“နိုင်ငံရေးမှာ စိတ်ခံစားမှုကိုလှုံ့ဆော်တာက လွယ်တယ်၊ အဖြေထုတ်ဖို့ကျတော့ စိတ်ခံစားမှုနဲ့သွားလို့မရဘူး” (အင်တာဗျူး)

 1562

မေးမြန်း - ကျော်မျိုးမင်း
ရေးသားသူ - စည်သူဟိန်း

မြန်မာ့နိုင်ငံသို့ တရုတ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ အပါအဝင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူ ထားသည့် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်ဆန်နှင့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် ပရက်ဆိုခွန်းတို့လာရောက်ခဲ့ပြီးနောက် မြန်မာ့နိုင်ငံရေးထွက်ပေါက်ကို အဖြေရှာတွေ့နိုင်မှာလား ဆိုတာနှင့် ပတ်သက်ပြီး ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၏အမြင်ကို NP News မှ အယ်ဒီတာချုပ် ဦးကျော်မျိုးမင်းမှ တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ဒါတရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိအပါအဝင် အာဆီယံကနိုင်ငံခြားရေး ဝန်ကြီး တော်တော်များများ လာသွားတာတွေ့ရတယ်။ မဲခေါင်-လန်ချန်းအစည်းအဝေးကိုကြည့်ပြီးတော့ နိုင်ငံရေး ထွက်ပေါက်အရ နိုင်ငံတကာထွက်ပေါက်အရမြင်မိတာ ဘာများရှိလဲ။
ဖြေ ။ ။ အရင်ဆုံးကတော့ လက်ရှိကျွန်တော်တို့နိုင်ငံရဲ့ပြဿနာဟာ ပြည်တွင်းရေးအဆင့်သက်သက်မဟုတ်ဘူး ဆိုတာ ပိုပိုပြီးတော့ ထင်ရှားလာတယ်။ ပထမဦးဆုံးကတော့ ဒေသအတွင်း အာဆီယံနိုင်ငံတွေအာလုံးကကို၌က မြန်မာ့အရေးကို တကယ့်ကိုအရေးကြီးကိစ္စတစ်ခုအဖြစ်ပေါ့နော်။ ဒါဆုံးဖြတ်လာပြီးတော့ 5 Point Consensus ဘုံသဘောတူညီချက်(၅)ချက် အကောင်အထည်ဖော်ဖို့ကိစ္စဆိုတော့ ဒါဒုတိယအကြိမ်မြောက်လာရောက် လည်ပတ်တာဖြစ်တယ်။ ပထမအကြိမ်လာရောက်လည်ပတ်စဉ်တုန်းကတော့ ဒါကျွန်တော်တို့လည်း တွေ့ဆုံပြီး တော့ လက်ရှိအခြေအနေအပေါ်မှာ အမြင်သုံးသပ်ချက်တွေ ကျွန်တော်တို့ပြောခဲ့တယ်ပေါ့လေ။ အဲဒီအချိန်တုန်း ကတော့ သူက လူသားချင်းစာနာမှုအကူအညီကိစ္စကိုပဲ ဒါပထမခြေလှမ်းအဖြစ်နဲ့ သူဟာကြိုးစားလာခဲ့တယ်။ ဒီတစ်ခေါက်မှာကတော့ နောက်ထပ်နိုင်ငံရေးဆွေးနွေးမှုတစ်ဆင့်တက်နိုင်ဖို့အတွက်ကိုပါ၊ ဒါနည်းလမ်းရှာတယ်လို့ ကျွန်တော်တော့ အဲဒီလိုမြင်ပါတယ်။ ဒါကြောင့်မို့လို့လဲ အခုဒါတိုင်းရင်းသားပါတီတွေအပါအဝင်ပေါ့လေ တခြားနိုင်ငံရေးပါတီတွေ၊ နောက်ပြီး PPST တိုင်းရင်းသားလက်နက်ကိုင်တွေအဖွဲ့အစည်းက ပုဂ္ဂိုလ်များနဲ့လည်းပဲ တွေ့ဆုံထားတာဆိုတော့ ဒီပထမတစ်ခေါက်နဲ့ ဒုတိယတစ်ခေါက်ကြားမှာ ဖြစ်ထွန်းတိုးတက်မှုတစ်ခုကတော့ ဒါတပ်ချုပ်က ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်တဲ့အပေါ်မှာ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့က ၇ ဖွဲ့ပေါ့။ ဒါမြောက်ပိုင်း ဟိုဘက်က ၃ ဖွဲ့တက်လာပြီးတော့ အခုဒုတိယအကြိမ် အာဆီယံအထူးကိုယ်စားလှယ် ရောက်လာ တယ်ဆိုတော့ အဲဒီဖြစ်ထွန်းတိုးတက်မှုတွေကိုလည်း သူတို့လာပြီးတော့ လေ့လာတဲ့သဘော၊ ဆွေးနွေးတဲ့သဘော လို့ ကျွန်တော်တော့ အဲဒီလိုမြင်ပါတယ်။

မေး ။ ။ အဲဒီမှာ.. အာဆီယံအထူးကိုယ်စားလှယ်ပရက်ဆိုခွန်းကတော့ သူကတော့ အဓိကတိုက်တွန်းသွားတာ လေးတွေ ရှိတယ်ပေါ့။ ဒီနစကအနေနဲ့ သက်ဆိုင်ရာအတိုက်အခံ နိုင်ငံရေးအဖွဲ့အစည်းတွေနဲ့လည်း ဆွေးနွေးဖို့ လိုတယ်ဆိုတဲ့စကားမျိုးတွေ။ ဒါသူအမြဲပြောနေကြစကားပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခွင့်ရရေးကတော့ သူပြောတယ်။ နောက်ဒေါ်အောင်ဆန်းစုကြည်ကို မူလနေအိမ်မှာ ပြန်ထားရေး၊ ဒါတွေ တောင်းဆိုတာတွေ တွေ့ရ တယ်။ နစကဘက်ကတော့ ဒါတွေခွင့်ပြုမှု၊ လှုပ်ရှားမှုမတွေ့ခဲ့ဘူးဆိုတော့ တောင်းဆိုမှုရယ် လှုပ်ရှားမှုမရှိတဲ့ကြား ထဲမှာ မြင်ရတဲ့အပေါ် နိုင်ငံရေးသမားတစ်ယောက်ရဲ့အမြင်တွေကရော ဘယ်လိုရှိမလဲ။
ဖြေ ။ ။ တစ်ခုကတော့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူကနေပြီးတော့ ဆွေးနွေးမှုမဖြစ်ဘူးလို့လဲ မပြောနိုင်ဘူး ဆိုတဲ့ဟာကတော့ ဒါတော်တော်များများ နိုင်ငံရေးလေ့လာသူတွေကြားထဲမှာလည်းပဲ လမ်းစတစ်ခုပွင့်လာသလိုမျိုး မျှော်လင့်ကြတာတွေရှိတယ်ပေါ့နော်။ တကယ်ကတော့ တွေ့ဆုံဆွေးနွေးမှုဆိုတာကတော့ ဒီနိုင်ငံရေးအကျပ် အတည်းမှာ သြဇာတိက္ကမရှိတဲ့ပုဂ္ဂိုလ်တွေ၊ အရေးပါတဲ့ပုဂ္ဂိုလ်တွေကြားထဲမှာ ဒါအားလုံးပါဝင်တဲ့ဆွေးနွေးမှုမျိုး ဖြစ်ဖို့ လိုတယ်ဆိုတာကတော့ ကျွန်တော်တို့ကိုယ်တိုင်လည်း ယုံကြည်တယ်ပေါ့နော်။ အနိမ့်ဆုံးအဆင့်ကတော့ ကျွန်တော်တို့က ပထမအဆင့်က ဒီအကြမ်းဖက်မှုတွေ ရပ်တန့်ဖို့အတွက် လက်နက်မဲ့ပြည်သူတွေ ထိခိုက်သေဆုံးမှု တွေ၊ အိုးအိမ်ပျက်စီးမှုတွေ ဒါတွေကိုတားဆီးနိုင်ဖို့အတွက်ကိုတော့ ဒါအရေးတကြီးဆောင်ရွက်သင့်တယ်လို့ မြင် တယ်။ နောက်တစ်ဆင့်ကတော့ ဒီဟာတွေဖြစ်ရတဲ့အခြေခံက နိုင်ငံရေးပြဿနာဖြစ်တဲ့အခါကျတော့ ဒီအကျပ် အတည်းကနေပြီးတော့ နိုင်ငံရေးအရ ဘယ်လိုထွက်ပေါက်ယူမလဲဆိုတဲ့ကိစ္စကိုပါ ကျွန်တော်တို့လေးလေးနက်နက် ဆွေးနွေးကြဖို့လိုမယ်လို့မြင်ပါတယ်။

မေး ။ ။ ဒီတော့ အဲဒီမှာလည်း တစ်ဖက်ကတော့ ပရက်ဆိုခွန်းကတော့ပြောတယ်။ ပြောပြီးတဲ့နောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးမှုမဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူးဆိုတဲ့စကားပေါ့၊ ဒါသည်ကျွန်တော် တို့ဘာပဲပြောပြော မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ တကယ်တမ်းကျ ဒေါ်အောင်ဆန်းစုကြည်ကို အတိတ် တပေါင်နဲ့ ဦးသန်းရွှေကြီးတို့ခေတ်တုန်းကလည်း ဒီလိုပဲတွေ့ဆုံဆွေးနွေးခဲ့တာတွေရှိတော့ အခုလည်း ဒါဖြစ်နိုင်ခြေ ရှိတယ်ဆိုတဲ့စကားရှိတယ်ဆိုတော့ နစကအနေနဲ့တကယ်စဉ်းစားနေတယ်လို့မြင်မိလား၊ နက်နက်နဲနဲ တွေးကြည့် မယ်ဆိုရင်ပေါ့။
ဖြေ ။ ။ ကျွန်တော်တို့(၈)လေးလုံး အရေးတော်ပုံကနေစပြီးတော့ ဒါလူထုကြားထဲမှာ အင်မတန်သြဇာတိက္ကမ ကြီးတဲ့ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ဒါပြောရရင်တော့ သူ့နေရာမှာအစားထိုးဖို့ကို မဝင်နိုင်သေးဘူးပေါ့နော်။ အဲဒီတော့ သူ့အနေနဲ့လည်း လက်ရှိပြဿနာတွေကို မှန်မှန်ကန်ကန်ပေါ့။ သတင်းအချက်အလက်တွေ ရရှိဖို့လို ဒါမှ လည်း ဒီအကျပ်အတည်းပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမြင်သဘောထားကိုပြောနိုင် မယ်ပေါ့နော်။ ဒါကြောင့် မို့လို့ သူ့ကိုဒီအခြေအနေအမှန်တွေ၊ အဖြစ်အပျက်အမှန်တွေကို သိနိုင်ဖို့အတွက်လည်း ဒါကျွန်တော်တို့ ပံ့ပိုးသင့် တယ်လို့ ကျွန်တော်တော့ အဲဒီလိုမြင်တယ်။ နောက်တစ်ခုကလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လက်ရှိအကျပ်အတည်းအပေါ်မှာ ထိခိုက်နာကျင်မှုတွေထဲကနေ လွန်မြောက်နိုင်ဖို့၊ ဖောက်ထွက်နိုင်ဖို့အတွက်ကို ဒါဖြေရှင်းနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲလို့ ကျွန်တော်တော့ ဒီလိုပဲမျှော်လင့်ပါတယ်။

မေး ။ ။ နောက်တစ်ခု အာဆီယံကိုယ်စားလှယ်အပြင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယိ လာတဲ့အချိန်မှာ သူကလည်း ဒီပြည်သူလူထုအာဏာ လွယ်လွယ်လေးပြောရရင်တော့ ပြည်သူလက်ထဲကိုအာဏာပြန်အပ်နိုင်အောင် ကြိုးစားဖို့ ဆိုတဲ့စကားမျိုး သူပြောတာတွေ့ရတယ်။ ဆိုတော့ နစကကို တိုက်တွန်းသွားတာ တွေ့ရတယ်။ ဆိုတော့ သူ့တိုက်တွန်းချက်ကတော့ ဒါရေရှည်မှာ ဆင့်ကဲလုပ်ရမယ့်ကိစ္စပေါ့။ ဒီတိုက်တွန်းချက်ရဲ့စကားအတိမ်အနက်ကို ဘယ်လိုများအဓိပ္ပာယ်ဖွင့်ချင်လဲ။
ဖြေ ။ ။ တစ်ခုကတော့ နိုင်ငံတော်အာဏာကိုစစ်တပ်က ရယူထားရတယ်ဆိုတာ ပုံမှန်အခြေအနေမှ မဟုတ်ဘဲ။ ဒါကြောင့်မို့လို့ ပြည်သူ့လက်ထဲကို အာဏာပြန်အပ်ဖို့ဆိုတဲ့ကိစ္စဟာ ဒီမိုကရေစီအရအရေးကြီးတဲ့ ဦးတည်ချက်ပဲ။ အဲဒီလိုလုပ်တဲ့အခါမှာ လက်တွေ့ကျပြီးတော့ ရလဒ်ကိုဦးတည်တဲ့ကြိုးပမ်းမှုမျိုးဖြစ်ဖို့လိုတယ်။ နောက်တစ်ခု ကလည်း ကျွန်တော်က အခုချိန်မှာ ပြန်ပြောင်းသတိရမိတာတစ်ခုရှိတယ်။ ဘာလဲဆိုတော့ ၂ဝ၁၇ ခုနှစ်မှာ ကျွန်တော်တို့ ယူကရိန်းကိုရောက်ခဲ့တယ်။ ယူကရိန်းကို ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ပူပူနွေးနွေးပဲကျဆုံးထား တဲ့ ရဲဘော်တွေပေါ့လေ၊ ပူပူနွေးနွေးဆိုတာ ၂ဝ၁၄ ခုနှစ်မှာ ဂုဏ်သိက္ခာတော်လှန်ရေးဆိုပြီးတော့ Revolution Dignity ဆိုပြီးဖြစ်တော့ ကျဆုံးတဲ့သူတွေရဲ့ဓာတ်ပုံတွေနဲ့ ဓာတ်ပုံမှန်ဘောင်တွေမှာ ပန်းလေးတွေ၊ ဆီမီးလေးတွေနဲ့ အစရှိသဖြင့် ဂုဏ်ပြုထားတွေကိုတောင် ကျွန်တော်တို့တောက်လျှောက်တွေ့ခဲ့ရတယ်။ ဆိုတော့ အခုယူကရိန်း ဖြစ်တဲ့အခြေအနေနဲ့ ကျွန်တော်တို့နဲ့နှိုင်းယှဉ်တဲ့အခါမှာ ကျွန်တော်တို့ကြိုက်ကြိုက် မကြိုက်ကြိုက် နိုင်ငံရေးမှာ ပကတိတရားတွေရှိတယ်။ ဘာလို့ဆိုတော့ ဆိုဗီယက်ယူနီယမ်ခေတ်ကို ကောင်းကောင်းမှီခဲ့တဲ့မျိုးဆက်ရှိတယ်။ ယူကရိန်းမှာလည်း ၂ဝဝ၄ ခုနှစ်မှာ သူက လိမ္မော်ရောင်တော်လှန်ရေးပေါ့ Orange Revolution ဖြစ်တယ်။ ဖြစ်ပြီး တော့ အဲဒီမျိုးဆက်က ယူကရိန်းခေါင်းဆောင်တွေကို၌က ဆိုဗီယက်ယူနီယမ်ခေတ်ကို ကောင်းကောင်းမှီခဲ့တဲ့ မျိုးဆက်တစ်ဆက်ရှိတယ်။ နောက် ၁ဝ နှစ်အကြာမှာ ၂ဝ၁၄ ခုနှစ်မှာ ဒီဂုဏ်သိက္ခာတော်လှန်ရေးဖြစ်ပြီးတော့ နောက်ထပ်မျိုးဆက်အလွှာတစ်လွှာတက်ပြီးတဲ့ အချိန်မှာသူတို့က EU ထဲဝင်ဖို့အတွက် နေတိုးအဖွဲ့ထဲဝင်ဖို့ ဆိုတာ မျိုးတွေဖြစ်တဲ့ဟာနဲ့ပတ်သက်ပြီးတော့ အခုတစ်ခါဖြစ်တာဟာ ကျွန်တော်တို့က နှိုင်းယှဉ်မှုအရပြောရရင် ကျွန်တော်တို့ဟာလည်း ဒီလိုပဲအလားတူ အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ ထိစပ်နေရတဲ့အခါကြတော့ အဲဒီလိုနည်းနည်း တူတဲ့ဟာတွေ ကျွန်တော်တို့က သွားတွေ့တာပေါ့။ အဲဒီတော့ ပကတိတရားအရ အိမ်နီးချင်းဆိုတာ ကျွန်တော်တို့က အပြီးရွှေ့လို့မရဘူး။ ကျွန်တော်တို့က စပြီးကတည်းက ကျွန်တော်တို့က ရေရှည်နေရမှာဖြစ်တဲ့အတွက်ကြောင့် အိမ်နီးချင်းနိုင်ငံကြီးတွေနဲ့ဆက်ဆံရေးဟာ ကျွန်တော်တို့နိုင်ငံရေးထွက်ပေါက်အတွက် မဖြစ်မနေကျွန်တော်တို့ အလေးထားရမယ့်ကိစ္စဖြစ်တယ်။ အဲဒီတော့ တရုတ်နိုင်ငံအနေနဲ့ကလည်း မြန်မာနိုင်ငံကို ပြိုကွဲသွားတာမျိုးကို တော့ သူလည်းမလိုလားဘူး။ တစ်ဖက်ကလည်းပဲ ပြင်ပလွှမ်းမိုးမှုကိုသူက လက်မခံဘူးလို့ သူကလည်း ဒါကို တစိုက်မတ်မတ်သူကပြောထားပြီးတော့ ပြည်တွင်းပကတိအခြေအနေတွေပေါ်ကနေ ရလဒ်ကိုဦးတည်တဲ့ ထွက်ပေါက်ဖြစ်ဖို့ကို တိုးတိုးတိတ်တိတ် သူအကြံပေးတာ၊ တိုက်တွန်းတာတွေလည်းရှိတယ်ဆိုတော့ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံထဲမှာက အယူအဆသဘောထားကွဲလွဲမှုအပေါ်မှာမူတည်ပြီးတော့ ဒီအင်အားကြီးနိုင်ငံတွေရဲ့ ကစားကွက်ထဲမှာ ကျွန်တော်တို့ကမြေဇာပင်ဖြစ်မသွားအောင်တော့ ကျွန်တော်တို့က ဂရုစိုက်ဖို့လိုမယ်လို့မြင် တယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးထွက်ပေါက်စဉ်းစားတဲ့အခါမှာ ပကတိတရားတွေကို မျက်ကွယ်ပြုလို့မရဘူး။ ဒီအပေါ်မှာမူတည်ပြီးတော့မှ ရလဒ်ကိုဦးတည်တဲ့ချဉ်းကပ်မှုမျိုး လုပ်ဖို့လိုတယ်လို့ မြင်ပါတယ်။

မေး ။ ။ ထူးခြားတာပေါ့နော်... မဲခေါင်-လန်ချန်းဒီအစည်းအဝေးမျိုးကိုဆိုရင် နိုင်ငံခြားရေးဝန်ကြီးတွေတက် တယ်။ အာဆီယံရဲ့နိုင်ငံခြားရေးဝန်ကြီးတွေ တော်တော်များများလည်း တက်ရောက်ကြတယ်။ ဆိုတော့ အဲဒီလို ပွဲမျိုးမှာ ကျွန်တော်တို့အားလုံး ဒါကျွန်တော်တို့ခန့်မှန်းတာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြင်ရလိမ့်မယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် တစ်ကယ်တမ်းမှာ မမြင်ရလိုက်ပါဘူး။ ဆိုတော့ မမြင်ရလိုက်ခြင်းအကြောင်းအရင်းရဲ့ အပေါ်မှာ မူတည်ပြီး အခြေခံပြီးတော့ ဘာတွေစဉ်းစားမိထားတာရှိလဲ။
ဖြေ ။ ။ တစ်ခုကတော့ အာဆီယံတရုတ်အစည်းအဝေးမှာလည်းပဲ Non Political Position ဆိုပြီးတော့ အာဆီယံ က သတ်မှတ်ထားတဲ့အတိုင်းပဲ ကျင်းပသွားတာတွေ့ရတယ်။ အခုလည်းပဲ တစ်ဖက်ကတော့ လန်ချန်း-မဲခေါင် အစည်းအဝေးနဲ့ပတ်သက်ပြီးတော့ အဓိကသူတို့က နိုင်ငံခြားရေးဝန်ကြီးတွေဖြစ်ကြတယ်။ ဆိုတော့ အဲဒီလိုမျိုး အစည်းအဝေးလုပ်တဲ့အခါမှာ (၁)အချက်ကတော့ မြန်မာနိုင်ငံမှာလာလုပ်တယ်၊ ပုဂံမှာလာလုပ်တယ်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် တက်ရောက်တယ်။ ဆိုတော့ ဒါကသံတမန်ရေးအရ သင်္ကေတပြမှုတွေ တချို့ရှိတယ်လို့ ကျွန်တော်တော့မြင်တယ်။ ဒါကြောင့်မို့လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နစကဥက္ကဋ္ဌ အနေနဲ့ပဲဖြစ်စေ ဘာပဲဖြစ်စေ သူတက်ရောက်ခြင်း၊ မတတ်ရောက်ခြင်းထက်ကို နိုင်ငံခြားရေးဝန်ကြီး ကိုယ်တိုင် တက်ရောက်ခြင်း၊ နောက်ပြီး ပုဂံမှာကျင်းပခြင်းကို၌က တစ်ဖက်ကတော့ သံတမန်ရေးအချက်ပြမှုတွေ ပါတယ်လို့ ကျွန်တော်တော့ အဲဒီလိုမြင်တယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အကဲစပ်မှုအခြေ အနေတွေ ကြားထဲမှာ တပ်ချုပ်မတက်ရောက်ဘဲနဲ့ ဆောင်ရွက်သွားတာကိုယ်၌က ဒါသံတမန်ရေးဆိုင်ရာ ခုနက အချက်ပြမှု လို့ ကျွန်တော်ကတော့ မြင်ပါတယ်။

မေး ။ ။ သံတမန်ရေးရာအချက်ပြမှုဆိုတဲ့စကားလုံးပေါ့နော် အဲဒီမှာ မဲခေါင်-လန်ချန်းအစည်းအဝေး မြန်မာပြည် မှာကျင်းပတဲ့ဟာကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုရဲ့နိုင်ငံခြားရေးဝန်ကြီးဆိုတော့ သြဇာကြီးတဲ့ပုဂ္ဂိုလ်တစ်ဦးလို့ ပြောလို့ရတယ်။ ဆိုတော့ ဒီလို Level တစ်ယောက်ရောက်လာတဲ့အချိန်၊ ပြီးတော့ တခြားနိုင်ငံခြားရေးဝန်ကြီးတွေလည်း အများကြီးတက်လာတဲ့အချိန် ဒီအစည်းအဝေးကနေပြီးတော့ ကျွန်တော်တို့ နစက ဘက်ကလူတွေကတော့ သူတို့ကိုနိုင်ငံတကာသံတမန်ရေးရာအရ၊ နိုင်ငံရေးရာအရ အသိအမှတ်ပြုမှုလို့ သူတို့က သွယ်ဝိုက်ပြီးတော့ ခေါ်ဆိုသွားတာတွေ့ရတယ်။ ဆိုတော့ ဒီသဘောထားကိုရော တွေးမြင်မိလား။ နောက်တစ်ခုက တရုတ်ခေါင်းဆောင်တဲ့အာဆီယံအစုအဖွဲ့ဆိုတာမျိုးကို ရွှေ့နေတယ်လို့ရော မြင်မိလား။
ဖြေ ။ ။ တစ်ခုကတော့ State နဲ့ Government ပေါ့။ နိုင်ငံတော်နဲ့ အစိုးရကို ခွဲပြီးတော့ ကျွန်တော်တို့ကြည့်ဖို့ လိုမယ်။ ဆိုတော့ သူကနိုင်ငံအနေနဲ့ဆက်ဆံနေတယ်ဆိုတဲ့သဘောကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြသတယ်။ အဲဒီတော့ အစိုးရဆိုတာက သူဆင်းကိုယ်တက်ပဲ အပြောင်းအလဲဖြစ်သွားမှာပဲ။ အဲဒီတော့ သူက အိမ်နီးချင်းနိုင်ငံ တွေနဲ့ မြန်မာနိုင်ငံနဲ့ နှစ်နိုင်ငံချစ်ကြည်ရေး၊ နိုင်ငံခြင်းဆက်ဆံရေးကို အဓိကဖော်ညွှန်းသွားတယ်လို့မြင်တယ်။ ဒါကြောင့်မို့လို့ သူဟာ အစိုးရအနေနဲ့ အစိုးရအချင်းချင်းဆက်ဆံရေးထက်ကို နိုင်ငံအချင်းချင်းဆက်ဆံ ရေးကို ဝမ်ယိက သင်္ကေတပြသွားတယ်။ တစ်ဖက်ကလည်း ဒီကာလမှာ အကဲဆတ်တဲ့အချိန်တွေမှာ ဒီလိုလာရောက်ခြင်း ကလည်း တစ်ဖက်က မြန်မာနိုင်ငံနဲ့ပတ်သက်ရင် တရုတ်ရဲ့အာရုံစိုက်မှု၊ အလေးထားမှုကို တစ်ဖက်က ပြသွားတယ် လို့ ကျွန်တော်တော့ အဲဒီလိုမြင်ပါတယ်။

မေး ။ ။ နောက်တစ်ခု ထူးခြားချက်ကိုကြည့်ကြတယ်ဆိုတဲ့အခါမှာ ဒီနိုင်ငံခြားရေးဝန်ကြီးတွေ အစုံအလင်ရှိနေ တဲ့အချိန်မှာပဲ သူတို့ဘက်ကနေကြေညာချက်ထုတ်တဲ့ဟာတွေလည်း ရှိတယ်။ ဒါ့အပြင် တချိန်တည်းမှာပဲ သူတို့ အနေနဲ့ နိုင်ငံရေးအရ နိုင်ငံခြားရေးဝန်ကြီးတို့ကိုယ်တိုင်တက်ကတည်းက ဒါကိုအခွင့်ကောင်းယူပြီးတော့ နိုင်ငံ တကာမှာ ဘာမှသိပ်မတွေ့ရဘူး။ ထူးထူးခြားခြား ဒီတစ်ပွဲမှာ သိပ်ပြီးတော့ ပေါ်ပေါ်ထင်ထင် ကျယ်ကျယ်ပြန့်ပြန့် အရေးတယူလုပ်ပြီးတော့ပြောတာကို မတွေ့ရဘူးဆိုတော့ သူတို့ဒီပွဲရဲ့နောက်ကွယ်မှာရော နစ်မြုပ်နေတာတွေ များ ရှိနေသလားလို့ မြင်မိလား။
ဖြေ ။ ။ ခုနက ဒေသတွင်း နောက်တစ်ခါ နိုင်ငံတကာအာဏာချိန်ခွင်လျှာ အပြောင်းအလဲတွေဟာ ဒီကာလမှာ လှုပ်လှုပ်ခတ်ခတ်အကြီးအကျယ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ဆိုဗီယက်ယူနီယမ် ပြိုကွဲသွား ပြီးတဲ့အချိန် လစ်ဘရယ်ဒီမိုကရေစီအောင်ပွဲခံပြီး သမိုင်းနိဂုံးချုပ်ပြီဆိုတဲ့အသံတောင်မှပဲ ကျွန်တော်တို့ ကျယ်ကျယ်လောင်လောင်ထွက်ခဲ့တာပဲလေ။ ထွက်ခဲ့ပြီးတော့ နောက်ပိုင်းမှာ Globalization အရှိန်ပြန်လျော့သွား တယ်၊ ကျသွားတယ်၊ နောက်တစ်ခါ Regionalization ပြန်ဖြစ်သွားတယ်လို့ ကျွန်တော်ကမြင်တယ်။ ဒီဒေသ အစုအဖွဲ့တွေ ပြန်ပြီးတော့ အားကောင်းလာတယ်လို့မြင်တယ်။ နောက်တစ်ခုကတော့ လစ်ရယ်လှိုင်းက နောက်ပြန် ပြန်ကျလာသလိုမျိုး ကျွန်တော်တို့မြင်ရတယ်။ ဘာကြောင့်လဲဆိုတော့ ပထမက အမေရိကန်ကိုယ်တိုင် က Trump တက်လာတဲ့အချိန်မှာ အမေရိကန် First ဆိုတာမျိုးတွေဖြစ်လာတယ်။ ဒါကို Globalization အရ ပြောရလို့ ရှိရင်တော့ ဒါက ကျွန်တော်တို့တော်တော်သတိပြုမိတဲ့အချက်တွေပေါ့။ နောက်တစ်ခါ Brexit ပေါ့။ ဗြိတိန် နှုတ်ထွက်တဲ့ကိစ္စဟုတ်လား ပူတင်တို့၊ သမ္မတရှီကျင့်ဖျင်တို့၊ ဒူတာတေးတို့ အစရှိသဖြင့် ပြန်ပြီးတော့ အသီးသီး တက်လာတဲ့အချိန်မှာ နိုင်ငံတကာနိုင်ငံရေးကိုယ်၌က လစ်ဘရယ်နောက်ပြန်ပေါ့ နည်းနည်းပြန်ပြီး လျှော့လာတဲ့ သဘောမျိုးတွေ တွေ့ရတယ်။ နောက် Globalization အရှိန်လျော့သွားတဲ့ဟာကို ကျွန်တော်တို့က တွေ့ရ တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံအပြောင်းအလဲကိုကြည့်ရင် ဒေသတွင်းနိုင်ငံရေး၊ တစ်ခါ ကမ္ဘာ့နိုင်ငံရေး ချိန်ခွင်လျှာတွေနဲ့ချိတ်ဆက်ပြီးတော့ ကိုယ့်နိုင်ငံကို ထိခိုက်နာကျင်မှုအနည်းဆုံးဖြစ်အောင် ဘယ်လို ပြောင်းမလဲဆိုတာကို ကျွန်တော်တို့ဘက်က နိုင်ငံရေးခေါင်းဆောင်တွေက သတိထားသင့်တယ်လို့ ကျွန်တော် တော့ မြင်ပါတယ်။

