သီရိလင်္ကာ ဘာကြောင့်ပြိုလဲ

 2227

ရဲထွန်း (သီပေါ) (NP News) - ဇူလိုင် ၂၂
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) နှင့် ကမ္ဘာ့ဘဏ် (WB) စသည့် နိုင်ငံတကာ ငွေ ကြေးအင်စတီကျူးရှင်းများက သီရိလင်္ကာနိုင်ငံကို ‘canary of coal mines’ ကျောက်မီး သွေးတွင်းထဲက စာဝါကလေးဟု တင်စားပြောဆိုကြလေသည်။ အင်္ဂလိပ်အီဒီယမ်တွင် “Canary in the coal mine” ဆိုသည်မှာ ကျရောက်မည့်အန္တရာယ်အတွက် အထိခိုက်လွယ်ဆုံးသူ၊ သို့မဟုတ် အစောဆုံးသတိပေးချက်အဖြစ် တင်စားပြောဆိုခြင်းဖြစ်သည်။ ၁၈၉၆ ခုနှစ်က ဝေလနယ်ရှိ ကျောက်မီးသွေးတွင်းတစ်ခုတွင် ပြင်းထန်သည့်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီးသည့်နောက်ပိုင်း အင်ဂျင်နီယာတဉီးဖြစ်သူ ဂျွန်ဟောလ်ဒင်းက လှောင် ချိုင့်တွင်ထည့်ထားသော စာဝါငှက်များဖြင့် လူကိုအန္တရာယ်ပြုနှိုင်သည့် ဓါတ်ငွေ့များ ပြားလာမှုကို သတိပေးသည့်စနစ် တစ်ခုတီထွင်ခဲ့သည်။ လှောင်ချိုင့်တွင်းမှ စာဝါငှက်သေလျှင် လူကိုအန္တရာယ်ပြုနိုင်သည့် ဓါတ်ငွေ့များပြားနေပြီဖြစ်ကြောင်း သိနိုင်လေသည်။

ယခုလည်း စီးပွားရေးအရ ချို့ယွင်းအားနည်းချက်များရှိနေသည့် သီရိလင်္ကာနိုင်ငံမှာ၊ အန္တရာယ်များလှသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုးဒဏ်၊ ရုရှား-ယူကရိန်းစစ်ပွဲ၏ ကမ္ဘာလုံးဆိုင်ရာ စျေးနှုန်းရိုက်ခတ်ချက်နှင့် မိမိကိုယ်တိုင် ၏ စီမံခန့်ခွဲမှု အမှားများကြောင့် စီးပွားရေးနှင့် နိုင်ငံရေးအရ အစောဆုံးလဲပြိုသည့်နိုင်ငံဖြစ်ခဲ့ရလေပြီ။

၂ဝ၂၂ ခုနှစ် ဇွန်လ(၈) ရက်နေ့က ထုတ်ပြန်သော ကုလသမဂ္ဂ၏ သတင်းထုတ်ပြန်ချက်တစ်ခုအရ
(၁) စားသောက်ကုန်‌‌ စျေးကြီးမြင့်ခြင်း
(၂) လောင်စာဆီစျေးနှုန်းကြီးမြင့်ခြင်း
(၃) ဘဏ္ဍာရေးအခြေအနေမကောင်းခြင်း စသည့်အချက်(၃) ချက်တွင် တစ်ချက်ချက်နှင့်ငြိနေသည့် နိုင်ငံ ၉၄ နိုင်ငံရှိနေသည်ဟုဆိုလေသည်။ ထိုနိုင်ငံများအားလုံးရှိလူဦးရေမှာ ၁ ဒသမ ၆ ဘီလျံရှိပြီး ကမ္ဘာ့လူဉီးရေ၏ ၅ ပုံတစ်ပုံခန့်ရှိသည်။ အဆိုပါ ၉၄ နိုင်ငံအ နက် လူဦးရေ ၁ ဒသမ ၂ ဘီလျံကိုလွှမ်းခြုံသည့် ၆၉ နိုင်ငံမှာ အထက်ပါအချက် (၃) ချက်စလုံးနှင့်ငြိနေပြီး၊ ဆိုးရွားသည့် အခြေအနေနှင့်ရင်ဆိုင်နေရသည်ဟုဆိုပါသည်။

ပထဝီနှင့် စီးပွားရေးနောက်ခံ
ဒီမိုကရက်တစ်ဆိုရှယ်လစ်သမတသီရိလင်္ကာနိုင်ငံသည် အိန္ဒိယတိုက်ငယ်၏ တောင်ဘက်စွန်း၊ အိန္ဒိယသမုဒ္ဒရာအတွင်းတည်ရှိသော ကျွန်းနိုင်ငံတစ်ခုဖြစ်သည်။ အိန္ဒိယနိုင်ငံနှင့် သီရိလင်္ကာနိုင်ငံကို(Gulf of Mannar) မင်နာပင်လယ်ကွေ့နှင့် ဖေါ့လ်ခ် ရေ လက်ကြား(Palk Strait) တို့ဖြင့်ပိုင်းခြားထားသည်။ အုပ်ချုပ်ရေးမြို့တော်မှာ ဆရီဂျာယာဝါဒနာပူရကို့တီ (Sri Jayawardenepura Kotte) ဖြစ်ပြီး အကြီးဆုံးမြို့မှာ ကိုလံဘိုဖြစ်သည်။ သီရိလင်္ကာကျွန်းနိုင်ငံ၏ အကျယ်အဝန်းမှာ ၆၅၆၁ဝ စတုရန်းကီလိုမီတာရှိသည့်အတွက် မြန်မာနိုင်ငံ( ၆၇၆,၅၉၀ စတုရန်းကီလိုမီတာ)၏ ၁ဝ ရာခိုင်နှုန်းမျှသာ ကျယ်ဝန်းသော်လည်း လူဦးရေမှာ ၂၂ သန်းမျှရှိသဖြင့် မြန်မာနိုင်ငံလူဦးရေ (၅၅ သန်း) ၏ ၄ဝ ရာခိုင်နှုန်းရှိပါသည်။ သို့သော်လည်း သီရိလင်္ကာ၏ ဂျီဒီပီမှာ ၂၀၂၁ ခုနှစ်စာရင်းအရ ၈၄.၅ ဘီလျံဒေါ်လာရှိသဖြင့် မြန်မာနိုင်ငံ၏ ဂျီဒီပီ (အမေရိကန်ဒေါ်လာ ၆၅ ဘီလျံ) ထက် ၂၃ ရာခိုင်နှုန်းမျှပိုများသည်။ လူတစ်ဦးကျ ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၃၈၁၅ ဖြစ်၍ မြန်မာတစ်ဦးကျဂျီဒီပီ ( အမေရိကန်ဒေါ်လာ ၁၁၈၇) ထက် ၃ ဆကျော်ပိုများ သည်။

သီရိလင်္ကာနိုင်ငံတွင် ဆင်ဟာလီစ်လူမျိုးမှာ ၇၅ ရာခိုင်နှုန်း၊ သီရိလင်္ကာတမီးလ် ၁၁ ဒသ မ ၂ ရာခိုင်နှုန်း၊ သီရိလင်္ကာမိုး ၉ ဒသမ ၂ ရာခိုင်နှုန်း၊ အိန္ဒိယ တမီးလ် ၄ ဒသမ ၂ ရာခိုင် နှုန်းနှင့် အခြားလူမျိုး ဝ ဒသမ ၄ ရာခိုင်နှုန်းရှိကြသည်။ ဆင်ဟာလိစ်လူမျိုးအများစုမှာ ဗုဒ္ဓ ဘာသာကိုယ်းကွယ်ကြပြီး၊ တမီးလ်လူမျိုးအများစုမှာ ဟင်ဒူဘာသာကိုယ်းကွယ်ကြသည်။ မူဆလင်နှင့် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများလည်း ရှိကြသည်။ ၁၉၈၃ ခုနှစ်တွင် သီရိလင်္ကာမြောက်ပိုင်း၌ Liberation Tigers of Tamil Eelam (LTTE) တမီးလ် တိုက်ဂါးအဖွဲ့ခေါင်းဆောင်သော အကြမ်းဖက်လက်နက်ကိုင်တော်လှန်မှုဖြစ်ပွားခဲ့ရာ၊ သမတ မဟင်ဒါ ရာဂျာပတ်ဆာ လက်ထက် ၂ဝဝ၉ ခုနှစ်တွင်မှ အပြီးသတ်ချေမှုန်းနှိုင်ခဲ့လေသည်။ ထို ၂၆ နှစ်တာ ပြည်တွင်းစစ်ကာလအတွင်း သီရိလင်္ကာနိုင်ငံသား ၆ဝဝဝဝ မှ ၁ဝဝဝဝဝ အကြားသေကြေပျက်စီးကြလေသည်။

၁၉၄၈ ခုနှစ်မှ ၁၉၇၇ ခုနှစ်အတွင်း အစိုးရအဆက်ဆက်၏စီးပွားရေးပေါ်လစီများမှာ ဆို ရှယ်လစ်ဝါဒ လွှမ်းမိုးခဲ့သဖြင့် စိုက်ပျိုးရေးကဏ္ဍမှာ တစ်စစီပြိုပျက်ခဲ့သလို၊ စက်မှုလက် မှုကဏ္ဍကို နိုင်ငံပိုင်အသိမ်းခံခဲ့ရသည်။ ၁၉၇၇ ခုနှစ်ရောက်သည့်အချိန်ကျမှ စျေးကွက်စီးပွားရေးစနစ်စတင်ကျင့်သုံးခဲ့ပြီး ပုဂ္ဂလိကကဏ္ဍ လုပ်ငန်းများကို ပြန်လည်ဖွံ့ဖြိုးတိုး တက်အောင်လုပ်ဆောင်ခဲ့သည်။

