ရန်ကုန်-မော်လမြိုင် နှင့် ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမြန်ရထားများ ဇူလိုင်လနှင့်ဩဂုတ်လအတွင်း တိုးချဲ့ပြေးဆွဲမည်

1483

ရဲပြည့် (NP News) - ဇူလိုင် ၁၁
ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ရန်ကုန်မှမော်လမြိုင်၊ မော်လမြိုင်မှရန်ကုန်သို့ အမြန်ရထားနှစ်စင်းအား ဇူလိုင်လ ၂၅ ရက်မှစတင်၍ နေ့စဉ်အစုန်အဆန်ပြေးဆွဲမည်ဖြစ်ပြီး ရန်ကုန်-ပြည် လမ်းပိုင်းတွင် ရန်ကုန်မှပြည်၊ ပြည်မှရန်ကုန်သို့ အမြန်ရထားနှစ်စင်းအား ဩဂုတ်လ ၂ဝ ရက်မှစတင်၍ နေ့စဉ်အစုန်အဆန်ပြေးဆွဲခြင်းများအား ထပ်မံတိုးချဲ့ပြေးဆွဲသွားရန် စီစဉ်ထားကြောင်း မြန်မာ့မီးရထားမှသိရသည်။
အလားတူ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် လေအိတ်ရထားတွဲဆိုင်းများဖြင့် အမြန်ရ ထားနှစ်စင်းပြေးဆွဲမှုကို ဇူလိုင် လ ၁ဝ ရက်မှစတင်ခဲ့သည်။ ရထားများပြေးဆွဲရာတွင် ရန်ကုန်-မန္တလေး လမ်းပိုင်း၌ အမှတ်(၅)အဆန်သည် ရန်ကုန်မှ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်တွင်ထွက်ခွာ၍ မန္တလေးသို့ နံနက် ၉ နာရီ ၁၅ မိနစ်တွင်ရောက်ရှိပြီး အမှတ်(၆)အစုန် အမြန်ရထားသည် မန္တလေးမှ မွန်းလွဲ ၂ နာရီတွင်ထွက်ခွာ၍ ရန်ကုန်သို့ နံနက် ၇ နာရီ မိနစ် ၄ဝ တွင် ရောက်ရှိကြောင်းသိရသည်။
ရထားစီးနင်း၍ ခရီးသွားလာမှုများပြားလာခြင်းကြောင့် ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် ယခုကဲ့သို့ ရထားများတိုးချဲ့ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ့မီးရထားအနေဖြင့် ပြည်သူများနှင့် ကုန်စည်များ အဆင်ပြေချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဇွန်လ ၃ဝ ရက်အထိ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား နှစ်စင်း၊ လူစီး ကုန်တင်ရထား နှစ်စင်း ၊ ရန်ကုန်- မော်လမြိုင် လမ်းပိုင်းတွင် အမြန်ရထားနှစ်စင်း၊ ရန်ကုန်-ပြည် လမ်းပိုင်းတွင် အမြန်ရထား နှစ်စင်း၊ စာပို့ရထား လေးစင်း၊ နေပြည်တော်-တောင်တွင်းကြီးလမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ မန္တလေး-ပြင်ဦး လွင်-လားရှိုးလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ သာစည်-ရွှေညောင်လမ်းပိုင်းတွင် စာပို့ရထား နှစ်စင်း၊ ပုသိမ်-ဟင်္သာတ-ကြံခင်းလမ်းပိုင်းတွင် စာပို့ရထားနှစ်စင်း၊ မန္တလေး-မတ္တရာ - သူရဲဈေး လမ်းပိုင်းတွင် လူစီးကုန်တင်ရထား နှစ်စင်း၊ ပြည်တော်သာ-ရေချမ်းပြင်လမ်းပိုင်းတွင် စာပို့ရထားလေးစင်းကို ပြေးဆွဲပေးလျက်ကြောင်း သိရသည်။
https://npnewsmm.com/news/62cbcf83dbb2fb4c1b0d67ab

