အဆင့်မြင့်ပညာသင်ကြားပေးမည့် Naypyitaw State Academy (NSA) ကို ၂ဝ၂၄ ခုနှစ်တွင် အပြီးတည်ဆောက်မည်

 3766

NP News - ဇူလိုင် ၂
အစိုးရဝန်ထမ်းများ၏ သားသမီးများအပါအဝင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ဒေသခံပြည်သူများ၏ သားသမီးများ အဆင့်မြင့်ပညာသင်ကြားနိုင်ရန်အတွက် Naypyitaw State Academy (NSA) ကို ၂ဝ၂၄ ခုနှစ်တွင် အပြီးတည်ဆောက်မည် ဖြစ်ကြောင်း သိရဿည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇူလိုင်လ(၁)ရက်က နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ်ရှိ Naypyitaw State Academy(NSA) တည် ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်သည် အစိုးရရုံးစိုက်ရာ ပြည်ထောင်စုနယ်မြေဖြစ်သဖြင့် နိုင်ငံ့ဝန်ထမ်းများ ၏ မိသားစုဝင်သားသမီးများ များစွာရှိသော်လည်း အဆင့်မြင့်ပညာသင်ကြားရေးအ တွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောတက္ကသိုလ်များသာရှိပြီး အခြားတက္ကသိုလ် မရှိကြောင်း၊ ဝန်ထမ်းမိသားစုများရှိ မျိုးဆက်သစ်သားသမီးများ၏ ပညာရေး အဆင့်မြှင့်တင်ရာတွင် အဆင့်မြင့်ပညာရေးအဆောက်အဦးနှင့် သင်ကြားရေးဌာနများ မဖြစ်မနေ လိုအပ်မည်ဖြစ်သည့်အတွက် တာဝန်ရှိသူ အသီးသီးနှင့် တိုင်ပင်ဆွေးနွေး၍ Naypyitaw State Academy စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်စေခဲ့ခြင်းဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

အဆိုပါ ကျောင်းတွင်သင်ကြားရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ်ရာ၌ နေပြည်တော်ရှိ ဝန်ထမ်းမိသားစုများ၏ သားသမီးများနှင့် နေပြည်တော် (၈) မြို့နယ်မှ သတ်မှတ်အရည်အချင်း ကိုက်ညီသူများကို အဓိကထား ရွေးချယ်ရန်လိုပြီး ဘာသာရပ်အလိုက် ထူးချွန်သူများကို ဦးစားပေးရွေးချယ်ကြရမည် ဖြစ်ကြောင်းနှင့် ကျောင်းတက်ရောက်သူများအနေဖြင့် မိမိတို့၏ နေအိမ်များမှ ကျောင်းတက်ရောက်နိုင်ရေးအတွက် ဖယ်ရီ ကြို၊ ပို့ပေးနိုင်ရေး ဆောင်ရွက်ပေးမည်ဖြစ်ပြီး နောင်တွင်တက္က သိုလ်ရှိ အဆောင်များတွင်နေထိုင်၍ တက်ရောက်သင်ကြားနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၄င်းမှဆက်လက်ပြောသည်။

ယခုတက္ကသိုလ်တွင် အဆင့်မြင့်ပညာပါရဂူဘွဲ့များပေးအပ်နိုင်သည်အထိ သင်ကြားပေးမည်ဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များစာရင်းတွင် ပါဝင်နိုင်သည်အထိ လုပ် ဆောင်ပေးနိုင်ရေး မျှော်မှန်းဆောင်ရွက်ကြရန် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားခဲ့ကြောင်း သိရသည်။

https://npnewsmm.com/news/62c0337a68876038951ccd89

zawgyi version
အဆင့္ျမင့္ပညာသင္ၾကားေပးမည့္ Naypyitaw State Academy (NSA) ကို ၂ဝ၂၄ ခုႏွစ္တြင္ အၿပီးတည္ေဆာက္မည္
NP News - ဇူလိုင္ ၂

