မြန်မာအိမ်အကူအမျိုးသမီးကို ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ စင်ကာပူအိမ်ရှင်အမျိုးသမီးရဲ့အယူခံကို စင်ကာပူတရားရုံးပယ်ချ

 927

ဂျန်ဇက် (NP News) - ဇွန် ၃ဝ
မြန်မာအိမ်အကူအမျိုးသမီးငယ်ကို ညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့အတွက် ထောင် အနှစ် ၃ဝ ချခံထားရတဲ့ စင်္ကာပူအမျိုးသမီးဟာ ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ အယူခံတင်မှုကို စင်ကာပူအယူခံတရားရုံးက ပယ်ချခဲ့ကြောင်းသိရပါတယ်။

ဂိုင်ယာသီရီအမည်ရှိ စင်ကာပူအမျိုးဟာအသက် ၂၄ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီး ပီယမ်နိုင်ဒွန်ကို ညှင်းပန်းသတ်ဖြတ်ခဲ့ခြင်းကြောင့် ထောင်ဒဏ် နှစ် ၃ဝ ပြစ်ဒဏ်ပေးခံ ထားရပေမယ့် အဲဒီပြစ်ဒဏ်ကို ၁၂ နှစ်ကနေ ၁၅ နှစ်အထိ လျှော့ချနိုင်ဖို့ အယူခံလျှောက် ထားခဲ့ကြောင်းသိရပါတယ်။ မြန်မာအလုပ်သမား အမျိုးသမီးငယ်ဟာ ဦးနှောက်ထိခိုက်ဒဏ်ရာ၊ လည်ပင်းကို အပြင်းအထန် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ ၂ဝ၁၆ ခုနှစ်ဇူလိုင်လမှာသေဆုံးခဲ့ခြင်းဖြစ်ရာ ပီယမ်နိုင်ဒွန်ကို အသက်သေဆုံးရတဲ့အထိ နှိပ်စက်ညှင်းပမ်းခဲ့တဲ့အတွက် အပြစ်ရှိကြောင်း ဂိုသ်ယာသီရိက ဝန်ခံထားပါတယ်။

ပီယမ်နိုင်ဒွန်ဟာ အဆိုပါအမျိုးသမီးအိမ်မှာ အိမ်အကူအဖြစ်အလုပ်လုပ်ချိန်အတွင်း အစာအငတ်ထားခံရတာမျိုး၊ ညဘက် ပြတင်းတံခါးနဲ့ တွဲချိတ်ချည်နှောင်ခံရတာမျိုး၊ ရိုက်နှက်နှိပ်စက်တာမျိုးတွေ ခံစားခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာအမျိုးသမီးဟာ အိမ်တွင်း ပိတ်လှောင်ပြီး ၁၄ လ လုံးလုံးနှိပ်စက်ခံထားရတဲ့အတွက် သေဆုံးချိန်မှာ ကိုယ်အလေးချိန်ဟာ၂၄ ဂရမ်သာရှိတော့ကြောင်း သတင်းတွေကဖော်ပြထားပါတယ်။

ကျူးလွန်ထားတဲ့ ရက်စက်မှုတွေဟာ ပြင်းထန်ကြမ်းကြုတ်လွန်းလှပြီး အများပြည်သူကလည်း ဆန့်ကျင်ရှုတ်ချခဲ့တဲ့ မှုခင်းမျိုးမှာ တရားရုံးက သက်ညှာမှု ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ အယူခံ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ပါတယ်။ ဂိုင်ယာသီရိရဲ့ ရှေ့နေများကတော့ ဂိုင်ယာသီရိဟာ ကြီးမားတဲ့စိတ်ကျရောဂါနဲ့ အစွဲလမ်းကြီးတဲ့ ရောဂါဝေဒနာ ခံစားနေရသူဖြစ်ရာ မြန်မာအမျိုးသမီးကို ညှင်းပန်းသတ်ဖြတ်ဖို့ တွန်းအားပေးသလိုဖြစ်ခဲ့ကြောင်း ဆိုထားပါတယ်။

https://www.scmp.com/print/news/asia/southeast-asia/article/3183546/singapore-top-court-rejects-myanmar-helper-killers-appeal

zawgyi verison
ျမန္မာအိမ္အကူအမ်ိဳးသမီးကို ညႇင္းပန္းသတ္ျဖတ္ခဲ့တဲ့ စင္ကာပူအိမ္ရွင္အမ်ိဳးသမီးရဲ႕အယူခံကို စင္ကာပူတရား႐ုံးပယ္ခ်
ဂ်န္ဇက္ (NP News) - ဇြန္ ၃ဝ