သီရိလင်္ကာနိုင်ငံ၏အဓိက ပို့ကုန်များမှာ သစ်ကြံပိုးခေါက်၊ ရာဘာ၊ သကြားနှင့် လက် ဖက်ခြောက်တို့ဖြစ်သည်။ လက်ဖက်ခြောက်မှာသီရိလင်္ကာနိုင်ငံ၏ သင်္ကေတပို့ကုန်တစ်ခုဖြစ်သကဲ့သို့ ကမ္ဘာ့ဒုတိယအများဆုံး လက်ဖက်ခြောက်တင်ပို့သည့် နိုင်ငံလည်း ဖြစ်ပေသည်။ နိုင်ငံ၏ အဓိကဝင်ငွေမှာ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း၊ လက်ဖက်ခြောက်တင်ပို့ခြင်း၊ အဝတ်အထည်လုပ်ငန်း၊ ဆန်စပါးထုတ်လုပ်ခြင်းနှင့် အခြားစိုက်ပျိုးရေးထွက်ကုန်များ တင်ပို့ခြင်းတို့မှရရှိသည်။ နိုင်ငံရပ်ခြား အထူးသဖြင့် အရှေ့အလယ်ပိုင်းဒေသသို့ သွားရောက် အလုပ်လုပ်ကိုင်ကြသော နိုင်ငံသားများ၏ ပြန်ပို့ငွေများမှလည်း နိုင်ငံခြား ငွေရရှိသည်။

၂ဝ၂ဝ ခုနှစ်စာရင်းများအရ ဝန်ဆောင်မှုကဏ္ဍမှာ ဂျီဒီပီ၏ ၅၉ ဒသမ ၇ ရာခိုင်နှုန်း၊ စက်မှုကဏ္ဍမှာ ၂၆ ဒသမ ၂ ရာခိုင်နှုန်း ၊ ဝစိုက်ပျိုးရေးကဏ္ဍမှာ ၈ ဒသမ ၄ ရာခိုင်နှုန်း ၊ အသီးသီးရှိကြသည်။ နိုင်ငံ့စီးပွားရေး၏ ၈၅ ရာခိုင်နှုန်းမှာ ပုဂ္ဂလိက ကဏ္ဍဖြစ်သည်။ တရုတ်၊ အိန္ဒိယနှင့် အမေရိကန်ပြည်ထောင်စုတို့မှာ သီရိလင်္ကာနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံများဖြစ်ကြသည်။

စီးပွားရေးအကြပ်အတည်း၏ အစပြုချက်
အခြေခံအဆောက်အအုံများ တိုးတက်ဖွံ့ဖြိုးအောင်နိုင်ငံခြားချေးငွေဖြင့်တည်ဆောက်ခဲ့ခြင်းနှင့် နိုင်ငံတကာငွေကြေး စျေးကွက်အတွင်းသို့ အစိုးရငွေတိုက်စာချုပ်များထုတ်‌ ရောင်းချခဲ့သည့်အတွက် သီရိလင်္ကာ၏ ကြွေးမြီမှာ ၂ဝ၁၆ ခုနှစ်တွင် ဒေဝါလီခံရလုနီးပါးအခြေအနေသို့ရောက်ရှိခဲ့သည်။ ၂ဝ၁၆ ခုနှစ် စတုတ္ထလေးလပတ်တွင် ခန့်မှန်းခြေကြွေးမြီစုစုပေါင်းမှာ ၆၄ ဒသမ ၉ ဘီလျံရှိသည်။ ထို့ကြောင့် ထိုအကြပ်အတည်းမှ ကယ်တင်ရန် IMF ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့သို့ (to bailout)အကူအညီတောင်းခံရတော့သည်။ IMF ၏ဘဏ္ဍာရေးဆိုင်ရာတောင်းဆိုချက်များကို လိုက်နာဆောင် ရွက်ရန် သီရိလင်္ကာ အစိုးရက သဘောတူသဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကို ၂ဝ၁၆ ခုနှစ် ဧပြီလတွင် ချေးပေးခဲ့သည်။

၂ဝ၁၈ ခုနှစ်တွင်လည်း တရုတ်နိုင်ငံက ဒေါ်လာ ၁ ဒသမ ၂၅ ဘီလျံကို (to bailout) ထပ်မံချေးပေးခဲ့သေးရာ၊ တရုတ်ချေးပေးသည့်ငွေမှာ ၂ဝ၁၉ မှ ၂ဝ၂၁ ခုနှစ်အတွင်း ပေးဆပ်ရမည့် နိုင်ငံခြားကြွေးမြီများကိုပေးချေနိုင်ရန်ဖြစ်သည်။

IMF တောင်းဆိုသည့် အစီအစဉ်များအရဆောင်ရွက်ခဲ့သည့် ဘဏ္ဍာရေးကဏ္ဍပြုပြင်‌ရေးဆောင်ရွက်ချက်များကြောင့် ငွေကြေးဖေါင်းပွမှုကို အောင်မြင်စွာထိန်းနှိုင်ခဲ့သည်။ ထိုအစီအစဉ်များတွင် လောင်စာဆီစျေးနှုန်းကို အလိုအလျောက်သတ် မှတ်သည့် ဖေါ်မြူလာပါဝင်ပြီး၊ ဤဆောင်ရွက်ချက်က နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းကြီးများ (SOEs) ကြောင့် ဘဏ္ဍရေး အန္တရာယ်ကျရောက်နှိုင်မှုကို လျော့ပါးသက်သာစေသည်။ ထို့ပြင် Value Added Tax (VAT) ဝန်ဆောင်မှုအပေါ်စည်းကြပ်ခွန် ကိုလည်း ၁၁ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့တိုးမြှင့်ခဲ့သလို ကင်းလွတ်သက်သာခွင့်များကို ဖယ်ရှားခြင်းဖြင့် အခွန်ရရှိမှု နယ်ပယ်ကိုချဲ့ထွင်ပေးခဲ့သည်။ သို့သော်လည်း ၂ဝ၁၉ ခုနှစ် ရွေးကောက်ပွဲများအပြီးတွင် အစိုးရသစ်က အထက်ပါ ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ချက်များကို ပြောင်းပြန်လှန်ပစ်ခဲ့လေသည်။

၂ဝ၁၉ ခုနှစ် သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ဆာ အာဏာရလာသည့်အခါ အခွန်လျှော့ ချဖြတ်တောက်မှုများပြုလုပ်လိုက်သည့်အတွက် ဘတ်ဂျက်လိုငွေပြမှုများ ဆိုးဆိုးရွားရွားဖြစ်ပေါ်လာခဲ့သည်။ ထိုသို့အခြေအနေဆိုးရွားလာနေသည်ကို သမ္မတက သိရှိခဲ့သော်လည်း “ရင်းနှီးမြှုပ်နှံမှု” တစ်ရပ်အဖြစ်သဘောထားကာ နောက်ထပ် ၅ နှစ်တာကာလအတွင်း အခွန်တိုးမြှင့်ကောက်ခံရန် အစီအစဉ်မရှိဟုဆိုလေသည်။ ထိုသို့အခွန် ကောက်ခံရရှိမှုနည်းပါးလျော့ကျလာသည့်အတွက် အစိုးရဘတ်ဂျက်လိုငွေပြမှုပိုမိုဆိုး ရွားလာသည်။

အစိုးရ၏ အသုံးစားရိတ်ကိုကာမိစေရန်အတွက် ဗဟိုဘဏ်က ငွေစက္ကူရိုက်နှိပ်ထုတ်ဝေမှုစတင်ပြုလုပ်လာရာ စံချိန်တင်များပြားလာသည့်အတွက် ရပ်တန့်ပစ်ရန်နှင့် ထိုသို့ငွေစက္ကူရိုက်နှိပ်ခြင်းအစား ဘဏ်တိုးနှုန်းကိုမြှင့်တင်ရန်၊ အခွန်တိုး ကောက်ရန်နှင့် အစိုးရအသုံးစားရိတ်လျှော့ချရန်တို့ကို IMF ကသတိပေးတိုက်တွန်းခဲ့သော်လည်း အစိုးရကလစ်လျူရှူခဲ့လေသည်။

၂ဝ၂၂ ခုနှစ် ဧပြီလ ၆ ရက်က သီရိလင်္ကာဗဟိုဘဏ်သည် တစ်ရက်တည်းအတွင်း ရူးပီး ၁၁၉ ဒသမ ၈ ဘီလျံရိုက်နှိပ်ခဲ့ရာ ထိုနှစ်အတွက် တစ်ရက်တည်းအများဆုံးရိုက်နှိပ်သည့်ပမာဏဖြစ်ပြီး၊ ၂ဝ၂၂ ခုနှစ်တစ်နှစ်တာအတွက် ဘဏ္ဍာရေးစျေးကွက် အတွင်း ဖြည့် တင်းခဲ့သည့် စုစုပေါင်းပမာဏမှာ ရူးပီး ၄၃၂ ဒသမ ၇၆ ဘီလျံ ရှိလေသည်။

ပြည်ပကြွေးမြီ
တဖြည်းဖြည်းတိုးတက်များပြားလာသော သီရိလင်္ကာ၏ပြည်ပကြွေးမြီမှာ ၂ဝဝ၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃ ဘီလျံသာရှိခဲ့ရာမှ ၂ဝ၂ဝ ခုနှစ်တွင် ၅၆ ဒသမ ၃ ဘီလျံဒေါ်လာအထိရောက်ရှိလာသည်။ ၂ဝ၁၉ ခုနှစ်တွင် ပြည်ပကြွေးမြီသည် ဂျီဒီပီ ၏ ၄၂ ရာခိုင်နှုန်းသာရှိခဲ့ရာမှာ ၂ဝ၂ဝ ခုနှစ်တွင် ဂျီဒီပီ၏ ၁ဝ၁ ဒသမ ၂၄ ရာခိုင်နှုန်းအထိတိုးများလာခဲ့သည်။ ( မှတ်ချက်။ ။ မြန်မာနိုင်ငံ၏ ၂ဝ၂ဝ ခုနှစ် ကြွေးမြီမှာ ဂျီဒီပီ၏ ၃၉ ဒသမ ၂၈ ရာခိုင်နှုန်းရှိသည်)

၂ဝ၂၁ ခုနှစ်တွင်ရှိသော သီရိလင်္ကာအစိုးရ၏ ပြည်ပကြွေးမြီမှာ နိုင်ငံတကာငွေကြေးစျေးကွက် ငွေတိုက်စာချုပ်များ (ISB- International Sovereign Bond) ရောင်းချခြင်းမှ ၄၇ ရာခိုင်နှုန်း၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ ၁၃ ရာခိုင်နှုန်း ၊ ကမ္ဘာ့ဘဏ်မှ ၉ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံမှ ၁ဝ ရာခိုင်နှုန်း ၊ တရုတ်နိုင်ငံမှ ၁ဝ ရာခိုင်နှုန်း ၊ အိန္ဒိယနိုင်ငံမှ ၂ ရာခိုင်နှုန်း ၊ အခြားနေရာအချို့မှ ၉ ရာခိုင်နှုန်းအသီးသီးဖြစ်ကြသည်။