မေး ။ ။ နောက်ထပ်ထူးခြားတဲ့တစ်ချက်သွားတွေ့တယ်၊ ဒီအစည်းအဝေးမတိုင်ခင်လေးမှာ ထိုင်းနယ်စပ်ကို ထိုင်းနယ်စပ် မယ်လစခန်းအထိပေါ့နော်။ အမေရိကန်ရဲ့ ဒီ Derek Chollet ပေါ့။ အမေရိကန်အကြံပေး ဒီ Derek Chollet တို့ အရင်ရောက်လာတယ်။ ရောက်လာပြီးတော့ ဒီမယ်လစခန်းထိ ရောက်လာပြီးတော့ ဒီဘက်က တခြား အဖွဲ့အစည်းတွေနဲ့ တချို့အဖွဲ့တွေနဲ့တွေ့သွားတယ်လို့သိရတယ်။ တွေ့သွားပြီး သိပ်မကြာခင် ဒီနိုင်ငံခြားရေး ဝန်ကြီးများရဲ့အစည်းအဝေးကလည်း ကျင်းပတယ်။ ကျင်းပတဲ့ရက်နဲ့အချိန်ကိုက်ဆိုသလိုပဲ နယ်စပ်မှာ ထိုင်း နယ်စပ်မှာ အကြီးကြီးတိုက်ပွဲ အကြီးကြီးတကယ့်ကို အုန်းအုန်းထလာတဲ့တိုက်ပွဲကြီးမျိုးဖြစ်သွားတယ် ဥက္ကရစ်ထ တိုက်ပွဲပေါ့ဆိုတော့ အကြီးအကျယ်ဖြစ်သွားတယ်။ ရှေ့မှာလည်း တိုက်ပွဲလေးတွေ အနည်းငယ်ဖြစ်တယ်။ နောက်တခြားစခန်းတွေလည်း ဖြစ်တာတွေ့ရတယ်။ ဒါပေမယ့် ဒီစခန်းဟာ တော်တော်နာမည်ကြီးသွားတယ်။ ဆိုတော့ ဒါကလည်း နိုင်ငံတကာရဲ့အရိပ်တွေ မကင်းဘူးဆိုတာကို မြန်မာနိုင်ငံရဲ့နိုင်ငံရေးမှာ အရိပ်တွေ မကင်းဘူး ဆိုတာကို ပြသလိုများဖြစ်နေသလားပေါ့။ ဒီစစ်ပွဲဟာ ဒီတိုက်ပွဲဟာ ဒီအစည်းအဝေးနဲ့နွယ်နေသလားလို့ တွေးစရာ ဖြစ်လာတာ ဘယ်လိုတွေးမိလဲဗျ။
ဖြေ ။ ။ နှစ်ခုပေါ့.. တစ်ခုကတော့ ဒီအမေရိကန်လာသွားတဲ့ဟာတစ်ခု နောက်တစ်ခုကတော့ ထိုင်းဗိုလ်ချုပ်ကြီး မြန်မာနိုင်ငံကိုလာသွားတဲ့ဟာဆိုတော့ ဒီဟာတွေက နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာတော့ မရှိဘူးပေါ့။ ဆိုတော့ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံတွေနဲ့ပတ်သက်လို့ရှိရင်လည်း ကျွန်တော်တို့က မှန်မှန်ကန်ကန် သုံးသပ်ဖို့လိုတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံပြိုကွဲသွားတဲ့အခြေအနေမျိုးကို အိမ်နီးချင်းနိုင်ငံတွေကို၌က မလို လားဘူးဆိုတာတော့ ကျွန်တော်တို့က ဒါကိုကောက်ချက်ချလို့ရတယ်။ အထူးသဖြင့် အိန္ဒိယရော၊ တရုတ်ရော၊ ထိုင်း ရောဟာ မြန်မာနိုင်ငံပြဿနာဟာ လျှံထွက်လာမှာကို အနည်းဆုံးတော့ ဒုက္ခသည်တွေရောက်လာမှာပဲ ပြီးလို့ရှိရင် အဲဒီဂယက်က သူတို့ရဲ့စီးပွားရေးလုပ်ငန်းရှင်တွေ ကုန်သွယ်မှုတွေ ရင်းနှီးမြှပ်နှံမှုတွေအထိကို သူဟာ ဆက်စပ် လာတဲ့အခါကျတော့ မြန်မာနိုင်ငံကို ဖရိုဖရဲဖြစ်သွားမယ့်ကိစ္စမျိုးကိုတော့ အိမ်နီးချင်းနိုင်ငံတွေကို၌ကလည်း မလိုလားဘူးလို့ ကျွန်တော်တော့မြင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့နိုင်ငံရဲ့ပြဿနာ အဓိကကတော့ ကာယကံ ရှင်က ကျွန်တော်တို့ပြည်တွင်းပဲ။ နိုင်ငံတကာကို မျက်ခြေမပျက်လေ့လာနေတယ်ဆိုပေမယ့် အဖြေထုတ်ရမှာက ကျွန်တော်တို့ပြည်တွင်းက ကျွန်တော်တို့ရဲ့ အသီးသီးကခေါင်းဆောင်တွေ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ပြည်တွင်းအခြေအနေကို မှန်မှန်ကန်ကန်သုံးသပ်ဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေ နောက်တစ်ခါ နိုင်ငံတကာအားပြိုင်မှု တွေကိုပါထည့်တွက်ဖို့ သုံးသပ်ဖို့လိုမယ်လို့မြင်တယ်။ အဲဒီတော့ အဓိကအကျဆုံးက အိမ်နီးချင်းပဲ။ ကျန်တဲ့မိုင်တွေ ထောင်သောင်းချီဝေးတဲ့နိုင်ငံတွေနဲ့ဟာ ကျွန်တော်တို့နိုင်ငံအနေနဲ့ အကျိုးစီးပွားအရရော ဆက်စပ်မှုအရပါပြောရ ရင် အိမ်နီးချင်းနိုင်ငံတွေလောက် မနီးစပ်ဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ကျွန်တော်တို့နိုင်ငံအပြောင်းအလဲမှာ အိမ်နီးချင်းနိုင်ငံတွေရဲ့အခြေအနေကိုအဓိကထားပြီးတော့ ကျွန်တော်တို့အဆုံးအဖြတ်ကတော့ ပြည်တွင်းက မှန်မှန်ကန်ကန် ကျွန်တော်တို့သုံးသပ်နိုင်ဖို့၊ ဆုံးဖြတ်နိုင်ဖို့ လိုမယ်လို့တော့ မြင်ပါတယ်။

မေး ။ ။ ကျွန်တော်ဆိုလိုချင်တာကတော့ ဒီတရုတ်နိုင်ငံခြားရေးဝန်ကြီး တကယ့်ဒိတ်ဒိတ်ကြဲတွေ မြန်မာပြည်ကို လာတဲ့အချိန်မှာပဲ အမေရိကန်ရဲ့စစ်လက်နက်တိုက်ပွဲတွေဖြစ်တယ်ဆိုတဲ့စဉ်းစားတွေးခေါ်မှုမျိုး။ ဒါကတော့ လူတိုင်းတော်တော်များများ တွေးနေကြတဲ့အတွေးပေါ့... ဒီတွေးခေါ်မှုဟာ မြန်မာပြည်သူတွေရင်ထဲမှာ တချို့ပြည် ပြည်သူရင်ထဲမှာတော့ ရှိနေတယ်။ ဒါမျိုး နိုင်ငံရေးသမားတစ်ယောက်ရဲ့ရင်ထဲမှာရော ရှိနေလား။
ဖြေ ။ ။ တစ်ခုကတော့ လက်နက်ကိုင်တော်လှန်ရေးခေါင်းစဉ်နဲ့ ထောက်ပံ့တာမျိုးတော့မရှိဘူး။ သို့ပေမယ့်လည်း ကျွန်တော်တို့တခြားခေါင်းစဉ်တွေနဲ့ ဝင်တာမျိုးတွေကတော့ ရှိနိုင်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က နိုင်ငံကြီး တွေရဲ့ ကျွန်တော်တို့နိုင်ငံနဲ့ပတ်သက်တဲ့ ပေါ်လစီသဘောထားကို မှန်မှန်ကန်ကန်သုံးသတ်ဖို့လိုတယ်။ နောက် တစ်ခုကတော့ ပြည်ပစွက်ဖက်မှုနဲ့ အပြောင်းအလဲလုပ်တဲ့နိုင်ငံတွေ တစ်ကမ္ဘာလုံးမှာ အခုချိန်ထိပြောရရင်တော့ ပြာပုံဖြစ်ပြီးတော့ အမှိုက်ပုံဖြစ်ပြီး ကျန်ခဲ့တဲ့ဟာတွေ အနာတွေအကင်းမသေတဲ့ဟာတွေ၊ ဆိုတော့ဒါတွေကိုတော့ ကျွန်တော်တို့က လေးလေးနက်နက်လေ့လာဖို့မြင်မယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်။

မေး ။ ။ အဲဒီတိုက်ပွဲနဲ့ ဆက်စပ်ပြီးတော့ အသက်ပေးလိုက်တဲ့သေဆုံးသွားရတဲ့လူငယ်လေးတွေ မြန်မာလူငယ် လေးတွေ နှစ်ဖက်စလုံးကိုပြောတာပါ။ စစ်တပ်ဘက်ကရော PDF လူငယ်လေးတွေ KNDF လူငယ်အကုန်လုံးပေါ့၊ KNDO ရောဆိုတော့ နှစ်ဖက်အဲဒီပြဿနာကြီးတွေ ကြားထဲမှာ အသက်ပေးလိုက်ရတဲ့ လူငယ်လေးတွေအနေနဲ့ ဒီအခင်းအကျင်းကြီးရဲ့အရွေ့ကြီးကို သူတို့သိသိ၊ မသိသိ သူတို့အနေနဲ့က အသက်ပေးလိုက်ရတာ များ တယ်ဆိုတော့ အဲဒါကိုတွေးမိလား ဘယ်လိုပြောချင်လဲ ခင်ဗျာ။
ဖြေ ။ ။ အဓိကက ဒီကာလမှာ ကျွန်တော်တို့ကိုယ်တိုင်ရင်ဆိုင်နေရတာက စိတ်ခံစားမှုအင်မတန်ပြင်းထန်နေကြ တယ်။ ပြင်းထန်နေကြတယ်ဆိုတာမှာလည်း မြင်ရတာတွေက၊ သွေးထွက်သံယိုတွေအကုန်လုံးမှာ စစ်တပ်က ဗုံးကြဲတယ်၊ မီးရှို့တယ် နောက်ဒီဘက်က PDF ကသတ်ဖြတ်တယ်ဆိုတဲ့ဟာမျိုးတွေက ကြာတော့ ဘာဖြစ်လာလဲ ဆိုတော့ အမုန်းတရားတွေ၊ အာဃာတတွေကို လောင်စာထပ်ထပ်ထည့်သလိုမျိုးဖြစ်နေတာ အဲဒီတော့ အခုသေကြေပျက်စီးတာတွေကြည့်လိုက်တော့လည်း အရွယ်ကောင်းတွေကြီးပဲ တချို့လည်း ဒါပညာတတ် ကလေးတွေ ဒီစိတ်ခံစားမှုထဲက လက်နက်ကိုင်တော်လှန်မှ ရမယ်ဆိုပြီးသွားကြပေမယ့် ဆုံးရှုံးသွားတာက နိုင်ငံရဲ့ လူသားအရင်းအမြစ်တွေဖြစ်တယ်။ အခုဒီပွဲမှာပြောရရင် ဒီလူသားအရင်းအမြစ်ရှု့ထောင့််ကနေပြောမယ်ဆိုရင် နိုင်ငံအကြီးအကျယ် ဆုံးရှုံးတယ် ပြည်ပထွက်သွားတာတွေမှာလည်း ပညာရှင်တွေ၊ ကျွန်တော်တို့နယ်ပယ် အသီးသီးက ထင်ရှားတဲ့သူတွေ အများကြီးပါသွားတယ်ဆိုတော့ လက်နက်ကိုင်နေတဲ့ဟာတွေဆိုရင်လည်း ဘယ်တုန်းကမှ လက်နက်ကိုင်မယ်လို့ မရည်ရွယ်ခဲ့တဲ့၊ မစဉ်းစားခဲ့တဲ့ပြောရရင် တကယ့်အရွယ်ကောင်းတွေ၊ ကြည့် လိုက်တော့လည်း သေကြေပျက်စီးနေတာကြည့်လိုက်တော့လည်း ကိုယ့်ဘက်က၊ စစ်တပ်ဖက်က ကျတော့လည်း ကိုယ့်ရဲ့တိုင်းပြည်က လူသားအရင်းအမြစ်ဆုံးရှုံးတယ်။ PDF က ဆုံးရှုံးတာတွေကြည့်လိုက်တော့လည်း ကျွန်တော် တို့ ဘယ်လိုမှ စိတ်မသက်သာမခံစားနိုင်တဲ့ဟာတွေဖြစ်နေတော့ ကျွန်တော်တို့က လမ်းစဉ်တစ်ခုကို ချတော့မယ် ဆိုရင် End Game ပေါ့။ အဆုံးသတ်အထိ ကျယ်ကျယ်ပြန့်ပြန့်စဉ်းစားထားတဲ့စီမံချက်မျိုးပေါ့နော်။ ပြင်ဆင်မှုမျိုး ဖြစ်ဖို့လိုတယ်။ နောက်တစ်ခုက အချိန်ကာလပေါ့။ စစ်ပွဲရှာကြာလာတာနဲ့အမျှ ဘယ်သူက စစ်ကြာကြာ ပိုတိုက်နိုင် သလဲဆိုတာက အဆုံးအဖြတ်ပေးတယ်။ ဝုန်းဒိုင်း ဆိုပြီး ရေတိုနဲ့ပြီးသွားတာကတစ်မျိုး၊ အဲဒီးတော့ အခုက ၁ နှစ်ခွဲ ၂ နှစ် ဖြစ်လာပြီဆိုတော့ ဘယ်လောက်ကြာမလဲ။ အဲဒီတော့ ကျွန်တော်တို့ အခုဒါ CDM တွေဆိုရင်လည်း ပြည်တွင်း မှာ တော်တော်ကို ဒုက္ခအလူးအလဲရောက်နေသူတွေလည်း အများကြီးပဲဆိုတော့ တခါတလေမှာ ကျွန်တော်တို့ ၈၈ အရေးအခင်းဖြစ်တော့ ကျွန်တော်တို့ဆို စာအုပ်အဟောင်းတန်းက စာအုပ်တွေနဲ့ပဲကြီးခဲ့ရတာ၊ ပြောရရင် အဲဒီ အချိန်တုန်းကဆိုရင် ဒါနိုင်ငံရေးဆို လက်ဝဲစာပေတွေပဲကြီးပဲကြည့်တော့ ကျွန်တော်တို့က အဲဒီကစပြီး နိုင်ငံရေးထဲ ဝင်ကတည်းက ကျွန်တော်တို့က တော်လှန်ရေးတစ်ရပ်ဖြစ်ပြီဆိုရင်တောင်မှ ရန်သူသတ်မှတ်တာရှိတယ်။ သူ့ဘက် ငါ့ဘက်ပေါ့။ ပြီးလို့ရှိရင် ကြားအုပ်စုရှိတယ်။ တကယ်ကတော့ ဒီပွဲမှာဆိုရင် ကျွန်တော်မြင်တာက ကြားစစ်စစ် တောင် သိပ်မရှိဘူး။ တချို့က ဦးတည်ချက်တူတယ် လက်နက်ကိုင်လမ်းကြောင်းကိုမလုပ်နိုင်လို့သာ သဘောမတူ လို့သာ မလုပ်ပေမယ့်လို့ စစ်တပ်ကနိုင်ငံရေးမှာ လွှမ်းမိုးနေတဲ့ကိစ္စကိုလက်မခံဘူး။ ဆိုတော့ အဲဒီလူတွေက သူဟာ ကြားလိုဖြစ်နေတယ်။ အဲဒီတော့ ကျွန်တော်တို့က ကျွန်တော်တို့လေ့လာဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေအရ ပြောရရင် ရန်ကိုနည်းနိုင်သမျှနည်းအောင် လုပ်ရတယ်။ ရန်များအောင်မလုပ်ရဘူး။ နောက်တစ်ခုက ပြည်သူဆိုတာ က သူတို့ကလမ်းပေါ်ထွက်ဆန္ဒပြဆိုရင် ဆန္ဒပြလိုက်တယ်။ ပြီးရင် ခေါင်းရွက်ဖြတ်ထိုးက ခေါင်းရွက်ဖြတ်ထိုး လုပ်မယ်။ စီးပွားရေးသမားက စီးပွားရေးလုပ်မယ်။ သို့ပေမယ့်လည်း သူစိတ်ထဲမှာတော့ရှိတယ်။ သူလုပ်နိုင်တဲ့ နည်းလမ်းဖြစ်လာရင် သူရဲ့ဆန္ဒသဘောထားကိုပြန်ပြတယ်။ သဘောက မဲပေးတာဆို လူတိုင်းလုပ်နိုင်တယ်။ အဲဒါ ဆိုရင် သူက မကျေနပ်တဲ့သူကိုမပေးဘူး ကျေနပ်တဲ့သူကိုပေးမယ် အစရှိသဖြင့် သို့ပေမယ့် သာမန်အားဖြင့် ကြည့်ရင် သူတို့က ပြင်းပြင်းထန်ထန်ဆန့်ကျင်တာမဟုတ်ပေမယ့်လို့ သူတို့မှာရွေးချယ်ပြီးသားရှိတယ်။ ရပ်တည်ပြီး သားရှိတယ်။ အဲဒီလူတွေကိုသွားပြီးတော့ CDM မလုပ်ရကောင်းလားပေါ့။ ဆန္ဒပြတုန်းကလည်း သူတို့ပါတယ်။ ဒါပေမယ့် ရေရှည်မှာ သူတို့ရဲ့မိသားစုအခြေအနေတွေကြောင့်မို့လို့ အလုပ်ထဲပြန်ဝင်သွားရပေမယ့်လို့ သူ့မှာ ဒီမိုကရေစီနဲ့ပတ်သက်လို့ ရပ်တည်ချက်ကရှိပြီးသား ကျောင်းတက်တယ်ဆိုလည်း ကလေးက ဆုံးဖြတ်တာ မဟုတ်ဘူး မိဘက ဆုံးဖြတ်တာဆိုတော့ မိဘတွေရဲ့ အကျပ်အတည်းနဲ့ မိဘတွေရဲ့အခက်အခဲရှိတယ်။ အဲဒီကြားမှာ ရန်သူဖက်ကိုရောက်မသွားအောင် ကျွန်တော်တို့က စည်းရုံးနိုင်ရမယ်။ ကြားနေတွေကို ကိုယ့်ဘက်ရောက်အောင် စည်းရုံးနိုင်ရင် ရန်ကနည်းသွားရော။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ရန်ငါကြား ဆိုတဲ့ဟာက ကြား ကြီးလာရင် ရန်က နည်းသွားမယ်။ အဲဒီတော့ ကြား ကိုသွားပြီး ရန်သွားလုပ်လိုက်လို့ရှိရင် သူကရန်ဘက်ကို တွန်းပို့သလို ဖြစ် သွားပြီးတော့ တဖြည်းဖြည်းနဲ့ရန်သူများသွားတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်တော်တို့က ရန်ငါကြားဆိုတာကို အခြေခံ အားဖြင့် ကျွန်တော်တို့က နားလည်ဖို့လိုတယ်။ တကယ်လို့ တချိန်ချိန်မှာအမျိုးသားရေးပြန်လည်သင့်မြတ်ရေးကို ပြန်ပြီးသွားကြရတော့မယ်ဆိုရင် ရန်သူလို့တောင် သတ်မှတ်လို့မရတော့ဘူး။ ကိုယ့်ရဲ့ Counter Part လို့ ကျွန်တော်က Enemy မဟုတ်တော့ဘူး။ ကိုယ့်ရဲ့ဆွေးနွေးဖက်ကို ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဂျပန်-အင်္ဂလိပ်နဲ့မတူတာက သူတို့ကသူတို့နိုင်ငံသူတို့ပြန်သွားမှာ အဲဒီတော့ ဒီမှာက ကျွန်တော်တို့က အထဲမှာပဲပြန်ပြီး နေကြရမယ့်သူတွေကြားထဲမှာ အမှားအယွင်းတွေက နှစ်ဖက်စလုံးမှာရှိတယ်။ ကျွန်တော်ကမြင်တာကတော့ အဲဒီတော့ ကျွန်တော်တို့က တချိန်ချိန်မှာ ကျွန်တော်တို့က လမ်းကြောင်းမှန်ပေါ် ပြန်ရောက်လာဖို့အတွက်ကို ရေရှည်အမြင်နဲ့ပြောမယ်ဆိုရင် (၁)အချက်ကတော့ ရန်များအောင်မလုပ်ရဘူး။ ဒါကျွန်တော်နှစ်ဖက်စလုံးကိုပြော တာ စစ်တပ်ကလည်း မဲမဲမြင်ရာ လျှောက်ဖမ်းနေရင်တော့ ပြည်သူနဲ့ရန်ဖြစ်နေမှာပဲ။ အဲဒီတော့ ပြည်သူကို ရန်မလုပ်ရဘူး။ ကျွန်တော်မြင်တဲ့ကိစ္စက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့ပတ်သက်တဲ့ကိစ္စ မှာကတော့ သူကမကြိုက်တဲ့ကိစ္စ၊ မကြိုက်တာအပြစ်မဟုတ်ဘူး။ ကျွန်တော်မြင်တာကတော့ ဒီဘက်ကလည်း PDF ကလည်း လျှောက်ပြီးတော့ ဒီလိုမျိုး လက်နက်မဲ့အရပ်သားတွေကို ထိခိုက်သေဆုံးနေတာတွေနဲ့ပတ်သက်ရင် တာဝန်ရှိတယ်။ ကျွန်တော်တို့က ဒါတွေက သတိထားဖို့ လိုတယ်လို့မြင်တယ်။ ဒါကြောင့်မို့လို့ ပြည်သူကို ရန်သူ မလုပ်ဖိုတော့ အရေးကြီးတယ်လို့ ကျွန်တော်ကနှစ်ဖက်စလုံးကို ကျွန်တော်ကတော့ တိုက်တွန်းချင်တယ်။ ပြီးလို့ရှိ ရင် နိုင်ငံကိုလမ်းမှန်ပေါ်ပြန်ရောက်လာအောင် တကယ့်ကိုအမြင်ကျယ်ကျယ်နဲ့ ကြိုးစားကြဖို့လိုတယ်။ လတ်တလောအခြေအနေလောက်ကို ကွက်ပြီးတော့ကြည့်လို့မရဘူး။ ရေရှည်အမြင်နဲ့ကြည့်ဖို့လိုမယ်လို့ ကျွန်တော် တော့မြင်တယ်။

မေး ။ ။ အခုနိုင်ငံတကာသံတမန်တွေ နိုင်ငံတကာနိုင်ငံခြားရေးဝန်ကြီးတွေ လာသွားတဲ့အချိန်မှာလည်း တကယ့် ပြောနိုင်ဆိုနိုင်တဲ့ Speaker တွေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးလိုလူမျိုးတွေ အာဆီယံအထူးကိုယ်စားလှယ်လို လူမျိုးတွေပြောတဲ့စကားလုံးတွေကို ပြန်ချုံ့ကြည့်လိုက်မယ်ဆိုရင် point က ရှင်းရှင်းလေး၊ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်ရေး၊ ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်းကို တွန်းပို့ထားတာတွေ့ရတယ်။ သူတို့က ညှိနှိုင်းဆွေးနွေး ရေးလမ်းကြောင်းပေါ်ကို တွန်းပို့ထားတယ်။ အကြမ်းဖက်မှုတွေ ရပ်ဖို့ပဲ တွန်းပို့ထားတယ်။ ဒါပေမယ့် ဒီနေ့ပြည် တွင်းမှာ ဖြစ်နေတာကျတော့ ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်းပေါ်ကို မတက်ဘူးလို့ လုံးဝဆုံးဖြတ်တဲ့အဖွဲ့ အစည်းက သက်သက်ရှိတယ်။ သူတို့နဲ့ဆို မဆွေးနွေးနိုင်ဘူးဆိုတာလည်း ရှိတယ်။ တစ်ခါ အကြမ်းဖက်မှုကို ရပ် မယ်ဆိုရင် တစ်ဖက်ထဲရပ်ပါလို့ ပြောလို့မရဘူး။ နှစ်ဖက်စလုံးရပ်မှရမယ်လို့ ပြောထားတဲ့ဟာတွေရှိတယ်။ ဆိုတော့ သူတို့ပြောတဲ့စကားလုံးတွေကို ပြန်ကောက်ပြီးတော့ ဘယ်လိုများပြန်ပြောပြချင်လဲ၊ သုံးသပ်ချင်လဲ။
ဖြေ ။ ။ တစ်ခုတော့ရှိတယ် အခုလက်နက်ကိုင်တဲ့အဆင့်ထိ လူငယ်တွေဘာကြောင့်ဖြစ်သွားရတာလဲဆိုတော့ နိုင်ငံရေးကို အယုံအကြည်မဲ့သွားတဲ့ပြဿနာ။ အဲဒီတော့ နိုင်ငံရေးနည်းလမ်းနဲ့ တို့တွေလုပ်ခဲ့တာပဲ မရဘူး။ နောက်ဆုံး ကျွန်တော့်ဆိုလို့ရှိရင် တချို့ပြည်ပမီဒီယာတွေကပြောတဲ့အခါမှာ စစ်တပ်ကနားလည်တဲ့ ဘာသာစကား က လက်နက်ပဲဆိုတာမျိုးတောင်မှ ပြောလာတာတွေရှိတယ်။ အဲဒီတော့ စစ်တပ်ကလည်း အဲဒါမဟုတ်ဘူးဆိုတာ ပြန်ချေဖျက်ဖို့လိုတယ်။ ဆိုလိုတာက နိုင်ငံရေးနည်းလမ်းနဲ့ပြဿနာကို ဖြေရှင်းနိုင်တယ်ဆိုတဲ့မျှော်လင့်ချက်ကို ပေးနိုင်တာကတော့ လက်ရှိစစ်တပ်၊ နစကပဲ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ယေဘုယျသိပ်ဆန်တဲ့ ကတိစကား တွေနဲ့မလုံလောက်ဘူး အခုအခြေအနေကိုလွန်မြောက်ဖို့အတွက်က ရွေးကောက်ပွဲလုပ်ပေးမယ်နိုင်တဲ့ သူအာဏာ လွှဲမယ်ဆိုတာမျိုးလောက်နဲ့ ဖြတ်သန်းလို့မရဘူး။ ဒါကြောင့်မို့လို့ အကြမ်းဖက်မှုတွေမလုပ်ကြပါနဲ့ ဆိုရင် ဒီဘက်က နိုင်ငံရေးအရ ထင်ရှားတဲ့၊ သိသာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဘာတွေလုပ်မယ်ဆိုတာမျိုးကို ကျွန်တော်တို့ ဒါအမြဲတမ်းပြောနေတဲ့ အသွင်ကူးပြောင်းရေးကာလ သဘောတူညီချက်ပေါ့။ အဲဒါက အရေးတကြီးပြသဖို့လိုတယ် နောက်တစ်ခုက ဒီလိုကြိုးပမ်းဆောင်ရွက်တဲ့အခါ ဖြေရှင်းဖို့ကြိုးစားနေတယ်ဆိုတာကို အာဆီယံလိုမျိုး ဒေသတွင်း အဖွဲ့အစည်းတွေ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ထောက်ခံမှု၊ အသိအမှတ်ပြုမှုရဖို့ လိုတယ်။ ဒါကြောင့်မို့လို့ အာဏာကိုရယူထားတဲ့စစ်တပ်က တာဝန်အရှိဆုံးပဲ။ အဲဒီတော့ သူတို့က နိုင်ငံရေးမျှော်လင့်ချက်ကောင်းကောင်းကို ဖန်တီးပေးမှ ဒီလိုမျိုးကျွန်တော်တို့ လက်နက်ကိုင်ပဋိပက္ခတွေလည်း လျော့ချလို့ရမယ်။ အဓိကအကျဆုံးက ဒီမိုကရေစီရေးနဲ့ ဖက်ဒရယ်ရေးနဲ့ပတ်သက်တဲ့ပြုပြင်ပြောင်းလဲမှုတွေကို သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတဲ့ နိုင်ငံရေးမျှော်လင့်ချက်ကောင်းကောင်းဖန်တီးပေးဖို့လိုမယ်လို့မြင်တယ်။ အဲဒီတော့ စစ်တပ်က သူ့သဘောနဲ့သူ သူတစ်ယောက်ထဲတော့ သူဆုံးဖြတ်လို့မရဘူး။ ဒီဘက်မှာ ပဋိပက္ခထဲမှာပါဝင်နေတဲ့ အင်အားစု တွေနဲ့ သဘောတူညီမှုတစ်ခုကို အချိန်ကသိပ်မရှိဘူး။ ကျွန်တော်တို့က ၂ဝဝ၈ အရ စစ်တပ်ကသူဟာ၊ သူ့ရဲ့ Roadmap ကိုပြောထားတာဖြစ်တဲ့အတွက်ကြောင့် ဒီနှစ်ထဲမှာကိုပဲ ကျွန်တော်တို့က ရလဒ်တစ်ခု ခိုင်ခိုင်မာမာ ဖြစ်လာအောင် ကျွန်တော်တို့က ကြိုးစားဖို့လိုတယ်လို့ မြင်တယ်။

