည်းညီညွှတ်ဖို့လိုအပ်ကြောင်း တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟာ အင်ဒို-ပစိဖိတ်ဒေသမှာ တရုတ်နိုင်ငံရဲ့သြဇာချဲ့ထွင်ဖို့ကြိုးပမ်းနေမှုတွေနဲ့ပတ်သက်ပြီး ရည်ရွယ်ပြောဆိုခဲ့ခြင်းကြောင်း သတင်းများကပြောပါတယ်။

ဂျာမနီနိုင်ငံတောင်ပိုင်းမှာကျင်းပတဲ့ G-7 ထိပ်သီးအစည်းအဝေးအတွင်း ဝန်ကြီးချုပ်ကီရှီဒါဟာ ဂျပန်နိုင်ငံ ပတ်ဝန်းကျင် လုံခြုံရေးအခြေအနေများနဲ့ပတ်သက်ပြီး အဓိကထားဆွေးနွေးခဲ့ကာ ဂျပန်နိုင်ငံပိုင် ဆကာကူကျွန်း များအနီးရှိ ရေပိုင်နက်ထဲကို တရုတ်သင်္ဘောများဝင်ရောက်ခြင်းနဲ့ ဓါတ်ငွေ့များ ထုတ်ယူဖို့ကြိုးပမ်းနေခြင်းများနဲ့ ပတ်သက်ပြီး သတိပေးပြောဆိုခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက အရှေ့တရုတ်ပင်လယ်အတွင်းဓါတ်ငွေ့ထုတ်ဖို့ ကြိုးပမ်းမှုတွေက အခြေအနေတွေကို အင်အား သုံးရမယ့်ပုံစံပြောင်းလဲဖို့ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

ဂျပန်အစိုးရတာဝန်ရှိသူတစ်ဦးက "အင်ဒို-ပစိဖိတ်ဒေသမှာ အင်အားသုံးမှုနဲ့ ထိပ်တိုက်တွေ့ဆုံမှု မြင့်တက်နေ ခြင်းတွေက အခြေအနေတွေကိုပြောင်းလဲဖို့ ကြိုးပမ်းနေတာတွေဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲလိုမျိုး အခြားနိုင်ငံ တွေမှာ မဖြစ်အောင်တားဆီးဖို့ လိုအပ်တယ်" လို့ပြောပါတယ်။

ဒါ့အပြင် ဝန်ကြီးကီရှီဒါက နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကိုနောက်ထပ် ဒုံးကျည် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များအတွက် အခွင့်အရေးကောင်းများထပ်မံရယူနိုင်ဖို့ တံခါးဖွင့်ပေးသလိုမျိုး မဖြစ်သင့်ဘူးလို့ သတိပေးပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ လက်ရှိအချိန်မှာ ဒုံးကျည်စမ်းသပ်မှုများ မကြာခဏလုပ်ဆောင်နေသလို နျူကလီးယားစမ်းသပ်မှုများလုပ်ဆောင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

https://dap--news-com.translate.goog/international/2022/06/27/257302/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc

Zawgyi Version;
ဂျန်ဇက် (NP News) - ဇွန် ၂၇








Related news

© 2021. All rights reserved.