ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအရှိန်မြင့်တက်နေချိန်မှာပဲ မြောက်ကိုရီးယား စစ်တပ်မှာအမှုထမ်းဖို့ လူငယ်(၁)သန်းကျော် စာရင်းပေးခဲ့ဟုဆို

 413

ဂျန်ဇက် (NP News) - အောက်တိုဘာ ၁၆

မြောက်ကိုရီးယားနိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကြားတင်းမာမှုဖြစ်ပွားနေချိန်မှာပဲ မြောက်ကိုရီးယားစစ်တပ်မှာပါဝင်အမှုထမ်းဖို့ လူငယ် (၁ ဒသမ ၄)သန်းကျော် ပူးပေါင်းပါဝင်လာခဲ့ကြောင်း မြောက်ကိုရီးယားအစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။

မြောက်ကိုရီးယားအစိုးရက လူငယ် (၁ ဒသမ ၄)သန်းကျော်ဟာ ဒီသီတင်းပတ်အတွင်းမှာပဲစစ်မှုထမ်းဖို့ ပူးပေါင်းပါဝင်လာခဲ့ကြောင်း၊ အဲဒီလူငယ်တွေထဲမှာ ကျောင်းသားတွေ၊ လူငယ်အဖွဲ့ချုပ်က လူငယ်တွေပါဝင်ခဲ့ကြောင်း ပြောပါတယ်။ မြောက်ကိုရီးယားလူငယ်တွေဟာမြောက်ကိုရီးယားစစ်တပ်နဲ့အတူ ရန်သူတွေကို ဖျက်ဆီးဖို့ စိုးရိမ်ကြောက်ရွံ့ခြင်းမရှိဘဲ စစ်တပ်နဲ့ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရက ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်အတွင်း တင်းမာမှုအမြင့်ဆုံးဖြစ်နေချိန်မှာပဲ နှစ်ရက်အတွင်း မြောက်ကိုရီးယားလူငယ် (၁)သန်းကျော် စစ်မှုထမ်းဖို့ အမည်စာရင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာတွေဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း အမေရိကန်ကိုတိုက်ခိုက်ဖို့အတွက် မြောက်ကိုရီးယားနိုင်ငံသားအများစု စစ်တပ်နဲ့ပူးပေါင်းခဲ့ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်စပ်ဒေသမှာရှိနေတဲ့ မီးရထားလမ်းတွေနဲ့ ကားလမ်းတွေကို ဖောက်ခွဲဖျက်ဆီးခြင်းရှိခဲ့ကြောင်းသိရပါတယ်။ မြောက်ကိုရီးယားအစိုးရက တောင်ကိုရီးယားဟာ မြောက်ကိုရီးယားမြို့တော် ဆိုးလ်ကို ဒရုန်းတွေ စေလွှတ်ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ နယ်စပ်ဒေသရှိ လမ်းများဖောက်ခွဲခံရခြင်းနဲ့ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရက သတိပေးပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။

zawgyi version
ကိုရီးယားကြၽန္းဆြယ္အတြင္း တင္းမာမႈအရွိန္ျမင့္တက္ေနခ်ိန္မွာပဲ ေျမာက္ကိုရီးယား စစ္တပ္မွာအမႈထမ္းဖို႔ လူငယ္(၁)သန္းေက်ာ္ စာရင္းေပးခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၁၆

ေျမာက္ကိုရီးယားႏိုင္ငံနဲ႔ ေတာင္ကိုရီးယားႏိုင္ငံၾကားတင္းမာမႈျဖစ္ပြားေနခ်ိန္မွာပဲ ေျမာက္ကိုရီးယားစစ္တပ္မွာပါဝင္အမႈထမ္းဖို႔ လူငယ္ (၁ ဒသမ ၄)သန္းေက်ာ္ ပူးေပါင္းပါဝင္လာခဲ့ေၾကာင္း ေျမာက္ကိုရီးယားအစိုးရက သတင္းထုတ္ျပန္လိုက္ပါတယ္။

ေျမာက္ကိုရီးယားအစိုးရက လူငယ္ (၁ ဒသမ ၄)သန္းေက်ာ္ဟာ ဒီသီတင္းပတ္အတြင္းမွာပဲစစ္မႈထမ္းဖို႔ ပူးေပါင္းပါဝင္လာခဲ့ေၾကာင္း၊ အဲဒီလူငယ္ေတြထဲမွာ ေက်ာင္းသားေတြ၊ လူငယ္အဖြဲ႕ခ်ဳပ္က လူငယ္ေတြပါဝင္ခဲ့ေၾကာင္း ေျပာပါတယ္။ ေျမာက္ကိုရီးယားလူငယ္ေတြဟာေျမာက္ကိုရီးယားစစ္တပ္နဲ႔အတူ ရန္သူေတြကို ဖ်က္ဆီးဖို႔ စိုးရိမ္ေၾကာက္႐ြံ႕ျခင္းမရွိဘဲ စစ္တပ္နဲ႔ ပူးေပါင္းဖို႔ ဆုံးျဖတ္ခဲ့တယ္လို႔ ေျမာက္ကိုရီးယားအစိုးရက ေျပာပါတယ္။ ကိုရီးယားကြၽန္းဆြယ္အတြင္း တင္းမာမႈအျမင့္ဆုံးျဖစ္ေနခ်ိန္မွာပဲ ႏွစ္ရက္အတြင္း ေျမာက္ကိုရီးယားလူငယ္ (၁)သန္းေက်ာ္ စစ္မႈထမ္းဖို႔ အမည္စာရင္းေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

ေျမာက္ကိုရီးယားႏိုင္ငံပိုင္မီဒီယာေတြဟာ ၿပီးခဲ့တဲ့ႏွစ္တုန္းကလည္း အေမရိကန္ကိုတိုက္ခိုက္ဖို႔အတြက္ ေျမာက္ကိုရီးယားႏိုင္ငံသားအမ်ားစု စစ္တပ္နဲ႔ပူးေပါင္းခဲ့ေၾကာင္း ေဖာ္ျပခဲ့ဖူးပါတယ္။ ေျမာက္ကိုရီးယားနဲ႔ ေတာင္ကိုရီးယားနယ္စပ္ေဒသမွာရွိေနတဲ့ မီးရထားလမ္းေတြနဲ႔ ကားလမ္းေတြကို ေဖာက္ခြဲဖ်က္ဆီးျခင္းရွိခဲ့ေၾကာင္းသိရပါတယ္။ ေျမာက္ကိုရီးယားအစိုးရက ေတာင္ကိုရီးယားဟာ ေျမာက္ကိုရီးယားၿမိဳ႕ေတာ္ ဆိုးလ္ကို ဒ႐ုန္းေတြ ေစလႊတ္ခဲ့ေၾကာင္း စြပ္စြဲထားပါတယ္။ နယ္စပ္ေဒသရွိ လမ္းမ်ားေဖာက္ခြဲခံရျခင္းနဲ႔ပတ္သက္ၿပီး ေတာင္ကိုရီးယားအစိုးရက သတိေပးပစ္ခတ္ျခင္းမ်ားလုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။

Related news

© 2021. All rights reserved.