မေး ။ ။ ဒီနေရာမှာ စစ်တပ်ကတော့ အရပ်ဖက်နိုင်ငံရေးသမားတွေနဲ့ သေချာတော့မတွေ့သေးဘူး။ သို့သော် ဒီတိုင်းရင်းသား EAO တွေနဲ့သွားတွေ့တာတော့ တွေ့ရတယ်။ သူနဲ့တွေ့နေတာ(၁၀) ဖွဲ့ပြည့်တော့မယ်ဆိုတော့ (၁၀) ဖွဲ့ တွေ့မယ်ပြောထားပြီးပြီ၊ (၉) ဖွဲ့တွေ့ပြီးပြီ။ ဒါပေမယ့် အခြားသော ဒီကျန်တဲ့သက်ဆိုင်ရာ တိုင်း/နယ် အဖွဲ့ အစည်းတွေမှာလဲ တွေ့ကိုတွေ့မယ့် သူတွေ့ပေးမယ့် သူတွေတော့ရှိတယ်။ ဒါပေမယ့် တွေ့မယ့်အဖွဲ့အစည်းတွေက တော့ အကြမ်းဖက်လှုပ်ရှားမှုတွေ မလုပ်ရဘူး၊ မလုပ်ပဲနေမှသာ သူကတွေ့မှာ အကြမ်းဖက်လှုပ်ရှားမှုတွေလုပ်ရင် မတွေ့ဘူးဆိုတဲ့သဘောမျိုး သူပြောတာတွေ့ရတယ်။ ဒါတစ်ဖက်ကပြောမယ်ဆိုရင်လည်း ကြည့်လိုက်ရင်လည်း တပ်နဲ့မတွေ့ဘူးလို့ တွေ့စရာအကြောင်းမရှိဘူး၊ ဆွေးနွေးစရာအကြောင်းကိုမရှိဘူးလို့ အပြတ်ကိုပြောထားတဲ့ အဖွဲ့တွေလည်း ရှိတယ်ဆိုတော့၊ ဒီလိုအခင်းအကျင်းမှာ ဘယ်လိုမျိုးတွေ့ဆုံညှိ့နှိုင်းရေးလမ်းကြောင်းပေါ်ပါဦးမလဲ နော်။ နိုင်ငံတကာက ဘယ်လောက်ကိုပြောနေပြောနေ ဘယ်လိုလုပ်မှ ရလဒ်က ထွက်မယ်ထင်လဲ။
ဖြေ ။ ။ အခုကတော့ လက်ရှိတွေ့ဆုံဆွေးနွေးနေတာကတော့ EAO တွေနဲ့တွေ့ဆုံဆွေးနွေးနေတာရှိတယ်၊ နောက်တစ်ခုက နိုင်ငံရေးပါတီတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ကျွန်တော်တို့ကြားရတယ်ပေါ့နော်။ ဆိုတော့ အဲဒါကတော့ လတ်တလောမှာ ဒါကျွန်တော်တို့ထိတွေ့နေတဲ့အဖွဲ့တွေပေါ့။ တကယ်ရတော့ တွေ့ဆုံဆွေး နွေးမှုဆိုတာက မပါသေးတဲ့သူတွေပါ၊ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ပါလာအောင် ဆွေးနွေးမှုအဝန်းအဝိုင်းကို တဖြည်း ဖြည်းတော့ ချဲ့ဖို့လိုတာပေါ့။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က ဆွေးနွေးမယ့်အဖွဲ့အစည်းပုဂ္ဂိုလ်များကလည်း နိုင်ငံရေးက ဖြစ်စဉ်ဆိုတာကိုတော့ လက်ခံဖို့လိုမယ်လို့မြင်တယ်။ တထိုင်တည်းနဲ့အားလုံးဖြေရှင်းဖို့ကတော့ မဖြစ် နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ပြသနာကလည်း အခုလွတ်လပ်ရေးနဲ့အတူပေါ့ ဖြစ်လာတော့ နှစ် (၇ဝ) ကို နေ့ချင်းညချင်းဖြေရှင်းဖို့ကတော့ ကျွန်တော်တို့က စိတ်ကူးယဉ်လို့တော့ မရဘူး။ အဲဒီတော့ ဒီအကျပ် အတည်းကို လွန်မြောက်နိုင်တဲ့အဆင့်တစ်ဆင့်ကို ပထမအဆင့်အဖြစ်နဲ့ ကျွန်တော်တို့ကြိုးစားဖို့ ချဉ်းကပ်ဖို့လို တယ်။ ပြီးတော့မှ ဆက်ပြီးတော့လည်း ဆွေးနွေးနေရမှာပဲ ဒါကရပ်သွားတာမဟုတ်ဘူး သူကဖြစ်စဉ်ဖြစ်နေရမယ် သူက process ရဲ့သဘောက လက်ရှိအခြေအနေထက်ပိုကောင်းတဲ့အဆင့်တစ်ဆင့် ဒီထက်ပိုကောင်းတဲ့အဆင့် ဒီထက်ပိုကောင်းတဲ့အဆင့်ဆိုတာကို ဒီလိုမျိုးကျွန်တော်တို့က သွားရတဲ့ကိစ္စမှာ တထိုင်တည်းနဲ့အားလုံးဖြေရှင်းဖို့ ဆိုတာမျိုးကတော့ ကျွန်တော်တော့ မမျှော်လင့်နိုင်ဘူးလို့ပဲမြင်တယ်။ ဒါကြောင့်မို့လို့ ဒီအခြေအနေကို လွန်မြောက် တဲ့အဆင့်ကို ပထမဦးဆုံးဝိုင်းပြီး ကြိုးစားသင့်တယ်။ အဲဒီတော့ ဒီကိစ္စက ပြီးတော့ ဆက်ဆွေးနွေးမယ် နောက်ဆုံး ပြောရရင် ကျွန်တော်တို့နိုင်ငံရဲ့ပြဿနာက ဖွဲ့စည်းပုံအကျပ်အတည်းပဲ အဲဒီတော့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအကျပ် အတည်းကို ဒီပွဲတစ်ပွဲတည်းနဲ့မပြီးဘူး။ ဒီဟာပြီးသွားရင်တောင်မှ ကျွန်တော်တို့က ဒီဖွဲ့စည်းပုံတစ်ခုလုံးကို ပြန်လည်သုံးသပ်တာမျိုးပေါ့ Review လုပ်ရမယ့်ကိစ္စမျိုးတွေကို ဒါကျွန်တော်တို့ကဆက်ပြီး လမ်းဖွင့်ထားဖို့ လိုမယ် လို့ မြင်ပါတယ်။

မေး ။ ။ တပ်ကတော့ EAO တွေနဲ့ ဆွေးနွေးနေတဲ့အထဲမှာဆိုရင် ကျွန်တော်တို့ ပြန်ကြားရသလောက်ကတော့ အတော်များများ EAO တွေကို ပေးတဲ့ကတိကဝတ်တွေက ခိုင်ခိုင်မာမာကောင်းကောင်းမွန်မွန်ပေးကြတယ်လို့ ကြား တယ်။ သူတို့မမျှော်လင့်ထားတဲ့ ကတိကဝတ်တွေကိုတောင်ပေးတယ်လို့ သတင်းတွေကြားရတယ်။ ဆိုတော့ ဒီလိုမျိုး တကယ်ပေးခဲ့တယ်ဆိုရင်တော့ ကျွန်တော်တို့တကယ်မျှော်လင့်ထားတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် ပြည်ထောင်စုကြီးကိုလည်း တကယ်ရောက်အောင် ရွှေ့လို့ရမယ်ဆိုတဲ့သဘော။ သို့သော် တကယ့်ဒီနိုင်ငံမှာ အားကြီးတဲ့အင်အားစုအဖြစ်ရှိနေတာသည် NUG နဲ့ သူ့ရဲ့ထောက်ခံသူများအုပ်စုပေါ့။ သူတို့ကတော့ လုံးဝဆွေးနွေး စရာအကြောင်းကို မရှိဘူး။ အပြုတ်ကိုတိုက်မယ်ဆိုတဲ့ခေါင်းစဉ်ကို ရွေးထားပြီးသားဖြစ်တဲ့အတွက် ဘယ်လို ဆက်ပြီး ရှင်သန်အောင်လုပ်ကြမလဲ။ ဒါကို ဘယ်လိုရှင်းမှ ရမယ်လို့ထင်လဲ။
ဖြေ ။ ။ တစ်ခုကတော့ သူတို့ဘက်ကပြောတဲ့အထဲမှာ တချို့ဟာတွေကလည်း လက်နက်ကိုင်နည်းလမ်းက နည်းနာတစ်ခုပါလို့ ပြောတာတွေလည်း ကျွန်တော်တို့ကြားရပါတယ်။ အဲဒီတော့ နည်းနာတစ်ခုဆိုရင်တော့ ဆွေးနွေးနိုင်တဲ့ မျှော်လင့်ချက်ရှိတယ်ပေါ့။ နောက်တစ်ခုကတော့ အပြုတ်တိုက်ရေးဆိုတာကတော့ ဒေါသဖြစ်လို့ ကျွန်တော်တို့ အရပ်ထဲမှာရန်ဖြစ်သလို တုတ်၊ ဓါး၊ လက်နက်မပါလို့ ပါးစပ်နဲ့ပြောရင်တောင်မှ ဆဲဆိုကြိမ်းမောင်း ပြောနေကြတာမျိုးတွေကတော့ ရှိတယ်။ သို့သော် တကယ့်တကယ်က နိုင်ငံတကာချဉ်းကပ်မှုကလည်းပဲ နိုင်ငံရေး အရ ဆွေးနွေးဖို့ကိုပဲ တိုက်တွန်းနေတာဖြစ်တဲ့အခါကျတော့ အကောင်းဆုံးကတော့ ထိခိုက်နစ်နာမှုအနည်းဆုံးက နိုင်ငံရေးအရဆွေးနွေးမှုပဲ။ အဲဒီတော့ ထောင်းတင်မောင်းတင်ပြောနေတဲ့ကိစ္စတွေကတော့ ရန်ဖြစ်နေတဲ့အချိန်မှာ ရှိကြမှာပေါ့။ သို့သော် တကယ်တမ်း တေ့တေ့ဆိုင်ဆိုင်ပြောတဲ့အခါမှာ လက်တွေ့ကြဖို့လိုတယ်လို့ပဲ မြင်ပါတယ်။

မေး ။ ။ အဲဒီတော့ တပ်အနေနဲ့ကတော့ တရုတ်ရဲ့နိုင်ငံခြားရေးဝန်ကြီးကရော အာဆီယံကိုယ်စားလှယ်ကရော တိုက်တွန်းနေတဲ့အတိုင်း ဒီဘက်လက်ကျန် ၆ လ၊ ၂၀၂၂ ခုနှစ် လက်ကျန် ၆ လအတွင်းမှာ တကယ့်ဒီနိုင်ငံရေး ဆွေးနွေးမှုကြီးတွေကို ဒါတိုင်းရင်းသားတွေနဲ့ သူဆွေးနွေးနေပြီး၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တချို့မပါ သေးတဲ့လူတွေလည်းရှိတယ်။ နောက်ပိုင်းပါလာနိုင်ချေရှိတာလည်း သိတယ်။ နိုင်ငံရေးပါတီကြီးတွေနဲ့လည်း သူတွေ့ဖို့ ရှိတယ်ဆိုတာလည်း ရှိတယ်။ ဆိုတော့ စစ်တပ်အနေနဲ့က သူတို့ရှေ့မှာလုပ်ထားတဲ့ အကုန်လုံးနဲ့ အကုန် လုံးကို ချိန်ပြီးတော့မှ လုပ်သင့်တာကို သူလုပ်နေတယ်လို့မြင်မိလား။ ဒါမှမဟုတ် သူလုပ်ချင်တာတွေ သူလုပ်နေ တယ်လို့ မြင်မိလား။
ဖြေ ။ ။ ကျွန်တော်တို့သမိုင်းပြန်ကြည့်လို့ရှိရင်လည်း အင်္ဂလိပ်အုပ်ချုပ်တဲ့ခေတ်မှာ အင်္ဂလိပ်က တွဲမလား၊ ခွဲ မလား သူကဦးဆောင်ပြီးတော့ သူကချပေးတာပေါ့။ ၉၁ ဌာန ယူမလား၊ မယူဘူးလားဆိုတာမျိုးတွေ ဖြစ်တဲ့အခါ ကျတော့ ကျွန်တော်တို့ဒီဘက်က အတိုက်အခံတွေကြားထဲမှာက အဖြူ/အမဲ လက်ခံမယ်၊ လက်မခံဘူးနဲ့ ကွဲကြတာ ပေါ့။ သို့သော် ကျွန်တော်တို့က ဘာပဲပြောပြော နိုင်ငံရေးယဉ်ကျေးမှုတည်ဆောက်တာက ဒီတစ်ခေါက်မတူရင် တောင် နောက်တစ်ခေါက်တူနိုင်တယ်။ ဒီအကြောင်းအရာမှာ မတူရင်တောင် နောက်အကြောင်းအရာမှာ တူနိုင် တယ်ဆိုတဲ့ဟာမျိုးကို ကျွန်တော်တို့က ဒီကွဲလွဲမှုကိုအသိအမှတ်ပြုနိုင်တဲ့ယဉ်ကျေးမှုတော့ ရှိဖို့လိုတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့သေချာတာက ဒါကျွန်တော်တို့တွေဆိုရင် တစ်လျှောက်လုံးလည်း ဒီမိုကရေစီ ရရေး၊ အာဏာရှင်ဆန့်ကျင်ရေး လုပ်ခဲ့တဲ့အခါကျတော့ အဲဒါက သေတဲ့အထိပျောက်မှာမဟုတ်ဘူး နည်းလမ်းတွေ သာ ကွဲချင်ကွဲသွားမယ်။ ကျွန်တော်တို့ပန်းတိုင်က ကျွန်တော်တို့နိုင်ငံ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မှကို ဖြစ်မှာ အဲဒါရှောင်လို့မရဘူး။ ဒီမိုကရေစီသွားမှကိုဖြစ်မယ်။ အဲဒီလိုသွားနိုင်ဖို့အတွက် ရင့်ကျက်မှုတွေလိုတယ်။ တစ်ဖက်က ရုန်းကန်လှုပ်ရှားမှုတွေလိုသလို တစ်ဖက်ကလည်း ကျွန်တော်တို့တွေကိုယ်၌က ရင့်ကျက်လာဖို့လို တယ်ဆိုတော့ ဆင်ခြင်တုံတရား အားကောင်းပြီးတော့ ချဉ်းကပ်ကြဖို့လိုတယ်။ စိတ်ခံစားမှုကိုလှုံံ့ဆော်တာက လွယ်တယ်၊ အဖြေထုတ်ဖို့ကျတော့ စိတ်ခံစားမှုနဲ့သွားလို့မရဘူးဆိုတော့ ကျွန်တော်တို့လို နိုင်ငံရေးဦးဆောင်သူ တွေက အဓိကပဲ။ ပြည်သူတွေနဲ့ပတ်သက်ရင် ကျွန်တော်က မဲထည့်ဆိုလည်း ထည့်တာပဲ။ လမ်းပေါ်ထွက်ဆိုလည်း ထွက်ခဲ့ပြီးပြီ။ ပြည်သူတွေဘက်က သူတို့လုပ်နိုင်တဲ့အတိုင်းအတာမှာ တောက်လျှောက်တာဝန်ကျေခဲ့တယ်လို့ ကျွန်တော်တို့မြင်တယ်။ အဲဒီတော့ ဦးဆောင်သူတွေအပိုင်းက ပြည်သူကိုအားလုံးပါဝင်နိုင်တဲ့ နည်းလမ်းစဉ်းစားဖို့ လိုတယ်။ အဲဒီတော့ ကျွန်တော်တို့ဆိုရင် နိုင်ငံရေးနည်းလမ်းကိုရွေးတယ်ဆိုတာက အများစုပါနိုင်တယ်ဆိုတော့ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့က ပြည်သူတိုင်းပါဝင်နိုင်တဲ့နိုင်ငံရေးကိုတော့ ကျွန်တော်တို့ဦးတည်ဖို့လိုတယ်လို့ တော့ ကျွန်တော်တော့ မြင်ပါတယ်။

မေး ။ ။ ခုနကပြောသလို ပြည်သူတွေက တာဝန်ကျေတယ်။ လုပ်စရာရှိတာလုပ်တယ်ပေါ့။ ပြန်ကြည့်ရရင် ၂ဝ၂၁ အခင်းအကျင်းပေါ်လာတဲ့အချိန်မှာ ပြည်သူတွေ ဆန္ဒပြပါဆိုရင် ပြည်သူတွေတော်တော်များများ အကုန်ထွက်ပြီး ဆန္ဒပြကြတယ်။ သံပုံးတီးဆို တီးကြတယ်။ ဘာလုပ်ဆိုလုပ်တယ်။ အကုန်လုပ်တယ်ပေါ့။ တစ်ခါ အလှူ‌ငွေထည့်ပါ ဆိုလည်း ထည့်တယ်။ ဒါပေမယ့် ဘယ်လောက်ပဲ ဘာတွေပဲလုပ်လုပ်၊ အရွေ့က ရွှေ့သွားတယ်ဆိုတာမရှိဘဲနဲ့ ပြည်သူတွေရဲ့ရင်ထဲမှာ အမုန်းတရားတွေသာ ပိုပိုပြီးကြီးလာတာတွေ့ရတယ်။ အကြောက်တရားတွေလည်း ပိုကြီး လာတာတွေ့ရတယ်။ အချင်းချင်းအပြန်အလှန် လူလူချင်းစာနာထောက်ထားမှု၊ နားလည်ပေးမှု မေတ္တာတရား ထားရမယ်ဆိုတာ ပျောက်သွားတာတွေ့ရတယ်။ ဆိုတော့ စစ်တပ်အပိုင်းကတော့ ထားလိုက်ပေါ့၊ စစ်တပ်သည် ဒီအာဏာယူဖို့ မယူသင့်ဘူးဆိုတာ လူတိုင်းသိတယ်၊ လက်ခံတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေအနေနဲ့ လူထုကို နည်းလမ်းမျိုးစုံ ခိုင်းခဲ့ပြီးသွားပြီ။ ဒါပေမယ့် လူထုကို သူတို့ပြန်ပေးလိုက်တာက အကြောက်တရားတွေနဲ့ အမုန်း တရားတွေပဲပြန်ပေးပြီးတော့ ပိုပိုမုန်းအောင်လုပ်တယ်။ ပိုပြီးကြောက်အောင်လုပ်ကြတယ်။ နိုင်ငံရေးသမား တစ်ယောက်ဟာ ပြည်သူလူထုကို အဲဒီလိုလုပ်သင့်သလားဆိုတဲ့ ရှု့ထောင့်ပေါ့။
ဖြေ ။ ။ နှစ်ဖက်ပြောရမှာပေါ့။ နှစ်ဖက်ပြောရမယ်ဆိုတာက စစ်တပ်ကိုယ်၌ကလည်း နိုင်ငံရေးနယ်ပယ်ထဲကို ရောက်လာပြီဆိုကတည်းက လူထုရဲ့စိတ်ခံစားမှု၊ တုန့်ပြန်မှုကို အလေးနက်ထားဖို့လိုတယ်။ နောက်တစ်ခုက စစ်တပ်ရဲ့ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုနဲ့ အရပ်ဖက်စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုနဲ့က မတူဘူး။ ဒီဘက်က နိုင်ငံရေးသမားတွေ အနေနဲ့ကလည်း သူတို့ နှစ်(၇ဝ)ပေါ့။ ဒီတိုက်ပွဲတွေနဲ့ ပဋိပက္ခတွေနဲ့ပဲ တော်လှန်ပြီးရင်းတော်လှန်၊ နောက်မျိုးဆက် ကို ဒီတော်လှန်တဲ့အမွေတွေပဲ ထပ်ပေးဆိုတာကြီးက ဘယ်‌လောက်ကြာကြာ ဆက်သွားနေအုံးမှာလဲ။ ကြာတော့ ဘာဖြစ်လာလဲဆိုတော့ စစ်တပ်နဲ့ စစ်တပ်ဆန့်ကျင်တဲ့ အင်အားစုနဲ့ အဲဒါကြီးကိုကျွန်တော်တို့က တောက်လျှောက် မွေးနေတာထက်စာရင် ၂ဝ၁၂ ရွေးချယ်မှုဆိုရင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို ရွေးချယ်ခဲ့တာ။ ဒါပေမယ့် (၅) နှစ်နဲ့ နိတ္ထိတန်သွားတယ်။ ဆင့်ကဲပြောင်းလဲမှုဖြစ်မသွားဘူး။ အဲဒီတော့ ဒါကြောင့်မို့လို့ ထိခိုက်နစ်နာမှုအနည်းဆုံးက Evolution ပေါ့။ Revolution ဆိုတာက တော်လှန်ရေးဆိုတာ ရုတ်ချည်းပြောင်းလဲဖို့ကြိုးစားတာ။ အခုသေချာတာ ကတော့ ရုတ်ချည်းမပြောင်းလဲတာ (၂) နှစ်ရှိသွားပြီပေါ့။ ၁ နှစ်ခွဲ ၂ နှစ်ဖြစ်သွားပြီ။ နောက် ဘယ်လောက်ကြာမလဲ ကျွန်တော်တို့ မသိနိုင်ဘူး။ အဲဒီတော့ ကျွန်တော်တို့က ကိုယ်နိုင်ငံတွင်း ပဋိပက္ခကိုဖြေရှင်းနိုင်ဖို့အတွက်က ခုနက နိုင်ငံရေးဆိုတာ Process ဖြစ်စဉ်ဆိုတာကို လေးလေးနက်နက်နားလည်ရင် ဖြစ်စဉ်အဆင့်တိုင်း၊ အဆင့်တိုင်းမှာ လက်ရှိအခြေအနေထက် ပိုကောင်းတဲ့အခြေအနေတစ်ရပ်ကိုရောက်ဖို့ ဒီထက်ပိုကောင်းအောင်ကြိုးစားဖို့ပေါ့။ ကျွန်တော်တို့ကတော့ Evolution ကို ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ်ကို ထိခိုက်နစ်နာမှုအနည်းဆုံးနဲ့ဆွဲခေါ်နိုင်ဖို့။ နောက်တစ်ခုက ပြည်သူတစ်ဦးချင်းရဲ့အခြေခံလိုအပ်ချက်က လုံခြုံရေးပိုင်းနဲ့စားဝတ်နေရေးပဲ။ ဒီလုံခြုံရေးနဲ့ စားဝတ်နေရေးကို အာမခံနိုင်တဲ့အဆင့်တစ်ဆင့်ကို ကျွန်တော်တို့က ပထမဆုံးသွားဖို့လိုတယ်။ အဲဒီတော့ စစ်တပ် ဘက်ကလည်းပဲ မြေပြင်အခြေအနေတွေကို မှန်မှန်ကန်ကန်နားလည်ဖို့၊ သုံးသပ်ဖို့လိုတယ်။ အကြောက်တရားနဲ့ ဖြေရှင်းခြင်းဟာ ကျွန်တော်တို့နိုင်ငံအတွက် ရလဒ်ကောင်းမထွက်ဘူးဆိုတာကို ကျွန်တော်တို့လုံလောက်တဲ့ သင်္ခါန်းစာလည်း ရခဲ့ပြီးပြီလို့ ကျွန်တော်တို့မြင်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံ‌ရေးမျှော်လင့်ချက်ကောင်းကောင်း၊ ထွက်ပေါက်ကောင်းကောင်းကို စစ်တပ်ဘက်ကလည်း ဖန်တီးဖို့လိုတယ်။ ကျွန်တော်တို့ဒီဘက်က အရပ်ဖက် နိုင်ငံရေးသမားများအနေနဲ့ကလည်း တိုင်းပြည်ဒီလောက်စုတ်ပြတ်ပြီး အခြေအနေဖြစ်နေတဲ့ကိစ္စကိုပြန်ပြီး လွန်မြောက်ဖို့အတွက် လက်တွေ့ကျတဲ့ရလဒ်ကို ဦးတည်တဲ့ချည်းကပ်မှုမျိုး လုပ်ဖို့လိုတယ်လို့ပဲ ကျွန်တော်တော့ ပြောချင်ပါတယ်။

မေး ။ ။ အခု နစကအနေနဲ့က‌ရော နိုင်ငံရေးသမားတွေကို နိုင်ငံရေးအရ ရပ်တည်ခွင့်၊ ရှင်သန်ခွင့်ပေါ့။ ဒီမိုကရေစီ နိုင်ငံရေးအရ ရပ်တည်ရှင်သန်ခွင့် ကောင်းကောင်းပေးလာ။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့ပြိုင်ဖက်ဖြစ်နေတဲ့ NUG ဘက်ကရော နိုင်ငံရေးအရ လွတ်လွတ်လပ်လပ်ရပ်တည်ရှင်သန်ပြောဆိုခွင့်ပေးသလား။ ဘယ်သူကပိုပြီး ပေးပြီး တော့ ဘယ်လိုပုံစံနဲ့တွန်းနေတယ်လို့မြင်လဲ။
ဖြေ ။ ။ အခုက ကျွန်တော်တို့ကိုယ်တိုင်လည်း အင်မတန်သတိထားနေရတယ်။ ကြိုးတန်းလျှောက်ရသလိုပဲ။ ကြိုးတန်းလျှောက်တာတောင် ခဏခဏကန်အချခံရတာပေါ့ဗျာ။ ဆိုလိုတာက စစ်တပ်ရော၊ တစ်ပါတီအာဏာရှင် ကနေ တစ်လျှောက်လုံးဖြတ်သန်းလာခဲ့ရတဲ့အခါမှာ အတိုက်အခံကိုချေမှုန်းတဲ့ပုံစံမျိုး၊ လက်အောက်ခံအဖြစ်နဲ့ သွတ်သွင်းတဲ့ပုံစံမျိုးပဲ စဉ်းစားလာခဲ့တာတွေများတယ်။ အခုကျတော့လည်း ဒီဘက်မှာ ကိုယ်နဲ့တစ်ဖက်တည်းမှ ပြတ်ပြတ်သားသားမရပ်ရင် တစ်ဖက်ကို ကန်ထည့်လိုက်တာပေါ့။ တံဆိပ်ကပ်လိုက်တာပေါ့။ ဆိုတော့ တံဆိပ်ကပ် ယဉ်ကျေးမှုက ကျွန်တော်တို့နိုင်ငံမှာ တော်တော်ကိုကြီးလာတယ်တဲ့အခါကျတော့ ကြားမထားဘူးပေါ့။ အမှန်က ကျွန်တော်တို့က ကြားမဟုတ်ဘူး။ ကျွန်တော်တို့မှာ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ရပ်တည်နေတာ။ ဒီမိုကရေစီအရေး၊ ဖက်ဒရယ်အရေးအပေါ်ကနေ တစ်လက်မမှ မရွေ့ဘူး။ သို့သော် လုပ်နည်းလုပ်ဟန်ကွဲရင်တောင်မှ လက်မခံနိုင် လောက်အောင် ကျွန်တော်တို့တစ်ခါတည်းတံဆိပ်ကပ်ပြီး‌တော့ နိုင်ငံရေးသတ်ဖို့ကြိုးစားနေတဲ့ပုံစံမျိုးမှာဆိုရင် ဒီနိုင်ငံမှာ တကယ့်ကို ပရော်ဖက်ရှင်နယ်ပေါ့။ နိုင်ငံရေးသမားရှင်သန်ဖို့ ရေခံမြေခံ တော်တော်ကိုနည်းလာတယ်။ သို့သော် ကျွန်တော်တို့ကတော့ ကျားကုတ်ကျားခဲကြိုးစားပြီးတော့ တကယ့်အရပ်ဘက် နိုင်ငံရေး ပြန်ပြီး ရှင်သန်လာဖို့၊ အားကောင်းလာဖို့ ကျွန်တော်တို့တတ်နိုင်သလောက်ပြောရရင်တော့ အနာခံပြီး‌တော့ ကြိုးစားသွား မယ်။ ကျွန်တော်တို့ကပဲ နောက်မျိုးဆက်ကိုအမွေပေးတဲ့အခါမှာ နိုင်ငံရေးနည်းလမ်း၊ နိုင်ငံရေးသမား ဆိုတာ ဘယ်လိုဆိုတာမျိုးကို ကျွန်တော်တို့ကတော့ သေသေချာချာနောက်မျိုးဆက်ကို လေ့လာနိုင်လောက်အောင်ပေါ့ နော်။ သင်္ခါန်းစာယူစရာတွေလည်း ရှိမှာပေါ့နော်။ အဲဒါလေးတော့ ကျွန်တော်တို့အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်။

