မန္တလေးမြို့ရှိ ရွှေဆိုင်တစ်ခု၌ ရွှေတစ်ပိဿာကျော်နှင့်ငွေသားများကို မွန်းလွဲပိုင်းအချိန်တွင် သေနတ်ဖြင့်ပစ်ခတ်ကာ ဓါးပြတိုက်

1753

NP News - ဇူလိုင် ၂၄
မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ ရွှေဆိုင်တစ်ခု၌ ရွှေတစ်ပိဿကျော်နှင့် ငွေသားများကို မွန်းလွဲပိုင်းအချိန်တွင် သေနတ်ဖြင့်ပစ်ခတ်ကာ ဓါးပြတိုက်လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ကြီးတံခွန်မြို့နယ်၊ (စ)ရပ်ကွက်၊ ၁၂၅ လမ်း၊ ၅၈လမ်းနှင့် ၅၉ လမ်းကြားရှိ မောသစ်ရွှေဆိုင်တွင် ယနေ့ (ဇူလိုင်လ ၂၄ ရက်) မွန်းလွဲ ၂ နာရီအချိန်ခန့်တွင် ဓါးပြတိုက်မှုဖြစ် ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းရပ်ကွက်အတွင်းနေထိုင်သော သတင်းအရင်းအမြစ်တစ်ဦးက NP News ကိုပြောသည်။
မောသစ်ရွှေဆိုင်သို့ ဆိုင်ကယ်တစ်စီးဖြင့် အမျိုးသားနှစ်ဦးရောက်ရှိလာကာ ဆိုင်အတွင်းဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်ခြိမ်းခြောက်ကာ ရွှေတစ်ပိဿကျော်နှင့် ငွေသား ကျပ်သိန်း ၆ဝ ခန့်ကို ဓါးပြတိုက်ယူဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ကာ ဓါးပြတိုက်မှုကြောင့် ရွှေဆိုင်ရှိ လုံခြုံရေးဝန်ထမ်းတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ် အောက်တိုဘာလ ၁၇ ရက် မွန်းလွဲပိုင်းတွင် မန္တလေး တိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်ရှိ မောသစ်ရွှေဆိုင်ကို အမျိုးသား(၄)ဦးက သေနတ်ဖြင့် ပစ်ခတ်ကာ ဓါးပြတိုက်မှုဖြစ်ပွားခဲ့ဖူးသည်။
၎င်းဓါးပြတိုက်မှုဖြစ်စဉ်အတွင်း ငွေကျပ်သိန်း ၁၁၈ဝ တန်ဖိုးရှိ လက်ဝတ်ရတနာများ ယူဆောင်သွားခဲ့ပြီး ဆိုင်ပိုင်ရှင်ဖြစ်သူလည်း သေနတ်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဓားပြတိုက်မှုဖြစ်စဉ်အတွင်းမှ ကျူးလွန်သူများကို ၂ဝ၂၂ ခုနှစ် ဇန်နဝါရီလအ တွင်းမှသာ ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။
၂ဝ၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှစ၍ တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက်ပိုင်းတွင် မန္တလေးမြို့၊ နောင်ချိုမြို့၊ ကြို့ပင်ကောက်မြို့များရှိ ရွှေဆိုင်အချို့တွင် သေနတ်ဖြင့် ပစ်ခတ်ကာ ဓါးပြတိုက်သည့် ဖြစ်စဉ်များရှိခဲ့သည်ကို တွေ့ရသည်။
ထို့အတူ ရန်ကုန်တိုင်းအတွင်း၌လည်း အုပ်စုလိုက်ဓါးပြတိုက်မှု၊ လုယက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