သီရိလင်္ကာရူးပီးနှင့် အမေရိကန်ဒေါ်လာ ငွေလဲလှယ်နှုန်းတန်ဖိုးမှာ ဆိုးဆိုးရွားရွား ဆက်လက်ကျဆင်းနေသည့်အတွက် နိုင်ငံခြားမှတင်သွင်းရသော၊ ဂျုံနှင့် နေကြာဆီကဲ့သို့ အစားအသောက်နှင့် လောင်စာဆီ၊ ဂက်စ်စသည့် စျေးနှုန်းများ လည်းမြင့်တက်လာကာ ငွေဖေါင်းပွမှုနှုန်းမှာ မြင့်မားလာခဲ့သည်။

ကိုဗစ် ၁၉ ကပ်ရောဂါဆိုးကြောင့် ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းလည်းထိခိုက်လာခဲ့ရာ နိုင်ငံခြားဝင်ငွေကို များစွာကျဆင်းစေလေသည်။ ခရီးသွားလုပ်ငန်းမှဝင်ငွေမှာ သီရိလင်္ကာ ဂျီဒီပီ၏ ၁ဝ ပုံတပုံရှိသည်။ ၂ဝ၁၉ ခုနှစ်က အီစတာဗုံး ပေါက်ကွဲမှုများကြောင့် စတင်ထိခိုက်ခဲ့ရသော ခရီးသွားလုပ်ငန်းမှာ ကိုဗစ် ၁၉ ကပ်ရောဂါဆက်လက်ကျရောက် လာသည့်အတွက် ပြန်လည်နလံမထူနှိုင်တော့ချေ။ ၂ဝ၁၈ ခုနှစ်က ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ၄ ဒသမ ၄ ဘီလျံဒေါ်လာ ရရှိခဲ့ရာ ဂျီဒီပီ၏ ၅ ဒဿမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး ၂ဝ၂ဝ ခုနှစ်တွင် ဂျီဒီပီ၏ ဝ ဒသမ ၈ ရာခိုင်နှုန်းသာရရှိတော့သည်။

သီရိလင်္ကာရူးပီးငွေတန်ဖိုး ထိုးကျနေသည့်အတွက် နိုင်ငံခြားရောက် သီရိလင်္ကာ လုပ် သားများ၏ တရားဝင် လွှဲငွေများ များစွာလျော့နည်းသွားခဲ့ရာ ၂ဝ၂၂ ခုနှစ်ဇန်နဝါရီလတွင် ၆၁ ရာခိုင်နှုန်းကျဆင်းသွားသည်။ ဤသို့သော အခြေအနေတွင် ၂ဝ၂၁ ခုနှစ် စက်တင်္ဘာလထဲတွင် အစိုးရက စီးပွားရေး အရေးပေါ်အခြေအနေကြေငြာခဲ့ရလေတော့ သည်။ ၂ဝ၂၂ ခုနှစ် မတ်လတွင် အစိုးရ၏ နိုင်ငံခြား အရန်ငွေမှာ ၁ ဒသမ ၉ ဘီလျံဒေါ်လာသာရှိသဖြင့်၊ ၂ဝ၂၂ ခုနှစ်အတွက် ပေးဆပ်ရန်တာန်ရှိသော နိုင်ငံခြားအကြွေး ၄ ဘီလျံနှင့် နိုင်ငံတကာ အချုပ်အခြာအာဏာပိုင် ငွေချေးစာချုပ် International Sovereign Bond (ISB) အတွက်ပေးရမည့် ၁ ဘီလျံ ဒေါ်လာအတွက် ပေးဆပ်ရန်မလုံလောက်ချေ။ ဤသို့ဖြင့် ၂ဝ၂၂ ခုနှစ်ဧပြီလ ၁၂ ရက်နေ့တွင်၎င်း၏ပြည်ပကြွေးမြီ ၅၁ ဘီလျံဒေါ်လာကို အချိန်မီမပေးဆပ်နှိုင်တော့ကြောင်းနှင့် IMF မှနောက်ထပ် Bail out အကူအညီထပ်မံရသည့်အချိန်အထိ ယာယီရပ်ဆိုင်းကြောင်း ကြေငြာရလေတော့သည်။

စိုက်ပျိုးရေးကဏ္ဍအကြပ်အတည်း
သီရိလင်္ကာနိုင်ငံသည် ဘာစမာတီကဲ့သို့ ထူးခြားသည့်ဆန်မျိုးကိုအကန့်အသတ်ဖြင့်တင်သွင်းခြင်းကလွဲ၍ ဆန်စပါး ကို ပြည်တွင်းစားသုံးမှုလုံလောက်အောင် စိုက်ပျိုးထုတ်လုပ်နှိုင်ပါသည်။ ၂ဝ၂၁ ခုနှစ် ဧပြီလတွင် သမတ ဂိုတာဘာယာ ရာဂျာပက်ဆာက သီရိလင်္ကာတနိုင်ငံလုံးတွင် အော်ဂဲနစ်လယ်ယာစိုက်ပျိုးရေးကိုသာခွင့်ပြုမည်ဟု ကြေငြာခဲ့ပြီး၊ ဓါတ်မြေသြဇာနှင့် ဓါတုပိုးသတ်ဆေးများတင်သွင်းမှုကို ပိတ်ပင်တားမြစ်ခဲ့လေသည်။ ဤသို့ ဓါတ်မြေသြဇာ တင်သွင်းမှုပိတ်ပင် ခံရခြင်းကြောင့် ပထမ ၆ လအတွင်း၊ လဘက်ခြောက်ထုတ်လုပ်မှု ကဏ္ဍတခုတည်းမှာပင် ဒေါ်လာ ၄၂၅ သန်းဘိုးဆုံးရှုံး နစ်နာခဲ့ပြီး ဆန်စပါးထုတ်လုပ်မှုကိုလည်း ၂ဝ ရာခိုင်နှုန်း လျော့ကျသွားစေလေသည်။ သို့ဖြစ်၍ ဆန်မလုံမလောက်ဖြစ်လာကာ ဒေါ်လာ သန်း ၄၅ဝ ဖိုးပြည်ပမှ ပြန်လည်တင်သွင်းပေးရလေတော့သည်။ ဤသို့ဖြင့် အစားအစာစျေးနှုန်းများ မြင့်တာလာ ကာ၊ အော်ဂဲနစ် အစီအစဉ်အား ဆန့်ကျင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေသည့်အတွက် ကမ္ဘာ့ပထမဆုံး အောဂဲနစ် လယ်ယာ စိုက်ပျိုးရေးနိုင်ငံဖြစ်ရေးအိပ်မက်ကို ၂ဝ၂၁ ခုနှစ် နိုဝင်ဘာလတွင် စွန့်လွှတ်ပယ်ဖျက်လိုက်ရလေတော့သည်။

ရုရှား-ယူကရိန်း စစ်ပွဲ၏ သက်ရောက်မှု
ရုရှား-ယူကရိန်း စစ်ပွဲက မူလကတည်းက တုန့်ဆိုင်းနှေးကွေးနေသော သီရိလင်္ကာ၏ စီးပွားရေးအခြေအနေကို ပိုမို ဆိုးရွားစေခဲ့သည်။ အကြောင်းမှာ ရုရှားနိုင်ငံသည် သီရိလင်္ကာ၏ ဒုတိယအကြီးဆုံးလဘက်ခြောက်တင်ပို့ရာ စျေးကွက် ကြီးဖြစ်သည့်ပြင် ခရီးသွားလုပ်ငန်းကဏ္ဍတွင်လည်း ဤနှစ်နိုင်ငံလုံးမှ ခရီးသွားများလာရောက်လည်ပတ်မှုကို အားထား နေရသောကြောင့်ဖြစ်သည်။

သို့ဖြစ်၍ ရပ်ရှား-ယူကရိန်းစစ်ပွဲကြီးဖြစ်ပွားလာသောအခါ သီရိလင်္ကာနိုင်ငံ၏ လဘက်ခြောက်ရောင်းချမှုကိုထိခိုက်ခဲ့သလို၊ ယူကရိန်းနှင့် ရုရှားခရီးသွားများ လာရောက်လည်ပတ်မှုလည်းများစွာလျော့ကျသွားလေသည်။ ထို့ပြင် ၎င်းစစ်ပွဲ၏ သက်ရောက်မှုကြောင့် တကမ္ဘာလုံးလောင်စာဆီနှင့် အခြားစားသောက်ကုန်များ စျေးနှုန်းကြီးမြင့်လာလေရာ၊ မူလကပင် ငွေတန်ဖိုး ကျဆင်းနေသော သီရိလင်္ကာတွင် ပိုမိုဆိုးရွားစေပါသည်။

လျှပ်စစ်နှင့် လောင်စာဆီအကြပ်အတည်း
စီးပွားရေးအကြပ်အတည်းကြောင့် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရေးကျဆင်းလာသလို၊ လောင်စာဆီနှင့် ချက်ပြုတ်သည့်ဓါတ်ငွေ့ရောင်းချမှုမှာလည်း မလုံမလောက်ဖြစ်လာပါသည်။ ချက်ပြုတ်သည့်ဓါတ်ငွေ့မလုံလောက်သည့် အတွက် မုန့်ဖုတ်ရောင်းချသည့်ဆိုင်ပေါင်း ၁၀၀၀ ခန့်ပိတ်လိုက်ရသလို၊ ဓါတ်ဆီဆိုင်များရှေ့တွင်လည်း လောင်စာဆီဝယ် ယူရန်စောင့်ဆိုင်းသည့် လူတန်းကြီးများ ရှည်လျားလာပါသည်။ ၂ဝ၂၂ မတ်လမှစတင်ကာ နေ့စဉ် ၇ နာရီလျှပ်စစ်မီးဖြတ် တောက်မှုကို ပြုလုပ်လာရပြီး၊ အခြေအနေပိုကောင်းမလာသဖြင့် နေ့စဉ် ၁ဝ နာရီဖြတ်တောက်မှုလုပ်ခဲ့ရသည်။ ဧပြီလဆန်း ပိုင်းသို့ရောက်သည့်အခါ တနေ့လျှင် ၁၅ နာရီထိ လျှပ်စစ်ဖြတ်တောက်မှုပြုလုပ်ခဲ့ရပါတော့သည်။

