အမေရိကန်က ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ မြေအောက်စစ်လက်နက်ပစ္စည်းသိုလှောင်ရုံတွေကို B-2 ဗုံးကြဲလေယာဉ်တွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်

 356

Pika (NP News) - အောက်တိုဘာ ၁၇

အမေရိကန်စစ်တပ်ဟာ ယီမင်နိုင်ငံအခြေစိုက် ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ မြေအောက်မှာရှိတဲ့ စစ်လက်နက်ပစ္စည်းသိုလှောင်ရုံအများအပြားကို လေကြောင်းကနေတိုက်ခိုက်မှုများစွာ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက အောက်တိုဘာလ (၁၆)ရက်မှာ ပြောကြားခဲ့ပါတယ်။

အဲဒီစစ်လက်နက်ပစ္စည်းသိုလှောင်ရုံတွေမှာ ပင်လယ်နီနဲ့ အေဒင်ပင်လယ်ကွေ့တစ် လျှောက် နိုင်ငံတကာရေပိုင်နက်အတွင်းသွားလာနေတဲ့ စစ်ဘက်နဲ့အရပ်ဘက်ဆိုင်ရာသင်္ဘောတွေကို ပစ်မှတ်ထားဖို့အတွက် အသုံးပြုတဲ့ အမျိုးမျိုးသော အဆင့်မြင့်စစ် လက်နက်ပစ္စည်းတွေ ပါဝင်တယ်လို့ အမေရိကန်ကာကွယ်ရေးအရာရှိက ပြောကြားခဲ့ပါတယ်။ အမေရိကန်လေတပ်ရဲ့ B-2 ဗုံးကြဲလေယာဉ်တွေဟာ ယီမင်အခြေစိုက်ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ မြေအောက်စစ်လက်နက်ပစ္စည်းသိုလှောင်ရုံ(၅)ခုကို တိကျတဲ့တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်အကြီးအကဲ လွိုက် အော်စတင်ကပြောကြားခဲ့ပါတယ်။

လွိုက်အော်စတင်က "ဒီတိုက်ခိုက်မှုက အရေးကြီးတဲ့အဆောက်အအုံတွေကို မာကျောပြီး ခိုင်ခံ့တဲ့ မြေအောက်အနက်ဘယ်လောက်မှာပဲထားထား အမေရိကန်က ပစ်မှတ်ထားမတိုက်ခိုက်နိုင်တာမျိုးမရှိဘူးဆိုတာကို သက်သေပြနေတာပါ။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့ ညွှန်ကြားချက်တွေနဲ့အတူ ကမ္ဘာ့အရေးကြီးဆုံးရေလမ်းတွေထဲကတစ်ခုမှာ သွားလာနေတဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့ အရပ်ဘက်ဆိုင်ရာသင်္ဘောတွေကို ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ ပစ်မှတ်ထားတိုက်ခိုက်မှုတွေကနေ ကာကွယ်ဖို့အတွက် ဒီလိုလေကြောင်းတိုက်ခိုက်မှုတွေကို ကျွန်တော်ခွင့်ပြုခဲ့ပါတယ်"လို့ ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ(၇)ရက်မှာ အစ္စရေး-ဟားမတ်စ်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဟားမတ်စ်လက်နက်ကိုင်အဖွဲ့ကို ထောက်ခံတဲ့အနေနဲ့ ပင် လယ်နီအတွင်းမှာသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေနဲ့ စစ်ဘက်ဆိုင်ရာသင်္ဘောတွေကို ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့ပြင် ဟူသီလက်နက်ကိုင်အဖွဲ့ဟာ အမေရိကန် ဒါမှမဟုတ် အစ္စရေးတို့နဲ့ ဆက်နွှယ်နေတဲ့သင်္ဘောတွေကို ပစ်ခတ်တိုက်ခိုက်မှုတွေ အကြိမ်ပေါင်းများစွာလုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ နိုင်ငံပေါင်းစုံပါဝင်တဲ့ ညွန့်ပေါင်းရေတပ်တပ်ဖွဲ့ကို ဖွဲ့စည်းခဲ့တယ်လို့လည်း သိရပါတယ်။ ဟူသီလက်နက်ကိုင်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကြောင့် သင်္ဘောကုမ္ပဏီတွေဟာ ၎င်းတို့ရဲ့သင်္ဘောတွေကို ရှည်လျားတဲ့ရေကြောင်းလမ်းဖြစ်တဲ့ အာဖရိကတောင်ပိုင်းတစ်ဝိုက်ကို လမ်းကြောင်းပြောင်းခိုင်းခဲ့ပြီး ပို့ဆောင်ခမြင့်မားခြင်းနဲ့ ပို့ဆောင်မှုနှောင့်နှေးခြင်းတို့ကြောင့် ကမ္ဘာ့ကုန်သွယ်မှုကို အနှောင့်အယှက်ဖြစ်စေခဲ့တယ်လို့လည်း သိရပါတယ်။

zawgyi version
အေမရိကန္က ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ေျမေအာက္စစ္လက္နက္ပစၥည္းသိုေလွာင္႐ုံေတြကို B-2 ဗုံးႀကဲေလယာဥ္ေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္
Pika (NP News) - ေအာက္တိုဘာ ၁၇