မေး ။ ။ အဲဒီတော့ ပြည်တွင်းမှာကျန်နေခဲ့တဲ့ နိုင်ငံရေးသမားတွေကို ဆက်လက်ရပ်တည်ပြီးတော့ လွတ်လပ်စွာ ပြောဆိုခွင့်မရအောင် မျိုးစုံးပေါ့၊ ကန်ချတာပေါ့၊ နိုင်ငံ‌‌ရေးမြောင်းဘေးကျအောင် ကန်ချတာမျိုးဖြစ်စဉ်တွေ ပိုပြီး ကြီးထွားလာခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးက ဘာတွေခံစားရနိုင်ခြေရှိလဲ။
ဖြေ ။ ။ ဘာတွေခံစားရလဲဆိုတော့ နိုင်ငံရေးနည်းလမ်းကို အယုံအကြည်မဲ့သွားတယ်။ နိုင်ငံရေးသမားလဲ မလို တော့ဘူး။ နိုင်ငံရေးနည်းလမ်းလဲ မလိုအပ်တော့ဘူး။ ချမှရမယ်ဆိုရင်တော့ ကျွန်တော်တို့က သွေးထွက်သံယို၊ အနိဋ္ဌာရုံတွေနဲ့ပဲ ကျွန်တော်တို့ရဲ့သမိုင်းက ဒါတွေနဲ့ပဲပြည့်နှက်သွားလိမ့်မယ်။

မေး ။ ။ အစ်ကို အဲဒါတွေကို လိုချင်သေးလား။
ဖြေ ။ ။ ကျွန်တော်က အဲဒါကြောင့်လည်း ဒီလောက်ပေပြီးတော့လုပ်နေတာ။ တကယ်က ပွင့်ပွင့်လင်းလင်းပြော ရင် ကျွန်တော်တို့ထောင်ထဲနေရတာက သက်သာတယ်။ ထောင်ထဲနေတဲ့အတွက်ကြောင့် သူရွပ်ရွပ်ချွန်ချွန် လုပ်ပြီး တော့ အဖမ်းခံသွားရတယ်။ အထဲမှာအနစ်နာခံနေတယ်ဆိုတာမျိုး။ ဒီနိုင်ငံမှာကလည်း နိုင်ငံရေးလုပ်ရင် ထောင်ကျ မယ်ဆိုတာက ဒါကအခြေခံပဲ။ အခုကျွန်တော်တို့ ဆန်တက်ရတဲ့ကိစ္စက အဲဒါမျိုး၊ ဖမ်းဆီးခံရတဲ့ကိစ္စက ကျွန်တော် က ဂရုကိုမစိုက်ဘူး။ အခုလုပ်နေတာကလည်း ဘာမှအဖမ်းခံရမှာ ကြောက်စရာအကြောင်းမရှိဘူး။ ကျွန်တော်တို့ က ထောင်ထဲမှာ (၁၉) နှစ်ကျော်နေလာခဲ့တော့ ထောင်ထဲမှာ ဘယ်လိုနေရထိုင်ရမယ်ဆိုတာ ကျွန်တော်တို့အသား ကျပြီးသား။ နောက်ဆုံးပြောရရင် ကျွန်တော်တို့နေခဲ့ရတဲ့ထောင်က သံမန်တလင်းပေါ်မှာ အိပ်ခဲ့ရတာ။ အခုက ကွပ်ပျစ်နဲ့အိပ်ရတာ။ ကျွန်တော်တို့ ဂန်ဖလားနဲ့ အပေါ့အလေးသွားခဲ့ရတာ။ အခုက ရေလောင်းအိမ်သာနဲ့။ ပုံစံမလို အဝစား။ စာအုပ်စာတမ်းဖတ်ရှုခွင့်ရတယ်။ ထောင်မှာ မိသားစုကနေ အပ်ငွေအပ်လို့ရတယ်။ ဈေးဝယ်ရှိတယ်။ ကျွန်တော်တို့တုန်းက အဲဒီအခြေအနေတွေက စိတ်ကူးတောင်ယဉ်လို့မရဘူး။ အဲဒီတော့ ပြောချင်တာက ထောင်ထဲ ရောက်နေတဲ့ရဲဘော်တွေအပေါ်မှာလည်း ကျွန်တော်တို့စာနာပါတယ်။ ဘယ်သူမှမနေချင်ဘူးပေါ့။ သို့သော် အပြင် မှာ စိတ်ပင်ပန်းတာထက်စာရင် ထောင်ထဲနေတာတောင် ကျွန်တော်တို့ပိုပြီးသက်သာတယ်။ သို့သော် အဲဒါအဖြေ မဟုတ်ဘူးဆိုပြီးတော့ အခုအခြေအနေကိုရွေးချယ်ပြီးရပ်တည်ရတဲ့ကိစ္စက ကျွန်တော်ဟိုတုန်းက ထောင်ကျခဲ့တဲ့ အခြေအနေထက် အများကြီးပိုပြီးတော့ပင်ပန်းတယ်။ အဲဒီတော့ ဒီကြားထဲမှာမှ အယူအဆမတူရင် မပြောရဲမဆိုရဲ လောက်အောင် ဝိုင်းပြီးတော့ ဆဲဆိုခြိမ်းခြောက်ပြီးတော့ ဖိအားပေးတာ။ အဓိကကတော့ နှုတ်ပိတ်တာပေါ့။ ဘာမှမပြောနဲ့ မင်း ငါတို့နဲ့အတူတူမနေနိုင်ရင် မင်းနိုင်ငံရေးကိုစွန့်ခွာတော့၊ အသံမထွက်နဲ့ဆိုပြီးတော့ ခြိမ်းခြောက် တဲ့ပုံစံ၊ ဒါက ဒီမိုကရေစီယဉ်ကျေးမှုမှမဟုတ်တာ။ အထူးသဖြင့် ယဉ်ကျေးတဲ့လူအဖွဲ့အစည်းရဲ့အပြုအမူမဟုတ် ဘူး။ ဒါမျိုးကို ကျွန်တော်တို့ကကြံ့ကြံ့ခံပြီးတော့နိုင်ငံရေးနည်းလမ်းအပေါ်မှာ ယုံကြည်မှုပြန်တက်လာအောင် ကျွန်တော်တို့က ပေပြီးတော့လုပ်နေတာ။ ပြောရရင် သာမာန်ပုထုဇဉ်တစ်ယောက်အနေနဲ့ပြောရင် နိုင်ငံရေးဆက် လုပ်ဖို့တောင် မကောင်းဘူး။ ကျွန်တော်တို့ဒီအပေါ်ကနေ ဘာအကျိုးစီးပွားနဲ့မှလုပ်ခဲ့ကြတာမဟုတ်ဘူး။ ဒါကြောင့် မလို့ အခုကျွန်တော်တို့လုပ်နေတယ်ဆိုတာက နိုင်ငံရေးလမ်းကြောင်း ပြန်ပွင့်လာဖို့အတွက်၊ တစ်ဖက်ကလည်း ပြည်သူတွေရဲ့လေ့လာမှု၊ နားလည်မှု၊ ယုံကြည်မှုဟာ နာကြည်းမှု၊ စိတ်ခံစားမှုတွေကိုကျော်လွန်ပြီးတော့ ဆင်ခြင်တုံ တရားနဲ့တည်ငြိမ်တဲ့လူ့အဖွဲ့အစည်းပြန်ဖြစ်လာဖို့ မီဒီယာတွေရော၊ ကျွန်တော်တို့နိုင်ငံရေးသမားတွေရော၊ အထူးသဖြင့်က အာဏာရယူထားတဲ့စစ်တပ်ပဲ။ လူထုရဲ့အကြပ်အတည်းနဲ့စိတ်ခံစားမှုတွေကို နက်နက်ရှိုင်းရှိုင်း နားလည်ဖို့လိုတယ်လို့ မြင်တယ်။

မေး ။ ။ ကျွန်တော်ထပ်ပြီးတော့ Mention လုပ်ရရင် အစ်ကို့အနေနဲ့ နိုင်ငံရေးရပ်တည်ချက်အရ ရဲရဲဝံ့ဝံ့ရပ်နေလို့ ထောင်ထဲကို လာဖမ်းထည့်သွားမှာတော့ မကြောက်ဘူး။ ဒါပေမယ့် လုပ်နေရင်းနဲ့ ချောက်ထဲကို၊ နိုင်ငံရေးမြောင်း ထဲကို ထိုးကျသွားအောင်ကန်ချမယ့် အုပ်စုကိုတော့ ကြောက်တယ်။ အဲဒီလိုပုံစံမျိုးဖြစ်နေတာလား ခံစားချက်က။
ဖြေ ။ ။ အခုမွေးနေရတဲ့သတ္တိက ဟိုတုန်းက ကျွန်တော်တို့က စစ်တပ်ကိုကြောက်ရတာလေ။ စစ်တပ်နဲ့ပတ်သက် လို့ ကျွန်တော်ပြီးခဲ့တဲ့အခေါက်မှာတွေကတည်းက ဖမ်းတော့မယ်ဆိုတာကြိုသိတယ်။ တစ်ခါမှကျွန်တော် ထွက်မပြေးဘူး။ လာဖမ်းရင် အချိန်မရွေးအဆင်သင့်ပဲ။ ကျွန်တော် ၈၈ ဖမ်းတုန်းကတော့ UG ဗျ။ ၉၁ ဖမ်းတော့ အိမ် မှာ အိပ်နေတာပဲ။ လာဖမ်းတယ်၊ လိုက်သွားတာပဲ၊ ဘယ်မှမပြေးဘူး။ အဲဒါဘယ်လောက်ကြာသွားလဲဆိုတော့ ၁၃ နှစ်ကျော် ၁၄ နှစ်လောက်ကြာသွားတယ်။ ရွှေဝါရောင်တော်လှန်ရေးမတိုင်ခင်လေးမှာ လာဖမ်းသွားတယ်။ ဖမ်းမယ် ဆိုတာကြိုသိနေတယ်။ လာဖမ်းတဲ့သူကတောင် အံ့အားသင့်တယ်။ တံခါးလာခေါက်တယ်၊ ဧည့်စာရင်း စစ်ချင်လို့ တဲ့။ ပေါက်ကရတွေလျှောက်ပြောမနေနဲ့ ခင်ဗျားတို့က ဧည့်စာရင်းမဟုတ်ဘူး။ ခင်ဗျားတို့လုပ်စရာရှိတာလုပ်ဆို တော့ အိမ်မှာ ရှာဖွေရေး၊ ဘာညာလုပ်တဲ့အချိန်မှာ ကျွန်တော်ကုတင်ပေါ်ပြန်အိမ်နေတာပြီးရင် နှိုးလိုက်ဆိုပြီး။ သူတို့အချင်းချင်းတောင် ပြောသံကြားတယ်။ သူက ပြန်တောင်အိပ်နေသေးတယ်တဲ့။ ကျွန်တော်မှေးနေ လိုက်ပြီး တော့ သူတို့က လာပုတ်တယ်။ ကဲ... သွားကြရအောင်ဆိုတော့ ကျွန်တော့်ကုတင်ခြေရင်းမှာ အဝတ်စား ၂ စုံ၊ ၃ စုံနဲ့ သွားပွတ်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ အဆင်သင့်။ အဲဒီအချိန်တုန်းက ထောင်ထဲမှာ စာဖတ်လို့ရပြီဆိုတော့ ကျွန်တော်ထောင်ထဲယူသွားဖို့ဆိုပြီး အောက်စဖို့ဒ် Oxford advance leaner stationary က အင်္ဂလိပ်စာ သက်သက် တင်မဟုတ်ဘူး။ သက်ဆိုင်ရာဖွင့်ဆိုရှင်းလင်းချက်တွေက knowledge အများကြီးရတယ်။ အဲဒီစာအုပ်ကြီးတစ်အုပ် ဂျိုင်းကြားညှပ်ပြီးတော့၊ သ‌ဘောကတော့ လာဖမ်းတဲ့အချိန်မှာလိုက်ဖို့အတွက် အဆင်သင့်ပြင်ထားတာ။ အခုလည်း ပဲ တစ်ခါတစ်လေကျရင်ပြောရတယ်။ မြန်မြန်ဖမ်းသွားရင်တောင်အေးတယ်ကွာလို့။ စိတ်သက်သာတယ်။ ဒီတိုင်း နေတာထက်စာရင်။ အဲဒီတော့ပြောချင်တာက ကျွန်တော်တို့နိုင်ငံရေးစလုပ်ကတည်းက အနိမ့်ဆုံးအဆင့် အဖမ်းခံ ရတယ်။ သေတတ်တယ်ဆိုတာလည်း ကျွန်တော်တို့က ပိုင်းထားပြီးသား။ ထောင်ထဲမှာ စိတ်နဲ့သေကြည့်တာမျိုး အကြိမ်ပေါင်းများစွာ ကျွန်တော်တို့လုပ်ဖူးတယ်။ အပြင်မှာကျန်ခဲ့တဲ့ မိဘတွေစိတ်နဲ့သေကြည့်တယ်။ နောက်ဆုံး ကျွန်တော်က ညီအစ်ကိုနှစ်ယောက်တည်းရှိတော့ ကျွန်‌တော့်ညီသေသွားတယ်ဆိုတဲ့စိတ်နဲ့ သေကြည့်တယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုယ် သေကြည့်တယ်။ အဲဒါမျိုးတွေ ဖြတ်သန်းခဲ့တော့၊ ထောင်ထဲမှာ အင်မတန်ကြပ်တဲ့ အချိန်ကို ကျွန်တော်တို့ဖြတ်သန်းခဲ့တာ။ ပြောရရင် ကျွန်တော်တို့ နောက်ပိုင်းလွတ်လာတဲ့အချိန်မှာ ‌ထောင်က တော်တော်ကောင်းသွားပြီ။ တော်တော်ချောင်သွားပြီဆိုတော့ အခုလိုအချိန်မျိုးမှာဆိုရင် ထောင်ထဲမှာဆိုရင် ကျွန်တော်ဘာလုပ်နေမလဲဆိုရင် တရားထိုင်လို့ရတယ်။ စာဖတ်လို့ရတယ်။ ကျွန်တော်ရေးချိုးခါနီးပြီဆိုရင် ဒိုက် ထိုးတယ်၊ ဘယ်ရီရိုက်တယ်။ Jumping ခုန်တယ်။ ကိုယ့်ကိုယ်ကိုယ် ကျန်းမာရေးဂရုစိုက်တယ်။ အိပ်ချိန်၊ စားချိန် မှန်တယ်။ အခုကျွန်တော်တို့နိုင်ငံရေးလုပ်နေတယ်ဆိုတဲ့ကိစ္စက တော်ရုံနဲ့တော့ လက်လျော့ပြီးအရှုံးပေးသွားပြီး နိုင်ငံရေးကနေ လက်မြောက်ပြီး စွန့်ခွာသွားမယ်ဆိုတာမျိုးတော့ ကိုယ်လုပ်လက်စ၊ ကိုယ့်ယုံကြည်မှုကို အလွယ် တကူနဲ့တော့ မစွန့်လွှတ်ဘူး။ ကိုယ်ယုံကြည်တဲ့အတိုင်း တစိုက်မတ်မတ်ရပ်တည်မယ်ဆိုတဲ့အမွေပေါ့ဗျာ။ အဲဒါကို တော့ ကျွန်တော်ထားခဲ့မယ်။ နောက်ဆုံး ကျွန်တော့်ပညာရေးနဲ့ပတ်သက်ရင် သူငယ်ချင်းတွေက ရယ်တယ်။ ၈၄ ခုနှစ်မှာ ကျွန်တော် ပထမနှစ် စတက်တာ။ ၂ဝ၁၇ မှာ ကျွန်တော်နောက်ဆုံးနှစ် (၈၈) တုန်းက ကျန်ခဲ့တာကို ပြန်တက်တော့ ဘာကြောင်တာလဲလို့ ကျွန်တော့်ကိုပြောတယ်။ နောက်ဆုံးကျွန်တော့်သားသမီးတွေကို သူ့အဖေ ဟာ ကိစ္စတစ်ခုကို ဆုံးခန်းတိုင်အောင်လုပ်တယ်။ လွယ်လွယ်ကူကူနဲ့လက်လျော့သွားတဲ့၊ အရှံးပေးသွားတဲ့ လူတစ်ယောက်မဟုတ်ဘူး။ ပြီးမြောက်အောင်လုပ်တယ်ဆိုတာကို ကျွန်တော့်ကလေးတွေတင်မကဘူး။ လူငယ်မျိုး ဆက်တွေကိုပါပေါ့။ ဘယ့်နှယ့်ဗျာ တက္ကသိုလ်ဘွဲ့တစ်ခုရဖို့ (၃၃)နှစ်ကြာတယ်။ ကျွန်တော်ပြီးအောင်လုပ်တယ်။ အခုလည်းပဲ ကျွန်တော့်နိုင်ငံရေးယုံကြည်ချက်နဲ့ပတ်သက်ရင် ဆဲဆိုတိုက်ခိုက်နေတာတွေက တစ်ချိန်ကျရင် နားလည်သွားလိမ့်မယ်ဆိုတဲ့ နားလည်ခွင့်လွှတ်မှုနဲ့ ကျွန်တော်ဆက်ပြီးတော့ ရပ်တည်နေတာ။ ကျွန်တော် ဆက်ပြီး တော့လုပ်နေတာ။

မေး ။ ။ နောက်ဆုံးမေးခွန်းလေးတစ်ခုပါပဲ။ အခုအစ်ကိုရင်ဆိုင်နေရတဲ့ခံစားချက်တွေ၊ တိုင်းပြည်မှာဖြစ်နေတဲ့ ပြဿနာတွေကို သံတမန်အသိုင်းအဝိုင်းကိုရော အသိပေးခဲ့လား။ သူတို့က သိတော့ရော ဘာပြောလဲ။
ဖြေ ။ ။ သံတမန်အသိုင်းအဝိုင်းကလည်း ကျွန်တော်တချို့ပြောနေတာတွေကို အခြားသူပြောရင်တော့ လက်ခံ တွေ့မှာတောင် မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်သမိုင်းကိုသိတယ်။ ကျွန်တော့်ဖြတ်သန်းမှုကိုလည်း သိတယ်။ နောက်တစ်ခုက ကျွန်တော့်စေတနာကိုလည်း သူတို့သိတယ်။ သိတဲ့အတွက်ကြောင့် သူတို့ကဝန်ထမ်းပဲ သံတမန်ဆိုတာက။ သူ့အစိုးရရဲ့ပေါ်လစီကို ကိုယ်စားပြုရတဲ့သူပဲ။ သို့သော်လည်းပဲ ဒီနိုင်ငံရောက်လာတဲ့အခါ ကျတော့ ဒီနိုင်ငံရဲ့ပကတိအခြေအနေနဲ့သုံးသပ်ချက်တွေကို တလေးတစားလက်ခံနားထောင်တယ်။ သူတို့ ပြန်ပြီး တော့ Report လုပ်ရတဲ့အခါမှာတော့ ကျွန်တော့်ဘက်က သုံးသပ်ချက်တွေ၊ အကြံပြုချက်တွေ ပါသွားမယ်လို့တော့ ယုံကြည်ပါတယ်။

မေး ။ ။ ကျေးဇူးတင်ပါတယ် အစ်ကို။
ဖြေ ။ ။ ဟုတ်ကဲ့။ ကျေးဇူးပါ။

Zawgyi Version;
“ႏိုင္ငံေရးမွာ စိတ္ခံစားမႈကိုလႈံ႕ေဆာ္တာက လြယ္တယ္၊ အေျဖထုတ္ဖို႔က်ေတာ့ စိတ္ခံစားမႈနဲ႔သြားလို႔မရဘူး” (အင္တာဗ်ဴး)

ေမးျမန္း - ေက်ာ္မ်ိဳးမင္း
ေရးသားသူ - စည္သူဟိန္း

ျမန္မာ့ႏိုင္ငံသို႔ တ႐ုတ္ႏိုင္ငံ၏ ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိ အပါအဝင္ အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူ ထားသည့္ ကေမာၻဒီးယားႏိုင္ငံဝန္ႀကီးခ်ဳပ္ဟြန္ဆန္ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာအာဆီယံအထူးကိုယ္စားလွယ္ ပရက္ဆိုခြန္းတို႔လာေရာက္ခဲ့ၿပီးေနာက္ ျမန္မာ့ႏိုင္ငံေရးထြက္ေပါက္ကို အေျဖရွာေတြ႕ႏိုင္မွာလား ဆိုတာႏွင့္ ပတ္သက္ၿပီး ျပည္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီး၏အျမင္ကို NP News မွ အယ္ဒီတာခ်ဳပ္ ဦးေက်ာ္မ်ိဳးမင္းမွ ေတြ႕ဆုံေမးျမန္းခဲ့ပါသည္။

ေမး ။ ။ ၿပီးခဲ့တဲ့ရက္ပိုင္းကေတာ့ ဒါတ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိအပါအဝင္ အာဆီယံကႏိုင္ငံျခားေရး ဝန္ႀကီး ေတာ္ေတာ္မ်ားမ်ား လာသြားတာေတြ႕ရတယ္။ မဲေခါင္-လန္ခ်န္းအစည္းအေဝးကိုၾကည့္ၿပီးေတာ့ ႏိုင္ငံေရး ထြက္ေပါက္အရ ႏိုင္ငံတကာထြက္ေပါက္အရျမင္မိတာ ဘာမ်ားရွိလဲ။
ေျဖ ။ ။ အရင္ဆုံးကေတာ့ လက္ရွိကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ျပႆနာဟာ ျပည္တြင္းေရးအဆင့္သက္သက္မဟုတ္ဘူး ဆိုတာ ပိုပိုၿပီးေတာ့ ထင္ရွားလာတယ္။ ပထမဦးဆုံးကေတာ့ ေဒသအတြင္း အာဆီယံႏိုင္ငံေတြအာလုံးကကို၌က ျမန္မာ့အေရးကို တကယ့္ကိုအေရးႀကီးကိစၥတစ္ခုအျဖစ္ေပါ့ေနာ္။ ဒါဆုံးျဖတ္လာၿပီးေတာ့ 5 Point Consensus ဘုံသေဘာတူညီခ်က္(၅)ခ်က္ အေကာင္အထည္ေဖာ္ဖို႔ကိစၥဆိုေတာ့ ဒါဒုတိယအႀကိမ္ေျမာက္လာေရာက္ လည္ပတ္တာျဖစ္တယ္။ ပထမအႀကိမ္လာေရာက္လည္ပတ္စဥ္တုန္းကေတာ့ ဒါကြၽန္ေတာ္တို႔လည္း ေတြ႕ဆုံၿပီး ေတာ့ လက္ရွိအေျခအေနအေပၚမွာ အျမင္သုံးသပ္ခ်က္ေတြ ကြၽန္ေတာ္တို႔ေျပာခဲ့တယ္ေပါ့ေလ။ အဲဒီအခ်ိန္တုန္း ကေတာ့ သူက လူသားခ်င္းစာနာမႈအကူအညီကိစၥကိုပဲ ဒါပထမေျခလွမ္းအျဖစ္နဲ႔ သူဟာႀကိဳးစားလာခဲ့တယ္။ ဒီတစ္ေခါက္မွာကေတာ့ ေနာက္ထပ္ႏိုင္ငံေရးေဆြးေႏြးမႈတစ္ဆင့္တက္ႏိုင္ဖို႔အတြက္ကိုပါ၊ ဒါနည္းလမ္းရွာတယ္လို႔ ကြၽန္ေတာ္ေတာ့ အဲဒီလိုျမင္ပါတယ္။ ဒါေၾကာင့္မို႔လို႔လဲ အခုဒါတိုင္းရင္းသားပါတီေတြအပါအဝင္ေပါ့ေလ တျခားႏိုင္ငံေရးပါတီေတြ၊ ေနာက္ၿပီး PPST တိုင္းရင္းသားလက္နက္ကိုင္ေတြအဖြဲ႕အစည္းက ပုဂၢိဳလ္မ်ားနဲ႔လည္းပဲ ေတြ႕ဆုံထားတာဆိုေတာ့ ဒီပထမတစ္ေခါက္နဲ႔ ဒုတိယတစ္ေခါက္ၾကားမွာ ျဖစ္ထြန္းတိုးတက္မႈတစ္ခုကေတာ့ ဒါတပ္ခ်ဳပ္က ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲဖိတ္ေခၚတဲ့အေပၚမွာ NCA လက္မွတ္ေရးထိုးထားတဲ့အဖြဲ႕က ၇ ဖြဲ႕ေပါ့။ ဒါေျမာက္ပိုင္း ဟိုဘက္က ၃ ဖြဲ႕တက္လာၿပီးေတာ့ အခုဒုတိယအႀကိမ္ အာဆီယံအထူးကိုယ္စားလွယ္ ေရာက္လာ တယ္ဆိုေတာ့ အဲဒီျဖစ္ထြန္းတိုးတက္မႈေတြကိုလည္း သူတို႔လာၿပီးေတာ့ ေလ့လာတဲ့သေဘာ၊ ေဆြးေႏြးတဲ့သေဘာ လို႔ ကြၽန္ေတာ္ေတာ့ အဲဒီလိုျမင္ပါတယ္။

ေမး ။ ။ အဲဒီမွာ.. အာဆီယံအထူးကိုယ္စားလွယ္ပရက္ဆိုခြန္းကေတာ့ သူကေတာ့ အဓိကတိုက္တြန္းသြားတာ ေလးေတြ ရွိတယ္ေပါ့။ ဒီနစကအေနနဲ႔ သက္ဆိုင္ရာအတိုက္အခံ ႏိုင္ငံေရးအဖြဲ႕အစည္းေတြနဲ႔လည္း ေဆြးေႏြးဖို႔ လိုတယ္ဆိုတဲ့စကားမ်ိဳးေတြ။ ဒါသူအၿမဲေျပာေနၾကစကားပါ။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ခြင့္ရေရးကေတာ့ သူေျပာတယ္။ ေနာက္ေဒၚေအာင္ဆန္းစုၾကည္ကို မူလေနအိမ္မွာ ျပန္ထားေရး၊ ဒါေတြ ေတာင္းဆိုတာေတြ ေတြ႕ရ တယ္။ နစကဘက္ကေတာ့ ဒါေတြခြင့္ျပဳမႈ၊ လႈပ္ရွားမႈမေတြ႕ခဲ့ဘူးဆိုေတာ့ ေတာင္းဆိုမႈရယ္ လႈပ္ရွားမႈမရွိတဲ့ၾကား ထဲမွာ ျမင္ရတဲ့အေပၚ ႏိုင္ငံေရးသမားတစ္ေယာက္ရဲ႕အျမင္ေတြကေရာ ဘယ္လိုရွိမလဲ။
ေျဖ ။ ။ တစ္ခုကေတာ့ တပ္မေတာ္ေျပာေရးဆိုခြင့္ရွိသူကေနၿပီးေတာ့ ေဆြးေႏြးမႈမျဖစ္ဘူးလို႔လဲ မေျပာႏိုင္ဘူး ဆိုတဲ့ဟာကေတာ့ ဒါေတာ္ေတာ္မ်ားမ်ား ႏိုင္ငံေရးေလ့လာသူေတြၾကားထဲမွာလည္းပဲ လမ္းစတစ္ခုပြင့္လာသလိုမ်ိဳး ေမွ်ာ္လင့္ၾကတာေတြရွိတယ္ေပါ့ေနာ္။ တကယ္ကေတာ့ ေတြ႕ဆုံေဆြးေႏြးမႈဆိုတာကေတာ့ ဒီႏိုင္ငံေရးအက်ပ္ အတည္းမွာ ၾသဇာတိကၠမရွိတဲ့ပုဂၢိဳလ္ေတြ၊ အေရးပါတဲ့ပုဂၢိဳလ္ေတြၾကားထဲမွာ ဒါအားလုံးပါဝင္တဲ့ေဆြးေႏြးမႈမ်ိဳး ျဖစ္ဖို႔ လိုတယ္ဆိုတာကေတာ့ ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း ယုံၾကည္တယ္ေပါ့ေနာ္။ အနိမ့္ဆုံးအဆင့္ကေတာ့ ကြၽန္ေတာ္တို႔က ပထမအဆင့္က ဒီအၾကမ္းဖက္မႈေတြ ရပ္တန႔္ဖို႔အတြက္ လက္နက္မဲ့ျပည္သူေတြ ထိခိုက္ေသဆုံးမႈ ေတြ၊ အိုးအိမ္ပ်က္စီးမႈေတြ ဒါေတြကိုတားဆီးႏိုင္ဖို႔အတြက္ကိုေတာ့ ဒါအေရးတႀကီးေဆာင္႐ြက္သင့္တယ္လို႔ ျမင္ တယ္။ ေနာက္တစ္ဆင့္ကေတာ့ ဒီဟာေတြျဖစ္ရတဲ့အေျခခံက ႏိုင္ငံေရးျပႆနာျဖစ္တဲ့အခါက်ေတာ့ ဒီအက်ပ္ အတည္းကေနၿပီးေတာ့ ႏိုင္ငံေရးအရ ဘယ္လိုထြက္ေပါက္ယူမလဲဆိုတဲ့ကိစၥကိုပါ ကြၽန္ေတာ္တို႔ေလးေလးနက္နက္ ေဆြးေႏြးၾကဖို႔လိုမယ္လို႔ျမင္ပါတယ္။