နေ့စဉ်သတင်းစာများဖြစ်ကြသော “The Island” နှင့် “Divaina” တို့မှာ စက္ကူအခက်အခဲကြောင့် ထုတ်ဝေမှုရပ်ဆိုင်း လိုက်ရပြီး e-papers အွန်လိုင်းမှတဆင့်ဝယ်ယူဖတ်ရှုသည့် စနစ်သို့ပြောင်းလဲလိုက်ရသည်။ ၂ဝ၂၂ ခုနှစ် ဂျွန်လ ၂၈ ရက်တွင် မလိုအပ်သည့် ယာဉ်များကို လောင်စာဆီရောင်းချမှုရပ်ဆိုင်းလိုက်ပါသည်။ အများသုံး ဘတ်စ် ကားများ၊ ရထားများ နှင့် လူနာတင်ယာဉ်များ၊ ဆေးရုံသုံးယာဉ်များ၊ အစားအသောက်သယ်ယူပို့ဆောင်သည့်ယာဉ်များကိုသာ ဆီရောင်းချပေး ရန် အစိုးရက ကန့်သတ်လိုက် ပါသည်။

ဆန္ဒပြမှုများနှင့် အစိုးရပြုတ်ကျမှု
၂ဝ၂၂ ခုနှစ်မတ်လတွင် နိုင်ငံရေးပါတီများကရော၊ နိုင်ငံရေးပါတီမဟုတ်သည့် အုပ်စုများကပါ ဉီးဆောင်စည်းရုံးသည့် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ နိုင်ငံ၏နေရာအနှံ့အပြားတွင်ပေါ်ပေါက်လာခဲ့သည်။ များစွာသော ဆန္ဒပြပွဲများတွင် အတိုက် အခံနိုင်ငံရေးပါတီများက လက်ရှိနိုင်ငံက ရင်ဆိုင်နေရသည့် ဘဏ္ဍရေးအကြပ်အတည်းကို ဖြေရှင်းပေးရန် နှင့် အစိုးရ ချက်ခြင်းနှုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။

ဆဂျစ် ပရီမာဒါဆာ ခေါင်းဆောင်သည့် United People's Force အတိုက်အခံနိုင်ငံရေး ပါတီကိုထောက်ခံသည့် လူ ထောင်ပေါင်းများစွာက မတ်လ ၁၆ ရက်နေ့တွင် သမတ ရုံးရှေ့တွင်စုရုံးပြီး သမတကို နှုတ်ထွက်ပေးရန် တောင်းဆိုကြ သည်။ မတ်လ ၃၀ ရက်နေ့တွင် လူငယ်နှင့် အားကစားရေးရာဝန်ကြီး နမဲ ရာဂျာပတ်ဆာ ( သီရိလင်္ကာသမတဟောင်း( ၂ဝဝ၅-၂ဝ၁၅) နှင့် လက်ရှိဝန်ကြီးချုပ်ဖြစ်သူ မဟင်ဒါ ရာဂျာပတ်ဆာ၏ အကြီးဆုံးသား) က ဘင်ဒါရာဝီလာ ရှိ အားကစား ကွင်းတခုဖွင့်ပွဲ သို့ ရောက်ရှိလာရာ ဒေါသထွက်နေသော ဒေသခံလူအုပ်က လမ်းကိုပတ်ဆို့ပြီး လောင်စာဆီတောင်းဆိုမှု ဖြစ်ပွားခဲ့သဖြင့် ဝန်ကြီး နမဲ မှာဖွင့်ပွဲသို့ မတက်ရောက်နှိုင်တော့ဘဲ၊ သူ့အစား မြို့တော်ဝန်က ဖွင့်ပွဲပြုလုပ်ပေးခဲ့ရလေသည်။

မတ်လ ၃၁ ရက်နေ့တွင် လူအုပ်ကြီးတအုပ်က သမတ ဂိုတာဘာယာ ရာဂျာပတ်ဆာ၏ နေအိမ်အနီးတွင်စုရုံးပြီး တနေ့ ၁၂ ထိလျှပ်စစ်ဓါတ်အားဖြတ်တောက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြလေသည်။ ဆန္ဒပြမှုမှာ အစပိုင်းတွင် သူ့အလို အလျောက်ငြိမ်းချမ်းစွာဆန္ဒပြခဲ့ခြင်းဖြစ်သော်လည်း၊ ရဲများက ဆန္ဒပြသူများကို မျက်ရေယိုဗုံးများ၊ မီးသတ်ရေပိုက်များဖြင့် တိုက်ခိုက်ခဲ့သည့်နောက်ပိုင်းတွင် ဆန္ဒပြသူများက လုံထိမ်းတပ်ဖွဲ့ဝင်များသယ်ဆောင်လာသည့် ဘတ်စ်ကားကို မီးရှို့ဖျက် ဆီး ပစ်လိုက်ကြလေသည်။ အစိုးရက ကိုလံဘိုမြို့တွင် ကာဖျူး အမိန့်ထုတ်ပြန်လိုက်သည်။ တချိန်ထဲလိုလိုမှာပင် ကိုလံဘို နှင့် ကန္ဒီ သွားလမ်းမကြီးကိုလည်း ဆန္ဒပြသူများက ပိတ်ဆို့လိုက်ကြသည်။ အစိုးရက ဆန္ဒပြသူများကို အစွန်းရောက်အုပ်စု များဖြစ်ကြသည် ဟုစွပ်စွဲလေသည်။ ဖယောင်းတိုင်မီးထွန်း၍ ဆန္ဒပြမှုများ၊ ကားဟွန်းအဆက်မပြတ်တီး၍ ဆန္ဒပြခြင်း များလည်း ဒေသအများအပြားတွင် ဆက်လက်ဖြစ်ပေါ်ခဲ့သည်။

၂၀၂၂ ခုနှစ် မေလတွင် ရာဂျာပတ်ဆာမိသားစု၏ နေအိမ်ကို ဆန္ဒပြသူများက မီးတင်ရှို့လိုက်ကြလေသည်။ ထိုသို့ ဆန္ဒပြနေသည့် အတောအတွင်း ဝန်ကြီးချုပ် မဟင်ဒါ ရာဂျာပတ်ဆာ ရာထူးမှနှုတ်ထွက်ပေးလိုက်သော်လည်း ၎င်း၏ ညီဖြစ်သူ သမ္မတ ဂိုတာဘာယာ ရာဂျာပတ်ဆာ မှာ သမ္မတရာထူးမှ နှုတ်ထွက်ပေးရန်ငြင်းဆန်ခဲ့သဖြင့် ဆန္ဒပြမှုများ ဆက် လက်ဖြစ်ပွားခဲ့သည်။

ဇူလိုင်လ ၉ ရက်တွင် ဆန္ဒပြသူများက သမ္မတ အိမ်တော်ကို ချိုးဖေါက်ဝင်ရောက်ခဲ့သလို၊ ကိုလံဘိုရှိ နောက်တက် လာသည့် ဝန်ကြီးချုပ် ရာနီး ဝိကရမဆင်ဟာ (Ranil Wickremesinghe) ၏ ကိုယ်ပိုင်အိမ်ကိုလည်း မီးတင်ရှို့ခဲ့ကြလေသည်။ သို့ဖြင့် သမ္မတလည်း သီရိလင်္ကာနိုင်ငံမှ ထွက်ပြေးရပြီး၊ ဝန်ကြီးချုပ်လည်းသူ့ဆန္ဒအလျောက် နှုတ် ထွက်ပေးရလေတော့သည်။

ကိုးကား - (၁) ဝီကီပီဒီးယား
(၂) Sri Lanka's foreign debt default: Why the island nation went under
(၃) A canary in a coal mine?’… Sri Lanka becomes first domino in global debt crisis

zawgyi version
သီရိလကၤာ ဘာေၾကာင့္ၿပိဳလဲ
ရဲထြန္း (သီေပါ) (NP News) - ဇူလိုင္ ၂၂

ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕(IMF) ႏွင့္ ကမာၻ႔ဘဏ္ (WB) စသည့္ ႏိုင္ငံတကာ ေငြ ေၾကးအင္စတီက်ဴးရွင္းမ်ားက သီရိလကၤာႏိုင္ငံကို ‘canary of coal mines’ ေက်ာက္မီး ေသြးတြင္းထဲက စာဝါကေလးဟု တင္စားေျပာဆိုၾကေလသည္။ အဂၤလိပ္အီဒီယမ္တြင္ “Canary in the coal mine” ဆိုသည္မွာ က်ေရာက္မည့္အႏၲရာယ္အတြက္ အထိခိုက္လြယ္ဆုံးသူ၊ သို႔မဟုတ္ အေစာဆုံးသတိေပးခ်က္အျဖစ္ တင္စားေျပာဆိုျခင္းျဖစ္သည္။ ၁၈၉၆ ခုႏွစ္က ေဝလနယ္ရွိ ေက်ာက္မီးေသြးတြင္းတစ္ခုတြင္ ျပင္းထန္သည့္ေပါက္ကြဲမႈတစ္ခုျဖစ္ပြားၿပီးသည့္ေနာက္ပိုင္း အင္ဂ်င္နီယာတဉီးျဖစ္သူ ဂြၽန္ေဟာလ္ဒင္းက ေလွာင္ ခ်ိဳင့္တြင္ထည့္ထားေသာ စာဝါငွက္မ်ားျဖင့္ လူကိုအႏၲရာယ္ျပဳႏႈိင္သည့္ ဓါတ္ေငြ႕မ်ား ျပားလာမႈကို သတိေပးသည့္စနစ္ တစ္ခုတီထြင္ခဲ့သည္။ ေလွာင္ခ်ိဳင့္တြင္းမွ စာဝါငွက္ေသလွ်င္ လူကိုအႏၲရာယ္ျပဳႏိုင္သည့္ ဓါတ္ေငြ႕မ်ားျပားေနၿပီျဖစ္ေၾကာင္း သိႏိုင္ေလသည္။

ယခုလည္း စီးပြားေရးအရ ခ်ိဳ႕ယြင္းအားနည္းခ်က္မ်ားရွိေနသည့္ သီရိလကၤာႏိုင္ငံမွာ၊ အႏၲရာယ္မ်ားလွေသာ ကိုဗစ္-၁၉ ကပ္ေရာဂါဆိုးဒဏ္၊ ႐ုရွား-ယူကရိန္းစစ္ပြဲ၏ ကမာၻလုံးဆိုင္ရာ ေစ်းႏႈန္း႐ိုက္ခတ္ခ်က္ႏွင့္ မိမိကိုယ္တိုင္ ၏ စီမံခန႔္ခြဲမႈ အမွားမ်ားေၾကာင့္ စီးပြားေရးႏွင့္ ႏိုင္ငံေရးအရ အေစာဆုံးလဲၿပိဳသည့္ႏိုင္ငံျဖစ္ခဲ့ရေလၿပီ။

