စစ်ကိုင်းနှင့်ချင်းပြည်နယ်မှ လူများအတွက် မှတ်ပုံတင်အတုများပြုလုပ်၍ နိုင်ငံကူးလက်မှတ်ထုတ်ယူနိုင်ရန် မြဝတီ၌ ပွဲစားနှင့်ရဲ ပူးပေါင်းလုပ်ဆောင်မှုများရှိနေ

 1572

ထွန်း အမ်တီ (NP News) - ဇူလိုင် ၂ဝ
၂ဝ၂၂ ခုနှစ် မေလ ၂ဝ ရက် နှင့် ၂၁ ရက်ဝန်းကျင်တွင် မြဝတီမြို့ နိုင်ငံကူးလက်မှတ်ရုံး၌ ပွဲစားအမျိုးသားတစ်ဦးနှင့် ပွဲစားအမျိုးသမီးတစ်ဦးတို့သည် ချင်းပြည်နယ်နှင့် စစ်ကိုင်း တိုင်းမှ လူအယောက် (၂ဝ)အတွက် ပြုပြင်ထားသည့်မှတ်ပုံတင်အတုများနှင့် နိုင်ငံကူးလက်မှတ်များ လျှောက်ထားလာရာ လဝကမှ စစ်ဆေးတွေ့ရှိခဲ့ကြောင်း စရဖနှင့်နီးစပ်သော သတင်းရင်းမြစ်မှ NP News ကို ပြောကြားပါသည်။

ယင်းသို့စစ်ဆေးတွေ့ရှိသည့်အတွက် ထိုပွဲစားနှစ်ဦးအား စစ်ဆေးမေးမြန်းနေစဉ် သ တင်းတပ်ဖွဲ့မှ ရာထူးမြင့်ရဲအရာရှိတစ်ဦးမှာ ထိုပွဲစားနှစ်ဦးအား လွတ်မြောက်ရန်ကူညီခဲ့ကြောင်းလည်း အထက်ပါသတင်းရင်းမြစ်ထံမှ သိရပါသည်။

“မြဝတီမှာ စစ်ကိုင်းနဲ့ ချင်းပြည်နယ်က လူ ၂ဝ အတွက် မှတ်ပုံတင်အတုတွေလုပ်ပြီး နိုင်ငံကူးလက်မှတ်လျှောက်တာကို လဝကက မိသွားတော့ စစ်ဆေးမြန်းတယ်။ SB ဒုရဲမှူးမောင်မောင်(အမည်လွှဲ)က တစ်ဖက်လှည့်နဲ့သူတို့ကိုဆွဲထုတ်သွားပြီး ရန်ကုန်ကို ပြန်ခိုင်းလိုက်တယ်”ဟု NP News ၏သတင်းရင်းမြစ်ကပြောသည်။

ထိုပွဲစားနှစ်ဦးအပါအဝင် ပွဲစားအချို့သည် ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင်လည်း သတင်းတပ်ဖွဲ့ဝင်အတော်များများနှင့်ရင်းနှီးမှုရှိပြီး ယင်းကဲ့သို့ ပြုပြင်ထားသည့်မှတ်ပုံတင်အတုများကို အသုံးပြုကာ နိုင်ငံကူးလက်မှတ်ရရှိစေရန် ဆောင် ရွက်ပေးနေသည်မှာ နှစ်အတန်ကြာပြီဖြစ်ကြောင်းလည်း သိရသည်။

ယခုအခါ ၎င်းတို့နှင့်နီးစပ်သည့်ရဲအရာရှိမှာ ရန်ကုန်မှမြဝတီသို့ ပြောင်းရွှေ့သွားပြီးသည့် နောက် ယင်းပွဲစားများလည်း မြဝတီဘက်သို့ လိုက်သွားကာ ထိုကဲ့သို့ လုပ်စားနေသည်ဖြစ်ကြောင်းကို အထက်ပါသတင်းရင်းမြစ်က NP News ကို အတည်ပြုပြောကြားသည်။

CDM လုပ်ဆောင်ခြင်းမရှိသော်လည်း အုပ်ချုပ်မှုယန္တရား ယိုင်နဲ့စေရန်နှင့် တိုင်းပြည်၏ လုံခြုံရေးစည်းကျိုးပေါက်စေရန် အားထုတ်နေကြခြင်းဖြစ်ကြောင်းလည်း ယခုကဲ့သို့ပြောပါသည်။

