ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အစီအစဉ်ကိုဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံး ပြော

 312

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၆

ထိုင်ဝမ်နှင့်ပြန်လည်ပေါင်းစည်းနိုင်အောင် အင်အားသုံးခြင်းကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်အစိုးရတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ တရုတ်နဲ့ ထိုင်ဝမ်ကြားတင်းမာမှုအရှိန်မြင့်တက်လာနေချိန်မှာပဲ တရုတ်အစိုးရရဲ့ထိုင်ဝမ်ရေးရာရုံးက အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ တရုတ်အစိုးရက ထုတ်ဖော်ပြောဆိုလိုက်သည်။

တရုတ်အစိုးရ၏ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူက "ကျွန်တော်တို့ဟာ ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းဖို့ကြိုးပမ်းမှာဖြစ်ပေမယ့် အင်အားသုံးဖြေရှင်းခြင်းကိုလည်း စွန့်လွှတ်မှာမဟုတ်ဘူး၊ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ အင်အားသုံးခြင်းကို စွန့်လွတ်ဖို့ ကတိပေးတာမျိုးမရှိဘူး၊ ထိုင်ဝမ်မှာတပ်ဖွဲ့ဝင်အင်အားနဲ့ စစ်လက်နက်ပစ္စည်းပိုင်ဆိုင်မှုအများအပြားမရှိဘူး၊ ထိုင်ဝမ်အစိုးရဟာ ခွဲထွက်ရေးလှုပ်ရှားမှုကိုအရှိန်မြင့်လုပ်ဆောင်မယ်ဆိုရင်တော့ ကိုယ်နိုင်ငံကို ကိုယ်ပိုင်ဖျက်ဆီးသလိုမျိုးဖြစ်လာဖွယ်ရှိတယ်"လို့ ပြောပါတယ်။ ထိုင်ဝမ်မှာ လိုင်ချန်တေး သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်းထိုင်ဝမ်နဲ့ တရုတ်နိုင်ငံကြားတင်းမာမှုအရှိန်မြင့်တက်လာခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့တဲ့ မိန့်ခွန်းပြောဆိုမှုမှာ ထိုင်ဝမ်သမ္မတ ရဲ့ပြောဆိုချက်တွေကို တရုတ်အစိုးရက စိတ်ဆိုးဒေါသဖြစ်ခဲ့ကြောင်းသိရပါတယ်။

တရုတ်အစိုးရက တရုတ်နိုင်ငံက ခွဲထွက်ဖို့ ထိုင်ဝမ်ရဲ့ကြိုးပမ်းမှုတွေဟာ လူနည်းစုနဲ့ ပြည်ပစွက်ဖက်မှုတွေကြောင့်ဖြစ်ပြီး ခွဲထွက်ရေးကို ထိုင်ဝမ်ပြည်သူအများစုက အားပေးထောက်ခံခြင်းမျိုး မရှိကြောင်းပြောပါတယ်။ တရုတ်အစိုးရက ထိုင်ဝမ်ဟာ ၎င်းတို့ပိုင်နက်ဖြစ်ပြီး ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းဖို့ ကြိုးပမ်းမှာဖြစ်သလို လိုအပ်မယ်ဆိုရင် အင်အားသုံးမယ်လို့ မကြာခဏပြောဆိုခဲ့ဖူးပါတယ်။ ထိုင်ဝမ်အပေါ် အင်အားသုံးမယ့်အခြေအနေတွေနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံကလည်း တရုတ်နိုင်ငံကို သတိပေးခြင်းများရှိခဲ့ကြောင်းသိရပါတယ်။

zawgyi version
ထိုင္ဝမ္အေပၚ အင္အားသုံးမယ့္အစီအစဥ္ကိုဘယ္ေတာ့မွ စြန႔္လႊတ္မွာမဟုတ္ဘူးလို႔ တ႐ုတ္အစိုးရရဲ႕ ထိုင္ဝမ္ေရးရာ႐ုံး ေျပာ
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၆