၂ဝ၂၂ ခုႏွစ္ ဇြန္လ(၈) ရက္ေန႔က ထုတ္ျပန္ေသာ ကုလသမဂၢ၏ သတင္းထုတ္ျပန္ခ်က္တစ္ခုအရ
(၁) စားေသာက္ကုန္‌‌ ေစ်းႀကီးျမင့္ျခင္း
(၂) ေလာင္စာဆီေစ်းႏႈန္းႀကီးျမင့္ျခင္း
(၃) ဘ႑ာေရးအေျခအေနမေကာင္းျခင္း စသည့္အခ်က္(၃) ခ်က္တြင္ တစ္ခ်က္ခ်က္ႏွင့္ၿငိေနသည့္ ႏိုင္ငံ ၉၄ ႏိုင္ငံရွိေနသည္ဟုဆိုေလသည္။ ထိုႏိုင္ငံမ်ားအားလုံးရွိလူဦးေရမွာ ၁ ဒသမ ၆ ဘီလ်ံရွိၿပီး ကမာၻ႔လူဉီးေရ၏ ၅ ပုံတစ္ပုံခန႔္ရွိသည္။ အဆိုပါ ၉၄ ႏိုင္ငံအ နက္ လူဦးေရ ၁ ဒသမ ၂ ဘီလ်ံကိုလႊမ္းၿခဳံသည့္ ၆၉ ႏိုင္ငံမွာ အထက္ပါအခ်က္ (၃) ခ်က္စလုံးႏွင့္ၿငိေနၿပီး၊ ဆိုး႐ြားသည့္ အေျခအေနႏွင့္ရင္ဆိုင္ေနရသည္ဟုဆိုပါသည္။

ပထဝီႏွင့္ စီးပြားေရးေနာက္ခံ
ဒီမိုကရက္တစ္ဆိုရွယ္လစ္သမတသီရိလကၤာႏိုင္ငံသည္ အိႏၵိယတိုက္ငယ္၏ ေတာင္ဘက္စြန္း၊ အိႏၵိယသမုဒၵရာအတြင္းတည္ရွိေသာ ကြၽန္းႏိုင္ငံတစ္ခုျဖစ္သည္။ အိႏၵိယႏိုင္ငံႏွင့္ သီရိလကၤာႏိုင္ငံကို(Gulf of Mannar) မင္နာပင္လယ္ေကြ႕ႏွင့္ ေဖါ့လ္ခ္ ေရ လက္ၾကား(Palk Strait) တို႔ျဖင့္ပိုင္းျခားထားသည္။ အုပ္ခ်ဳပ္ေရးၿမိဳ႕ေတာ္မွာ ဆရီဂ်ာယာဝါဒနာပူရကို႔တီ (Sri Jayawardenepura Kotte) ျဖစ္ၿပီး အႀကီးဆုံးၿမိဳ႕မွာ ကိုလံဘိုျဖစ္သည္။ သီရိလကၤာကြၽန္းႏိုင္ငံ၏ အက်ယ္အဝန္းမွာ ၆၅၆၁ဝ စတုရန္းကီလိုမီတာရွိသည့္အတြက္ ျမန္မာႏိုင္ငံ( ၆၇၆,၅၉၀ စတုရန္းကီလိုမီတာ)၏ ၁ဝ ရာခိုင္ႏႈန္းမွ်သာ က်ယ္ဝန္းေသာ္လည္း လူဦးေရမွာ ၂၂ သန္းမွ်ရွိသျဖင့္ ျမန္မာႏိုင္ငံလူဦးေရ (၅၅ သန္း) ၏ ၄ဝ ရာခိုင္ႏႈန္းရွိပါသည္။ သို႔ေသာ္လည္း သီရိလကၤာ၏ ဂ်ီဒီပီမွာ ၂၀၂၁ ခုႏွစ္စာရင္းအရ ၈၄.၅ ဘီလ်ံေဒၚလာရွိသျဖင့္ ျမန္မာႏိုင္ငံ၏ ဂ်ီဒီပီ (အေမရိကန္ေဒၚလာ ၆၅ ဘီလ်ံ) ထက္ ၂၃ ရာခိုင္ႏႈန္းမွ်ပိုမ်ားသည္။ လူတစ္ဦးက် ဂ်ီဒီပီမွာ အေမရိကန္ေဒၚလာ ၃၈၁၅ ျဖစ္၍ ျမန္မာတစ္ဦးက်ဂ်ီဒီပီ ( အေမရိကန္ေဒၚလာ ၁၁၈၇) ထက္ ၃ ဆေက်ာ္ပိုမ်ား သည္။

သီရိလကၤာႏိုင္ငံတြင္ ဆင္ဟာလီစ္လူမ်ိဳးမွာ ၇၅ ရာခိုင္ႏႈန္း၊ သီရိလကၤာတမီးလ္ ၁၁ ဒသ မ ၂ ရာခိုင္ႏႈန္း၊ သီရိလကၤာမိုး ၉ ဒသမ ၂ ရာခိုင္ႏႈန္း၊ အိႏၵိယ တမီးလ္ ၄ ဒသမ ၂ ရာခိုင္ ႏႈန္းႏွင့္ အျခားလူမ်ိဳး ဝ ဒသမ ၄ ရာခိုင္ႏႈန္းရွိၾကသည္။ ဆင္ဟာလိစ္လူမ်ိဳးအမ်ားစုမွာ ဗုဒၶ ဘာသာကိုယ္းကြယ္ၾကၿပီး၊ တမီးလ္လူမ်ိဳးအမ်ားစုမွာ ဟင္ဒူဘာသာကိုယ္းကြယ္ၾကသည္။ မူဆလင္ႏွင့္ ခရစ္ယာန္ဘာသာ ကိုးကြယ္သူမ်ားလည္း ရွိၾကသည္။ ၁၉၈၃ ခုႏွစ္တြင္ သီရိလကၤာေျမာက္ပိုင္း၌ Liberation Tigers of Tamil Eelam (LTTE) တမီးလ္ တိုက္ဂါးအဖြဲ႕ေခါင္းေဆာင္ေသာ အၾကမ္းဖက္လက္နက္ကိုင္ေတာ္လွန္မႈျဖစ္ပြားခဲ့ရာ၊ သမတ မဟင္ဒါ ရာဂ်ာပတ္ဆာ လက္ထက္ ၂ဝဝ၉ ခုႏွစ္တြင္မွ အၿပီးသတ္ေခ်မႈန္းႏႈိင္ခဲ့ေလသည္။ ထို ၂၆ ႏွစ္တာ ျပည္တြင္းစစ္ကာလအတြင္း သီရိလကၤာႏိုင္ငံသား ၆ဝဝဝဝ မွ ၁ဝဝဝဝဝ အၾကားေသေၾကပ်က္စီးၾကေလသည္။

၁၉၄၈ ခုႏွစ္မွ ၁၉၇၇ ခုႏွစ္အတြင္း အစိုးရအဆက္ဆက္၏စီးပြားေရးေပၚလစီမ်ားမွာ ဆို ရွယ္လစ္ဝါဒ လႊမ္းမိုးခဲ့သျဖင့္ စိုက္ပ်ိဳးေရးက႑မွာ တစ္စစီၿပိဳပ်က္ခဲ့သလို၊ စက္မႈလက္ မႈက႑ကို ႏိုင္ငံပိုင္အသိမ္းခံခဲ့ရသည္။ ၁၉၇၇ ခုႏွစ္ေရာက္သည့္အခ်ိန္က်မွ ေစ်းကြက္စီးပြားေရးစနစ္စတင္က်င့္သုံးခဲ့ၿပီး ပုဂၢလိကက႑ လုပ္ငန္းမ်ားကို ျပန္လည္ဖြံ႕ၿဖိဳးတိုး တက္ေအာင္လုပ္ေဆာင္ခဲ့သည္။

သီရိလကၤာႏိုင္ငံ၏အဓိက ပို႔ကုန္မ်ားမွာ သစ္ႀကံပိုးေခါက္၊ ရာဘာ၊ သၾကားႏွင့္ လက္ ဖက္ေျခာက္တို႔ျဖစ္သည္။ လက္ဖက္ေျခာက္မွာသီရိလကၤာႏိုင္ငံ၏ သေကၤတပို႔ကုန္တစ္ခုျဖစ္သကဲ့သို႔ ကမာၻ႔ဒုတိယအမ်ားဆုံး လက္ဖက္ေျခာက္တင္ပို႔သည့္ ႏိုင္ငံလည္း ျဖစ္ေပသည္။ ႏိုင္ငံ၏ အဓိကဝင္ေငြမွာ ကမာၻလွည့္ခရီးသြားလုပ္ငန္း၊ လက္ဖက္ေျခာက္တင္ပို႔ျခင္း၊ အဝတ္အထည္လုပ္ငန္း၊ ဆန္စပါးထုတ္လုပ္ျခင္းႏွင့္ အျခားစိုက္ပ်ိဳးေရးထြက္ကုန္မ်ား တင္ပို႔ျခင္းတို႔မွရရွိသည္။ ႏိုင္ငံရပ္ျခား အထူးသျဖင့္ အေရွ႕အလယ္ပိုင္းေဒသသို႔ သြားေရာက္ အလုပ္လုပ္ကိုင္ၾကေသာ ႏိုင္ငံသားမ်ား၏ ျပန္ပို႔ေငြမ်ားမွလည္း ႏိုင္ငံျခား ေငြရရွိသည္။

၂ဝ၂ဝ ခုႏွစ္စာရင္းမ်ားအရ ဝန္ေဆာင္မႈက႑မွာ ဂ်ီဒီပီ၏ ၅၉ ဒသမ ၇ ရာခိုင္ႏႈန္း၊ စက္မႈက႑မွာ ၂၆ ဒသမ ၂ ရာခိုင္ႏႈန္း ၊ ဝစိုက္ပ်ိဳးေရးက႑မွာ ၈ ဒသမ ၄ ရာခိုင္ႏႈန္း ၊ အသီးသီးရွိၾကသည္။ ႏိုင္ငံ့စီးပြားေရး၏ ၈၅ ရာခိုင္ႏႈန္းမွာ ပုဂၢလိက က႑ျဖစ္သည္။ တ႐ုတ္၊ အိႏၵိယႏွင့္ အေမရိကန္ျပည္ေထာင္စုတို႔မွာ သီရိလကၤာႏိုင္ငံ၏ အႀကီးဆုံးကုန္သြယ္ဖက္ႏိုင္ငံမ်ားျဖစ္ၾကသည္။

