အမေရိကန်ရဲ့စီးပွားရေးကျဆင်းမှုက လာမယ့်နှစ်မှာလည်း ၅ဝ ရာခိုင်နှုန်းအထိ ကျဆင်းဖွယ်ရှိနေ

 1099

ဂျန်ဇက် (NP News) - ဇူလိုင် ၁၄
အမေရိကန်နိုင်ငံရဲ့စီးပွားရေးကျဆင်းမှုဟာ လာမယ့်နှစ်မှာလည်း ဆက်လက်ဖြစ်ပေါ်ဖွယ်ရှိနေပြီး လာမယ့်နှစ်မှာ အမေရိကန်နိုင်ငံရဲ့စီးပွားရေးကျဆင်းမှု ၅ဝ ရာခိုင်နှုန်းအထိ တိုးမြင့်လာဖွယ်ရှိနေကြောင်း စီးပွားရေးပညာရှင်များ က သုံးသပ်ပြောဆိုခဲ့ပါတယ်။

TD Securities ရဲ့ ကမ္ဘာ့စီးပွားရေးမဟာဗျူဟာပိုင်းဌာနအကြီးအကဲ ရစ်ချက်ကယ်လီက " အမေရိကန်ရဲ့စီးပွားရေး ကျဆင်းမှုဟာ နည်းပညာပိုင်ဆိုင်ရာအခက်အခဲတွေလည်းဖြစ်လာနိုင်တယ်။ ၂ဝ၂၂ခုနှစ် ဒုတိယဘဏ္ဍာနှစ်အကုန် မှာ အမေရိကန်ရဲ့စီးပွားရေးကျဆင်းမှုတွေ ဆက်လက်ဖြစ်နေဖွယ်ရှိပါတယ်" လို့ သုံးသပ်ပြောဆိုခဲ့ပါတယ်။

ကယ်လီက အထွေထွေစီးပွားရေးကျဆင်းမှု၊နဲ့အတူ အမေရိကန်ဗဟိုဘဏ်ရဲ့စွမ်းဆောင်ရည်အားနည်းမှုတွေနဲ့ ဓါတ်ငွေ့ဈေးနှုန်းကြီးမြင့်မှုတွေက လက်ရှီကမ္ဘာစီးပွားရေးမှာရင်ဆိုင်နေရတဲ့ အန္တရာယ်တွေထဲက အဓိကအချက် တွေဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF)ကလည်း ၂ဝ၂၂ ခုနှစ်အတွင်း အမေရိကန်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ခန့်မှန်းရာမှာ ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံအတွင်း စီးပွားရေးအခက်အခဲမရှိအောင် ဈေးနှုန်းများကျဆင်းစေဖို့ မူဝါဒပိုင်း ဦးစားပေး လုပ်ဆောင်သင့်ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ရဲ့အမှုဆောင်ဘုတ်အဖွဲ့က ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ စီးပွားရေးအခက်အခဲမဖြစ်အောင်ရှောင်ရှားနိုင်ဖို့က စိန်ခေါ်မှုများ ပိုဖြစ်လာစေခဲ့ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါအပြင် ရုရှားနဲ့ ယူကရိန်းကြား စစ်ရေးပဋိပက္ခများနဲ့ အခြားထောက်ပံ့ရေး ကန့်သတ်ချက်တွေက အမေရိကန်စီးပွားရေးအတွက် စိန်ခေါ်မှုတွေဖြစ်လာစေခဲ့ကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ရဲ့အမှုဆောင်ဘုတ်အဖွဲ့ကပြောပါတယ်။

အမေရိကန်နိုင်ငံမှာ ဓါတ်ငွေ့ဈေးနှုန်းမြင့်တက်ခြင်းအပြင် ကုန်ဈေးနှုန်းမြင့်တက်ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းများ စံချိန်တင်ဖြစ်နေရာ အမေရိကန်အစိုးရက စီးပွားရေးကျဆင်းမှုကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေရ တယ်လို့ သိရပါတယ်။

https://dap--news-com.translate.goog/international/2022/07/13/261847/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc

https://dap--news-com.translate.goog/international/2022/07/13/261871/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc

Zawgyi Version:
အေမရိကန္ရဲ႕စီးပြားေရးက်ဆင္းမႈက လာမယ့္ႏွစ္မွာလည္း ၅ဝ ရာခိုင္ႏႈန္းအထိ က်ဆင္းဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ဇူလိုင္ ၁၄
အေမရိကန္ႏိုင္ငံရဲ႕စီးပြားေရးက်ဆင္းမႈဟာ လာမယ့္ႏွစ္မွာလည္း ဆက္လက္ျဖစ္ေပၚဖြယ္ရွိေနၿပီး လာမယ့္ႏွစ္မွာ အေမရိကန္ႏိုင္ငံရဲ႕စီးပြားေရးက်ဆင္းမႈ ၅ဝ ရာခိုင္ႏႈန္းအထိ တိုးျမင့္လာဖြယ္ရွိေနေၾကာင္း စီးပြားေရးပညာရွင္မ်ား က သုံးသပ္ေျပာဆိုခဲ့ပါတယ္။

