မြန်မာတိုက်လေယာဉ် ကျူးကျော်ပျံသန်းခဲ့ခြင်းနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်မှာ မလိုလားကြောင်း ထိုင်းဝန်ကြီးချုပ်ပြော

 2724

ဂျန်ဇက် (NP News) - ဇူလိုင် ၁
ထိုင်းနိုင်ငံတက်ခရိုင် ဖိုဖရာဒေသကို မြန်မာတိုက်လေယာဉ် ကျူးကျော်ပျံသန်းခဲ့ခြင်းနဲ့ပတ်သက်ပြီး တင်းမာမှုအရှိန်မြင့်လာမှာ မလိုလားကြောင်း ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာလေတပ်ရဲ့ MiG-29 တိုက်လေယာဉ်တွေဟာ ဇွန်လ ၃ဝ ရက်က ထိုင်းလေကြောင်းပိုင်နက်ထဲကို ကျူးကျော်ပျံသန်းခဲ့ပြီးနောက် ထိုင်းဝန် ကြီးချုပ်က အခုလိုမျိုးပြောခဲတာလည်းဖြစ်ပါတယ်။ ထိုင်းဘက်ခြမ်းကို တိုက်လေယာဉ်များ ကျူးကျော်ပျံသန်းခဲ့မှုနဲ့ပတ်သက်ပြီး မြန်မာဘက်က ပြန်တောင်းပန်ခဲ့ကြောင်း ထိုင်းဝန်ကြီးချုပ်က ဆိုထားပါတယ်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက "ထိုင်းပိုင်နက်ထဲကို မြန်မာ တိုက်လေယာဉ်တွေ ဝင်ရောက်တာတွေနဲ့ပတ်သက်လို့ နှစ်နိုင်ငံစစ်သံမှူးတွေဟာ ဆွေးနွေးခဲ့တယ်။ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး မြန်မာဘက်က တောင်းပန်ခဲ့တယ်။ ကျွန်တော်တို့ရဲ့နိုင်ငံခြားရေးဝန်ကြီးတွေလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီအဖြစ်ပျက်က စိုးရိမ်ရတဲ့ဖြစ်ရပ်လို့တွေးထင်စရာဖြစ်ခဲ့တယ်။ အဲဒီအဖြစ်ပျက်နဲ့ပတ်သက်ပြီး အရှိန်မြင့် လိုခြင်း ရှိ၊ မရှိဆိုတာ ကျွန်တော်တို့အပေါ်မှာမူတည်ခဲ့တယ်။လက်ရှိအချိန်မှာ နှစ်နိုင်ငံစလုံးဟာ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေရှိနေပြီး တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်နိုင်မှာပါ၊ အချုပ်အခြာအာဏာကို ကာကွယ်နိုင်ဖို့က အဓိက အရေးကြီးဆုံးအရာဖြစ်သလို အနာဂတ်မှာ ကာကွယ်ရေးကို ခေတ်မီတောင့်တင်းအောင် လုပ်ဆောင်ဖို့ စီစဉ်ထားပါတယ်၊ဒီအဖြစ်ပျက်က ကြီးကြီးမားမား ကိစ္စမဟုတ်ဘူး"လို့ပြောပါတယ်။

ထိုင်းလေတပ်ဟာ မြန်မာတိုက်လေယာဉ် MiG-29 ပျံသန်းခဲ့တဲ့နေရာကို ထိုင်းအက်ဖ် ၁၆ တိုက်လေယာဉ်နှစ်စင်း စေလွှတ်ခဲ့ကြောင်းထိုင်းသတင်းတွေကဖော်ပြထားပါတယ်။ မြန်မာတိုက်လေယာဉ်တွေဟာ ထိုင်း-မြန်မာ နယ်စပ်ဒေသ ကီလိုမီတာအနည်းငယ်အကွာ မြန်မာဘက်ခြမ်းမှာဖြစ်နေတဲ့ တိုက်ပွဲများကို လေကြောင်းအကူညီပေးဖို့ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း ထိုင်းစစ်ဘက်ကပြောပါတယ်။ ထိုင်းနဲ့မြန်မာနယ်စပ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲများကြောင့် မြန်မာဘက်ခြမ်း မှ လူပေါင်း ၅ဝဝ ကျော် နယ်စပ်ဖြတ်ကျော်ဝင်ရောက်တာမျိုးတွေလည်းရှိခဲ့ကြောင်းသိရပါတယ်။

https://www.independent.co.uk/news/myanmar-ap-thailand-bangkok-teachers-b2113511.html

zawgyi version
ျမန္မာတိုက္ေလယာဥ္ က်ဴးေက်ာ္ပ်ံသန္းခဲ့ျခင္းနဲ႔ပတ္သက္ၿပီး တင္းမာမႈအရွိန္ျမင့္မွာ မလိုလားေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁

ထိုင္းႏိုင္ငံတက္ခ႐ိုင္ ဖိုဖရာေဒသကို ျမန္မာတိုက္ေလယာဥ္ က်ဴးေက်ာ္ပ်ံသန္းခဲ့ျခင္းနဲ႔ပတ္သက္ၿပီး တင္းမာမႈအရွိန္ျမင့္လာမွာ မလိုလားေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ျမန္မာေလတပ္ရဲ႕ MiG-29 တိုက္ေလယာဥ္ေတြဟာ ဇြန္လ ၃ဝ ရက္က ထိုင္းေလေၾကာင္းပိုင္နက္ထဲကို က်ဴးေက်ာ္ပ်ံသန္းခဲ့ၿပီးေနာက္ ထိုင္းဝန္ ႀကီးခ်ဳပ္က အခုလိုမ်ိဳးေျပာခဲတာလည္းျဖစ္ပါတယ္။ ထိုင္းဘက္ျခမ္းကို တိုက္ေလယာဥ္မ်ား က်ဴးေက်ာ္ပ်ံသန္းခဲ့မႈနဲ႔ပတ္သက္ၿပီး ျမန္မာဘက္က ျပန္ေတာင္းပန္ခဲ့ေၾကာင္း ထိုင္းဝန္ႀကီးခ်ဳပ္က ဆိုထားပါတယ္။

ထိုင္းဝန္ႀကီးခ်ဳပ္ ပရာယြတ္ခ်န္အိုခ်ာက "ထိုင္းပိုင္နက္ထဲကို ျမန္မာ တိုက္ေလယာဥ္ေတြ ဝင္ေရာက္တာေတြနဲ႔ပတ္သက္လို႔ ႏွစ္ႏိုင္ငံစစ္သံမႉးေတြဟာ ေဆြးေႏြးခဲ့တယ္။ အဲဒီအျဖစ္အပ်က္နဲ႔ပတ္သက္ၿပီး ျမန္မာဘက္က ေတာင္းပန္ခဲ့တယ္။ ကြၽန္ေတာ္တို႔ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးေတြလည္း ေဆြးေႏြးခဲ့ပါတယ္။ ဒီအျဖစ္ပ်က္က စိုးရိမ္ရတဲ့ျဖစ္ရပ္လို႔ေတြးထင္စရာျဖစ္ခဲ့တယ္။ အဲဒီအျဖစ္ပ်က္နဲ႔ပတ္သက္ၿပီး အရွိန္ျမင့္ လိုျခင္း ရွိ၊ မရွိဆိုတာ ကြၽန္ေတာ္တို႔အေပၚမွာမူတည္ခဲ့တယ္။လက္ရွိအခ်ိန္မွာ ႏွစ္ႏိုင္ငံစလုံးဟာ ေကာင္းမြန္တဲ့ ဆက္ဆံေရးေတြရွိေနၿပီး ေတြ႕ဆုံ ေဆြးေႏြးမႈေတြလုပ္ႏိုင္မွာပါ၊ အခ်ဳပ္အျခာအာဏာကို ကာကြယ္ႏိုင္ဖို႔က အဓိက အေရးႀကီးဆုံးအရာျဖစ္သလို အနာဂတ္မွာ ကာကြယ္ေရးကို ေခတ္မီေတာင့္တင္းေအာင္ လုပ္ေဆာင္ဖို႔ စီစဥ္ထားပါတယ္၊ဒီအျဖစ္ပ်က္က ႀကီးႀကီးမားမား ကိစၥမဟုတ္ဘူး"လို႔ေျပာပါတယ္။

ထိုင္းေလတပ္ဟာ ျမန္မာတိုက္ေလယာဥ္ MiG-29 ပ်ံသန္းခဲ့တဲ့ေနရာကို ထိုင္းအက္ဖ္ ၁၆ တိုက္ေလယာဥ္ႏွစ္စင္း ေစလႊတ္ခဲ့ေၾကာင္းထိုင္းသတင္းေတြကေဖာ္ျပထားပါတယ္။ ျမန္မာတိုက္ေလယာဥ္ေတြဟာ ထိုင္း-ျမန္မာ နယ္စပ္ေဒသ ကီလိုမီတာအနည္းငယ္အကြာ ျမန္မာဘက္ျခမ္းမွာျဖစ္ေနတဲ့ တိုက္ပြဲမ်ားကို ေလေၾကာင္းအကူညီေပးဖို႔ ပ်ံသန္းခဲ့ျခင္းျဖစ္ေၾကာင္း ထိုင္းစစ္ဘက္ကေျပာပါတယ္။ ထိုင္းနဲ႔ျမန္မာနယ္စပ္မွာ ျဖစ္ပြားေနတဲ့တိုက္ပြဲမ်ားေၾကာင့္ ျမန္မာဘက္ျခမ္း မွ လူေပါင္း ၅ဝဝ ေက်ာ္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္တာမ်ိဳးေတြလည္းရွိခဲ့ေၾကာင္းသိရပါတယ္။

https://www.independent.co.uk/news/myanmar-ap-thailand-bangkok-teachers-b2113511.html

Related news

© 2021. All rights reserved.