zawgyi version
မႏၲေလးၿမိဳ႕ရွိ ေ႐ႊဆိုင္တစ္ခု၌ ေ႐ႊတစ္ပိႆာေက်ာ္ႏွင့္ေငြသားမ်ားကို မြန္းလြဲပိုင္းအခ်ိန္တြင္ ေသနတ္ျဖင့္ပစ္ခတ္ကာ ဓါးျပတိုက္
NP News - ဇူလိုင္ ၂၄
မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္ရွိ ေ႐ႊဆိုင္တစ္ခု၌ ေ႐ႊတစ္ပိႆေက်ာ္ႏွင့္ ေငြသားမ်ားကို မြန္းလြဲပိုင္းအခ်ိန္တြင္ ေသနတ္ျဖင့္ပစ္ခတ္ကာ ဓါးျပတိုက္လုယက္မႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရရွိသည္။
ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (စ)ရပ္ကြက္၊ ၁၂၅ လမ္း၊ ၅၈လမ္းႏွင့္ ၅၉ လမ္းၾကားရွိ ေမာသစ္ေ႐ႊဆိုင္တြင္ ယေန႔ (ဇူလိုင္လ ၂၄ ရက္) မြန္းလြဲ ၂ နာရီအခ်ိန္ခန႔္တြင္ ဓါးျပတိုက္မႈျဖစ္ ပြားခဲ့ျခင္းျဖစ္ေၾကာင္း ၎ရပ္ကြက္အတြင္းေနထိုင္ေသာ သတင္းအရင္းအျမစ္တစ္ဦးက NP News ကိုေျပာသည္။
ေမာသစ္ေ႐ႊဆိုင္သို႔ ဆိုင္ကယ္တစ္စီးျဖင့္ အမ်ိဳးသားႏွစ္ဦးေရာက္ရွိလာကာ ဆိုင္အတြင္းဝင္ေရာက္ၿပီး ေသနတ္ျဖင့္ ပစ္ခတ္ၿခိမ္းေျခာက္ကာ ေ႐ႊတစ္ပိႆေက်ာ္ႏွင့္ ေငြသား က်ပ္သိန္း ၆ဝ ခန႔္ကို ဓါးျပတိုက္ယူေဆာင္သြားျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ ေသနတ္ျဖင့္ ပစ္ခတ္ကာ ဓါးျပတိုက္မႈေၾကာင့္ ေ႐ႊဆိုင္ရွိ လုံၿခဳံေရးဝန္ထမ္းတစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ထို႔အတူ ၿပီးခဲ့သည့္ ၂ဝ၂၁ ခုႏွစ္ ေအာက္တိုဘာလ ၁၇ ရက္ မြန္းလြဲပိုင္းတြင္ မႏၲေလး တိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ (ဇ)ရပ္ကြက္ရွိ ေမာသစ္ေ႐ႊဆိုင္ကို အမ်ိဳးသား(၄)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ကာ ဓါးျပတိုက္မႈျဖစ္ပြားခဲ့ဖူးသည္။
၎ဓါးျပတိုက္မႈျဖစ္စဥ္အတြင္း ေငြက်ပ္သိန္း ၁၁၈ဝ တန္ဖိုးရွိ လက္ဝတ္ရတနာမ်ား ယူေဆာင္သြားခဲ့ၿပီး ဆိုင္ပိုင္ရွင္ျဖစ္သူလည္း ေသနတ္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
အဆိုပါ ဓားျပတိုက္မႈျဖစ္စဥ္အတြင္းမွ က်ဴးလြန္သူမ်ားကို ၂ဝ၂၂ ခုႏွစ္ ဇန္နဝါရီလအ တြင္းမွသာ ဖမ္းဆီးအေရးယူႏိုင္ခဲ့ေၾကာင္း သိရသည္။
၂ဝ၂၁ ခုႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္မွစ၍ တပ္မေတာ္က ႏိုင္ငံေတာ္အာဏာရယူၿပီးေနာက္ပိုင္းတြင္ မႏၲေလးၿမိဳ႕၊ ေနာင္ခ်ိဳၿမိဳ႕၊ ႀကိဳ႕ပင္ေကာက္ၿမိဳ႕မ်ားရွိ ေ႐ႊဆိုင္အခ်ိဳ႕တြင္ ေသနတ္ျဖင့္ ပစ္ခတ္ကာ ဓါးျပတိုက္သည့္ ျဖစ္စဥ္မ်ားရွိခဲ့သည္ကို ေတြ႕ရသည္။
ထို႔အတူ ရန္ကုန္တိုင္းအတြင္း၌လည္း အုပ္စုလိုက္ဓါးျပတိုက္မႈ၊ လုယက္မႈျဖစ္စဥ္မ်ား ျဖစ္ပြားခဲ့သည္ကို ေတြ႕ရွိခဲ့ရသည္။