အစိုးရဝန္ထမ္းမ်ား၏ သားသမီးမ်ားအပါအဝင္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ေဒသခံျပည္သူမ်ား၏ သားသမီးမ်ား အဆင့္ျမင့္ပညာသင္ၾကားႏိုင္ရန္အတြက္ Naypyitaw State Academy (NSA) ကို ၂ဝ၂၄ ခုႏွစ္တြင္ အၿပီးတည္ေဆာက္မည္ ျဖစ္ေၾကာင္း သိရႆည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ဇူလိုင္လ(၁)ရက္က ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဇဗၺဴသီရိၿမိဳ႕နယ္ရွိ Naypyitaw State Academy(NSA) တည္ ေဆာက္ေနမႈ အေျခအေနမ်ားကို သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ေၾကာင္း သိရသည္။

ေနျပည္ေတာ္သည္ အစိုးရ႐ုံးစိုက္ရာ ျပည္ေထာင္စုနယ္ေျမျဖစ္သျဖင့္ ႏိုင္ငံ့ဝန္ထမ္းမ်ား ၏ မိသားစုဝင္သားသမီးမ်ား မ်ားစြာရွိေသာ္လည္း အဆင့္ျမင့္ပညာသင္ၾကားေရးအ တြက္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ သစ္ေတာတကၠသိုလ္မ်ားသာရွိၿပီး အျခားတကၠသိုလ္ မရွိေၾကာင္း၊ ဝန္ထမ္းမိသားစုမ်ားရွိ မ်ိဳးဆက္သစ္သားသမီးမ်ား၏ ပညာေရး အဆင့္ျမႇင့္တင္ရာတြင္ အဆင့္ျမင့္ပညာေရးအေဆာက္အဦးႏွင့္ သင္ၾကားေရးဌာနမ်ား မျဖစ္မေန လိုအပ္မည္ျဖစ္သည့္အတြက္ တာဝန္ရွိသူ အသီးသီးႏွင့္ တိုင္ပင္ေဆြးေႏြး၍ Naypyitaw State Academy စီမံကိန္းကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေစခဲ့ျခင္းျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။

အဆိုပါ ေက်ာင္းတြင္သင္ၾကားေရးအတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ေ႐ြးခ်ယ္ရာ၌ ေနျပည္ေတာ္ရွိ ဝန္ထမ္းမိသားစုမ်ား၏ သားသမီးမ်ားႏွင့္ ေနျပည္ေတာ္ (၈) ၿမိဳ႕နယ္မွ သတ္မွတ္အရည္အခ်င္း ကိုက္ညီသူမ်ားကို အဓိကထား ေ႐ြးခ်ယ္ရန္လိုၿပီး ဘာသာရပ္အလိုက္ ထူးခြၽန္သူမ်ားကို ဦးစားေပးေ႐ြးခ်ယ္ၾကရမည္ ျဖစ္ေၾကာင္းႏွင့္ ေက်ာင္းတက္ေရာက္သူမ်ားအေနျဖင့္ မိမိတို႔၏ ေနအိမ္မ်ားမွ ေက်ာင္းတက္ေရာက္ႏိုင္ေရးအတြက္ ဖယ္ရီ ႀကိဳ၊ ပို႔ေပးႏိုင္ေရး ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး ေနာင္တြင္တကၠ သိုလ္ရွိ အေဆာင္မ်ားတြင္ေနထိုင္၍ တက္ေရာက္သင္ၾကားႏိုင္ရန္ ေဆာင္႐ြက္ေပးမည္ျဖစ္ေၾကာင္း ၄င္းမွဆက္လက္ေျပာသည္။

ယခုတကၠသိုလ္တြင္ အဆင့္ျမင့္ပညာပါရဂူဘြဲ႕မ်ားေပးအပ္ႏိုင္သည္အထိ သင္ၾကားေပးမည္ျဖစ္ၿပီး ကမာၻ႔အေကာင္းဆုံး တကၠသိုလ္မ်ားစာရင္းတြင္ ပါဝင္ႏိုင္သည္အထိ လုပ္ ေဆာင္ေပးႏိုင္ေရး ေမွ်ာ္မွန္းေဆာင္႐ြက္ၾကရန္ နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က မွာၾကားခဲ့ေၾကာင္း သိရသည္။

https://npnewsmm.com/news/62c0337a68876038951ccd89

Picture

Kyaw Kyaw

02/07/2022 21:02

အရည္အခ်င္းျပည့္ ပညာတတ္ မ်ား ေပၚထြန္းလာၿပီး ၊ အမိျမန္မာႏိူင္ငံ အျမန္ဆံုးတိုးတက္ ဖြံၿဖိဳး ပါေစ ။

Related news

© 2021. All rights reserved.