TD Securities ရဲ႕ ကမာၻ႔စီးပြားေရးမဟာဗ်ဴဟာပိုင္းဌာနအႀကီးအကဲ ရစ္ခ်က္ကယ္လီက " အေမရိကန္ရဲ႕စီးပြားေရး က်ဆင္းမႈဟာ နည္းပညာပိုင္ဆိုင္ရာအခက္အခဲေတြလည္းျဖစ္လာႏိုင္တယ္။ ၂ဝ၂၂ခုႏွစ္ ဒုတိယဘ႑ာႏွစ္အကုန္ မွာ အေမရိကန္ရဲ႕စီးပြားေရးက်ဆင္းမႈေတြ ဆက္လက္ျဖစ္ေနဖြယ္ရွိပါတယ္" လို႔ သုံးသပ္ေျပာဆိုခဲ့ပါတယ္။

ကယ္လီက အေထြေထြစီးပြားေရးက်ဆင္းမႈ၊နဲ႔အတူ အေမရိကန္ဗဟိုဘဏ္ရဲ႕စြမ္းေဆာင္ရည္အားနည္းမႈေတြနဲ႔ ဓါတ္ေငြ႕ေဈးႏႈန္းႀကီးျမင့္မႈေတြက လက္ရွီကမာၻစီးပြားေရးမွာရင္ဆိုင္ေနရတဲ့ အႏၲရာယ္ေတြထဲက အဓိကအခ်က္ ေတြျဖစ္တယ္လို႔ ဆိုပါတယ္။

ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ (IMF)ကလည္း ၂ဝ၂၂ ခုႏွစ္အတြင္း အေမရိကန္ရဲ႕စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို ခန႔္မွန္းရာမွာ ၂ ဒသမ ၃ ရာခိုင္ႏႈန္း က်ဆင္းဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။

အေမရိကန္ႏိုင္ငံအတြင္း စီးပြားေရးအခက္အခဲမရွိေအာင္ ေဈးႏႈန္းမ်ားက်ဆင္းေစဖို႔ မူဝါဒပိုင္း ဦးစားေပး လုပ္ေဆာင္သင့္ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ရဲ႕အမႈေဆာင္ဘုတ္အဖြဲ႕က ဆိုပါတယ္။

အေမရိကန္ႏိုင္ငံမွာ စီးပြားေရးအခက္အခဲမျဖစ္ေအာင္ေရွာင္ရွားႏိုင္ဖို႔က စိန္ေခၚမႈမ်ား ပိုျဖစ္လာေစခဲ့ေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္ကပ္ေရာဂါအျပင္ ႐ုရွားနဲ႔ ယူကရိန္းၾကား စစ္ေရးပဋိပကၡမ်ားနဲ႔ အျခားေထာက္ပံ့ေရး ကန႔္သတ္ခ်က္ေတြက အေမရိကန္စီးပြားေရးအတြက္ စိန္ေခၚမႈေတြျဖစ္လာေစခဲ့ေၾကာင္း ႏိုင္ငံတကာ ေငြေၾကး ရန္ပုံေငြအဖြဲ႕ရဲ႕အမႈေဆာင္ဘုတ္အဖြဲ႕ကေျပာပါတယ္။

အေမရိကန္ႏိုင္ငံမွာ ဓါတ္ေငြ႕ေဈးႏႈန္းျမင့္တက္ျခင္းအျပင္ ကုန္ေဈးႏႈန္းျမင့္တက္ျခင္း၊ ေငြေၾကးေဖာင္းပြမႈႏႈန္း ျမင့္တက္ျခင္းမ်ား စံခ်ိန္တင္ျဖစ္ေနရာ အေမရိကန္အစိုးရက စီးပြားေရးက်ဆင္းမႈကို ေျဖရွင္းႏိုင္ဖို႔ ႀကိဳးပမ္းေနရ တယ္လို႔ သိရပါတယ္။

https://dap--news-com.translate.goog/international/2022/07/13/261847/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc

https://dap--news-com.translate.goog/international/2022/07/13/261871/?_x_tr_sl=km&_x_tr_tl=en&_x_tr_hl=en&_x_tr_pto=sc

Related news

© 2021. All rights reserved.