ျမန္မာအိမ္အကူအမ်ိဳးသမီးငယ္ကို ညႇင္းပန္းႏွိပ္စက္ သတ္ျဖတ္ခဲ့တဲ့အတြက္ ေထာင္ အႏွစ္ ၃ဝ ခ်ခံထားရတဲ့ စကၤာပူအမ်ိဳးသမီးဟာ ျပစ္ဒဏ္ေလွ်ာ့ေပါ့ေပးဖို႔ အယူခံတင္မႈကို စင္ကာပူအယူခံတရား႐ုံးက ပယ္ခ်ခဲ့ေၾကာင္းသိရပါတယ္။

ဂိုင္ယာသီရီအမည္ရွိ စင္ကာပူအမ်ိဳးဟာအသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ျမန္မာအမ်ိဳးသမီး ပီယမ္ႏိုင္ဒြန္ကို ညႇင္းပန္းသတ္ျဖတ္ခဲ့ျခင္းေၾကာင့္ ေထာင္ဒဏ္ ႏွစ္ ၃ဝ ျပစ္ဒဏ္ေပးခံ ထားရေပမယ့္ အဲဒီျပစ္ဒဏ္ကို ၁၂ ႏွစ္ကေန ၁၅ ႏွစ္အထိ ေလွ်ာ့ခ်ႏိုင္ဖို႔ အယူခံေလွ်ာက္ ထားခဲ့ေၾကာင္းသိရပါတယ္။ ျမန္မာအလုပ္သမား အမ်ိဳးသမီးငယ္ဟာ ဦးေႏွာက္ထိခိုက္ဒဏ္ရာ၊ လည္ပင္းကို အျပင္းအထန္ ႐ိုက္ႏွက္ခံထားရတဲ့ ဒဏ္ရာေတြနဲ႔ ၂ဝ၁၆ ခုႏွစ္ဇူလိုင္လမွာေသဆုံးခဲ့ျခင္းျဖစ္ရာ ပီယမ္ႏိုင္ဒြန္ကို အသက္ေသဆုံးရတဲ့အထိ ႏွိပ္စက္ညႇင္းပမ္းခဲ့တဲ့အတြက္ အျပစ္ရွိေၾကာင္း ဂိုသ္ယာသီရိက ဝန္ခံထားပါတယ္။

ပီယမ္ႏိုင္ဒြန္ဟာ အဆိုပါအမ်ိဳးသမီးအိမ္မွာ အိမ္အကူအျဖစ္အလုပ္လုပ္ခ်ိန္အတြင္း အစာအငတ္ထားခံရတာမ်ိဳး၊ ညဘက္ ျပတင္းတံခါးနဲ႔ တြဲခ်ိတ္ခ်ည္ေႏွာင္ခံရတာမ်ိဳး၊ ႐ိုက္ႏွက္ႏွိပ္စက္တာမ်ိဳးေတြ ခံစားခဲ့ရတယ္လို႔ သိရပါတယ္။ ျမန္မာအမ်ိဳးသမီးဟာ အိမ္တြင္း ပိတ္ေလွာင္ၿပီး ၁၄ လ လုံးလုံးႏွိပ္စက္ခံထားရတဲ့အတြက္ ေသဆုံးခ်ိန္မွာ ကိုယ္အေလးခ်ိန္ဟာ၂၄ ဂရမ္သာရွိေတာ့ေၾကာင္း သတင္းေတြကေဖာ္ျပထားပါတယ္။

က်ဴးလြန္ထားတဲ့ ရက္စက္မႈေတြဟာ ျပင္းထန္ၾကမ္းၾကဳတ္လြန္းလွၿပီး အမ်ားျပည္သူကလည္း ဆန႔္က်င္ရႈတ္ခ်ခဲ့တဲ့ မႈခင္းမ်ိဳးမွာ တရား႐ုံးက သက္ညႇာမႈ ေပးဖို႔ဆိုတာ မျဖစ္ႏိုင္ဘူးလို႔ အယူခံ တရားသူႀကီးေတြက ဆုံးျဖတ္ခဲ့ပါတယ္။ ဂိုင္ယာသီရိရဲ႕ ေရွ႕ေနမ်ားကေတာ့ ဂိုင္ယာသီရိဟာ ႀကီးမားတဲ့စိတ္က်ေရာဂါနဲ႔ အစြဲလမ္းႀကီးတဲ့ ေရာဂါေဝဒနာ ခံစားေနရသူျဖစ္ရာ ျမန္မာအမ်ိဳးသမီးကို ညႇင္းပန္းသတ္ျဖတ္ဖို႔ တြန္းအားေပးသလိုျဖစ္ခဲ့ေၾကာင္း ဆိုထားပါတယ္။

https://www.scmp.com/print/news/asia/southeast-asia/article/3183546/singapore-top-court-rejects-myanmar-helper-killers-appeal

Related news

© 2021. All rights reserved.