စီးပြားေရးအၾကပ္အတည္း၏ အစျပဳခ်က္
အေျခခံအေဆာက္အအုံမ်ား တိုးတက္ဖြံ႕ၿဖိဳးေအာင္ႏိုင္ငံျခားေခ်းေငြျဖင့္တည္ေဆာက္ခဲ့ျခင္းႏွင့္ ႏိုင္ငံတကာေငြေၾကး ေစ်းကြက္အတြင္းသို႔ အစိုးရေငြတိုက္စာခ်ဳပ္မ်ားထုတ္‌ ေရာင္းခ်ခဲ့သည့္အတြက္ သီရိလကၤာ၏ ေႂကြးၿမီမွာ ၂ဝ၁၆ ခုႏွစ္တြင္ ေဒဝါလီခံရလုနီးပါးအေျခအေနသို႔ေရာက္ရွိခဲ့သည္။ ၂ဝ၁၆ ခုႏွစ္ စတုတၳေလးလပတ္တြင္ ခန႔္မွန္းေျခေႂကြးၿမီစုစုေပါင္းမွာ ၆၄ ဒသမ ၉ ဘီလ်ံရွိသည္။ ထို႔ေၾကာင့္ ထိုအၾကပ္အတည္းမွ ကယ္တင္ရန္ IMF ကမာၻ႔ေငြေၾကးရန္ပုံေငြအဖြဲ႕သို႔ (to bailout)အကူအညီေတာင္းခံရေတာ့သည္။ IMF ၏ဘ႑ာေရးဆိုင္ရာေတာင္းဆိုခ်က္မ်ားကို လိုက္နာေဆာင္ ႐ြက္ရန္ သီရိလကၤာ အစိုးရက သေဘာတူသျဖင့္ အေမရိကန္ေဒၚလာ ၁ ဒသမ ၅ ဘီလ်ံကို ၂ဝ၁၆ ခုႏွစ္ ဧၿပီလတြင္ ေခ်းေပးခဲ့သည္။

၂ဝ၁၈ ခုႏွစ္တြင္လည္း တ႐ုတ္ႏိုင္ငံက ေဒၚလာ ၁ ဒသမ ၂၅ ဘီလ်ံကို (to bailout) ထပ္မံေခ်းေပးခဲ့ေသးရာ၊ တ႐ုတ္ေခ်းေပးသည့္ေငြမွာ ၂ဝ၁၉ မွ ၂ဝ၂၁ ခုႏွစ္အတြင္း ေပးဆပ္ရမည့္ ႏိုင္ငံျခားေႂကြးၿမီမ်ားကိုေပးေခ်ႏိုင္ရန္ျဖစ္သည္။

IMF ေတာင္းဆိုသည့္ အစီအစဥ္မ်ားအရေဆာင္႐ြက္ခဲ့သည့္ ဘ႑ာေရးက႑ျပဳျပင္‌ေရးေဆာင္႐ြက္ခ်က္မ်ားေၾကာင့္ ေငြေၾကးေဖါင္းပြမႈကို ေအာင္ျမင္စြာထိန္းႏႈိင္ခဲ့သည္။ ထိုအစီအစဥ္မ်ားတြင္ ေလာင္စာဆီေစ်းႏႈန္းကို အလိုအေလ်ာက္သတ္ မွတ္သည့္ ေဖၚျမဴလာပါဝင္ၿပီး၊ ဤေဆာင္႐ြက္ခ်က္က ႏိုင္ငံပိုင္ စီးပြားေရးလုပ္ငန္းႀကီးမ်ား (SOEs) ေၾကာင့္ ဘ႑ေရး အႏၲရာယ္က်ေရာက္ႏႈိင္မႈကို ေလ်ာ့ပါးသက္သာေစသည္။ ထို႔ျပင္ Value Added Tax (VAT) ဝန္ေဆာင္မႈအေပၚစည္းၾကပ္ခြန္ ကိုလည္း ၁၁ ရာခိုင္ႏႈန္းမွ ၁၅ ရာခိုင္ႏႈန္းသို႔တိုးျမႇင့္ခဲ့သလို ကင္းလြတ္သက္သာခြင့္မ်ားကို ဖယ္ရွားျခင္းျဖင့္ အခြန္ရရွိမႈ နယ္ပယ္ကိုခ်ဲ႕ထြင္ေပးခဲ့သည္။ သို႔ေသာ္လည္း ၂ဝ၁၉ ခုႏွစ္ ေ႐ြးေကာက္ပြဲမ်ားအၿပီးတြင္ အစိုးရသစ္က အထက္ပါ ျပဳျပင္ေျပာင္းလဲေရးေဆာင္႐ြက္ခ်က္မ်ားကို ေျပာင္းျပန္လွန္ပစ္ခဲ့ေလသည္။

၂ဝ၁၉ ခုႏွစ္ သမၼတ ဂိုတာဘာယာ ရာဂ်ာပတ္ဆာ အာဏာရလာသည့္အခါ အခြန္ေလွ်ာ့ ခ်ျဖတ္ေတာက္မႈမ်ားျပဳလုပ္လိုက္သည့္အတြက္ ဘတ္ဂ်က္လိုေငြျပမႈမ်ား ဆိုးဆိုး႐ြား႐ြားျဖစ္ေပၚလာခဲ့သည္။ ထိုသို႔အေျခအေနဆိုး႐ြားလာေနသည္ကို သမၼတက သိရွိခဲ့ေသာ္လည္း “ရင္းႏွီးျမႇဳပ္ႏွံမႈ” တစ္ရပ္အျဖစ္သေဘာထားကာ ေနာက္ထပ္ ၅ ႏွစ္တာကာလအတြင္း အခြန္တိုးျမႇင့္ေကာက္ခံရန္ အစီအစဥ္မရွိဟုဆိုေလသည္။ ထိုသို႔အခြန္ ေကာက္ခံရရွိမႈနည္းပါးေလ်ာ့က်လာသည့္အတြက္ အစိုးရဘတ္ဂ်က္လိုေငြျပမႈပိုမိုဆိုး ႐ြားလာသည္။

အစိုးရ၏ အသုံးစားရိတ္ကိုကာမိေစရန္အတြက္ ဗဟိုဘဏ္က ေငြစကၠဴ႐ိုက္ႏွိပ္ထုတ္ေဝမႈစတင္ျပဳလုပ္လာရာ စံခ်ိန္တင္မ်ားျပားလာသည့္အတြက္ ရပ္တန႔္ပစ္ရန္ႏွင့္ ထိုသို႔ေငြစကၠဴ႐ိုက္ႏွိပ္ျခင္းအစား ဘဏ္တိုးႏႈန္းကိုျမႇင့္တင္ရန္၊ အခြန္တိုး ေကာက္ရန္ႏွင့္ အစိုးရအသုံးစားရိတ္ေလွ်ာ့ခ်ရန္တို႔ကို IMF ကသတိေပးတိုက္တြန္းခဲ့ေသာ္လည္း အစိုးရကလစ္လ်ဴရႉခဲ့ေလသည္။

၂ဝ၂၂ ခုႏွစ္ ဧၿပီလ ၆ ရက္က သီရိလကၤာဗဟိုဘဏ္သည္ တစ္ရက္တည္းအတြင္း ႐ူးပီး ၁၁၉ ဒသမ ၈ ဘီလ်ံ႐ိုက္ႏွိပ္ခဲ့ရာ ထိုႏွစ္အတြက္ တစ္ရက္တည္းအမ်ားဆုံး႐ိုက္ႏွိပ္သည့္ပမာဏျဖစ္ၿပီး၊ ၂ဝ၂၂ ခုႏွစ္တစ္ႏွစ္တာအတြက္ ဘ႑ာေရးေစ်းကြက္ အတြင္း ျဖည့္ တင္းခဲ့သည့္ စုစုေပါင္းပမာဏမွာ ႐ူးပီး ၄၃၂ ဒသမ ၇၆ ဘီလ်ံ ရွိေလသည္။

ျပည္ပေႂကြးၿမီ
တျဖည္းျဖည္းတိုးတက္မ်ားျပားလာေသာ သီရိလကၤာ၏ျပည္ပေႂကြးၿမီမွာ ၂ဝဝ၅ ခုႏွစ္တြင္ အေမရိကန္ေဒၚလာ ၁၁ ဒသမ ၃ ဘီလ်ံသာရွိခဲ့ရာမွ ၂ဝ၂ဝ ခုႏွစ္တြင္ ၅၆ ဒသမ ၃ ဘီလ်ံေဒၚလာအထိေရာက္ရွိလာသည္။ ၂ဝ၁၉ ခုႏွစ္တြင္ ျပည္ပေႂကြးၿမီသည္ ဂ်ီဒီပီ ၏ ၄၂ ရာခိုင္ႏႈန္းသာရွိခဲ့ရာမွာ ၂ဝ၂ဝ ခုႏွစ္တြင္ ဂ်ီဒီပီ၏ ၁ဝ၁ ဒသမ ၂၄ ရာခိုင္ႏႈန္းအထိတိုးမ်ားလာခဲ့သည္။ ( မွတ္ခ်က္။ ။ ျမန္မာႏိုင္ငံ၏ ၂ဝ၂ဝ ခုႏွစ္ ေႂကြးၿမီမွာ ဂ်ီဒီပီ၏ ၃၉ ဒသမ ၂၈ ရာခိုင္ႏႈန္းရွိသည္)

၂ဝ၂၁ ခုႏွစ္တြင္ရွိေသာ သီရိလကၤာအစိုးရ၏ ျပည္ပေႂကြးၿမီမွာ ႏိုင္ငံတကာေငြေၾကးေစ်းကြက္ ေငြတိုက္စာခ်ဳပ္မ်ား (ISB- International Sovereign Bond) ေရာင္းခ်ျခင္းမွ ၄၇ ရာခိုင္ႏႈန္း၊ အာရွဖြံ႕ၿဖိဳးေရးဘဏ္မွ ၁၃ ရာခိုင္ႏႈန္း ၊ ကမာၻ႔ဘဏ္မွ ၉ ရာခိုင္ႏႈန္း၊ ဂ်ပန္ႏိုင္ငံမွ ၁ဝ ရာခိုင္ႏႈန္း ၊ တ႐ုတ္ႏိုင္ငံမွ ၁ဝ ရာခိုင္ႏႈန္း ၊ အိႏၵိယႏိုင္ငံမွ ၂ ရာခိုင္ႏႈန္း ၊ အျခားေနရာအခ်ိဳ႕မွ ၉ ရာခိုင္ႏႈန္းအသီးသီးျဖစ္ၾကသည္။