“ဒါက ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတို့၊ ချောက်တွန်းတာတို့ မဟုတ်ပါဘူး။ ဒါက လုံခြုံရေးကျိုးပေါက်မှုပါ။ CDM လုပ်သွားတဲ့ ရဲအရာရှိတွေနဲ့လည်း ရင်းနှီးတဲ့ပတ်သက်မှုတွေရှိတယ်။ သူတို့ကိုယ်တိုင်လည်း CDM မလုပ်ပေမယ့် အခုလို ချင်းနဲ့ စစ်ကိုင်းတိုင်းက လူတွေအတွက် မှတ်ပုံတင်အတုလုပ်ပေးပြီး နိုင်ငံကနေထွက်ခွာလို့ရအောင် ကူညီလုပ် ဆောင်ပေးနေတယ်ဆိုတာ လုံခြုံရေးစည်းကျိုးပေါက်နေတာပါ”ဟု သတင်းရင်းမြစ်က ပြောကြားသည်။

အထက်ပါအမှုကွင်းစက်မှ ပါဝင်ပတ်သက်သည့် ရဲအုပ်အဆင့်အရာရှိနှစ်ဦးနှင့် အမျိုး သမီးပွဲစားတစ်ဦးတို့အား လဝကမှ အသွင်ယူစုံစမ်းပြီးသည့်နောက် ရန်ကုန်မြို့ရှိ သက် ဆိုင်ရာရဲစခန်းများတွင် ထိန်းသိမ်းထားပြီး ဖြစ်ကြောင်းကိုလည်း သိရသည်။

zawgyi version
စစ္ကိုင္းႏွင့္ခ်င္းျပည္နယ္မွ လူမ်ားအတြက္ မွတ္ပုံတင္အတုမ်ားျပဳလုပ္၍ ႏိုင္ငံကူးလက္မွတ္ထုတ္ယူႏိုင္ရန္ ျမဝတီ၌ ပြဲစားႏွင့္ရဲ ပူးေပါင္းလုပ္ေဆာင္မႈမ်ားရွိေန
ထြန္း အမ္တီ (NP News) - ဇူလိုင္ ၂ဝ

၂ဝ၂၂ ခုႏွစ္ ေမလ ၂ဝ ရက္ ႏွင့္ ၂၁ ရက္ဝန္းက်င္တြင္ ျမဝတီၿမိဳ႕ ႏိုင္ငံကူးလက္မွတ္႐ုံး၌ ပြဲစားအမ်ိဳးသားတစ္ဦးႏွင့္ ပြဲစားအမ်ိဳးသမီးတစ္ဦးတို႔သည္ ခ်င္းျပည္နယ္ႏွင့္ စစ္ကိုင္း တိုင္းမွ လူအေယာက္ (၂ဝ)အတြက္ ျပဳျပင္ထားသည့္မွတ္ပုံတင္အတုမ်ားႏွင့္ ႏိုင္ငံကူးလက္မွတ္မ်ား ေလွ်ာက္ထားလာရာ လဝကမွ စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း စရဖႏွင့္နီးစပ္ေသာ သတင္းရင္းျမစ္မွ NP News ကို ေျပာၾကားပါသည္။

ယင္းသို႔စစ္ေဆးေတြ႕ရွိသည့္အတြက္ ထိုပြဲစားႏွစ္ဦးအား စစ္ေဆးေမးျမန္းေနစဥ္ သ တင္းတပ္ဖြဲ႕မွ ရာထူးျမင့္ရဲအရာရွိတစ္ဦးမွာ ထိုပြဲစားႏွစ္ဦးအား လြတ္ေျမာက္ရန္ကူညီခဲ့ေၾကာင္းလည္း အထက္ပါသတင္းရင္းျမစ္ထံမွ သိရပါသည္။

“ျမဝတီမွာ စစ္ကိုင္းနဲ႔ ခ်င္းျပည္နယ္က လူ ၂ဝ အတြက္ မွတ္ပုံတင္အတုေတြလုပ္ၿပီး ႏိုင္ငံကူးလက္မွတ္ေလွ်ာက္တာကို လဝကက မိသြားေတာ့ စစ္ေဆးျမန္းတယ္။ SB ဒုရဲမႉးေမာင္ေမာင္(အမည္လႊဲ)က တစ္ဖက္လွည့္နဲ႔သူတို႔ကိုဆြဲထုတ္သြားၿပီး ရန္ကုန္ကို ျပန္ခိုင္းလိုက္တယ္”ဟု NP News ၏သတင္းရင္းျမစ္ကေျပာသည္။