ထိုင္ဝမ္ႏွင့္ျပန္လည္ေပါင္းစည္းႏိုင္ေအာင္ အင္အားသုံးျခင္းကို ဘယ္ေတာ့မွ စြန႔္လႊတ္မွာမဟုတ္ဘူးလို႔ တ႐ုတ္အစိုးရတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။ တ႐ုတ္နဲ႔ ထိုင္ဝမ္ၾကားတင္းမာမႈအရွိန္ျမင့္တက္လာေနခ်ိန္မွာပဲ တ႐ုတ္အစိုးရရဲ႕ထိုင္ဝမ္ေရးရာ႐ုံးက အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ တ႐ုတ္အစိုးရက ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

တ႐ုတ္အစိုးရ၏ ထိုင္ဝမ္ေရးရာ႐ုံး ေျပာေရးဆိုခြင့္ရွိသူက "ကြၽန္ေတာ္တို႔ဟာ ထိုင္ဝမ္နဲ႔ ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းဖို႔ႀကိဳးပမ္းမွာျဖစ္ေပမယ့္ အင္အားသုံးေျဖရွင္းျခင္းကိုလည္း စြန႔္လႊတ္မွာမဟုတ္ဘူး၊ ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းဖို႔ အင္အားသုံးျခင္းကို စြန႔္လြတ္ဖို႔ ကတိေပးတာမ်ိဳးမရွိဘူး၊ ထိုင္ဝမ္မွာတပ္ဖြဲ႕ဝင္အင္အားနဲ႔ စစ္လက္နက္ပစၥည္းပိုင္ဆိုင္မႈအမ်ားအျပားမရွိဘူး၊ ထိုင္ဝမ္အစိုးရဟာ ခြဲထြက္ေရးလႈပ္ရွားမႈကိုအရွိန္ျမင့္လုပ္ေဆာင္မယ္ဆိုရင္ေတာ့ ကိုယ္ႏိုင္ငံကို ကိုယ္ပိုင္ဖ်က္ဆီးသလိုမ်ိဳးျဖစ္လာဖြယ္ရွိတယ္"လို႔ ေျပာပါတယ္။ ထိုင္ဝမ္မွာ လိုင္ခ်န္ေတး သမၼတအျဖစ္ တာဝန္ယူၿပီးေနာက္ပိုင္းထိုင္ဝမ္နဲ႔ တ႐ုတ္ႏိုင္ငံၾကားတင္းမာမႈအရွိန္ျမင့္တက္လာခဲ့ၿပီး ၿပီးခဲ့တဲ့ရက္ပိုင္းက ျပဳလုပ္ခဲ့တဲ့ မိန႔္ခြန္းေျပာဆိုမႈမွာ ထိုင္ဝမ္သမၼတ ရဲ႕ေျပာဆိုခ်က္ေတြကို တ႐ုတ္အစိုးရက စိတ္ဆိုးေဒါသျဖစ္ခဲ့ေၾကာင္းသိရပါတယ္။

တ႐ုတ္အစိုးရက တ႐ုတ္ႏိုင္ငံက ခြဲထြက္ဖို႔ ထိုင္ဝမ္ရဲ႕ႀကိဳးပမ္းမႈေတြဟာ လူနည္းစုနဲ႔ ျပည္ပစြက္ဖက္မႈေတြေၾကာင့္ျဖစ္ၿပီး ခြဲထြက္ေရးကို ထိုင္ဝမ္ျပည္သူအမ်ားစုက အားေပးေထာက္ခံျခင္းမ်ိဳး မရွိေၾကာင္းေျပာပါတယ္။ တ႐ုတ္အစိုးရက ထိုင္ဝမ္ဟာ ၎တို႔ပိုင္နက္ျဖစ္ၿပီး ထိုင္ဝမ္နဲ႔ ျပန္လည္ေပါင္းစည္းဖို႔ ႀကိဳးပမ္းမွာျဖစ္သလို လိုအပ္မယ္ဆိုရင္ အင္အားသုံးမယ္လို႔ မၾကာခဏေျပာဆိုခဲ့ဖူးပါတယ္။ ထိုင္ဝမ္အေပၚ အင္အားသုံးမယ့္အေျခအေနေတြနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံကလည္း တ႐ုတ္ႏိုင္ငံကို သတိေပးျခင္းမ်ားရွိခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.