သီရိလကၤာ႐ူးပီးႏွင့္ အေမရိကန္ေဒၚလာ ေငြလဲလွယ္ႏႈန္းတန္ဖိုးမွာ ဆိုးဆိုး႐ြား႐ြား ဆက္လက္က်ဆင္းေနသည့္အတြက္ ႏိုင္ငံျခားမွတင္သြင္းရေသာ၊ ဂ်ဳံႏွင့္ ေနၾကာဆီကဲ့သို႔ အစားအေသာက္ႏွင့္ ေလာင္စာဆီ၊ ဂက္စ္စသည့္ ေစ်းႏႈန္းမ်ား လည္းျမင့္တက္လာကာ ေငြေဖါင္းပြမႈႏႈန္းမွာ ျမင့္မားလာခဲ့သည္။

ကိုဗစ္ ၁၉ ကပ္ေရာဂါဆိုးေၾကာင့္ ကမာၻလွည့္ခရီးသြား လုပ္ငန္းလည္းထိခိုက္လာခဲ့ရာ ႏိုင္ငံျခားဝင္ေငြကို မ်ားစြာက်ဆင္းေစေလသည္။ ခရီးသြားလုပ္ငန္းမွဝင္ေငြမွာ သီရိလကၤာ ဂ်ီဒီပီ၏ ၁ဝ ပုံတပုံရွိသည္။ ၂ဝ၁၉ ခုႏွစ္က အီစတာဗုံး ေပါက္ကြဲမႈမ်ားေၾကာင့္ စတင္ထိခိုက္ခဲ့ရေသာ ခရီးသြားလုပ္ငန္းမွာ ကိုဗစ္ ၁၉ ကပ္ေရာဂါဆက္လက္က်ေရာက္ လာသည့္အတြက္ ျပန္လည္နလံမထူႏႈိင္ေတာ့ေခ်။ ၂ဝ၁၈ ခုႏွစ္က ကမာၻလွည့္ခရီးသြားလုပ္ငန္းမွ ဝင္ေငြ ၄ ဒသမ ၄ ဘီလ်ံေဒၚလာ ရရွိခဲ့ရာ ဂ်ီဒီပီ၏ ၅ ဒႆမ ၆ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ၂ဝ၂ဝ ခုႏွစ္တြင္ ဂ်ီဒီပီ၏ ဝ ဒသမ ၈ ရာခိုင္ႏႈန္းသာရရွိေတာ့သည္။

သီရိလကၤာ႐ူးပီးေငြတန္ဖိုး ထိုးက်ေနသည့္အတြက္ ႏိုင္ငံျခားေရာက္ သီရိလကၤာ လုပ္ သားမ်ား၏ တရားဝင္ လႊဲေငြမ်ား မ်ားစြာေလ်ာ့နည္းသြားခဲ့ရာ ၂ဝ၂၂ ခုႏွစ္ဇန္နဝါရီလတြင္ ၆၁ ရာခိုင္ႏႈန္းက်ဆင္းသြားသည္။ ဤသို႔ေသာ အေျခအေနတြင္ ၂ဝ၂၁ ခုႏွစ္ စက္တဘၤာလထဲတြင္ အစိုးရက စီးပြားေရး အေရးေပၚအေျခအေနေၾကျငာခဲ့ရေလေတာ့ သည္။ ၂ဝ၂၂ ခုႏွစ္ မတ္လတြင္ အစိုးရ၏ ႏိုင္ငံျခား အရန္ေငြမွာ ၁ ဒသမ ၉ ဘီလ်ံေဒၚလာသာရွိသျဖင့္၊ ၂ဝ၂၂ ခုႏွစ္အတြက္ ေပးဆပ္ရန္တာန္ရွိေသာ ႏိုင္ငံျခားအေႂကြး ၄ ဘီလ်ံႏွင့္ ႏိုင္ငံတကာ အခ်ဳပ္အျခာအာဏာပိုင္ ေငြေခ်းစာခ်ဳပ္ International Sovereign Bond (ISB) အတြက္ေပးရမည့္ ၁ ဘီလ်ံ ေဒၚလာအတြက္ ေပးဆပ္ရန္မလုံေလာက္ေခ်။ ဤသို႔ျဖင့္ ၂ဝ၂၂ ခုႏွစ္ဧၿပီလ ၁၂ ရက္ေန႔တြင္၎၏ျပည္ပေႂကြးၿမီ ၅၁ ဘီလ်ံေဒၚလာကို အခ်ိန္မီမေပးဆပ္ႏႈိင္ေတာ့ေၾကာင္းႏွင့္ IMF မွေနာက္ထပ္ Bail out အကူအညီထပ္မံရသည့္အခ်ိန္အထိ ယာယီရပ္ဆိုင္းေၾကာင္း ေၾကျငာရေလေတာ့သည္။

စိုက္ပ်ိဳးေရးက႑အၾကပ္အတည္း
သီရိလကၤာႏိုင္ငံသည္ ဘာစမာတီကဲ့သို႔ ထူးျခားသည့္ဆန္မ်ိဳးကိုအကန႔္အသတ္ျဖင့္တင္သြင္းျခင္းကလြဲ၍ ဆန္စပါး ကို ျပည္တြင္းစားသုံးမႈလုံေလာက္ေအာင္ စိုက္ပ်ိဳးထုတ္လုပ္ႏႈိင္ပါသည္။ ၂ဝ၂၁ ခုႏွစ္ ဧၿပီလတြင္ သမတ ဂိုတာဘာယာ ရာဂ်ာပက္ဆာက သီရိလကၤာတႏိုင္ငံလုံးတြင္ ေအာ္ဂဲနစ္လယ္ယာစိုက္ပ်ိဳးေရးကိုသာခြင့္ျပဳမည္ဟု ေၾကျငာခဲ့ၿပီး၊ ဓါတ္ေျမၾသဇာႏွင့္ ဓါတုပိုးသတ္ေဆးမ်ားတင္သြင္းမႈကို ပိတ္ပင္တားျမစ္ခဲ့ေလသည္။ ဤသို႔ ဓါတ္ေျမၾသဇာ တင္သြင္းမႈပိတ္ပင္ ခံရျခင္းေၾကာင့္ ပထမ ၆ လအတြင္း၊ လဘက္ေျခာက္ထုတ္လုပ္မႈ က႑တခုတည္းမွာပင္ ေဒၚလာ ၄၂၅ သန္းဘိုးဆုံးရႈံး နစ္နာခဲ့ၿပီး ဆန္စပါးထုတ္လုပ္မႈကိုလည္း ၂ဝ ရာခိုင္ႏႈန္း ေလ်ာ့က်သြားေစေလသည္။ သို႔ျဖစ္၍ ဆန္မလုံမေလာက္ျဖစ္လာကာ ေဒၚလာ သန္း ၄၅ဝ ဖိုးျပည္ပမွ ျပန္လည္တင္သြင္းေပးရေလေတာ့သည္။ ဤသို႔ျဖင့္ အစားအစာေစ်းႏႈန္းမ်ား ျမင့္တာလာ ကာ၊ ေအာ္ဂဲနစ္ အစီအစဥ္အား ဆန႔္က်င္ ဆႏၵျပမႈမ်ား ဆက္လက္ျဖစ္ပြားေနသည့္အတြက္ ကမာၻ႔ပထမဆုံး ေအာဂဲနစ္ လယ္ယာ စိုက္ပ်ိဳးေရးႏိုင္ငံျဖစ္ေရးအိပ္မက္ကို ၂ဝ၂၁ ခုႏွစ္ ႏိုဝင္ဘာလတြင္ စြန႔္လႊတ္ပယ္ဖ်က္လိုက္ရေလေတာ့သည္။

႐ုရွား-ယူကရိန္း စစ္ပြဲ၏ သက္ေရာက္မႈ
႐ုရွား-ယူကရိန္း စစ္ပြဲက မူလကတည္းက တုန႔္ဆိုင္းေႏွးေကြးေနေသာ သီရိလကၤာ၏ စီးပြားေရးအေျခအေနကို ပိုမို ဆိုး႐ြားေစခဲ့သည္။ အေၾကာင္းမွာ ႐ုရွားႏိုင္ငံသည္ သီရိလကၤာ၏ ဒုတိယအႀကီးဆုံးလဘက္ေျခာက္တင္ပို႔ရာ ေစ်းကြက္ ႀကီးျဖစ္သည့္ျပင္ ခရီးသြားလုပ္ငန္းက႑တြင္လည္း ဤႏွစ္ႏိုင္ငံလုံးမွ ခရီးသြားမ်ားလာေရာက္လည္ပတ္မႈကို အားထား ေနရေသာေၾကာင့္ျဖစ္သည္။

သို႔ျဖစ္၍ ရပ္ရွား-ယူကရိန္းစစ္ပြဲႀကီးျဖစ္ပြားလာေသာအခါ သီရိလကၤာႏိုင္ငံ၏ လဘက္ေျခာက္ေရာင္းခ်မႈကိုထိခိုက္ခဲ့သလို၊ ယူကရိန္းႏွင့္ ႐ုရွားခရီးသြားမ်ား လာေရာက္လည္ပတ္မႈလည္းမ်ားစြာေလ်ာ့က်သြားေလသည္။ ထို႔ျပင္ ၎စစ္ပြဲ၏ သက္ေရာက္မႈေၾကာင့္ တကမာၻလုံးေလာင္စာဆီႏွင့္ အျခားစားေသာက္ကုန္မ်ား ေစ်းႏႈန္းႀကီးျမင့္လာေလရာ၊ မူလကပင္ ေငြတန္ဖိုး က်ဆင္းေနေသာ သီရိလကၤာတြင္ ပိုမိုဆိုး႐ြားေစပါသည္။