ထိုပြဲစားႏွစ္ဦးအပါအဝင္ ပြဲစားအခ်ိဳ႕သည္ ရန္ကုန္ၿမိဳ႕ရွိ ႏိုင္ငံကူးလက္မွတ္ထုတ္ေပးသည့္႐ုံးတြင္လည္း သတင္းတပ္ဖြဲ႕ဝင္အေတာ္မ်ားမ်ားႏွင့္ရင္းႏွီးမႈရွိၿပီး ယင္းကဲ့သို႔ ျပဳျပင္ထားသည့္မွတ္ပုံတင္အတုမ်ားကို အသုံးျပဳကာ ႏိုင္ငံကူးလက္မွတ္ရရွိေစရန္ ေဆာင္ ႐ြက္ေပးေနသည္မွာ ႏွစ္အတန္ၾကာၿပီျဖစ္ေၾကာင္းလည္း သိရသည္။

ယခုအခါ ၎တို႔ႏွင့္နီးစပ္သည့္ရဲအရာရွိမွာ ရန္ကုန္မွျမဝတီသို႔ ေျပာင္းေ႐ႊ႕သြားၿပီးသည့္ ေနာက္ ယင္းပြဲစားမ်ားလည္း ျမဝတီဘက္သို႔ လိုက္သြားကာ ထိုကဲ့သို႔ လုပ္စားေနသည္ျဖစ္ေၾကာင္းကို အထက္ပါသတင္းရင္းျမစ္က NP News ကို အတည္ျပဳေျပာၾကားသည္။

CDM လုပ္ေဆာင္ျခင္းမရွိေသာ္လည္း အုပ္ခ်ဳပ္မႈယႏၲရား ယိုင္နဲ႔ေစရန္ႏွင့္ တိုင္းျပည္၏ လုံၿခဳံေရးစည္းက်ိဳးေပါက္ေစရန္ အားထုတ္ေနၾကျခင္းျဖစ္ေၾကာင္းလည္း ယခုကဲ့သို႔ေျပာပါသည္။

“ဒါက ပုဂၢိဳလ္ေရးတိုက္ခိုက္တာတို႔၊ ေခ်ာက္တြန္းတာတို႔ မဟုတ္ပါဘူး။ ဒါက လုံၿခဳံေရးက်ိဳးေပါက္မႈပါ။ CDM လုပ္သြားတဲ့ ရဲအရာရွိေတြနဲ႔လည္း ရင္းႏွီးတဲ့ပတ္သက္မႈေတြရွိတယ္။ သူတို႔ကိုယ္တိုင္လည္း CDM မလုပ္ေပမယ့္ အခုလို ခ်င္းနဲ႔ စစ္ကိုင္းတိုင္းက လူေတြအတြက္ မွတ္ပုံတင္အတုလုပ္ေပးၿပီး ႏိုင္ငံကေနထြက္ခြာလို႔ရေအာင္ ကူညီလုပ္ ေဆာင္ေပးေနတယ္ဆိုတာ လုံၿခဳံေရးစည္းက်ိဳးေပါက္ေနတာပါ”ဟု သတင္းရင္းျမစ္က ေျပာၾကားသည္။

အထက္ပါအမႈကြင္းစက္မွ ပါဝင္ပတ္သက္သည့္ ရဲအုပ္အဆင့္အရာရွိႏွစ္ဦးႏွင့္ အမ်ိဳး သမီးပြဲစားတစ္ဦးတို႔အား လဝကမွ အသြင္ယူစုံစမ္းၿပီးသည့္ေနာက္ ရန္ကုန္ၿမိဳ႕ရွိ သက္ ဆိုင္ရာရဲစခန္းမ်ားတြင္ ထိန္းသိမ္းထားၿပီး ျဖစ္ေၾကာင္းကိုလည္း သိရသည္။

Picture

Htun Aung Kyaw

20/07/2022 19:22

ကိုယ့်အလုပ်အပေါ် တာ၀န်မကျေပဲ လာဘ်ယူပီး လွှတ်လိုက်တာ ရှက်ဖို့ကောင်းတဲ့လုပ်ရပ်ပဲ

Related news

© 2021. All rights reserved.