ေမး ။ ။ ဒီေတာ့ အဲဒီမွာလည္း တစ္ဖက္ကေတာ့ ပရက္ဆိုခြန္းကေတာ့ေျပာတယ္။ ေျပာၿပီးတဲ့ေနာက္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ေတြ႕ဆုံေဆြးေႏြးမႈမျဖစ္ႏိုင္ဘူးလို႔ မေျပာႏိုင္ဘူးဆိုတဲ့စကားေပါ့၊ ဒါသည္ကြၽန္ေတာ္ တို႔ဘာပဲေျပာေျပာ ျမန္မာ့ႏိုင္ငံေရးအခင္းအက်င္းမွာ တကယ္တမ္းက် ေဒၚေအာင္ဆန္းစုၾကည္ကို အတိတ္ တေပါင္နဲ႔ ဦးသန္းေ႐ႊႀကီးတို႔ေခတ္တုန္းကလည္း ဒီလိုပဲေတြ႕ဆုံေဆြးေႏြးခဲ့တာေတြရွိေတာ့ အခုလည္း ဒါျဖစ္ႏိုင္ေျခ ရွိတယ္ဆိုတဲ့စကားရွိတယ္ဆိုေတာ့ နစကအေနနဲ႔တကယ္စဥ္းစားေနတယ္လို႔ျမင္မိလား၊ နက္နက္နဲနဲ ေတြးၾကည့္ မယ္ဆိုရင္ေပါ့။
ေျဖ ။ ။ ကြၽန္ေတာ္တို႔(၈)ေလးလုံး အေရးေတာ္ပုံကေနစၿပီးေတာ့ ဒါလူထုၾကားထဲမွာ အင္မတန္ၾသဇာတိကၠမ ႀကီးတဲ့ပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ ဒါေျပာရရင္ေတာ့ သူ႔ေနရာမွာအစားထိုးဖို႔ကို မဝင္ႏိုင္ေသးဘူးေပါ့ေနာ္။ အဲဒီေတာ့ သူ႔အေနနဲ႔လည္း လက္ရွိျပႆနာေတြကို မွန္မွန္ကန္ကန္ေပါ့။ သတင္းအခ်က္အလက္ေတြ ရရွိဖို႔လို ဒါမွ လည္း ဒီအက်ပ္အတည္းေပၚမွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕အျမင္သေဘာထားကိုေျပာႏိုင္ မယ္ေပါ့ေနာ္။ ဒါေၾကာင့္ မို႔လို႔ သူ႔ကိုဒီအေျခအေနအမွန္ေတြ၊ အျဖစ္အပ်က္အမွန္ေတြကို သိႏိုင္ဖို႔အတြက္လည္း ဒါကြၽန္ေတာ္တို႔ ပံ့ပိုးသင့္ တယ္လို႔ ကြၽန္ေတာ္ေတာ့ အဲဒီလိုျမင္တယ္။ ေနာက္တစ္ခုကလည္း ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တိုင္လည္း လက္ရွိအက်ပ္အတည္းအေပၚမွာ ထိခိုက္နာက်င္မႈေတြထဲကေန လြန္ေျမာက္ႏိုင္ဖို႔၊ ေဖာက္ထြက္ႏိုင္ဖို႔အတြက္ကို ဒါေျဖရွင္းႏိုင္မယ္ဆိုရင္ေတာ့ အေကာင္းဆုံးပဲလို႔ ကြၽန္ေတာ္ေတာ့ ဒီလိုပဲေမွ်ာ္လင့္ပါတယ္။

ေမး ။ ။ ေနာက္တစ္ခု အာဆီယံကိုယ္စားလွယ္အျပင္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဝမ္ယိ လာတဲ့အခ်ိန္မွာ သူကလည္း ဒီျပည္သူလူထုအာဏာ လြယ္လြယ္ေလးေျပာရရင္ေတာ့ ျပည္သူလက္ထဲကိုအာဏာျပန္အပ္ႏိုင္ေအာင္ ႀကိဳးစားဖို႔ ဆိုတဲ့စကားမ်ိဳး သူေျပာတာေတြ႕ရတယ္။ ဆိုေတာ့ နစကကို တိုက္တြန္းသြားတာ ေတြ႕ရတယ္။ ဆိုေတာ့ သူ႔တိုက္တြန္းခ်က္ကေတာ့ ဒါေရရွည္မွာ ဆင့္ကဲလုပ္ရမယ့္ကိစၥေပါ့။ ဒီတိုက္တြန္းခ်က္ရဲ႕စကားအတိမ္အနက္ကို ဘယ္လိုမ်ားအဓိပၸာယ္ဖြင့္ခ်င္လဲ။
ေျဖ ။ ။ တစ္ခုကေတာ့ ႏိုင္ငံေတာ္အာဏာကိုစစ္တပ္က ရယူထားရတယ္ဆိုတာ ပုံမွန္အေျခအေနမွ မဟုတ္ဘဲ။ ဒါေၾကာင့္မို႔လို႔ ျပည္သူ႔လက္ထဲကို အာဏာျပန္အပ္ဖို႔ဆိုတဲ့ကိစၥဟာ ဒီမိုကေရစီအရအေရးႀကီးတဲ့ ဦးတည္ခ်က္ပဲ။ အဲဒီလိုလုပ္တဲ့အခါမွာ လက္ေတြ႕က်ၿပီးေတာ့ ရလဒ္ကိုဦးတည္တဲ့ႀကိဳးပမ္းမႈမ်ိဳးျဖစ္ဖို႔လိုတယ္။ ေနာက္တစ္ခု ကလည္း ကြၽန္ေတာ္က အခုခ်ိန္မွာ ျပန္ေျပာင္းသတိရမိတာတစ္ခုရွိတယ္။ ဘာလဲဆိုေတာ့ ၂ဝ၁၇ ခုႏွစ္မွာ ကြၽန္ေတာ္တို႔ ယူကရိန္းကိုေရာက္ခဲ့တယ္။ ယူကရိန္းကို ကြၽန္ေတာ္တို႔ေရာက္တဲ့အခ်ိန္မွာ ပူပူေႏြးေႏြးပဲက်ဆုံးထား တဲ့ ရဲေဘာ္ေတြေပါ့ေလ၊ ပူပူေႏြးေႏြးဆိုတာ ၂ဝ၁၄ ခုႏွစ္မွာ ဂုဏ္သိကၡာေတာ္လွန္ေရးဆိုၿပီးေတာ့ Revolution Dignity ဆိုၿပီးျဖစ္ေတာ့ က်ဆုံးတဲ့သူေတြရဲ႕ဓာတ္ပုံေတြနဲ႔ ဓာတ္ပုံမွန္ေဘာင္ေတြမွာ ပန္းေလးေတြ၊ ဆီမီးေလးေတြနဲ႔ အစရွိသျဖင့္ ဂုဏ္ျပဳထားေတြကိုေတာင္ ကြၽန္ေတာ္တို႔ေတာက္ေလွ်ာက္ေတြ႕ခဲ့ရတယ္။ ဆိုေတာ့ အခုယူကရိန္း ျဖစ္တဲ့အေျခအေနနဲ႔ ကြၽန္ေတာ္တို႔နဲ႔ႏႈိင္းယွဥ္တဲ့အခါမွာ ကြၽန္ေတာ္တို႔ႀကိဳက္ႀကိဳက္ မႀကိဳက္ႀကိဳက္ ႏိုင္ငံေရးမွာ ပကတိတရားေတြရွိတယ္။ ဘာလို႔ဆိုေတာ့ ဆိုဗီယက္ယူနီယမ္ေခတ္ကို ေကာင္းေကာင္းမွီခဲ့တဲ့မ်ိဳးဆက္ရွိတယ္။ ယူကရိန္းမွာလည္း ၂ဝဝ၄ ခုႏွစ္မွာ သူက လိေမၼာ္ေရာင္ေတာ္လွန္ေရးေပါ့ Orange Revolution ျဖစ္တယ္။ ျဖစ္ၿပီး ေတာ့ အဲဒီမ်ိဳးဆက္က ယူကရိန္းေခါင္းေဆာင္ေတြကို၌က ဆိုဗီယက္ယူနီယမ္ေခတ္ကို ေကာင္းေကာင္းမွီခဲ့တဲ့ မ်ိဳးဆက္တစ္ဆက္ရွိတယ္။ ေနာက္ ၁ဝ ႏွစ္အၾကာမွာ ၂ဝ၁၄ ခုႏွစ္မွာ ဒီဂုဏ္သိကၡာေတာ္လွန္ေရးျဖစ္ၿပီးေတာ့ ေနာက္ထပ္မ်ိဳးဆက္အလႊာတစ္လႊာတက္ၿပီးတဲ့ အခ်ိန္မွာသူတို႔က EU ထဲဝင္ဖို႔အတြက္ ေနတိုးအဖြဲ႕ထဲဝင္ဖို႔ ဆိုတာ မ်ိဳးေတြျဖစ္တဲ့ဟာနဲ႔ပတ္သက္ၿပီးေတာ့ အခုတစ္ခါျဖစ္တာဟာ ကြၽန္ေတာ္တို႔က ႏႈိင္းယွဥ္မႈအရေျပာရရင္ ကြၽန္ေတာ္တို႔ဟာလည္း ဒီလိုပဲအလားတူ အိမ္နီးခ်င္းႏိုင္ငံႀကီးေတြနဲ႔ ထိစပ္ေနရတဲ့အခါၾကေတာ့ အဲဒီလိုနည္းနည္း တူတဲ့ဟာေတြ ကြၽန္ေတာ္တို႔က သြားေတြ႕တာေပါ့။ အဲဒီေတာ့ ပကတိတရားအရ အိမ္နီးခ်င္းဆိုတာ ကြၽန္ေတာ္တို႔က အၿပီးေ႐ႊ႕လို႔မရဘူး။ ကြၽန္ေတာ္တို႔က စၿပီးကတည္းက ကြၽန္ေတာ္တို႔က ေရရွည္ေနရမွာျဖစ္တဲ့အတြက္ေၾကာင့္ အိမ္နီးခ်င္းႏိုင္ငံႀကီးေတြနဲ႔ဆက္ဆံေရးဟာ ကြၽန္ေတာ္တို႔ႏိုင္ငံေရးထြက္ေပါက္အတြက္ မျဖစ္မေနကြၽန္ေတာ္တို႔ အေလးထားရမယ့္ကိစၥျဖစ္တယ္။ အဲဒီေတာ့ တ႐ုတ္ႏိုင္ငံအေနနဲ႔ကလည္း ျမန္မာႏိုင္ငံကို ၿပိဳကြဲသြားတာမ်ိဳးကို ေတာ့ သူလည္းမလိုလားဘူး။ တစ္ဖက္ကလည္းပဲ ျပင္ပလႊမ္းမိုးမႈကိုသူက လက္မခံဘူးလို႔ သူကလည္း ဒါကို တစိုက္မတ္မတ္သူကေျပာထားၿပီးေတာ့ ျပည္တြင္းပကတိအေျခအေနေတြေပၚကေန ရလဒ္ကိုဦးတည္တဲ့ ထြက္ေပါက္ျဖစ္ဖို႔ကို တိုးတိုးတိတ္တိတ္ သူအႀကံေပးတာ၊ တိုက္တြန္းတာေတြလည္းရွိတယ္ဆိုေတာ့ ဒါေပမယ့္ ကြၽန္ေတာ္တို႔ႏိုင္ငံထဲမွာက အယူအဆသေဘာထားကြဲလြဲမႈအေပၚမွာမူတည္ၿပီးေတာ့ ဒီအင္အားႀကီးႏိုင္ငံေတြရဲ႕ ကစားကြက္ထဲမွာ ကြၽန္ေတာ္တို႔ကေျမဇာပင္ျဖစ္မသြားေအာင္ေတာ့ ကြၽန္ေတာ္တို႔က ဂ႐ုစိုက္ဖို႔လိုမယ္လို႔ျမင္ တယ္။ ဒါေၾကာင့္မို႔လို႔ ႏိုင္ငံေရးထြက္ေပါက္စဥ္းစားတဲ့အခါမွာ ပကတိတရားေတြကို မ်က္ကြယ္ျပဳလို႔မရဘူး။ ဒီအေပၚမွာမူတည္ၿပီးေတာ့မွ ရလဒ္ကိုဦးတည္တဲ့ခ်ဥ္းကပ္မႈမ်ိဳး လုပ္ဖို႔လိုတယ္လို႔ ျမင္ပါတယ္။

ေမး ။ ။ ထူးျခားတာေပါ့ေနာ္... မဲေခါင္-လန္ခ်န္းဒီအစည္းအေဝးမ်ိဳးကိုဆိုရင္ ႏိုင္ငံျခားေရးဝန္ႀကီးေတြတက္ တယ္။ အာဆီယံရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးေတြ ေတာ္ေတာ္မ်ားမ်ားလည္း တက္ေရာက္ၾကတယ္။ ဆိုေတာ့ အဲဒီလို ပြဲမ်ိဳးမွာ ကြၽန္ေတာ္တို႔အားလုံး ဒါကြၽန္ေတာ္တို႔ခန႔္မွန္းတာ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကို ျမင္ရလိမ့္မယ္လို႔ ထင္ခဲ့တယ္။ ဒါေပမယ့္ တစ္ကယ္တမ္းမွာ မျမင္ရလိုက္ပါဘူး။ ဆိုေတာ့ မျမင္ရလိုက္ျခင္းအေၾကာင္းအရင္းရဲ႕ အေပၚမွာ မူတည္ၿပီး အေျခခံၿပီးေတာ့ ဘာေတြစဥ္းစားမိထားတာရွိလဲ။
ေျဖ ။ ။ တစ္ခုကေတာ့ အာဆီယံတ႐ုတ္အစည္းအေဝးမွာလည္းပဲ Non Political Position ဆိုၿပီးေတာ့ အာဆီယံ က သတ္မွတ္ထားတဲ့အတိုင္းပဲ က်င္းပသြားတာေတြ႕ရတယ္။ အခုလည္းပဲ တစ္ဖက္ကေတာ့ လန္ခ်န္း-မဲေခါင္ အစည္းအေဝးနဲ႔ပတ္သက္ၿပီးေတာ့ အဓိကသူတို႔က ႏိုင္ငံျခားေရးဝန္ႀကီးေတြျဖစ္ၾကတယ္။ ဆိုေတာ့ အဲဒီလိုမ်ိဳး အစည္းအေဝးလုပ္တဲ့အခါမွာ (၁)အခ်က္ကေတာ့ ျမန္မာႏိုင္ငံမွာလာလုပ္တယ္၊ ပုဂံမွာလာလုပ္တယ္၊ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးကိုယ္တိုင္ တက္ေရာက္တယ္။ ဆိုေတာ့ ဒါကသံတမန္ေရးအရ သေကၤတျပမႈေတြ တခ်ိဳ႕ရွိတယ္လို႔ ကြၽန္ေတာ္ေတာ့ျမင္တယ္။ ဒါေၾကာင့္မို႔လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က နစကဥကၠ႒ အေနနဲ႔ပဲျဖစ္ေစ ဘာပဲျဖစ္ေစ သူတက္ေရာက္ျခင္း၊ မတတ္ေရာက္ျခင္းထက္ကို ႏိုင္ငံျခားေရးဝန္ႀကီး ကိုယ္တိုင္ တက္ေရာက္ျခင္း၊ ေနာက္ၿပီး ပုဂံမွာက်င္းပျခင္းကို၌က တစ္ဖက္ကေတာ့ သံတမန္ေရးအခ်က္ျပမႈေတြ ပါတယ္လို႔ ကြၽန္ေတာ္ေတာ့ အဲဒီလိုျမင္တယ္။ ေနာက္တစ္ခုကေတာ့ ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ အကဲစပ္မႈအေျခ အေနေတြ ၾကားထဲမွာ တပ္ခ်ဳပ္မတက္ေရာက္ဘဲနဲ႔ ေဆာင္႐ြက္သြားတာကိုယ္၌က ဒါသံတမန္ေရးဆိုင္ရာ ခုနက အခ်က္ျပမႈ လို႔ ကြၽန္ေတာ္ကေတာ့ ျမင္ပါတယ္။

ေမး ။ ။ သံတမန္ေရးရာအခ်က္ျပမႈဆိုတဲ့စကားလုံးေပါ့ေနာ္ အဲဒီမွာ မဲေခါင္-လန္ခ်န္းအစည္းအေဝး ျမန္မာျပည္ မွာက်င္းပတဲ့ဟာကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ကမာၻ႔အင္အားႀကီးႏိုင္ငံတစ္ခုရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးဆိုေတာ့ ၾသဇာႀကီးတဲ့ပုဂၢိဳလ္တစ္ဦးလို႔ ေျပာလို႔ရတယ္။ ဆိုေတာ့ ဒီလို Level တစ္ေယာက္ေရာက္လာတဲ့အခ်ိန္၊ ၿပီးေတာ့ တျခားႏိုင္ငံျခားေရးဝန္ႀကီးေတြလည္း အမ်ားႀကီးတက္လာတဲ့အခ်ိန္ ဒီအစည္းအေဝးကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ နစက ဘက္ကလူေတြကေတာ့ သူတို႔ကိုႏိုင္ငံတကာသံတမန္ေရးရာအရ၊ ႏိုင္ငံေရးရာအရ အသိအမွတ္ျပဳမႈလို႔ သူတို႔က သြယ္ဝိုက္ၿပီးေတာ့ ေခၚဆိုသြားတာေတြ႕ရတယ္။ ဆိုေတာ့ ဒီသေဘာထားကိုေရာ ေတြးျမင္မိလား။ ေနာက္တစ္ခုက တ႐ုတ္ေခါင္းေဆာင္တဲ့အာဆီယံအစုအဖြဲ႕ဆိုတာမ်ိဳးကို ေ႐ႊ႕ေနတယ္လို႔ေရာ ျမင္မိလား။
ေျဖ ။ ။ တစ္ခုကေတာ့ State နဲ႔ Government ေပါ့။ ႏိုင္ငံေတာ္နဲ႔ အစိုးရကို ခြဲၿပီးေတာ့ ကြၽန္ေတာ္တို႔ၾကည့္ဖို႔ လိုမယ္။ ဆိုေတာ့ သူကႏိုင္ငံအေနနဲ႔ဆက္ဆံေနတယ္ဆိုတဲ့သေဘာကို တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးက ျပသတယ္။ အဲဒီေတာ့ အစိုးရဆိုတာက သူဆင္းကိုယ္တက္ပဲ အေျပာင္းအလဲျဖစ္သြားမွာပဲ။ အဲဒီေတာ့ သူက အိမ္နီးခ်င္းႏိုင္ငံ ေတြနဲ႔ ျမန္မာႏိုင္ငံနဲ႔ ႏွစ္ႏိုင္ငံခ်စ္ၾကည္ေရး၊ ႏိုင္ငံျခင္းဆက္ဆံေရးကို အဓိကေဖာ္ၫႊန္းသြားတယ္လို႔ျမင္တယ္။ ဒါေၾကာင့္မို႔လို႔ သူဟာ အစိုးရအေနနဲ႔ အစိုးရအခ်င္းခ်င္းဆက္ဆံေရးထက္ကို ႏိုင္ငံအခ်င္းခ်င္းဆက္ဆံ ေရးကို ဝမ္ယိက သေကၤတျပသြားတယ္။ တစ္ဖက္ကလည္း ဒီကာလမွာ အကဲဆတ္တဲ့အခ်ိန္ေတြမွာ ဒီလိုလာေရာက္ျခင္း ကလည္း တစ္ဖက္က ျမန္မာႏိုင္ငံနဲ႔ပတ္သက္ရင္ တ႐ုတ္ရဲ႕အာ႐ုံစိုက္မႈ၊ အေလးထားမႈကို တစ္ဖက္က ျပသြားတယ္ လို႔ ကြၽန္ေတာ္ေတာ့ အဲဒီလိုျမင္ပါတယ္။

ေမး ။ ။ ေနာက္တစ္ခု ထူးျခားခ်က္ကိုၾကည့္ၾကတယ္ဆိုတဲ့အခါမွာ ဒီႏိုင္ငံျခားေရးဝန္ႀကီးေတြ အစုံအလင္ရွိေန တဲ့အခ်ိန္မွာပဲ သူတို႔ဘက္ကေနေၾကညာခ်က္ထုတ္တဲ့ဟာေတြလည္း ရွိတယ္။ ဒါ့အျပင္ တခ်ိန္တည္းမွာပဲ သူတို႔ အေနနဲ႔ ႏိုင္ငံေရးအရ ႏိုင္ငံျခားေရးဝန္ႀကီးတို႔ကိုယ္တိုင္တက္ကတည္းက ဒါကိုအခြင့္ေကာင္းယူၿပီးေတာ့ ႏိုင္ငံ တကာမွာ ဘာမွသိပ္မေတြ႕ရဘူး။ ထူးထူးျခားျခား ဒီတစ္ပြဲမွာ သိပ္ၿပီးေတာ့ ေပၚေပၚထင္ထင္ က်ယ္က်ယ္ျပန႔္ျပန႔္ အေရးတယူလုပ္ၿပီးေတာ့ေျပာတာကို မေတြ႕ရဘူးဆိုေတာ့ သူတို႔ဒီပြဲရဲ႕ေနာက္ကြယ္မွာေရာ နစ္ျမဳပ္ေနတာေတြ မ်ား ရွိေနသလားလို႔ ျမင္မိလား။
ေျဖ ။ ။ ခုနက ေဒသတြင္း ေနာက္တစ္ခါ ႏိုင္ငံတကာအာဏာခ်ိန္ခြင္လွ်ာ အေျပာင္းအလဲေတြဟာ ဒီကာလမွာ လႈပ္လႈပ္ခတ္ခတ္အႀကီးအက်ယ္ျဖစ္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ ဆိုဗီယက္ယူနီယမ္ ၿပိဳကြဲသြား ၿပီးတဲ့အခ်ိန္ လစ္ဘရယ္ဒီမိုကေရစီေအာင္ပြဲခံၿပီး သမိုင္းနိဂုံးခ်ဳပ္ၿပီဆိုတဲ့အသံေတာင္မွပဲ ကြၽန္ေတာ္တို႔ က်ယ္က်ယ္ေလာင္ေလာင္ထြက္ခဲ့တာပဲေလ။ ထြက္ခဲ့ၿပီးေတာ့ ေနာက္ပိုင္းမွာ Globalization အရွိန္ျပန္ေလ်ာ့သြား တယ္၊ က်သြားတယ္၊ ေနာက္တစ္ခါ Regionalization ျပန္ျဖစ္သြားတယ္လို႔ ကြၽန္ေတာ္ကျမင္တယ္။ ဒီေဒသ အစုအဖြဲ႕ေတြ ျပန္ၿပီးေတာ့ အားေကာင္းလာတယ္လို႔ျမင္တယ္။ ေနာက္တစ္ခုကေတာ့ လစ္ရယ္လႈိင္းက ေနာက္ျပန္ ျပန္က်လာသလိုမ်ိဳး ကြၽန္ေတာ္တို႔ျမင္ရတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ပထမက အေမရိကန္ကိုယ္တိုင္ က Trump တက္လာတဲ့အခ်ိန္မွာ အေမရိကန္ First ဆိုတာမ်ိဳးေတြျဖစ္လာတယ္။ ဒါကို Globalization အရ ေျပာရလို႔ ရွိရင္ေတာ့ ဒါက ကြၽန္ေတာ္တို႔ေတာ္ေတာ္သတိျပဳမိတဲ့အခ်က္ေတြေပါ့။ ေနာက္တစ္ခါ Brexit ေပါ့။ ၿဗိတိန္ ႏႈတ္ထြက္တဲ့ကိစၥဟုတ္လား ပူတင္တို႔၊ သမၼတရွီက်င့္ဖ်င္တို႔၊ ဒူတာေတးတို႔ အစရွိသျဖင့္ ျပန္ၿပီးေတာ့ အသီးသီး တက္လာတဲ့အခ်ိန္မွာ ႏိုင္ငံတကာႏိုင္ငံေရးကိုယ္၌က လစ္ဘရယ္ေနာက္ျပန္ေပါ့ နည္းနည္းျပန္ၿပီး ေလွ်ာ့လာတဲ့ သေဘာမ်ိဳးေတြ ေတြ႕ရတယ္။ ေနာက္ Globalization အရွိန္ေလ်ာ့သြားတဲ့ဟာကို ကြၽန္ေတာ္တို႔က ေတြ႕ရ တယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ႏိုင္ငံအေျပာင္းအလဲကိုၾကည့္ရင္ ေဒသတြင္းႏိုင္ငံေရး၊ တစ္ခါ ကမာၻ႔ႏိုင္ငံေရး ခ်ိန္ခြင္လွ်ာေတြနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ ကိုယ့္ႏိုင္ငံကို ထိခိုက္နာက်င္မႈအနည္းဆုံးျဖစ္ေအာင္ ဘယ္လို ေျပာင္းမလဲဆိုတာကို ကြၽန္ေတာ္တို႔ဘက္က ႏိုင္ငံေရးေခါင္းေဆာင္ေတြက သတိထားသင့္တယ္လို႔ ကြၽန္ေတာ္ ေတာ့ ျမင္ပါတယ္။

