YBS ကားများနှင့် Taxi များတွင် ကြော်ငြာများ မကပ်ရန်တားမြစ်

 903

ရဲပြည့် (NP News) - ဩဂုတ် ၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းပြေးဆွဲလျက်ရှိသည့် YBS ဘတ်စ်ကားများနှင့် Taxi များတွင် ကြော်ငြာကပ်ခွင့်များ ပိတ်လိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကော်မတီ (YRTC) ၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ပြောသည်။

“ မကပ်ရဘူးလို့ ကြေညာထားတာတော့မှန်ပါတယ်။ ကားရဲ့အတွင်းအပြင်ကိုတော့ ခွဲပြောမထားဘူး။ အပြင်ဘက်ဆိုပြီးတော့ ထုတ်ပြန်ထားတယ်။ ကြော်ငြာကပ်ရင် အရေးယူတာ ဘာညာမဟုတ်ဘဲ ကပ်ခွင့်ကို မပေးတော့တာပါ”ဟု YRTC တွဲဖက် အတွင်းရေးမှူး ဦးလျန်ကျင့်မန်က NP News ကိုပြောသည်။

ကြော်ငြာကပ်ခွင့်များပိတ်လိုက်ခြင်းသည် မြို့တော်အင်္ဂါရပ်နှင့်မညီသည့် ကြော်ငြာများတွေ့ရှိရခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် YRTC နှင့် ကုန်လမ်းပို့ဆောင်မှုညွှန်ကြားမှုဦးစီးဌာန(ကညန)သို့ ညွှန်ကြားထားခြင်းဖြစ်ကြောင်းလည်း YRTC က ထုတ်ပြန်ကြေညာထားသည်။

ထို့ပြင်ကြော်ငြာစကေကာများနှင့်ပတ်သက်ပြီး ယခင်က ကုန်လမ်းပို့ဆောင်မှုညွှန်ကြားမှုဦးစီးဌာန(ကညန)မှ ကြော်ငြာခကောက်၍ ခွင့်ပြုထားခြင်းဖြစ်ပြီး နောက်ပိုင်းတွင် မြို့တော်အင်္ဂါရပ်နှင့်မညီသည့် ကြော်ငြာများလာခြင်းကြောင့် ယခုကဲ့သို့ ပိတ်ပင်လိုက် ခြင်းဖြစ်ကြေင်းလည်းသိရသည်။

ယခင်က YBS ကားများ မှတ်ပုံတင်သက်တမ်းတစ်နှစ်တစ်ကြိမ်စစ်ဆေးသည့်အချိန်၌ ကြော်ငြာစတစ်ကာများကိုပါ တစ်ပါတည်းသက်တမ်းတိုးပေးခြင်းမျိုးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

YBS ဘတ်စ်ကားများနှင့် Taxi(အငှားယာဉ်)များတွင် ကြော်ငြာစတေကာများ မကပ်ရန် YRTC မှ ထုတ်ပြန်ပြီးနောက်ပိုင်း အချို့သော YBS ဘတ်စ်ကားများ၏အတွင်းပိုင်းတွင် ကြော်ငြာစတေကာများ ကပ်ထားသည်ကို တွေ့ရှိလာရသည်။

zawgyi version
YBS ကားမ်ားႏွင့္ Taxi မ်ားတြင္ ေၾကာ္ျငာမ်ား မကပ္ရန္တားျမစ္
ရဲျပည့္ (NP News) - ဩဂုတ္ ၆

ရန္ကုန္တိုင္းေဒသႀကီးအတြင္းေျပးဆြဲလ်က္ရွိသည့္ YBS ဘတ္စ္ကားမ်ားႏွင့္ Taxi မ်ားတြင္ ေၾကာ္ျငာကပ္ခြင့္မ်ား ပိတ္လိုက္ၿပီျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီးပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ေကာ္မတီ (YRTC) ၏ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္က ေျပာသည္။

“ မကပ္ရဘူးလို႔ ေၾကညာထားတာေတာ့မွန္ပါတယ္။ ကားရဲ႕အတြင္းအျပင္ကိုေတာ့ ခြဲေျပာမထားဘူး။ အျပင္ဘက္ဆိုၿပီးေတာ့ ထုတ္ျပန္ထားတယ္။ ေၾကာ္ျငာကပ္ရင္ အေရးယူတာ ဘာညာမဟုတ္ဘဲ ကပ္ခြင့္ကို မေပးေတာ့တာပါ”ဟု YRTC တြဲဖက္ အတြင္းေရးမႉး ဦးလ်န္က်င့္မန္က NP News ကိုေျပာသည္။

ေၾကာ္ျငာကပ္ခြင့္မ်ားပိတ္လိုက္ျခင္းသည္ ၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္မညီသည့္ ေၾကာ္ျငာမ်ားေတြ႕ရွိရျခင္းေၾကာင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕အေနျဖင့္ YRTC ႏွင့္ ကုန္လမ္းပို႔ေဆာင္မႈၫႊန္ၾကားမႈဦးစီးဌာန(ကညန)သို႔ ၫႊန္ၾကားထားျခင္းျဖစ္ေၾကာင္းလည္း YRTC က ထုတ္ျပန္ေၾကညာထားသည္။

ထို႔ျပင္ေၾကာ္ျငာစေကကာမ်ားႏွင့္ပတ္သက္ၿပီး ယခင္က ကုန္လမ္းပို႔ေဆာင္မႈၫႊန္ၾကားမႈဦးစီးဌာန(ကညန)မွ ေၾကာ္ျငာခေကာက္၍ ခြင့္ျပဳထားျခင္းျဖစ္ၿပီး ေနာက္ပိုင္းတြင္ ၿမိဳ႕ေတာ္အဂၤါရပ္ႏွင့္မညီသည့္ ေၾကာ္ျငာမ်ားလာျခင္းေၾကာင့္ ယခုကဲ့သို႔ ပိတ္ပင္လိုက္ ျခင္းျဖစ္ေၾကင္းလည္းသိရသည္။

ယခင္က YBS ကားမ်ား မွတ္ပုံတင္သက္တမ္းတစ္ႏွစ္တစ္ႀကိမ္စစ္ေဆးသည့္အခ်ိန္၌ ေၾကာ္ျငာစတစ္ကာမ်ားကိုပါ တစ္ပါတည္းသက္တမ္းတိုးေပးျခင္းမ်ိဳးလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

YBS ဘတ္စ္ကားမ်ားႏွင့္ Taxi(အငွားယာဥ္)မ်ားတြင္ ေၾကာ္ျငာစေတကာမ်ား မကပ္ရန္ YRTC မွ ထုတ္ျပန္ၿပီးေနာက္ပိုင္း အခ်ိဳ႕ေသာ YBS ဘတ္စ္ကားမ်ား၏အတြင္းပိုင္းတြင္ ေၾကာ္ျငာစေတကာမ်ား ကပ္ထားသည္ကို ေတြ႕ရွိလာရသည္။

Related news

© 2021. All rights reserved.