လွ်ပ္စစ္ႏွင့္ ေလာင္စာဆီအၾကပ္အတည္း
စီးပြားေရးအၾကပ္အတည္းေၾကာင့္ လွ်ပ္စစ္ဓါတ္အားထုတ္လုပ္ျဖန႔္ျဖဴးေရးက်ဆင္းလာသလို၊ ေလာင္စာဆီႏွင့္ ခ်က္ျပဳတ္သည့္ဓါတ္ေငြ႕ေရာင္းခ်မႈမွာလည္း မလုံမေလာက္ျဖစ္လာပါသည္။ ခ်က္ျပဳတ္သည့္ဓါတ္ေငြ႕မလုံေလာက္သည့္ အတြက္ မုန႔္ဖုတ္ေရာင္းခ်သည့္ဆိုင္ေပါင္း ၁၀၀၀ ခန႔္ပိတ္လိုက္ရသလို၊ ဓါတ္ဆီဆိုင္မ်ားေရွ႕တြင္လည္း ေလာင္စာဆီဝယ္ ယူရန္ေစာင့္ဆိုင္းသည့္ လူတန္းႀကီးမ်ား ရွည္လ်ားလာပါသည္။ ၂ဝ၂၂ မတ္လမွစတင္ကာ ေန႔စဥ္ ၇ နာရီလွ်ပ္စစ္မီးျဖတ္ ေတာက္မႈကို ျပဳလုပ္လာရၿပီး၊ အေျခအေနပိုေကာင္းမလာသျဖင့္ ေန႔စဥ္ ၁ဝ နာရီျဖတ္ေတာက္မႈလုပ္ခဲ့ရသည္။ ဧၿပီလဆန္း ပိုင္းသို႔ေရာက္သည့္အခါ တေန႔လွ်င္ ၁၅ နာရီထိ လွ်ပ္စစ္ျဖတ္ေတာက္မႈျပဳလုပ္ခဲ့ရပါေတာ့သည္။

ေန႔စဥ္သတင္းစာမ်ားျဖစ္ၾကေသာ “The Island” ႏွင့္ “Divaina” တို႔မွာ စကၠဴအခက္အခဲေၾကာင့္ ထုတ္ေဝမႈရပ္ဆိုင္း လိုက္ရၿပီး e-papers အြန္လိုင္းမွတဆင့္ဝယ္ယူဖတ္ရႈသည့္ စနစ္သို႔ေျပာင္းလဲလိုက္ရသည္။ ၂ဝ၂၂ ခုႏွစ္ ဂြၽန္လ ၂၈ ရက္တြင္ မလိုအပ္သည့္ ယာဥ္မ်ားကို ေလာင္စာဆီေရာင္းခ်မႈရပ္ဆိုင္းလိုက္ပါသည္။ အမ်ားသုံး ဘတ္စ္ ကားမ်ား၊ ရထားမ်ား ႏွင့္ လူနာတင္ယာဥ္မ်ား၊ ေဆး႐ုံသုံးယာဥ္မ်ား၊ အစားအေသာက္သယ္ယူပို႔ေဆာင္သည့္ယာဥ္မ်ားကိုသာ ဆီေရာင္းခ်ေပး ရန္ အစိုးရက ကန႔္သတ္လိုက္ ပါသည္။

ဆႏၵျပမႈမ်ားႏွင့္ အစိုးရျပဳတ္က်မႈ
၂ဝ၂၂ ခုႏွစ္မတ္လတြင္ ႏိုင္ငံေရးပါတီမ်ားကေရာ၊ ႏိုင္ငံေရးပါတီမဟုတ္သည့္ အုပ္စုမ်ားကပါ ဉီးေဆာင္စည္း႐ုံးသည့္ အစိုးရဆန႔္က်င္ေရးဆႏၵျပပြဲမ်ား ႏိုင္ငံ၏ေနရာအႏွံ႔အျပားတြင္ေပၚေပါက္လာခဲ့သည္။ မ်ားစြာေသာ ဆႏၵျပပြဲမ်ားတြင္ အတိုက္ အခံႏိုင္ငံေရးပါတီမ်ားက လက္ရွိႏိုင္ငံက ရင္ဆိုင္ေနရသည့္ ဘ႑ေရးအၾကပ္အတည္းကို ေျဖရွင္းေပးရန္ ႏွင့္ အစိုးရ ခ်က္ျခင္းႏႈတ္ထြက္ေပးရန္ ေတာင္းဆိုခဲ့ၾကသည္။

ဆဂ်စ္ ပရီမာဒါဆာ ေခါင္းေဆာင္သည့္ United People's Force အတိုက္အခံႏိုင္ငံေရး ပါတီကိုေထာက္ခံသည့္ လူ ေထာင္ေပါင္းမ်ားစြာက မတ္လ ၁၆ ရက္ေန႔တြင္ သမတ ႐ုံးေရွ႕တြင္စု႐ုံးၿပီး သမတကို ႏႈတ္ထြက္ေပးရန္ ေတာင္းဆိုၾက သည္။ မတ္လ ၃၀ ရက္ေန႔တြင္ လူငယ္ႏွင့္ အားကစားေရးရာဝန္ႀကီး နမဲ ရာဂ်ာပတ္ဆာ ( သီရိလကၤာသမတေဟာင္း( ၂ဝဝ၅-၂ဝ၁၅) ႏွင့္ လက္ရွိဝန္ႀကီးခ်ဳပ္ျဖစ္သူ မဟင္ဒါ ရာဂ်ာပတ္ဆာ၏ အႀကီးဆုံးသား) က ဘင္ဒါရာဝီလာ ရွိ အားကစား ကြင္းတခုဖြင့္ပြဲ သို႔ ေရာက္ရွိလာရာ ေဒါသထြက္ေနေသာ ေဒသခံလူအုပ္က လမ္းကိုပတ္ဆို႔ၿပီး ေလာင္စာဆီေတာင္းဆိုမႈ ျဖစ္ပြားခဲ့သျဖင့္ ဝန္ႀကီး နမဲ မွာဖြင့္ပြဲသို႔ မတက္ေရာက္ႏႈိင္ေတာ့ဘဲ၊ သူ႔အစား ၿမိဳ႕ေတာ္ဝန္က ဖြင့္ပြဲျပဳလုပ္ေပးခဲ့ရေလသည္။

မတ္လ ၃၁ ရက္ေန႔တြင္ လူအုပ္ႀကီးတအုပ္က သမတ ဂိုတာဘာယာ ရာဂ်ာပတ္ဆာ၏ ေနအိမ္အနီးတြင္စု႐ုံးၿပီး တေန႔ ၁၂ ထိလွ်ပ္စစ္ဓါတ္အားျဖတ္ေတာက္မႈကို ဆန႔္က်င္ဆႏၵျပခဲ့ၾကေလသည္။ ဆႏၵျပမႈမွာ အစပိုင္းတြင္ သူ႔အလို အေလ်ာက္ၿငိမ္းခ်မ္းစြာဆႏၵျပခဲ့ျခင္းျဖစ္ေသာ္လည္း၊ ရဲမ်ားက ဆႏၵျပသူမ်ားကို မ်က္ေရယိုဗုံးမ်ား၊ မီးသတ္ေရပိုက္မ်ားျဖင့္ တိုက္ခိုက္ခဲ့သည့္ေနာက္ပိုင္းတြင္ ဆႏၵျပသူမ်ားက လုံထိမ္းတပ္ဖြဲ႕ဝင္မ်ားသယ္ေဆာင္လာသည့္ ဘတ္စ္ကားကို မီးရႈိ႕ဖ်က္ ဆီး ပစ္လိုက္ၾကေလသည္။ အစိုးရက ကိုလံဘိုၿမိဳ႕တြင္ ကာဖ်ဴး အမိန႔္ထုတ္ျပန္လိုက္သည္။ တခ်ိန္ထဲလိုလိုမွာပင္ ကိုလံဘို ႏွင့္ ကႏၵီ သြားလမ္းမႀကီးကိုလည္း ဆႏၵျပသူမ်ားက ပိတ္ဆို႔လိုက္ၾကသည္။ အစိုးရက ဆႏၵျပသူမ်ားကို အစြန္းေရာက္အုပ္စု မ်ားျဖစ္ၾကသည္ ဟုစြပ္စြဲေလသည္။ ဖေယာင္းတိုင္မီးထြန္း၍ ဆႏၵျပမႈမ်ား၊ ကားဟြန္းအဆက္မျပတ္တီး၍ ဆႏၵျပျခင္း မ်ားလည္း ေဒသအမ်ားအျပားတြင္ ဆက္လက္ျဖစ္ေပၚခဲ့သည္။

၂၀၂၂ ခုႏွစ္ ေမလတြင္ ရာဂ်ာပတ္ဆာမိသားစု၏ ေနအိမ္ကို ဆႏၵျပသူမ်ားက မီးတင္ရႈိ႕လိုက္ၾကေလသည္။ ထိုသို႔ ဆႏၵျပေနသည့္ အေတာအတြင္း ဝန္ႀကီးခ်ဳပ္ မဟင္ဒါ ရာဂ်ာပတ္ဆာ ရာထူးမွႏႈတ္ထြက္ေပးလိုက္ေသာ္လည္း ၎၏ ညီျဖစ္သူ သမၼတ ဂိုတာဘာယာ ရာဂ်ာပတ္ဆာ မွာ သမၼတရာထူးမွ ႏႈတ္ထြက္ေပးရန္ျငင္းဆန္ခဲ့သျဖင့္ ဆႏၵျပမႈမ်ား ဆက္ လက္ျဖစ္ပြားခဲ့သည္။

ဇူလိုင္လ ၉ ရက္တြင္ ဆႏၵျပသူမ်ားက သမၼတ အိမ္ေတာ္ကို ခ်ိဳးေဖါက္ဝင္ေရာက္ခဲ့သလို၊ ကိုလံဘိုရွိ ေနာက္တက္ လာသည့္ ဝန္ႀကီးခ်ဳပ္ ရာနီး ဝိကရမဆင္ဟာ (Ranil Wickremesinghe) ၏ ကိုယ္ပိုင္အိမ္ကိုလည္း မီးတင္ရႈိ႕ခဲ့ၾကေလသည္။ သို႔ျဖင့္ သမၼတလည္း သီရိလကၤာႏိုင္ငံမွ ထြက္ေျပးရၿပီး၊ ဝန္ႀကီးခ်ဳပ္လည္းသူ႔ဆႏၵအေလ်ာက္ ႏႈတ္ ထြက္ေပးရေလေတာ့သည္။

ကိုးကား - (၁) ဝီကီပီဒီးယား
(၂) Sri Lanka's foreign debt default: Why the island nation went under
(၃) A canary in a coal mine?’… Sri Lanka becomes first domino in global debt crisis

Related news

© 2021. All rights reserved.