ေမး ။ ။ ေနာက္ထပ္ထူးျခားတဲ့တစ္ခ်က္သြားေတြ႕တယ္၊ ဒီအစည္းအေဝးမတိုင္ခင္ေလးမွာ ထိုင္းနယ္စပ္ကို ထိုင္းနယ္စပ္ မယ္လစခန္းအထိေပါ့ေနာ္။ အေမရိကန္ရဲ႕ ဒီ Derek Chollet ေပါ့။ အေမရိကန္အႀကံေပး ဒီ Derek Chollet တို႔ အရင္ေရာက္လာတယ္။ ေရာက္လာၿပီးေတာ့ ဒီမယ္လစခန္းထိ ေရာက္လာၿပီးေတာ့ ဒီဘက္က တျခား အဖြဲ႕အစည္းေတြနဲ႔ တခ်ိဳ႕အဖြဲ႕ေတြနဲ႔ေတြ႕သြားတယ္လို႔သိရတယ္။ ေတြ႕သြားၿပီး သိပ္မၾကာခင္ ဒီႏိုင္ငံျခားေရး ဝန္ႀကီးမ်ားရဲ႕အစည္းအေဝးကလည္း က်င္းပတယ္။ က်င္းပတဲ့ရက္နဲ႔အခ်ိန္ကိုက္ဆိုသလိုပဲ နယ္စပ္မွာ ထိုင္း နယ္စပ္မွာ အႀကီးႀကီးတိုက္ပြဲ အႀကီးႀကီးတကယ့္ကို အုန္းအုန္းထလာတဲ့တိုက္ပြဲႀကီးမ်ိဳးျဖစ္သြားတယ္ ဥကၠရစ္ထ တိုက္ပြဲေပါ့ဆိုေတာ့ အႀကီးအက်ယ္ျဖစ္သြားတယ္။ ေရွ႕မွာလည္း တိုက္ပြဲေလးေတြ အနည္းငယ္ျဖစ္တယ္။ ေနာက္တျခားစခန္းေတြလည္း ျဖစ္တာေတြ႕ရတယ္။ ဒါေပမယ့္ ဒီစခန္းဟာ ေတာ္ေတာ္နာမည္ႀကီးသြားတယ္။ ဆိုေတာ့ ဒါကလည္း ႏိုင္ငံတကာရဲ႕အရိပ္ေတြ မကင္းဘူးဆိုတာကို ျမန္မာႏိုင္ငံရဲ႕ႏိုင္ငံေရးမွာ အရိပ္ေတြ မကင္းဘူး ဆိုတာကို ျပသလိုမ်ားျဖစ္ေနသလားေပါ့။ ဒီစစ္ပြဲဟာ ဒီတိုက္ပြဲဟာ ဒီအစည္းအေဝးနဲ႔ႏြယ္ေနသလားလို႔ ေတြးစရာ ျဖစ္လာတာ ဘယ္လိုေတြးမိလဲဗ်။
ေျဖ ။ ။ ႏွစ္ခုေပါ့.. တစ္ခုကေတာ့ ဒီအေမရိကန္လာသြားတဲ့ဟာတစ္ခု ေနာက္တစ္ခုကေတာ့ ထိုင္းဗိုလ္ခ်ဳပ္ႀကီး ျမန္မာႏိုင္ငံကိုလာသြားတဲ့ဟာဆိုေတာ့ ဒီဟာေတြက ႏိုင္ငံေရးမွာ တိုက္ဆိုင္မႈဆိုတာေတာ့ မရွိဘူးေပါ့။ ဆိုေတာ့ အဲဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က အိမ္နီးခ်င္းႏိုင္ငံေတြနဲ႔ပတ္သက္လို႔ရွိရင္လည္း ကြၽန္ေတာ္တို႔က မွန္မွန္ကန္ကန္ သုံးသပ္ဖို႔လိုတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံၿပိဳကြဲသြားတဲ့အေျခအေနမ်ိဳးကို အိမ္နီးခ်င္းႏိုင္ငံေတြကို၌က မလို လားဘူးဆိုတာေတာ့ ကြၽန္ေတာ္တို႔က ဒါကိုေကာက္ခ်က္ခ်လို႔ရတယ္။ အထူးသျဖင့္ အိႏၵိယေရာ၊ တ႐ုတ္ေရာ၊ ထိုင္း ေရာဟာ ျမန္မာႏိုင္ငံျပႆနာဟာ လွ်ံထြက္လာမွာကို အနည္းဆုံးေတာ့ ဒုကၡသည္ေတြေရာက္လာမွာပဲ ၿပီးလို႔ရွိရင္ အဲဒီဂယက္က သူတို႔ရဲ႕စီးပြားေရးလုပ္ငန္းရွင္ေတြ ကုန္သြယ္မႈေတြ ရင္းႏွီးျမႇပ္ႏွံမႈေတြအထိကို သူဟာ ဆက္စပ္ လာတဲ့အခါက်ေတာ့ ျမန္မာႏိုင္ငံကို ဖ႐ိုဖရဲျဖစ္သြားမယ့္ကိစၥမ်ိဳးကိုေတာ့ အိမ္နီးခ်င္းႏိုင္ငံေတြကို၌ကလည္း မလိုလားဘူးလို႔ ကြၽန္ေတာ္ေတာ့ျမင္တယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ျပႆနာ အဓိကကေတာ့ ကာယကံ ရွင္က ကြၽန္ေတာ္တို႔ျပည္တြင္းပဲ။ ႏိုင္ငံတကာကို မ်က္ေျခမပ်က္ေလ့လာေနတယ္ဆိုေပမယ့္ အေျဖထုတ္ရမွာက ကြၽန္ေတာ္တို႔ျပည္တြင္းက ကြၽန္ေတာ္တို႔ရဲ႕ အသီးသီးကေခါင္းေဆာင္ေတြ အဲဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ျပည္တြင္းအေျခအေနကို မွန္မွန္ကန္ကန္သုံးသပ္ဖို႔နဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြ ေနာက္တစ္ခါ ႏိုင္ငံတကာအားၿပိဳင္မႈ ေတြကိုပါထည့္တြက္ဖို႔ သုံးသပ္ဖို႔လိုမယ္လို႔ျမင္တယ္။ အဲဒီေတာ့ အဓိကအက်ဆုံးက အိမ္နီးခ်င္းပဲ။ က်န္တဲ့မိုင္ေတြ ေထာင္ေသာင္းခ်ီေဝးတဲ့ႏိုင္ငံေတြနဲ႔ဟာ ကြၽန္ေတာ္တို႔ႏိုင္ငံအေနနဲ႔ အက်ိဳးစီးပြားအရေရာ ဆက္စပ္မႈအရပါေျပာရ ရင္ အိမ္နီးခ်င္းႏိုင္ငံေတြေလာက္ မနီးစပ္ဘူး။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ႏိုင္ငံအေျပာင္းအလဲမွာ အိမ္နီးခ်င္းႏိုင္ငံေတြရဲ႕အေျခအေနကိုအဓိကထားၿပီးေတာ့ ကြၽန္ေတာ္တို႔အဆုံးအျဖတ္ကေတာ့ ျပည္တြင္းက မွန္မွန္ကန္ကန္ ကြၽန္ေတာ္တို႔သုံးသပ္ႏိုင္ဖို႔၊ ဆုံးျဖတ္ႏိုင္ဖို႔ လိုမယ္လို႔ေတာ့ ျမင္ပါတယ္။

ေမး ။ ။ ကြၽန္ေတာ္ဆိုလိုခ်င္တာကေတာ့ ဒီတ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး တကယ့္ဒိတ္ဒိတ္ႀကဲေတြ ျမန္မာျပည္ကို လာတဲ့အခ်ိန္မွာပဲ အေမရိကန္ရဲ႕စစ္လက္နက္တိုက္ပြဲေတြျဖစ္တယ္ဆိုတဲ့စဥ္းစားေတြးေခၚမႈမ်ိဳး။ ဒါကေတာ့ လူတိုင္းေတာ္ေတာ္မ်ားမ်ား ေတြးေနၾကတဲ့အေတြးေပါ့... ဒီေတြးေခၚမႈဟာ ျမန္မာျပည္သူေတြရင္ထဲမွာ တခ်ိဳ႕ျပည္ ျပည္သူရင္ထဲမွာေတာ့ ရွိေနတယ္။ ဒါမ်ိဳး ႏိုင္ငံေရးသမားတစ္ေယာက္ရဲ႕ရင္ထဲမွာေရာ ရွိေနလား။
ေျဖ ။ ။ တစ္ခုကေတာ့ လက္နက္ကိုင္ေတာ္လွန္ေရးေခါင္းစဥ္နဲ႔ ေထာက္ပံ့တာမ်ိဳးေတာ့မရွိဘူး။ သို႔ေပမယ့္လည္း ကြၽန္ေတာ္တို႔တျခားေခါင္းစဥ္ေတြနဲ႔ ဝင္တာမ်ိဳးေတြကေတာ့ ရွိႏိုင္တယ္။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ႏိုင္ငံႀကီး ေတြရဲ႕ ကြၽန္ေတာ္တို႔ႏိုင္ငံနဲ႔ပတ္သက္တဲ့ ေပၚလစီသေဘာထားကို မွန္မွန္ကန္ကန္သုံးသတ္ဖို႔လိုတယ္။ ေနာက္ တစ္ခုကေတာ့ ျပည္ပစြက္ဖက္မႈနဲ႔ အေျပာင္းအလဲလုပ္တဲ့ႏိုင္ငံေတြ တစ္ကမာၻလုံးမွာ အခုခ်ိန္ထိေျပာရရင္ေတာ့ ျပာပုံျဖစ္ၿပီးေတာ့ အမႈိက္ပုံျဖစ္ၿပီး က်န္ခဲ့တဲ့ဟာေတြ အနာေတြအကင္းမေသတဲ့ဟာေတြ၊ ဆိုေတာ့ဒါေတြကိုေတာ့ ကြၽန္ေတာ္တို႔က ေလးေလးနက္နက္ေလ့လာဖို႔ျမင္မယ္လို႔ ကြၽန္ေတာ္ကေတာ့ျမင္ပါတယ္။

ေမး ။ ။ အဲဒီတိုက္ပြဲနဲ႔ ဆက္စပ္ၿပီးေတာ့ အသက္ေပးလိုက္တဲ့ေသဆုံးသြားရတဲ့လူငယ္ေလးေတြ ျမန္မာလူငယ္ ေလးေတြ ႏွစ္ဖက္စလုံးကိုေျပာတာပါ။ စစ္တပ္ဘက္ကေရာ PDF လူငယ္ေလးေတြ KNDF လူငယ္အကုန္လုံးေပါ့၊ KNDO ေရာဆိုေတာ့ ႏွစ္ဖက္အဲဒီျပႆနာႀကီးေတြ ၾကားထဲမွာ အသက္ေပးလိုက္ရတဲ့ လူငယ္ေလးေတြအေနနဲ႔ ဒီအခင္းအက်င္းႀကီးရဲ႕အေ႐ြ႕ႀကီးကို သူတို႔သိသိ၊ မသိသိ သူတို႔အေနနဲ႔က အသက္ေပးလိုက္ရတာ မ်ား တယ္ဆိုေတာ့ အဲဒါကိုေတြးမိလား ဘယ္လိုေျပာခ်င္လဲ ခင္ဗ်ာ။
ေျဖ ။ ။ အဓိကက ဒီကာလမွာ ကြၽန္ေတာ္တို႔ကိုယ္တိုင္ရင္ဆိုင္ေနရတာက စိတ္ခံစားမႈအင္မတန္ျပင္းထန္ေနၾက တယ္။ ျပင္းထန္ေနၾကတယ္ဆိုတာမွာလည္း ျမင္ရတာေတြက၊ ေသြးထြက္သံယိုေတြအကုန္လုံးမွာ စစ္တပ္က ဗုံးႀကဲတယ္၊ မီးရႈိ႕တယ္ ေနာက္ဒီဘက္က PDF ကသတ္ျဖတ္တယ္ဆိုတဲ့ဟာမ်ိဳးေတြက ၾကာေတာ့ ဘာျဖစ္လာလဲ ဆိုေတာ့ အမုန္းတရားေတြ၊ အာဃာတေတြကို ေလာင္စာထပ္ထပ္ထည့္သလိုမ်ိဳးျဖစ္ေနတာ အဲဒီေတာ့ အခုေသေၾကပ်က္စီးတာေတြၾကည့္လိုက္ေတာ့လည္း အ႐ြယ္ေကာင္းေတြႀကီးပဲ တခ်ိဳ႕လည္း ဒါပညာတတ္ ကေလးေတြ ဒီစိတ္ခံစားမႈထဲက လက္နက္ကိုင္ေတာ္လွန္မွ ရမယ္ဆိုၿပီးသြားၾကေပမယ့္ ဆုံးရႈံးသြားတာက ႏိုင္ငံရဲ႕ လူသားအရင္းအျမစ္ေတြျဖစ္တယ္။ အခုဒီပြဲမွာေျပာရရင္ ဒီလူသားအရင္းအျမစ္ရႈ႕ေထာင့္္ကေနေျပာမယ္ဆိုရင္ ႏိုင္ငံအႀကီးအက်ယ္ ဆုံးရႈံးတယ္ ျပည္ပထြက္သြားတာေတြမွာလည္း ပညာရွင္ေတြ၊ ကြၽန္ေတာ္တို႔နယ္ပယ္ အသီးသီးက ထင္ရွားတဲ့သူေတြ အမ်ားႀကီးပါသြားတယ္ဆိုေတာ့ လက္နက္ကိုင္ေနတဲ့ဟာေတြဆိုရင္လည္း ဘယ္တုန္းကမွ လက္နက္ကိုင္မယ္လို႔ မရည္႐ြယ္ခဲ့တဲ့၊ မစဥ္းစားခဲ့တဲ့ေျပာရရင္ တကယ့္အ႐ြယ္ေကာင္းေတြ၊ ၾကည့္ လိုက္ေတာ့လည္း ေသေၾကပ်က္စီးေနတာၾကည့္လိုက္ေတာ့လည္း ကိုယ့္ဘက္က၊ စစ္တပ္ဖက္က က်ေတာ့လည္း ကိုယ့္ရဲ႕တိုင္းျပည္က လူသားအရင္းအျမစ္ဆုံးရႈံးတယ္။ PDF က ဆုံးရႈံးတာေတြၾကည့္လိုက္ေတာ့လည္း ကြၽန္ေတာ္ တို႔ ဘယ္လိုမွ စိတ္မသက္သာမခံစားႏိုင္တဲ့ဟာေတြျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔က လမ္းစဥ္တစ္ခုကို ခ်ေတာ့မယ္ ဆိုရင္ End Game ေပါ့။ အဆုံးသတ္အထိ က်ယ္က်ယ္ျပန႔္ျပန႔္စဥ္းစားထားတဲ့စီမံခ်က္မ်ိဳးေပါ့ေနာ္။ ျပင္ဆင္မႈမ်ိဳး ျဖစ္ဖို႔လိုတယ္။ ေနာက္တစ္ခုက အခ်ိန္ကာလေပါ့။ စစ္ပြဲရွာၾကာလာတာနဲ႔အမွ် ဘယ္သူက စစ္ၾကာၾကာ ပိုတိုက္ႏိုင္ သလဲဆိုတာက အဆုံးအျဖတ္ေပးတယ္။ ဝုန္းဒိုင္း ဆိုၿပီး ေရတိုနဲ႔ၿပီးသြားတာကတစ္မ်ိဳး၊ အဲဒီးေတာ့ အခုက ၁ ႏွစ္ခြဲ ၂ ႏွစ္ ျဖစ္လာၿပီဆိုေတာ့ ဘယ္ေလာက္ၾကာမလဲ။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ အခုဒါ CDM ေတြဆိုရင္လည္း ျပည္တြင္း မွာ ေတာ္ေတာ္ကို ဒုကၡအလူးအလဲေရာက္ေနသူေတြလည္း အမ်ားႀကီးပဲဆိုေတာ့ တခါတေလမွာ ကြၽန္ေတာ္တို႔ ၈၈ အေရးအခင္းျဖစ္ေတာ့ ကြၽန္ေတာ္တို႔ဆို စာအုပ္အေဟာင္းတန္းက စာအုပ္ေတြနဲ႔ပဲႀကီးခဲ့ရတာ၊ ေျပာရရင္ အဲဒီ အခ်ိန္တုန္းကဆိုရင္ ဒါႏိုင္ငံေရးဆို လက္ဝဲစာေပေတြပဲႀကီးပဲၾကည့္ေတာ့ ကြၽန္ေတာ္တို႔က အဲဒီကစၿပီး ႏိုင္ငံေရးထဲ ဝင္ကတည္းက ကြၽန္ေတာ္တို႔က ေတာ္လွန္ေရးတစ္ရပ္ျဖစ္ၿပီဆိုရင္ေတာင္မွ ရန္သူသတ္မွတ္တာရွိတယ္။ သူ႔ဘက္ ငါ့ဘက္ေပါ့။ ၿပီးလို႔ရွိရင္ ၾကားအုပ္စုရွိတယ္။ တကယ္ကေတာ့ ဒီပြဲမွာဆိုရင္ ကြၽန္ေတာ္ျမင္တာက ၾကားစစ္စစ္ ေတာင္ သိပ္မရွိဘူး။ တခ်ိဳ႕က ဦးတည္ခ်က္တူတယ္ လက္နက္ကိုင္လမ္းေၾကာင္းကိုမလုပ္ႏိုင္လို႔သာ သေဘာမတူ လို႔သာ မလုပ္ေပမယ့္လို႔ စစ္တပ္ကႏိုင္ငံေရးမွာ လႊမ္းမိုးေနတဲ့ကိစၥကိုလက္မခံဘူး။ ဆိုေတာ့ အဲဒီလူေတြက သူဟာ ၾကားလိုျဖစ္ေနတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ကြၽန္ေတာ္တို႔ေလ့လာျဖတ္သန္းခဲ့တဲ့အေတြ႕အႀကဳံေတြအရ ေျပာရရင္ ရန္ကိုနည္းႏိုင္သမွ်နည္းေအာင္ လုပ္ရတယ္။ ရန္မ်ားေအာင္မလုပ္ရဘူး။ ေနာက္တစ္ခုက ျပည္သူဆိုတာ က သူတို႔ကလမ္းေပၚထြက္ဆႏၵျပဆိုရင္ ဆႏၵျပလိုက္တယ္။ ၿပီးရင္ ေခါင္း႐ြက္ျဖတ္ထိုးက ေခါင္း႐ြက္ျဖတ္ထိုး လုပ္မယ္။ စီးပြားေရးသမားက စီးပြားေရးလုပ္မယ္။ သို႔ေပမယ့္လည္း သူစိတ္ထဲမွာေတာ့ရွိတယ္။ သူလုပ္ႏိုင္တဲ့ နည္းလမ္းျဖစ္လာရင္ သူရဲ႕ဆႏၵသေဘာထားကိုျပန္ျပတယ္။ သေဘာက မဲေပးတာဆို လူတိုင္းလုပ္ႏိုင္တယ္။ အဲဒါ ဆိုရင္ သူက မေက်နပ္တဲ့သူကိုမေပးဘူး ေက်နပ္တဲ့သူကိုေပးမယ္ အစရွိသျဖင့္ သို႔ေပမယ့္ သာမန္အားျဖင့္ ၾကည့္ရင္ သူတို႔က ျပင္းျပင္းထန္ထန္ဆန႔္က်င္တာမဟုတ္ေပမယ့္လို႔ သူတို႔မွာေ႐ြးခ်ယ္ၿပီးသားရွိတယ္။ ရပ္တည္ၿပီး သားရွိတယ္။ အဲဒီလူေတြကိုသြားၿပီးေတာ့ CDM မလုပ္ရေကာင္းလားေပါ့။ ဆႏၵျပတုန္းကလည္း သူတို႔ပါတယ္။ ဒါေပမယ့္ ေရရွည္မွာ သူတို႔ရဲ႕မိသားစုအေျခအေနေတြေၾကာင့္မို႔လို႔ အလုပ္ထဲျပန္ဝင္သြားရေပမယ့္လို႔ သူ႔မွာ ဒီမိုကေရစီနဲ႔ပတ္သက္လို႔ ရပ္တည္ခ်က္ကရွိၿပီးသား ေက်ာင္းတက္တယ္ဆိုလည္း ကေလးက ဆုံးျဖတ္တာ မဟုတ္ဘူး မိဘက ဆုံးျဖတ္တာဆိုေတာ့ မိဘေတြရဲ႕ အက်ပ္အတည္းနဲ႔ မိဘေတြရဲ႕အခက္အခဲရွိတယ္။ အဲဒီၾကားမွာ ရန္သူဖက္ကိုေရာက္မသြားေအာင္ ကြၽန္ေတာ္တို႔က စည္း႐ုံးႏိုင္ရမယ္။ ၾကားေနေတြကို ကိုယ့္ဘက္ေရာက္ေအာင္ စည္း႐ုံးႏိုင္ရင္ ရန္ကနည္းသြားေရာ။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ရန္ငါၾကား ဆိုတဲ့ဟာက ၾကား ႀကီးလာရင္ ရန္က နည္းသြားမယ္။ အဲဒီေတာ့ ၾကား ကိုသြားၿပီး ရန္သြားလုပ္လိုက္လို႔ရွိရင္ သူကရန္ဘက္ကို တြန္းပို႔သလို ျဖစ္ သြားၿပီးေတာ့ တျဖည္းျဖည္းနဲ႔ရန္သူမ်ားသြားတယ္။ ဒါ့ေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ရန္ငါၾကားဆိုတာကို အေျခခံ အားျဖင့္ ကြၽန္ေတာ္တို႔က နားလည္ဖို႔လိုတယ္။ တကယ္လို႔ တခ်ိန္ခ်ိန္မွာအမ်ိဳးသားေရးျပန္လည္သင့္ျမတ္ေရးကို ျပန္ၿပီးသြားၾကရေတာ့မယ္ဆိုရင္ ရန္သူလို႔ေတာင္ သတ္မွတ္လို႔မရေတာ့ဘူး။ ကိုယ့္ရဲ႕ Counter Part လို႔ ကြၽန္ေတာ္က Enemy မဟုတ္ေတာ့ဘူး။ ကိုယ့္ရဲ႕ေဆြးေႏြးဖက္ကို ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔က ဂ်ပန္-အဂၤလိပ္နဲ႔မတူတာက သူတို႔ကသူတို႔ႏိုင္ငံသူတို႔ျပန္သြားမွာ အဲဒီေတာ့ ဒီမွာက ကြၽန္ေတာ္တို႔က အထဲမွာပဲျပန္ၿပီး ေနၾကရမယ့္သူေတြၾကားထဲမွာ အမွားအယြင္းေတြက ႏွစ္ဖက္စလုံးမွာရွိတယ္။ ကြၽန္ေတာ္ကျမင္တာကေတာ့ အဲဒီေတာ့ ကြၽန္ေတာ္တို႔က တခ်ိန္ခ်ိန္မွာ ကြၽန္ေတာ္တို႔က လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္လာဖို႔အတြက္ကို ေရရွည္အျမင္နဲ႔ေျပာမယ္ဆိုရင္ (၁)အခ်က္ကေတာ့ ရန္မ်ားေအာင္မလုပ္ရဘူး။ ဒါကြၽန္ေတာ္ႏွစ္ဖက္စလုံးကိုေျပာ တာ စစ္တပ္ကလည္း မဲမဲျမင္ရာ ေလွ်ာက္ဖမ္းေနရင္ေတာ့ ျပည္သူနဲ႔ရန္ျဖစ္ေနမွာပဲ။ အဲဒီေတာ့ ျပည္သူကို ရန္မလုပ္ရဘူး။ ကြၽန္ေတာ္ျမင္တဲ့ကိစၥက ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ လြတ္လပ္စြာဆႏၵထုတ္ေဖာ္ခြင့္နဲ႔ပတ္သက္တဲ့ကိစၥ မွာကေတာ့ သူကမႀကိဳက္တဲ့ကိစၥ၊ မႀကိဳက္တာအျပစ္မဟုတ္ဘူး။ ကြၽန္ေတာ္ျမင္တာကေတာ့ ဒီဘက္ကလည္း PDF ကလည္း ေလွ်ာက္ၿပီးေတာ့ ဒီလိုမ်ိဳး လက္နက္မဲ့အရပ္သားေတြကို ထိခိုက္ေသဆုံးေနတာေတြနဲ႔ပတ္သက္ရင္ တာဝန္ရွိတယ္။ ကြၽန္ေတာ္တို႔က ဒါေတြက သတိထားဖို႔ လိုတယ္လို႔ျမင္တယ္။ ဒါေၾကာင့္မို႔လို႔ ျပည္သူကို ရန္သူ မလုပ္ဖိုေတာ့ အေရးႀကီးတယ္လို႔ ကြၽန္ေတာ္ကႏွစ္ဖက္စလုံးကို ကြၽန္ေတာ္ကေတာ့ တိုက္တြန္းခ်င္တယ္။ ၿပီးလို႔ရွိ ရင္ ႏိုင္ငံကိုလမ္းမွန္ေပၚျပန္ေရာက္လာေအာင္ တကယ့္ကိုအျမင္က်ယ္က်ယ္နဲ႔ ႀကိဳးစားၾကဖို႔လိုတယ္။ လတ္တေလာအေျခအေနေလာက္ကို ကြက္ၿပီးေတာ့ၾကည့္လို႔မရဘူး။ ေရရွည္အျမင္နဲ႔ၾကည့္ဖို႔လိုမယ္လို႔ ကြၽန္ေတာ္ ေတာ့ျမင္တယ္။

ေမး ။ ။ အခုႏိုင္ငံတကာသံတမန္ေတြ ႏိုင္ငံတကာႏိုင္ငံျခားေရးဝန္ႀကီးေတြ လာသြားတဲ့အခ်ိန္မွာလည္း တကယ့္ ေျပာႏိုင္ဆိုႏိုင္တဲ့ Speaker ေတြ။ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးလိုလူမ်ိဳးေတြ အာဆီယံအထူးကိုယ္စားလွယ္လို လူမ်ိဳးေတြေျပာတဲ့စကားလုံးေတြကို ျပန္ခ်ဳံ႕ၾကည့္လိုက္မယ္ဆိုရင္ point က ရွင္းရွင္းေလး၊ ၿငိမ္းခ်မ္းစြာ အတူ ယွဥ္တြဲေနထိုင္ေရး၊ ညႇိႏႈိင္းေဆြးေႏြးေရးလမ္းေၾကာင္းကို တြန္းပို႔ထားတာေတြ႕ရတယ္။ သူတို႔က ညႇိႏႈိင္းေဆြးေႏြး ေရးလမ္းေၾကာင္းေပၚကို တြန္းပို႔ထားတယ္။ အၾကမ္းဖက္မႈေတြ ရပ္ဖို႔ပဲ တြန္းပို႔ထားတယ္။ ဒါေပမယ့္ ဒီေန႔ျပည္ တြင္းမွာ ျဖစ္ေနတာက်ေတာ့ ညႇိႏႈိင္းေဆြးေႏြးေရးလမ္းေၾကာင္းေပၚကို မတက္ဘူးလို႔ လုံးဝဆုံးျဖတ္တဲ့အဖြဲ႕ အစည္းက သက္သက္ရွိတယ္။ သူတို႔နဲ႔ဆို မေဆြးေႏြးႏိုင္ဘူးဆိုတာလည္း ရွိတယ္။ တစ္ခါ အၾကမ္းဖက္မႈကို ရပ္ မယ္ဆိုရင္ တစ္ဖက္ထဲရပ္ပါလို႔ ေျပာလို႔မရဘူး။ ႏွစ္ဖက္စလုံးရပ္မွရမယ္လို႔ ေျပာထားတဲ့ဟာေတြရွိတယ္။ ဆိုေတာ့ သူတို႔ေျပာတဲ့စကားလုံးေတြကို ျပန္ေကာက္ၿပီးေတာ့ ဘယ္လိုမ်ားျပန္ေျပာျပခ်င္လဲ၊ သုံးသပ္ခ်င္လဲ။
ေျဖ ။ ။ တစ္ခုေတာ့ရွိတယ္ အခုလက္နက္ကိုင္တဲ့အဆင့္ထိ လူငယ္ေတြဘာေၾကာင့္ျဖစ္သြားရတာလဲဆိုေတာ့ ႏိုင္ငံေရးကို အယုံအၾကည္မဲ့သြားတဲ့ျပႆနာ။ အဲဒီေတာ့ ႏိုင္ငံေရးနည္းလမ္းနဲ႔ တို႔ေတြလုပ္ခဲ့တာပဲ မရဘူး။ ေနာက္ဆုံး ကြၽန္ေတာ့္ဆိုလို႔ရွိရင္ တခ်ိဳ႕ျပည္ပမီဒီယာေတြကေျပာတဲ့အခါမွာ စစ္တပ္ကနားလည္တဲ့ ဘာသာစကား က လက္နက္ပဲဆိုတာမ်ိဳးေတာင္မွ ေျပာလာတာေတြရွိတယ္။ အဲဒီေတာ့ စစ္တပ္ကလည္း အဲဒါမဟုတ္ဘူးဆိုတာ ျပန္ေခ်ဖ်က္ဖို႔လိုတယ္။ ဆိုလိုတာက ႏိုင္ငံေရးနည္းလမ္းနဲ႔ျပႆနာကို ေျဖရွင္းႏိုင္တယ္ဆိုတဲ့ေမွ်ာ္လင့္ခ်က္ကို ေပးႏိုင္တာကေတာ့ လက္ရွိစစ္တပ္၊ နစကပဲ။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ေယဘုယ်သိပ္ဆန္တဲ့ ကတိစကား ေတြနဲ႔မလုံေလာက္ဘူး အခုအေျခအေနကိုလြန္ေျမာက္ဖို႔အတြက္က ေ႐ြးေကာက္ပြဲလုပ္ေပးမယ္ႏိုင္တဲ့ သူအာဏာ လႊဲမယ္ဆိုတာမ်ိဳးေလာက္နဲ႔ ျဖတ္သန္းလို႔မရဘူး။ ဒါေၾကာင့္မို႔လို႔ အၾကမ္းဖက္မႈေတြမလုပ္ၾကပါနဲ႔ ဆိုရင္ ဒီဘက္က ႏိုင္ငံေရးအရ ထင္ရွားတဲ့၊ သိသာျမင္သာတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ ဘာေတြလုပ္မယ္ဆိုတာမ်ိဳးကို ကြၽန္ေတာ္တို႔ ဒါအၿမဲတမ္းေျပာေနတဲ့ အသြင္ကူးေျပာင္းေရးကာလ သေဘာတူညီခ်က္ေပါ့။ အဲဒါက အေရးတႀကီးျပသဖို႔လိုတယ္ ေနာက္တစ္ခုက ဒီလိုႀကိဳးပမ္းေဆာင္႐ြက္တဲ့အခါ ေျဖရွင္းဖို႔ႀကိဳးစားေနတယ္ဆိုတာကို အာဆီယံလိုမ်ိဳး ေဒသတြင္း အဖြဲ႕အစည္းေတြ ႏိုင္ငံတကာအဖြဲ႕အစည္းေတြရဲ႕ေထာက္ခံမႈ၊ အသိအမွတ္ျပဳမႈရဖို႔ လိုတယ္။ ဒါေၾကာင့္မို႔လို႔ အာဏာကိုရယူထားတဲ့စစ္တပ္က တာဝန္အရွိဆုံးပဲ။ အဲဒီေတာ့ သူတို႔က ႏိုင္ငံေရးေမွ်ာ္လင့္ခ်က္ေကာင္းေကာင္းကို ဖန္တီးေပးမွ ဒီလိုမ်ိဳးကြၽန္ေတာ္တို႔ လက္နက္ကိုင္ပဋိပကၡေတြလည္း ေလ်ာ့ခ်လို႔ရမယ္။ အဓိကအက်ဆုံးက ဒီမိုကေရစီေရးနဲ႔ ဖက္ဒရယ္ေရးနဲ႔ပတ္သက္တဲ့ျပဳျပင္ေျပာင္းလဲမႈေတြကို သိသာထင္ရွားတဲ့ ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္မယ္ဆိုတဲ့ ႏိုင္ငံေရးေမွ်ာ္လင့္ခ်က္ေကာင္းေကာင္းဖန္တီးေပးဖို႔လိုမယ္လို႔ျမင္တယ္။ အဲဒီေတာ့ စစ္တပ္က သူ႔သေဘာနဲ႔သူ သူတစ္ေယာက္ထဲေတာ့ သူဆုံးျဖတ္လို႔မရဘူး။ ဒီဘက္မွာ ပဋိပကၡထဲမွာပါဝင္ေနတဲ့ အင္အားစု ေတြနဲ႔ သေဘာတူညီမႈတစ္ခုကို အခ်ိန္ကသိပ္မရွိဘူး။ ကြၽန္ေတာ္တို႔က ၂ဝဝ၈ အရ စစ္တပ္ကသူဟာ၊ သူ႔ရဲ႕ Roadmap ကိုေျပာထားတာျဖစ္တဲ့အတြက္ေၾကာင့္ ဒီႏွစ္ထဲမွာကိုပဲ ကြၽန္ေတာ္တို႔က ရလဒ္တစ္ခု ခိုင္ခိုင္မာမာ ျဖစ္လာေအာင္ ကြၽန္ေတာ္တို႔က ႀကိဳးစားဖို႔လိုတယ္လို႔ ျမင္တယ္။