အေမရိကန္စစ္တပ္ဟာ ယီမင္ႏိုင္ငံအေျခစိုက္ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ေျမေအာက္မွာရွိတဲ့ စစ္လက္နက္ပစၥည္းသိုေလွာင္႐ုံအမ်ားအျပားကို ေလေၾကာင္းကေနတိုက္ခိုက္မႈမ်ားစြာ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္ကာကြယ္ေရးအရာရွိတစ္ဦးက ေအာက္တိုဘာလ (၁၆)ရက္မွာ ေျပာၾကားခဲ့ပါတယ္။

အဲဒီစစ္လက္နက္ပစၥည္းသိုေလွာင္႐ုံေတြမွာ ပင္လယ္နီနဲ႔ ေအဒင္ပင္လယ္ေကြ႕တစ္ ေလွ်ာက္ ႏိုင္ငံတကာေရပိုင္နက္အတြင္းသြားလာေနတဲ့ စစ္ဘက္နဲ႔အရပ္ဘက္ဆိုင္ရာသေဘၤာေတြကို ပစ္မွတ္ထားဖို႔အတြက္ အသုံးျပဳတဲ့ အမ်ိဳးမ်ိဳးေသာ အဆင့္ျမင့္စစ္ လက္နက္ပစၥည္းေတြ ပါဝင္တယ္လို႔ အေမရိကန္ကာကြယ္ေရးအရာရွိက ေျပာၾကားခဲ့ပါတယ္။ အေမရိကန္ေလတပ္ရဲ႕ B-2 ဗုံးႀကဲေလယာဥ္ေတြဟာ ယီမင္အေျခစိုက္ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ေျမေအာက္စစ္လက္နက္ပစၥည္းသိုေလွာင္႐ုံ(၅)ခုကို တိက်တဲ့တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္အႀကီးအကဲ လြိဳက္ ေအာ္စတင္ကေျပာၾကားခဲ့ပါတယ္။

လြိဳက္ေအာ္စတင္က "ဒီတိုက္ခိုက္မႈက အေရးႀကီးတဲ့အေဆာက္အအုံေတြကို မာေက်ာၿပီး ခိုင္ခံ့တဲ့ ေျမေအာက္အနက္ဘယ္ေလာက္မွာပဲထားထား အေမရိကန္က ပစ္မွတ္ထားမတိုက္ခိုက္ႏိုင္တာမ်ိဳးမရွိဘူးဆိုတာကို သက္ေသျပေနတာပါ။ အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ရဲ႕ ၫႊန္ၾကားခ်က္ေတြနဲ႔အတူ ကမာၻ႔အေရးႀကီးဆုံးေရလမ္းေတြထဲကတစ္ခုမွာ သြားလာေနတဲ့ အေမရိကန္တပ္ဖြဲ႕ေတြနဲ႔ အရပ္ဘက္ဆိုင္ရာသေဘၤာေတြကို ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ ပစ္မွတ္ထားတိုက္ခိုက္မႈေတြကေန ကာကြယ္ဖို႔အတြက္ ဒီလိုေလေၾကာင္းတိုက္ခိုက္မႈေတြကို ကြၽန္ေတာ္ခြင့္ျပဳခဲ့ပါတယ္"လို႔ ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ အစၥေရး-ဟားမတ္စ္စစ္ပြဲစတင္ျဖစ္ပြားၿပီးေနာက္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ဟားမတ္စ္လက္နက္ကိုင္အဖြဲ႕ကို ေထာက္ခံတဲ့အေနနဲ႔ ပင္ လယ္နီအတြင္းမွာသြားလာေနတဲ့ ကုန္တင္သေဘၤာေတြနဲ႔ စစ္ဘက္ဆိုင္ရာသေဘၤာေတြကို ဒ႐ုန္းေတြ၊ ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္တိုက္ခိုက္မႈေတြ စတင္လုပ္ေဆာင္ခဲ့ပါတယ္။ ဒါ့ျပင္ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ အေမရိကန္ ဒါမွမဟုတ္ အစၥေရးတို႔နဲ႔ ဆက္ႏႊယ္ေနတဲ့သေဘၤာေတြကို ပစ္ခတ္တိုက္ခိုက္မႈေတြ အႀကိမ္ေပါင္းမ်ားစြာလုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီတိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္ဟာ ႏိုင္ငံေပါင္းစုံပါဝင္တဲ့ ၫြန႔္ေပါင္းေရတပ္တပ္ဖြဲ႕ကို ဖြဲ႕စည္းခဲ့တယ္လို႔လည္း သိရပါတယ္။ ဟူသီလက္နက္ကိုင္အဖြဲ႕ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ သေဘၤာကုမၸဏီေတြဟာ ၎တို႔ရဲ႕သေဘၤာေတြကို ရွည္လ်ားတဲ့ေရေၾကာင္းလမ္းျဖစ္တဲ့ အာဖရိကေတာင္ပိုင္းတစ္ဝိုက္ကို လမ္းေၾကာင္းေျပာင္းခိုင္းခဲ့ၿပီး ပို႔ေဆာင္ချမင့္မားျခင္းနဲ႔ ပို႔ေဆာင္မႈေႏွာင့္ေႏွးျခင္းတို႔ေၾကာင့္ ကမာၻ႔ကုန္သြယ္မႈကို အေႏွာင့္အယွက္ျဖစ္ေစခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.