zawgyi version
ရန္ကုန္-ေမာ္လၿမိဳင္ ႏွင့္ ရန္ကုန္-ျပည္လမ္းပိုင္းတြင္ အျမန္ရထားမ်ား ဇူလိုင္လႏွင့္ဩဂုတ္လအတြင္း တိုးခ်ဲ႕ေျပးဆြဲမည္
ရဲျပည့္ (NP News) - ဇူလိုင္ ၁၁
ရန္ကုန္-ေမာ္လၿမိဳင္လမ္းပိုင္းတြင္ ရန္ကုန္မွေမာ္လၿမိဳင္၊ ေမာ္လၿမိဳင္မွရန္ကုန္သို႔ အျမန္ရထားႏွစ္စင္းအား ဇူလိုင္လ ၂၅ ရက္မွစတင္၍ ေန႔စဥ္အစုန္အဆန္ေျပးဆြဲမည္ျဖစ္ၿပီး ရန္ကုန္-ျပည္ လမ္းပိုင္းတြင္ ရန္ကုန္မွျပည္၊ ျပည္မွရန္ကုန္သို႔ အျမန္ရထားႏွစ္စင္းအား ဩဂုတ္လ ၂ဝ ရက္မွစတင္၍ ေန႔စဥ္အစုန္အဆန္ေျပးဆြဲျခင္းမ်ားအား ထပ္မံတိုးခ်ဲ႕ေျပးဆြဲသြားရန္ စီစဥ္ထားေၾကာင္း ျမန္မာ့မီးရထားမွသိရသည္။
အလားတူ ရန္ကုန္-မႏၲေလးလမ္းပိုင္းတြင္ ေလအိတ္ရထားတြဲဆိုင္းမ်ားျဖင့္ အျမန္ရ ထားႏွစ္စင္းေျပးဆြဲမႈကို ဇူလိုင္ လ ၁ဝ ရက္မွစတင္ခဲ့သည္။ ရထားမ်ားေျပးဆြဲရာတြင္ ရန္ကုန္-မႏၲေလး လမ္းပိုင္း၌ အမွတ္(၅)အဆန္သည္ ရန္ကုန္မွ မြန္းလြဲ ၃ နာရီ ၄၅ မိနစ္တြင္ထြက္ခြာ၍ မႏၲေလးသို႔ နံနက္ ၉ နာရီ ၁၅ မိနစ္တြင္ေရာက္ရွိၿပီး အမွတ္(၆)အစုန္ အျမန္ရထားသည္ မႏၲေလးမွ မြန္းလြဲ ၂ နာရီတြင္ထြက္ခြာ၍ ရန္ကုန္သို႔ နံနက္ ၇ နာရီ မိနစ္ ၄ဝ တြင္ ေရာက္ရွိေၾကာင္းသိရသည္။
ရထားစီးနင္း၍ ခရီးသြားလာမႈမ်ားျပားလာျခင္းေၾကာင့္ ခရီးသြားလာမႈ အဆင္ေျပေစေရးအတြက္ ယခုကဲ့သို႔ ရထားမ်ားတိုးခ်ဲ႕ေျပးဆြဲေပးျခင္းျဖစ္ေၾကာင္း သိရသည္။
ျမန္မာ့မီးရထားအေနျဖင့္ ျပည္သူမ်ားႏွင့္ ကုန္စည္မ်ား အဆင္ေျပေခ်ာေမြ႕စြာ သယ္ယူပို႔ေဆာင္ႏိုင္ေရးအတြက္ ဇြန္လ ၃ဝ ရက္အထိ ရန္ကုန္-မႏၲေလးလမ္းပိုင္းတြင္ အျမန္ရထား ႏွစ္စင္း၊ စာပို႔ရထား ႏွစ္စင္း၊ လူစီး ကုန္တင္ရထား ႏွစ္စင္း ၊ ရန္ကုန္- ေမာ္လၿမိဳင္ လမ္းပိုင္းတြင္ အျမန္ရထားႏွစ္စင္း၊ ရန္ကုန္-ျပည္ လမ္းပိုင္းတြင္ အျမန္ရထား ႏွစ္စင္း၊ စာပို႔ရထား ေလးစင္း၊ ေနျပည္ေတာ္-ေတာင္တြင္းႀကီးလမ္းပိုင္းတြင္ လူစီးကုန္တင္ရထား ႏွစ္စင္း၊ မႏၲေလး-ျပင္ဦး လြင္-လားရႈိးလမ္းပိုင္းတြင္ စာပို႔ရထားႏွစ္စင္း၊ သာစည္-ေ႐ႊေညာင္လမ္းပိုင္းတြင္ စာပို႔ရထား ႏွစ္စင္း၊ ပုသိမ္-ဟသၤာတ-ႀကံခင္းလမ္းပိုင္းတြင္ စာပို႔ရထားႏွစ္စင္း၊ မႏၲေလး-မတၱရာ - သူရဲေဈး လမ္းပိုင္းတြင္ လူစီးကုန္တင္ရထား ႏွစ္စင္း၊ ျပည္ေတာ္သာ-ေရခ်မ္းျပင္လမ္းပိုင္းတြင္ စာပို႔ရထားေလးစင္းကို ေျပးဆြဲေပးလ်က္ေၾကာင္း သိရသည္။
https://npnewsmm.com/news/62cbcf83dbb2fb4c1b0d67ab