ေမး ။ ။ ဒီေနရာမွာ စစ္တပ္ကေတာ့ အရပ္ဖက္ႏိုင္ငံေရးသမားေတြနဲ႔ ေသခ်ာေတာ့မေတြ႕ေသးဘူး။ သို႔ေသာ္ ဒီတိုင္းရင္းသား EAO ေတြနဲ႔သြားေတြ႕တာေတာ့ ေတြ႕ရတယ္။ သူနဲ႔ေတြ႕ေနတာ(၁၀) ဖြဲ႕ျပည့္ေတာ့မယ္ဆိုေတာ့ (၁၀) ဖြဲ႕ ေတြ႕မယ္ေျပာထားၿပီးၿပီ၊ (၉) ဖြဲ႕ေတြ႕ၿပီးၿပီ။ ဒါေပမယ့္ အျခားေသာ ဒီက်န္တဲ့သက္ဆိုင္ရာ တိုင္း/နယ္ အဖြဲ႕ အစည္းေတြမွာလဲ ေတြ႕ကိုေတြ႕မယ့္ သူေတြ႕ေပးမယ့္ သူေတြေတာ့ရွိတယ္။ ဒါေပမယ့္ ေတြ႕မယ့္အဖြဲ႕အစည္းေတြက ေတာ့ အၾကမ္းဖက္လႈပ္ရွားမႈေတြ မလုပ္ရဘူး၊ မလုပ္ပဲေနမွသာ သူကေတြ႕မွာ အၾကမ္းဖက္လႈပ္ရွားမႈေတြလုပ္ရင္ မေတြ႕ဘူးဆိုတဲ့သေဘာမ်ိဳး သူေျပာတာေတြ႕ရတယ္။ ဒါတစ္ဖက္ကေျပာမယ္ဆိုရင္လည္း ၾကည့္လိုက္ရင္လည္း တပ္နဲ႔မေတြ႕ဘူးလို႔ ေတြ႕စရာအေၾကာင္းမရွိဘူး၊ ေဆြးေႏြးစရာအေၾကာင္းကိုမရွိဘူးလို႔ အျပတ္ကိုေျပာထားတဲ့ အဖြဲ႕ေတြလည္း ရွိတယ္ဆိုေတာ့၊ ဒီလိုအခင္းအက်င္းမွာ ဘယ္လိုမ်ိဳးေတြ႕ဆုံညႇိ႔ႏႈိင္းေရးလမ္းေၾကာင္းေပၚပါဦးမလဲ ေနာ္။ ႏိုင္ငံတကာက ဘယ္ေလာက္ကိုေျပာေနေျပာေန ဘယ္လိုလုပ္မွ ရလဒ္က ထြက္မယ္ထင္လဲ။
ေျဖ ။ ။ အခုကေတာ့ လက္ရွိေတြ႕ဆုံေဆြးေႏြးေနတာကေတာ့ EAO ေတြနဲ႔ေတြ႕ဆုံေဆြးေႏြးေနတာရွိတယ္၊ ေနာက္တစ္ခုက ႏိုင္ငံေရးပါတီေတြနဲ႔လည္း ေတြ႕ဆုံေဆြးေႏြးဖို႔ရွိတယ္လို႔ ကြၽန္ေတာ္တို႔ၾကားရတယ္ေပါ့ေနာ္။ ဆိုေတာ့ အဲဒါကေတာ့ လတ္တေလာမွာ ဒါကြၽန္ေတာ္တို႔ထိေတြ႕ေနတဲ့အဖြဲ႕ေတြေပါ့။ တကယ္ရေတာ့ ေတြ႕ဆုံေဆြး ေႏြးမႈဆိုတာက မပါေသးတဲ့သူေတြပါ၊ ပိုၿပီးက်ယ္က်ယ္ျပန႔္ျပန႔္ပါလာေအာင္ ေဆြးေႏြးမႈအဝန္းအဝိုင္းကို တျဖည္း ျဖည္းေတာ့ ခ်ဲ႕ဖို႔လိုတာေပါ့။ ဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ေဆြးေႏြးမယ့္အဖြဲ႕အစည္းပုဂၢိဳလ္မ်ားကလည္း ႏိုင္ငံေရးက ျဖစ္စဥ္ဆိုတာကိုေတာ့ လက္ခံဖို႔လိုမယ္လို႔ျမင္တယ္။ တထိုင္တည္းနဲ႔အားလုံးေျဖရွင္းဖို႔ကေတာ့ မျဖစ္ ႏိုင္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္တို႔ျပသနာကလည္း အခုလြတ္လပ္ေရးနဲ႔အတူေပါ့ ျဖစ္လာေတာ့ ႏွစ္ (၇ဝ) ကို ေန႔ခ်င္းညခ်င္းေျဖရွင္းဖို႔ကေတာ့ ကြၽန္ေတာ္တို႔က စိတ္ကူးယဥ္လို႔ေတာ့ မရဘူး။ အဲဒီေတာ့ ဒီအက်ပ္ အတည္းကို လြန္ေျမာက္ႏိုင္တဲ့အဆင့္တစ္ဆင့္ကို ပထမအဆင့္အျဖစ္နဲ႔ ကြၽန္ေတာ္တို႔ႀကိဳးစားဖို႔ ခ်ဥ္းကပ္ဖို႔လို တယ္။ ၿပီးေတာ့မွ ဆက္ၿပီးေတာ့လည္း ေဆြးေႏြးေနရမွာပဲ ဒါကရပ္သြားတာမဟုတ္ဘူး သူကျဖစ္စဥ္ျဖစ္ေနရမယ္ သူက process ရဲ႕သေဘာက လက္ရွိအေျခအေနထက္ပိုေကာင္းတဲ့အဆင့္တစ္ဆင့္ ဒီထက္ပိုေကာင္းတဲ့အဆင့္ ဒီထက္ပိုေကာင္းတဲ့အဆင့္ဆိုတာကို ဒီလိုမ်ိဳးကြၽန္ေတာ္တို႔က သြားရတဲ့ကိစၥမွာ တထိုင္တည္းနဲ႔အားလုံးေျဖရွင္းဖို႔ ဆိုတာမ်ိဳးကေတာ့ ကြၽန္ေတာ္ေတာ့ မေမွ်ာ္လင့္ႏိုင္ဘူးလို႔ပဲျမင္တယ္။ ဒါေၾကာင့္မို႔လို႔ ဒီအေျခအေနကို လြန္ေျမာက္ တဲ့အဆင့္ကို ပထမဦးဆုံးဝိုင္းၿပီး ႀကိဳးစားသင့္တယ္။ အဲဒီေတာ့ ဒီကိစၥက ၿပီးေတာ့ ဆက္ေဆြးေႏြးမယ္ ေနာက္ဆုံး ေျပာရရင္ ကြၽန္ေတာ္တို႔ႏိုင္ငံရဲ႕ျပႆနာက ဖြဲ႕စည္းပုံအက်ပ္အတည္းပဲ အဲဒီေတာ့ ဒီဖြဲ႕စည္းပုံအေျခခံဥပေဒအက်ပ္ အတည္းကို ဒီပြဲတစ္ပြဲတည္းနဲ႔မၿပီးဘူး။ ဒီဟာၿပီးသြားရင္ေတာင္မွ ကြၽန္ေတာ္တို႔က ဒီဖြဲ႕စည္းပုံတစ္ခုလုံးကို ျပန္လည္သုံးသပ္တာမ်ိဳးေပါ့ Review လုပ္ရမယ့္ကိစၥမ်ိဳးေတြကို ဒါကြၽန္ေတာ္တို႔ကဆက္ၿပီး လမ္းဖြင့္ထားဖို႔ လိုမယ္ လို႔ ျမင္ပါတယ္။

ေမး ။ ။ တပ္ကေတာ့ EAO ေတြနဲ႔ ေဆြးေႏြးေနတဲ့အထဲမွာဆိုရင္ ကြၽန္ေတာ္တို႔ ျပန္ၾကားရသေလာက္ကေတာ့ အေတာ္မ်ားမ်ား EAO ေတြကို ေပးတဲ့ကတိကဝတ္ေတြက ခိုင္ခိုင္မာမာေကာင္းေကာင္းမြန္မြန္ေပးၾကတယ္လို႔ ၾကား တယ္။ သူတို႔မေမွ်ာ္လင့္ထားတဲ့ ကတိကဝတ္ေတြကိုေတာင္ေပးတယ္လို႔ သတင္းေတြၾကားရတယ္။ ဆိုေတာ့ ဒီလိုမ်ိဳး တကယ္ေပးခဲ့တယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔တကယ္ေမွ်ာ္လင့္ထားတဲ့ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္ ျပည္ေထာင္စုႀကီးကိုလည္း တကယ္ေရာက္ေအာင္ ေ႐ႊ႕လို႔ရမယ္ဆိုတဲ့သေဘာ။ သို႔ေသာ္ တကယ့္ဒီႏိုင္ငံမွာ အားႀကီးတဲ့အင္အားစုအျဖစ္ရွိေနတာသည္ NUG နဲ႔ သူ႔ရဲ႕ေထာက္ခံသူမ်ားအုပ္စုေပါ့။ သူတို႔ကေတာ့ လုံးဝေဆြးေႏြး စရာအေၾကာင္းကို မရွိဘူး။ အျပဳတ္ကိုတိုက္မယ္ဆိုတဲ့ေခါင္းစဥ္ကို ေ႐ြးထားၿပီးသားျဖစ္တဲ့အတြက္ ဘယ္လို ဆက္ၿပီး ရွင္သန္ေအာင္လုပ္ၾကမလဲ။ ဒါကို ဘယ္လိုရွင္းမွ ရမယ္လို႔ထင္လဲ။
ေျဖ ။ ။ တစ္ခုကေတာ့ သူတို႔ဘက္ကေျပာတဲ့အထဲမွာ တခ်ိဳ႕ဟာေတြကလည္း လက္နက္ကိုင္နည္းလမ္းက နည္းနာတစ္ခုပါလို႔ ေျပာတာေတြလည္း ကြၽန္ေတာ္တို႔ၾကားရပါတယ္။ အဲဒီေတာ့ နည္းနာတစ္ခုဆိုရင္ေတာ့ ေဆြးေႏြးႏိုင္တဲ့ ေမွ်ာ္လင့္ခ်က္ရွိတယ္ေပါ့။ ေနာက္တစ္ခုကေတာ့ အျပဳတ္တိုက္ေရးဆိုတာကေတာ့ ေဒါသျဖစ္လို႔ ကြၽန္ေတာ္တို႔ အရပ္ထဲမွာရန္ျဖစ္သလို တုတ္၊ ဓါး၊ လက္နက္မပါလို႔ ပါးစပ္နဲ႔ေျပာရင္ေတာင္မွ ဆဲဆိုႀကိမ္းေမာင္း ေျပာေနၾကတာမ်ိဳးေတြကေတာ့ ရွိတယ္။ သို႔ေသာ္ တကယ့္တကယ္က ႏိုင္ငံတကာခ်ဥ္းကပ္မႈကလည္းပဲ ႏိုင္ငံေရး အရ ေဆြးေႏြးဖို႔ကိုပဲ တိုက္တြန္းေနတာျဖစ္တဲ့အခါက်ေတာ့ အေကာင္းဆုံးကေတာ့ ထိခိုက္နစ္နာမႈအနည္းဆုံးက ႏိုင္ငံေရးအရေဆြးေႏြးမႈပဲ။ အဲဒီေတာ့ ေထာင္းတင္ေမာင္းတင္ေျပာေနတဲ့ကိစၥေတြကေတာ့ ရန္ျဖစ္ေနတဲ့အခ်ိန္မွာ ရွိၾကမွာေပါ့။ သို႔ေသာ္ တကယ္တမ္း ေတ့ေတ့ဆိုင္ဆိုင္ေျပာတဲ့အခါမွာ လက္ေတြ႕ၾကဖို႔လိုတယ္လို႔ပဲ ျမင္ပါတယ္။

ေမး ။ ။ အဲဒီေတာ့ တပ္အေနနဲ႔ကေတာ့ တ႐ုတ္ရဲ႕ႏိုင္ငံျခားေရးဝန္ႀကီးကေရာ အာဆီယံကိုယ္စားလွယ္ကေရာ တိုက္တြန္းေနတဲ့အတိုင္း ဒီဘက္လက္က်န္ ၆ လ၊ ၂၀၂၂ ခုႏွစ္ လက္က်န္ ၆ လအတြင္းမွာ တကယ့္ဒီႏိုင္ငံေရး ေဆြးေႏြးမႈႀကီးေတြကို ဒါတိုင္းရင္းသားေတြနဲ႔ သူေဆြးေႏြးေနၿပီး၊ တိုင္းရင္းသားလက္နက္ကိုင္ေတြနဲ႔ တခ်ိဳ႕မပါ ေသးတဲ့လူေတြလည္းရွိတယ္။ ေနာက္ပိုင္းပါလာႏိုင္ေခ်ရွိတာလည္း သိတယ္။ ႏိုင္ငံေရးပါတီႀကီးေတြနဲ႔လည္း သူေတြ႕ဖို႔ ရွိတယ္ဆိုတာလည္း ရွိတယ္။ ဆိုေတာ့ စစ္တပ္အေနနဲ႔က သူတို႔ေရွ႕မွာလုပ္ထားတဲ့ အကုန္လုံးနဲ႔ အကုန္ လုံးကို ခ်ိန္ၿပီးေတာ့မွ လုပ္သင့္တာကို သူလုပ္ေနတယ္လို႔ျမင္မိလား။ ဒါမွမဟုတ္ သူလုပ္ခ်င္တာေတြ သူလုပ္ေန တယ္လို႔ ျမင္မိလား။
ေျဖ ။ ။ ကြၽန္ေတာ္တို႔သမိုင္းျပန္ၾကည့္လို႔ရွိရင္လည္း အဂၤလိပ္အုပ္ခ်ဳပ္တဲ့ေခတ္မွာ အဂၤလိပ္က တြဲမလား၊ ခြဲ မလား သူကဦးေဆာင္ၿပီးေတာ့ သူကခ်ေပးတာေပါ့။ ၉၁ ဌာန ယူမလား၊ မယူဘူးလားဆိုတာမ်ိဳးေတြ ျဖစ္တဲ့အခါ က်ေတာ့ ကြၽန္ေတာ္တို႔ဒီဘက္က အတိုက္အခံေတြၾကားထဲမွာက အျဖဴ/အမဲ လက္ခံမယ္၊ လက္မခံဘူးနဲ႔ ကြဲၾကတာ ေပါ့။ သို႔ေသာ္ ကြၽန္ေတာ္တို႔က ဘာပဲေျပာေျပာ ႏိုင္ငံေရးယဥ္ေက်းမႈတည္ေဆာက္တာက ဒီတစ္ေခါက္မတူရင္ ေတာင္ ေနာက္တစ္ေခါက္တူႏိုင္တယ္။ ဒီအေၾကာင္းအရာမွာ မတူရင္ေတာင္ ေနာက္အေၾကာင္းအရာမွာ တူႏိုင္ တယ္ဆိုတဲ့ဟာမ်ိဳးကို ကြၽန္ေတာ္တို႔က ဒီကြဲလြဲမႈကိုအသိအမွတ္ျပဳႏိုင္တဲ့ယဥ္ေက်းမႈေတာ့ ရွိဖို႔လိုတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ေသခ်ာတာက ဒါကြၽန္ေတာ္တို႔ေတြဆိုရင္ တစ္ေလွ်ာက္လုံးလည္း ဒီမိုကေရစီ ရေရး၊ အာဏာရွင္ဆန႔္က်င္ေရး လုပ္ခဲ့တဲ့အခါက်ေတာ့ အဲဒါက ေသတဲ့အထိေပ်ာက္မွာမဟုတ္ဘူး နည္းလမ္းေတြ သာ ကြဲခ်င္ကြဲသြားမယ္။ ကြၽန္ေတာ္တို႔ပန္းတိုင္က ကြၽန္ေတာ္တို႔ႏိုင္ငံ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္မွကို ျဖစ္မွာ အဲဒါေရွာင္လို႔မရဘူး။ ဒီမိုကေရစီသြားမွကိုျဖစ္မယ္။ အဲဒီလိုသြားႏိုင္ဖို႔အတြက္ ရင့္က်က္မႈေတြလိုတယ္။ တစ္ဖက္က ႐ုန္းကန္လႈပ္ရွားမႈေတြလိုသလို တစ္ဖက္ကလည္း ကြၽန္ေတာ္တို႔ေတြကိုယ္၌က ရင့္က်က္လာဖို႔လို တယ္ဆိုေတာ့ ဆင္ျခင္တုံတရား အားေကာင္းၿပီးေတာ့ ခ်ဥ္းကပ္ၾကဖို႔လိုတယ္။ စိတ္ခံစားမႈကိုလႈံံ့ေဆာ္တာက လြယ္တယ္၊ အေျဖထုတ္ဖို႔က်ေတာ့ စိတ္ခံစားမႈနဲ႔သြားလို႔မရဘူးဆိုေတာ့ ကြၽန္ေတာ္တို႔လို ႏိုင္ငံေရးဦးေဆာင္သူ ေတြက အဓိကပဲ။ ျပည္သူေတြနဲ႔ပတ္သက္ရင္ ကြၽန္ေတာ္က မဲထည့္ဆိုလည္း ထည့္တာပဲ။ လမ္းေပၚထြက္ဆိုလည္း ထြက္ခဲ့ၿပီးၿပီ။ ျပည္သူေတြဘက္က သူတို႔လုပ္ႏိုင္တဲ့အတိုင္းအတာမွာ ေတာက္ေလွ်ာက္တာဝန္ေက်ခဲ့တယ္လို႔ ကြၽန္ေတာ္တို႔ျမင္တယ္။ အဲဒီေတာ့ ဦးေဆာင္သူေတြအပိုင္းက ျပည္သူကိုအားလုံးပါဝင္ႏိုင္တဲ့ နည္းလမ္းစဥ္းစားဖို႔ လိုတယ္။ အဲဒီေတာ့ ကြၽန္ေတာ္တို႔ဆိုရင္ ႏိုင္ငံေရးနည္းလမ္းကိုေ႐ြးတယ္ဆိုတာက အမ်ားစုပါႏိုင္တယ္ဆိုေတာ့ အဲဒါေၾကာင့္မို႔လို႔ ကြၽန္ေတာ္တို႔က ျပည္သူတိုင္းပါဝင္ႏိုင္တဲ့ႏိုင္ငံေရးကိုေတာ့ ကြၽန္ေတာ္တို႔ဦးတည္ဖို႔လိုတယ္လို႔ ေတာ့ ကြၽန္ေတာ္ေတာ့ ျမင္ပါတယ္။

ေမး ။ ။ ခုနကေျပာသလို ျပည္သူေတြက တာဝန္ေက်တယ္။ လုပ္စရာရွိတာလုပ္တယ္ေပါ့။ ျပန္ၾကည့္ရရင္ ၂ဝ၂၁ အခင္းအက်င္းေပၚလာတဲ့အခ်ိန္မွာ ျပည္သူေတြ ဆႏၵျပပါဆိုရင္ ျပည္သူေတြေတာ္ေတာ္မ်ားမ်ား အကုန္ထြက္ၿပီး ဆႏၵျပၾကတယ္။ သံပုံးတီးဆို တီးၾကတယ္။ ဘာလုပ္ဆိုလုပ္တယ္။ အကုန္လုပ္တယ္ေပါ့။ တစ္ခါ အလႉ‌ေငြထည့္ပါ ဆိုလည္း ထည့္တယ္။ ဒါေပမယ့္ ဘယ္ေလာက္ပဲ ဘာေတြပဲလုပ္လုပ္၊ အေ႐ြ႕က ေ႐ႊ႕သြားတယ္ဆိုတာမရွိဘဲနဲ႔ ျပည္သူေတြရဲ႕ရင္ထဲမွာ အမုန္းတရားေတြသာ ပိုပိုၿပီးႀကီးလာတာေတြ႕ရတယ္။ အေၾကာက္တရားေတြလည္း ပိုႀကီး လာတာေတြ႕ရတယ္။ အခ်င္းခ်င္းအျပန္အလွန္ လူလူခ်င္းစာနာေထာက္ထားမႈ၊ နားလည္ေပးမႈ ေမတၱာတရား ထားရမယ္ဆိုတာ ေပ်ာက္သြားတာေတြ႕ရတယ္။ ဆိုေတာ့ စစ္တပ္အပိုင္းကေတာ့ ထားလိုက္ေပါ့၊ စစ္တပ္သည္ ဒီအာဏာယူဖို႔ မယူသင့္ဘူးဆိုတာ လူတိုင္းသိတယ္၊ လက္ခံတယ္။ ဒါေပမယ့္ ႏိုင္ငံေရးသမားေတြအေနနဲ႔ လူထုကို နည္းလမ္းမ်ိဳးစုံ ခိုင္းခဲ့ၿပီးသြားၿပီ။ ဒါေပမယ့္ လူထုကို သူတို႔ျပန္ေပးလိုက္တာက အေၾကာက္တရားေတြနဲ႔ အမုန္း တရားေတြပဲျပန္ေပးၿပီးေတာ့ ပိုပိုမုန္းေအာင္လုပ္တယ္။ ပိုၿပီးေၾကာက္ေအာင္လုပ္ၾကတယ္။ ႏိုင္ငံေရးသမား တစ္ေယာက္ဟာ ျပည္သူလူထုကို အဲဒီလိုလုပ္သင့္သလားဆိုတဲ့ ရႈ႕ေထာင့္ေပါ့။
ေျဖ ။ ။ ႏွစ္ဖက္ေျပာရမွာေပါ့။ ႏွစ္ဖက္ေျပာရမယ္ဆိုတာက စစ္တပ္ကိုယ္၌ကလည္း ႏိုင္ငံေရးနယ္ပယ္ထဲကို ေရာက္လာၿပီဆိုကတည္းက လူထုရဲ႕စိတ္ခံစားမႈ၊ တုန႔္ျပန္မႈကို အေလးနက္ထားဖို႔လိုတယ္။ ေနာက္တစ္ခုက စစ္တပ္ရဲ႕ စီမံခန႔္ခြဲမႈ၊ အုပ္ခ်ဳပ္မႈနဲ႔ အရပ္ဖက္စီမံခန႔္ခြဲမႈ၊ အုပ္ခ်ဳပ္မႈနဲ႔က မတူဘူး။ ဒီဘက္က ႏိုင္ငံေရးသမားေတြ အေနနဲ႔ကလည္း သူတို႔ ႏွစ္(၇ဝ)ေပါ့။ ဒီတိုက္ပြဲေတြနဲ႔ ပဋိပကၡေတြနဲ႔ပဲ ေတာ္လွန္ၿပီးရင္းေတာ္လွန္၊ ေနာက္မ်ိဳးဆက္ ကို ဒီေတာ္လွန္တဲ့အေမြေတြပဲ ထပ္ေပးဆိုတာႀကီးက ဘယ္‌ေလာက္ၾကာၾကာ ဆက္သြားေနအုံးမွာလဲ။ ၾကာေတာ့ ဘာျဖစ္လာလဲဆိုေတာ့ စစ္တပ္နဲ႔ စစ္တပ္ဆန႔္က်င္တဲ့ အင္အားစုနဲ႔ အဲဒါႀကီးကိုကြၽန္ေတာ္တို႔က ေတာက္ေလွ်ာက္ ေမြးေနတာထက္စာရင္ ၂ဝ၁၂ ေ႐ြးခ်ယ္မႈဆိုရင္ ဆင့္ကဲေျပာင္းလဲမႈျဖစ္စဥ္ကို ေ႐ြးခ်ယ္ခဲ့တာ။ ဒါေပမယ့္ (၅) ႏွစ္နဲ႔ နိတၳိတန္သြားတယ္။ ဆင့္ကဲေျပာင္းလဲမႈျဖစ္မသြားဘူး။ အဲဒီေတာ့ ဒါေၾကာင့္မို႔လို႔ ထိခိုက္နစ္နာမႈအနည္းဆုံးက Evolution ေပါ့။ Revolution ဆိုတာက ေတာ္လွန္ေရးဆိုတာ ႐ုတ္ခ်ည္းေျပာင္းလဲဖို႔ႀကိဳးစားတာ။ အခုေသခ်ာတာ ကေတာ့ ႐ုတ္ခ်ည္းမေျပာင္းလဲတာ (၂) ႏွစ္ရွိသြားၿပီေပါ့။ ၁ ႏွစ္ခြဲ ၂ ႏွစ္ျဖစ္သြားၿပီ။ ေနာက္ ဘယ္ေလာက္ၾကာမလဲ ကြၽန္ေတာ္တို႔ မသိႏိုင္ဘူး။ အဲဒီေတာ့ ကြၽန္ေတာ္တို႔က ကိုယ္ႏိုင္ငံတြင္း ပဋိပကၡကိုေျဖရွင္းႏိုင္ဖို႔အတြက္က ခုနက ႏိုင္ငံေရးဆိုတာ Process ျဖစ္စဥ္ဆိုတာကို ေလးေလးနက္နက္နားလည္ရင္ ျဖစ္စဥ္အဆင့္တိုင္း၊ အဆင့္တိုင္းမွာ လက္ရွိအေျခအေနထက္ ပိုေကာင္းတဲ့အေျခအေနတစ္ရပ္ကိုေရာက္ဖို႔ ဒီထက္ပိုေကာင္းေအာင္ႀကိဳးစားဖို႔ေပါ့။ ကြၽန္ေတာ္တို႔ကေတာ့ Evolution ကို ဆင့္ကဲေျပာင္းလဲမႈျဖစ္စဥ္ကို ထိခိုက္နစ္နာမႈအနည္းဆုံးနဲ႔ဆြဲေခၚႏိုင္ဖို႔။ ေနာက္တစ္ခုက ျပည္သူတစ္ဦးခ်င္းရဲ႕အေျခခံလိုအပ္ခ်က္က လုံၿခဳံေရးပိုင္းနဲ႔စားဝတ္ေနေရးပဲ။ ဒီလုံၿခဳံေရးနဲ႔ စားဝတ္ေနေရးကို အာမခံႏိုင္တဲ့အဆင့္တစ္ဆင့္ကို ကြၽန္ေတာ္တို႔က ပထမဆုံးသြားဖို႔လိုတယ္။ အဲဒီေတာ့ စစ္တပ္ ဘက္ကလည္းပဲ ေျမျပင္အေျခအေနေတြကို မွန္မွန္ကန္ကန္နားလည္ဖို႔၊ သုံးသပ္ဖို႔လိုတယ္။ အေၾကာက္တရားနဲ႔ ေျဖရွင္းျခင္းဟာ ကြၽန္ေတာ္တို႔ႏိုင္ငံအတြက္ ရလဒ္ေကာင္းမထြက္ဘူးဆိုတာကို ကြၽန္ေတာ္တို႔လုံေလာက္တဲ့ သခၤါန္းစာလည္း ရခဲ့ၿပီးၿပီလို႔ ကြၽန္ေတာ္တို႔ျမင္တယ္။ ဒါေၾကာင့္မို႔လို႔ ႏိုင္ငံ‌ေရးေမွ်ာ္လင့္ခ်က္ေကာင္းေကာင္း၊ ထြက္ေပါက္ေကာင္းေကာင္းကို စစ္တပ္ဘက္ကလည္း ဖန္တီးဖို႔လိုတယ္။ ကြၽန္ေတာ္တို႔ဒီဘက္က အရပ္ဖက္ ႏိုင္ငံေရးသမားမ်ားအေနနဲ႔ကလည္း တိုင္းျပည္ဒီေလာက္စုတ္ျပတ္ၿပီး အေျခအေနျဖစ္ေနတဲ့ကိစၥကိုျပန္ၿပီး လြန္ေျမာက္ဖို႔အတြက္ လက္ေတြ႕က်တဲ့ရလဒ္ကို ဦးတည္တဲ့ခ်ည္းကပ္မႈမ်ိဳး လုပ္ဖို႔လိုတယ္လို႔ပဲ ကြၽန္ေတာ္ေတာ့ ေျပာခ်င္ပါတယ္။

ေမး ။ ။ အခု နစကအေနနဲ႔က‌ေရာ ႏိုင္ငံေရးသမားေတြကို ႏိုင္ငံေရးအရ ရပ္တည္ခြင့္၊ ရွင္သန္ခြင့္ေပါ့။ ဒီမိုကေရစီ ႏိုင္ငံေရးအရ ရပ္တည္ရွင္သန္ခြင့္ ေကာင္းေကာင္းေပးလာ။ တစ္ခ်ိန္တည္းမွာပဲ သူ႔ရဲ႕ၿပိဳင္ဖက္ျဖစ္ေနတဲ့ NUG ဘက္ကေရာ ႏိုင္ငံေရးအရ လြတ္လြတ္လပ္လပ္ရပ္တည္ရွင္သန္ေျပာဆိုခြင့္ေပးသလား။ ဘယ္သူကပိုၿပီး ေပးၿပီး ေတာ့ ဘယ္လိုပုံစံနဲ႔တြန္းေနတယ္လို႔ျမင္လဲ။
ေျဖ ။ ။ အခုက ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္း အင္မတန္သတိထားေနရတယ္။ ႀကိဳးတန္းေလွ်ာက္ရသလိုပဲ။ ႀကိဳးတန္းေလွ်ာက္တာေတာင္ ခဏခဏကန္အခ်ခံရတာေပါ့ဗ်ာ။ ဆိုလိုတာက စစ္တပ္ေရာ၊ တစ္ပါတီအာဏာရွင္ ကေန တစ္ေလွ်ာက္လုံးျဖတ္သန္းလာခဲ့ရတဲ့အခါမွာ အတိုက္အခံကိုေခ်မႈန္းတဲ့ပုံစံမ်ိဳး၊ လက္ေအာက္ခံအျဖစ္နဲ႔ သြတ္သြင္းတဲ့ပုံစံမ်ိဳးပဲ စဥ္းစားလာခဲ့တာေတြမ်ားတယ္။ အခုက်ေတာ့လည္း ဒီဘက္မွာ ကိုယ္နဲ႔တစ္ဖက္တည္းမွ ျပတ္ျပတ္သားသားမရပ္ရင္ တစ္ဖက္ကို ကန္ထည့္လိုက္တာေပါ့။ တံဆိပ္ကပ္လိုက္တာေပါ့။ ဆိုေတာ့ တံဆိပ္ကပ္ ယဥ္ေက်းမႈက ကြၽန္ေတာ္တို႔ႏိုင္ငံမွာ ေတာ္ေတာ္ကိုႀကီးလာတယ္တဲ့အခါက်ေတာ့ ၾကားမထားဘူးေပါ့။ အမွန္က ကြၽန္ေတာ္တို႔က ၾကားမဟုတ္ဘူး။ ကြၽန္ေတာ္တို႔မွာ ကိုယ္ပိုင္ရပ္တည္ခ်က္နဲ႔ရပ္တည္ေနတာ။ ဒီမိုကေရစီအေရး၊ ဖက္ဒရယ္အေရးအေပၚကေန တစ္လက္မမွ မေ႐ြ႕ဘူး။ သို႔ေသာ္ လုပ္နည္းလုပ္ဟန္ကြဲရင္ေတာင္မွ လက္မခံႏိုင္ ေလာက္ေအာင္ ကြၽန္ေတာ္တို႔တစ္ခါတည္းတံဆိပ္ကပ္ၿပီး‌ေတာ့ ႏိုင္ငံေရးသတ္ဖို႔ႀကိဳးစားေနတဲ့ပုံစံမ်ိဳးမွာဆိုရင္ ဒီႏိုင္ငံမွာ တကယ့္ကို ပေရာ္ဖက္ရွင္နယ္ေပါ့။ ႏိုင္ငံေရးသမားရွင္သန္ဖို႔ ေရခံေျမခံ ေတာ္ေတာ္ကိုနည္းလာတယ္။ သို႔ေသာ္ ကြၽန္ေတာ္တို႔ကေတာ့ က်ားကုတ္က်ားခဲႀကိဳးစားၿပီးေတာ့ တကယ့္အရပ္ဘက္ ႏိုင္ငံေရး ျပန္ၿပီး ရွင္သန္လာဖို႔၊ အားေကာင္းလာဖို႔ ကြၽန္ေတာ္တို႔တတ္ႏိုင္သေလာက္ေျပာရရင္ေတာ့ အနာခံၿပီး‌ေတာ့ ႀကိဳးစားသြား မယ္။ ကြၽန္ေတာ္တို႔ကပဲ ေနာက္မ်ိဳးဆက္ကိုအေမြေပးတဲ့အခါမွာ ႏိုင္ငံေရးနည္းလမ္း၊ ႏိုင္ငံေရးသမား ဆိုတာ ဘယ္လိုဆိုတာမ်ိဳးကို ကြၽန္ေတာ္တို႔ကေတာ့ ေသေသခ်ာခ်ာေနာက္မ်ိဳးဆက္ကို ေလ့လာႏိုင္ေလာက္ေအာင္ေပါ့ ေနာ္။ သခၤါန္းစာယူစရာေတြလည္း ရွိမွာေပါ့ေနာ္။ အဲဒါေလးေတာ့ ကြၽန္ေတာ္တို႔အတတ္ႏိုင္ဆုံး ႀကိဳးစားေနပါတယ္။

ေမး ။ ။ အဲဒီေတာ့ ျပည္တြင္းမွာက်န္ေနခဲ့တဲ့ ႏိုင္ငံေရးသမားေတြကို ဆက္လက္ရပ္တည္ၿပီးေတာ့ လြတ္လပ္စြာ ေျပာဆိုခြင့္မရေအာင္ မ်ိဳးစုံးေပါ့၊ ကန္ခ်တာေပါ့၊ ႏိုင္ငံ‌‌ေရးေျမာင္းေဘးက်ေအာင္ ကန္ခ်တာမ်ိဳးျဖစ္စဥ္ေတြ ပိုၿပီး ႀကီးထြားလာျခင္းရဲ႕ေနာက္ဆက္တြဲဆိုးက်ိဳးက ဘာေတြခံစားရႏိုင္ေျခရွိလဲ။
ေျဖ ။ ။ ဘာေတြခံစားရလဲဆိုေတာ့ ႏိုင္ငံေရးနည္းလမ္းကို အယုံအၾကည္မဲ့သြားတယ္။ ႏိုင္ငံေရးသမားလဲ မလို ေတာ့ဘူး။ ႏိုင္ငံေရးနည္းလမ္းလဲ မလိုအပ္ေတာ့ဘူး။ ခ်မွရမယ္ဆိုရင္ေတာ့ ကြၽန္ေတာ္တို႔က ေသြးထြက္သံယို၊ အနိ႒ာ႐ုံေတြနဲ႔ပဲ ကြၽန္ေတာ္တို႔ရဲ႕သမိုင္းက ဒါေတြနဲ႔ပဲျပည့္ႏွက္သြားလိမ့္မယ္။

ေမး ။ ။ အစ္ကို အဲဒါေတြကို လိုခ်င္ေသးလား။
ေျဖ ။ ။ ကြၽန္ေတာ္က အဲဒါေၾကာင့္လည္း ဒီေလာက္ေပၿပီးေတာ့လုပ္ေနတာ။ တကယ္က ပြင့္ပြင့္လင္းလင္းေျပာ ရင္ ကြၽန္ေတာ္တို႔ေထာင္ထဲေနရတာက သက္သာတယ္။ ေထာင္ထဲေနတဲ့အတြက္ေၾကာင့္ သူ႐ြပ္႐ြပ္ခြၽန္ခြၽန္ လုပ္ၿပီး ေတာ့ အဖမ္းခံသြားရတယ္။ အထဲမွာအနစ္နာခံေနတယ္ဆိုတာမ်ိဳး။ ဒီႏိုင္ငံမွာကလည္း ႏိုင္ငံေရးလုပ္ရင္ ေထာင္က် မယ္ဆိုတာက ဒါကအေျခခံပဲ။ အခုကြၽန္ေတာ္တို႔ ဆန္တက္ရတဲ့ကိစၥက အဲဒါမ်ိဳး၊ ဖမ္းဆီးခံရတဲ့ကိစၥက ကြၽန္ေတာ္ က ဂ႐ုကိုမစိုက္ဘူး။ အခုလုပ္ေနတာကလည္း ဘာမွအဖမ္းခံရမွာ ေၾကာက္စရာအေၾကာင္းမရွိဘူး။ ကြၽန္ေတာ္တို႔ က ေထာင္ထဲမွာ (၁၉) ႏွစ္ေက်ာ္ေနလာခဲ့ေတာ့ ေထာင္ထဲမွာ ဘယ္လိုေနရထိုင္ရမယ္ဆိုတာ ကြၽန္ေတာ္တို႔အသား က်ၿပီးသား။ ေနာက္ဆုံးေျပာရရင္ ကြၽန္ေတာ္တို႔ေနခဲ့ရတဲ့ေထာင္က သံမန္တလင္းေပၚမွာ အိပ္ခဲ့ရတာ။ အခုက ကြပ္ပ်စ္နဲ႔အိပ္ရတာ။ ကြၽန္ေတာ္တို႔ ဂန္ဖလားနဲ႔ အေပါ့အေလးသြားခဲ့ရတာ။ အခုက ေရေလာင္းအိမ္သာနဲ႔။ ပုံစံမလို အဝစား။ စာအုပ္စာတမ္းဖတ္ရႈခြင့္ရတယ္။ ေထာင္မွာ မိသားစုကေန အပ္ေငြအပ္လို႔ရတယ္။ ေဈးဝယ္ရွိတယ္။ ကြၽန္ေတာ္တို႔တုန္းက အဲဒီအေျခအေနေတြက စိတ္ကူးေတာင္ယဥ္လို႔မရဘူး။ အဲဒီေတာ့ ေျပာခ်င္တာက ေထာင္ထဲ ေရာက္ေနတဲ့ရဲေဘာ္ေတြအေပၚမွာလည္း ကြၽန္ေတာ္တို႔စာနာပါတယ္။ ဘယ္သူမွမေနခ်င္ဘူးေပါ့။ သို႔ေသာ္ အျပင္ မွာ စိတ္ပင္ပန္းတာထက္စာရင္ ေထာင္ထဲေနတာေတာင္ ကြၽန္ေတာ္တို႔ပိုၿပီးသက္သာတယ္။ သို႔ေသာ္ အဲဒါအေျဖ မဟုတ္ဘူးဆိုၿပီးေတာ့ အခုအေျခအေနကိုေ႐ြးခ်ယ္ၿပီးရပ္တည္ရတဲ့ကိစၥက ကြၽန္ေတာ္ဟိုတုန္းက ေထာင္က်ခဲ့တဲ့ အေျခအေနထက္ အမ်ားႀကီးပိုၿပီးေတာ့ပင္ပန္းတယ္။ အဲဒီေတာ့ ဒီၾကားထဲမွာမွ အယူအဆမတူရင္ မေျပာရဲမဆိုရဲ ေလာက္ေအာင္ ဝိုင္းၿပီးေတာ့ ဆဲဆိုၿခိမ္းေျခာက္ၿပီးေတာ့ ဖိအားေပးတာ။ အဓိကကေတာ့ ႏႈတ္ပိတ္တာေပါ့။ ဘာမွမေျပာနဲ႔ မင္း ငါတို႔နဲ႔အတူတူမေနႏိုင္ရင္ မင္းႏိုင္ငံေရးကိုစြန႔္ခြာေတာ့၊ အသံမထြက္နဲ႔ဆိုၿပီးေတာ့ ၿခိမ္းေျခာက္ တဲ့ပုံစံ၊ ဒါက ဒီမိုကေရစီယဥ္ေက်းမႈမွမဟုတ္တာ။ အထူးသျဖင့္ ယဥ္ေက်းတဲ့လူအဖြဲ႕အစည္းရဲ႕အျပဳအမူမဟုတ္ ဘူး။ ဒါမ်ိဳးကို ကြၽန္ေတာ္တို႔ကႀကံ့ႀကံ့ခံၿပီးေတာ့ႏိုင္ငံေရးနည္းလမ္းအေပၚမွာ ယုံၾကည္မႈျပန္တက္လာေအာင္ ကြၽန္ေတာ္တို႔က ေပၿပီးေတာ့လုပ္ေနတာ။ ေျပာရရင္ သာမာန္ပုထုဇဥ္တစ္ေယာက္အေနနဲ႔ေျပာရင္ ႏိုင္ငံေရးဆက္ လုပ္ဖို႔ေတာင္ မေကာင္းဘူး။ ကြၽန္ေတာ္တို႔ဒီအေပၚကေန ဘာအက်ိဳးစီးပြားနဲ႔မွလုပ္ခဲ့ၾကတာမဟုတ္ဘူး။ ဒါေၾကာင့္ မလို႔ အခုကြၽန္ေတာ္တို႔လုပ္ေနတယ္ဆိုတာက ႏိုင္ငံေရးလမ္းေၾကာင္း ျပန္ပြင့္လာဖို႔အတြက္၊ တစ္ဖက္ကလည္း ျပည္သူေတြရဲ႕ေလ့လာမႈ၊ နားလည္မႈ၊ ယုံၾကည္မႈဟာ နာၾကည္းမႈ၊ စိတ္ခံစားမႈေတြကိုေက်ာ္လြန္ၿပီးေတာ့ ဆင္ျခင္တုံ တရားနဲ႔တည္ၿငိမ္တဲ့လူ႔အဖြဲ႕အစည္းျပန္ျဖစ္လာဖို႔ မီဒီယာေတြေရာ၊ ကြၽန္ေတာ္တို႔ႏိုင္ငံေရးသမားေတြေရာ၊ အထူးသျဖင့္က အာဏာရယူထားတဲ့စစ္တပ္ပဲ။ လူထုရဲ႕အၾကပ္အတည္းနဲ႔စိတ္ခံစားမႈေတြကို နက္နက္ရႈိင္းရႈိင္း နားလည္ဖို႔လိုတယ္လို႔ ျမင္တယ္။

ေမး ။ ။ ကြၽန္ေတာ္ထပ္ၿပီးေတာ့ Mention လုပ္ရရင္ အစ္ကို႔အေနနဲ႔ ႏိုင္ငံေရးရပ္တည္ခ်က္အရ ရဲရဲဝံ့ဝံ့ရပ္ေနလို႔ ေထာင္ထဲကို လာဖမ္းထည့္သြားမွာေတာ့ မေၾကာက္ဘူး။ ဒါေပမယ့္ လုပ္ေနရင္းနဲ႔ ေခ်ာက္ထဲကို၊ ႏိုင္ငံေရးေျမာင္း ထဲကို ထိုးက်သြားေအာင္ကန္ခ်မယ့္ အုပ္စုကိုေတာ့ ေၾကာက္တယ္။ အဲဒီလိုပုံစံမ်ိဳးျဖစ္ေနတာလား ခံစားခ်က္က။
ေျဖ ။ ။ အခုေမြးေနရတဲ့သတၱိက ဟိုတုန္းက ကြၽန္ေတာ္တို႔က စစ္တပ္ကိုေၾကာက္ရတာေလ။ စစ္တပ္နဲ႔ပတ္သက္ လို႔ ကြၽန္ေတာ္ၿပီးခဲ့တဲ့အေခါက္မွာေတြကတည္းက ဖမ္းေတာ့မယ္ဆိုတာႀကိဳသိတယ္။ တစ္ခါမွကြၽန္ေတာ္ ထြက္မေျပးဘူး။ လာဖမ္းရင္ အခ်ိန္မေ႐ြးအဆင္သင့္ပဲ။ ကြၽန္ေတာ္ ၈၈ ဖမ္းတုန္းကေတာ့ UG ဗ်။ ၉၁ ဖမ္းေတာ့ အိမ္ မွာ အိပ္ေနတာပဲ။ လာဖမ္းတယ္၊ လိုက္သြားတာပဲ၊ ဘယ္မွမေျပးဘူး။ အဲဒါဘယ္ေလာက္ၾကာသြားလဲဆိုေတာ့ ၁၃ ႏွစ္ေက်ာ္ ၁၄ ႏွစ္ေလာက္ၾကာသြားတယ္။ ေ႐ႊဝါေရာင္ေတာ္လွန္ေရးမတိုင္ခင္ေလးမွာ လာဖမ္းသြားတယ္။ ဖမ္းမယ္ ဆိုတာႀကိဳသိေနတယ္။ လာဖမ္းတဲ့သူကေတာင္ အံ့အားသင့္တယ္။ တံခါးလာေခါက္တယ္၊ ဧည့္စာရင္း စစ္ခ်င္လို႔ တဲ့။ ေပါက္ကရေတြေလွ်ာက္ေျပာမေနနဲ႔ ခင္ဗ်ားတို႔က ဧည့္စာရင္းမဟုတ္ဘူး။ ခင္ဗ်ားတို႔လုပ္စရာရွိတာလုပ္ဆို ေတာ့ အိမ္မွာ ရွာေဖြေရး၊ ဘာညာလုပ္တဲ့အခ်ိန္မွာ ကြၽန္ေတာ္ကုတင္ေပၚျပန္အိမ္ေနတာၿပီးရင္ ႏႈိးလိုက္ဆိုၿပီး။ သူတို႔အခ်င္းခ်င္းေတာင္ ေျပာသံၾကားတယ္။ သူက ျပန္ေတာင္အိပ္ေနေသးတယ္တဲ့။ ကြၽန္ေတာ္ေမွးေန လိုက္ၿပီး ေတာ့ သူတို႔က လာပုတ္တယ္။ ကဲ... သြားၾကရေအာင္ဆိုေတာ့ ကြၽန္ေတာ့္ကုတင္ေျခရင္းမွာ အဝတ္စား ၂ စုံ၊ ၃ စုံနဲ႔ သြားပြတ္တံ၊ သြားတိုက္ေဆး၊ ဆပ္ျပာ အဆင္သင့္။ အဲဒီအခ်ိန္တုန္းက ေထာင္ထဲမွာ စာဖတ္လို႔ရၿပီဆိုေတာ့ ကြၽန္ေတာ္ေထာင္ထဲယူသြားဖို႔ဆိုၿပီး ေအာက္စဖို႔ဒ္ Oxford advance leaner stationary က အဂၤလိပ္စာ သက္သက္ တင္မဟုတ္ဘူး။ သက္ဆိုင္ရာဖြင့္ဆိုရွင္းလင္းခ်က္ေတြက knowledge အမ်ားႀကီးရတယ္။ အဲဒီစာအုပ္ႀကီးတစ္အုပ္ ဂ်ိဳင္းၾကားညႇပ္ၿပီးေတာ့၊ သ‌ေဘာကေတာ့ လာဖမ္းတဲ့အခ်ိန္မွာလိုက္ဖို႔အတြက္ အဆင္သင့္ျပင္ထားတာ။ အခုလည္း ပဲ တစ္ခါတစ္ေလက်ရင္ေျပာရတယ္။ ျမန္ျမန္ဖမ္းသြားရင္ေတာင္ေအးတယ္ကြာလို႔။ စိတ္သက္သာတယ္။ ဒီတိုင္း ေနတာထက္စာရင္။ အဲဒီေတာ့ေျပာခ်င္တာက ကြၽန္ေတာ္တို႔ႏိုင္ငံေရးစလုပ္ကတည္းက အနိမ့္ဆုံးအဆင့္ အဖမ္းခံ ရတယ္။ ေသတတ္တယ္ဆိုတာလည္း ကြၽန္ေတာ္တို႔က ပိုင္းထားၿပီးသား။ ေထာင္ထဲမွာ စိတ္နဲ႔ေသၾကည့္တာမ်ိဳး အႀကိမ္ေပါင္းမ်ားစြာ ကြၽန္ေတာ္တို႔လုပ္ဖူးတယ္။ အျပင္မွာက်န္ခဲ့တဲ့ မိဘေတြစိတ္နဲ႔ေသၾကည့္တယ္။ ေနာက္ဆုံး ကြၽန္ေတာ္က ညီအစ္ကိုႏွစ္ေယာက္တည္းရွိေတာ့ ကြၽန္‌ေတာ့္ညီေသသြားတယ္ဆိုတဲ့စိတ္နဲ႔ ေသၾကည့္တယ္။ ေနာက္ၿပီး ကိုယ့္ကိုယ္ကိုယ္ ေသၾကည့္တယ္။ အဲဒါမ်ိဳးေတြ ျဖတ္သန္းခဲ့ေတာ့၊ ေထာင္ထဲမွာ အင္မတန္ၾကပ္တဲ့ အခ်ိန္ကို ကြၽန္ေတာ္တို႔ျဖတ္သန္းခဲ့တာ။ ေျပာရရင္ ကြၽန္ေတာ္တို႔ ေနာက္ပိုင္းလြတ္လာတဲ့အခ်ိန္မွာ ‌ေထာင္က ေတာ္ေတာ္ေကာင္းသြားၿပီ။ ေတာ္ေတာ္ေခ်ာင္သြားၿပီဆိုေတာ့ အခုလိုအခ်ိန္မ်ိဳးမွာဆိုရင္ ေထာင္ထဲမွာဆိုရင္ ကြၽန္ေတာ္ဘာလုပ္ေနမလဲဆိုရင္ တရားထိုင္လို႔ရတယ္။ စာဖတ္လို႔ရတယ္။ ကြၽန္ေတာ္ေရးခ်ိဳးခါနီးၿပီဆိုရင္ ဒိုက္ ထိုးတယ္၊ ဘယ္ရီ႐ိုက္တယ္။ Jumping ခုန္တယ္။ ကိုယ့္ကိုယ္ကိုယ္ က်န္းမာေရးဂ႐ုစိုက္တယ္။ အိပ္ခ်ိန္၊ စားခ်ိန္ မွန္တယ္။ အခုကြၽန္ေတာ္တို႔ႏိုင္ငံေရးလုပ္ေနတယ္ဆိုတဲ့ကိစၥက ေတာ္႐ုံနဲ႔ေတာ့ လက္ေလ်ာ့ၿပီးအရႈံးေပးသြားၿပီး ႏိုင္ငံေရးကေန လက္ေျမာက္ၿပီး စြန႔္ခြာသြားမယ္ဆိုတာမ်ိဳးေတာ့ ကိုယ္လုပ္လက္စ၊ ကိုယ့္ယုံၾကည္မႈကို အလြယ္ တကူနဲ႔ေတာ့ မစြန႔္လႊတ္ဘူး။ ကိုယ္ယုံၾကည္တဲ့အတိုင္း တစိုက္မတ္မတ္ရပ္တည္မယ္ဆိုတဲ့အေမြေပါ့ဗ်ာ။ အဲဒါကို ေတာ့ ကြၽန္ေတာ္ထားခဲ့မယ္။ ေနာက္ဆုံး ကြၽန္ေတာ့္ပညာေရးနဲ႔ပတ္သက္ရင္ သူငယ္ခ်င္းေတြက ရယ္တယ္။ ၈၄ ခုႏွစ္မွာ ကြၽန္ေတာ္ ပထမႏွစ္ စတက္တာ။ ၂ဝ၁၇ မွာ ကြၽန္ေတာ္ေနာက္ဆုံးႏွစ္ (၈၈) တုန္းက က်န္ခဲ့တာကို ျပန္တက္ေတာ့ ဘာေၾကာင္တာလဲလို႔ ကြၽန္ေတာ့္ကိုေျပာတယ္။ ေနာက္ဆုံးကြၽန္ေတာ့္သားသမီးေတြကို သူ႔အေဖ ဟာ ကိစၥတစ္ခုကို ဆုံးခန္းတိုင္ေအာင္လုပ္တယ္။ လြယ္လြယ္ကူကူနဲ႔လက္ေလ်ာ့သြားတဲ့၊ အရွံးေပးသြားတဲ့ လူတစ္ေယာက္မဟုတ္ဘူး။ ၿပီးေျမာက္ေအာင္လုပ္တယ္ဆိုတာကို ကြၽန္ေတာ့္ကေလးေတြတင္မကဘူး။ လူငယ္မ်ိဳး ဆက္ေတြကိုပါေပါ့။ ဘယ့္ႏွယ့္ဗ်ာ တကၠသိုလ္ဘြဲ႕တစ္ခုရဖို႔ (၃၃)ႏွစ္ၾကာတယ္။ ကြၽန္ေတာ္ၿပီးေအာင္လုပ္တယ္။ အခုလည္းပဲ ကြၽန္ေတာ့္ႏိုင္ငံေရးယုံၾကည္ခ်က္နဲ႔ပတ္သက္ရင္ ဆဲဆိုတိုက္ခိုက္ေနတာေတြက တစ္ခ်ိန္က်ရင္ နားလည္သြားလိမ့္မယ္ဆိုတဲ့ နားလည္ခြင့္လႊတ္မႈနဲ႔ ကြၽန္ေတာ္ဆက္ၿပီးေတာ့ ရပ္တည္ေနတာ။ ကြၽန္ေတာ္ ဆက္ၿပီး ေတာ့လုပ္ေနတာ။

ေမး ။ ။ ေနာက္ဆုံးေမးခြန္းေလးတစ္ခုပါပဲ။ အခုအစ္ကိုရင္ဆိုင္ေနရတဲ့ခံစားခ်က္ေတြ၊ တိုင္းျပည္မွာျဖစ္ေနတဲ့ ျပႆနာေတြကို သံတမန္အသိုင္းအဝိုင္းကိုေရာ အသိေပးခဲ့လား။ သူတို႔က သိေတာ့ေရာ ဘာေျပာလဲ။
ေျဖ ။ ။ သံတမန္အသိုင္းအဝိုင္းကလည္း ကြၽန္ေတာ္တခ်ိဳ႕ေျပာေနတာေတြကို အျခားသူေျပာရင္ေတာ့ လက္ခံ ေတြ႕မွာေတာင္ မဟုတ္ဘူး။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ့္သမိုင္းကိုသိတယ္။ ကြၽန္ေတာ့္ျဖတ္သန္းမႈကိုလည္း သိတယ္။ ေနာက္တစ္ခုက ကြၽန္ေတာ့္ေစတနာကိုလည္း သူတို႔သိတယ္။ သိတဲ့အတြက္ေၾကာင့္ သူတို႔ကဝန္ထမ္းပဲ သံတမန္ဆိုတာက။ သူ႔အစိုးရရဲ႕ေပၚလစီကို ကိုယ္စားျပဳရတဲ့သူပဲ။ သို႔ေသာ္လည္းပဲ ဒီႏိုင္ငံေရာက္လာတဲ့အခါ က်ေတာ့ ဒီႏိုင္ငံရဲ႕ပကတိအေျခအေနနဲ႔သုံးသပ္ခ်က္ေတြကို တေလးတစားလက္ခံနားေထာင္တယ္။ သူတို႔ ျပန္ၿပီး ေတာ့ Report လုပ္ရတဲ့အခါမွာေတာ့ ကြၽန္ေတာ့္ဘက္က သုံးသပ္ခ်က္ေတြ၊ အႀကံျပဳခ်က္ေတြ ပါသြားမယ္လို႔ေတာ့ ယုံၾကည္ပါတယ္။

ေမး ။ ။ ေက်းဇူးတင္ပါတယ္ အစ္ကို။
ေျဖ ။ ။ ဟုတ္ကဲ့။ ေက်းဇူးပါ။

Picture

Hla Ohn

03/08/2022 12:37

မြန်မာစာကိုမှန်အောင်ရိုက်တတ်စေချင်တယ်။ နည်းပညာအရလိုနေတာထင်တာဘဲ ဖတ်ရတာလုံးဝ အဆင်မပြေဘူး

Related news

© 2021. All rights reserved.