ဂျပန်နိုင်ငံ၊ ဆပ်ပိုရိုမှာ ရာသီချိန်ထက် ၈ ရက်စောပြီး နှင်းကျ

 153

ရောင်နီ (NP News) - အောက်တိုဘာ ၂၁

ဂျပန်နိုင်ငံရဲ့မြောက်ဘက်စွန်း ကျွန်းဟော့ကိုင်းဒိုးရဲ့မြို့တော်ဖြစ်တဲ့ ဆပ်ပိုရိုဟာ အောက်တိုဘာ ၂ဝ ရက်က ဆောင်းရာသီရဲ့ပထမဆုံး ဆီးနှင်းကျဆင်းခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီ (JMA) က ပြောကြားခဲ့ပါတာ်။

ဆပ်ပိုရိုရဲ့ပထမဆုံး ဆီးနှင်းကျဆင်းမှုဟာ ၂၀၂၃ ခုနှစ်ကထက် ၂၂ ရက်စောပြီး ပျမ်းမျှထက် ၈ ရက်စော တယ်လို့ JMA က ပြောပါတယ်။ အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက ဆပ်ပိုရိုရဲ့မွင်ဝါတောင် ရှုခင်းဟာ ဆီးနှင်းတွေနဲ့ ဖုံးလွှမ်းနေပြီဖြစ်ပါတယ်။ "ပြီးခဲ့တဲ့ သီတင်းပတ် ကျွန်မဒီကို ရောက်တုန်းက တောင်ဟာ နေရာတော်တော်များများ စိမ်းနေသေးတယ်” "ဒါပေမယ့် ဒီနေ့ နှင်းတွေကြားမှာ အနီနဲ့ အဝါရောင် အရွက်တွေကို ကြည့်ရတာ ပျော်တယ်" လို့ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

၂၀၂၄ ခုနှစ်ဟာ လာနီညာ ရာသီဥတုဖြစ်စဉ်ကြောင့် ကမ္ဘာ့နေရာ တော်တော်များများမှာ ပုံမှန်ထက် ဆောင်းအဝင် စောပြီး အအေးပိုမယ်လို့ မိုးလေဝသကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

Zawgyi Version;
ဂ်ပန္ႏိုင္ငံ၊ ဆပ္ပို႐ိုမွာ ရာသီခ်ိန္ထက္ ၈ ရက္ေစာၿပီး ႏွင္းက်
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၁

ဂ်ပန္ႏိုင္ငံရဲ႕ေျမာက္ဘက္စြန္း ကြၽန္းေဟာ့ကိုင္းဒိုးရဲ႕ၿမိဳ႕ေတာ္ျဖစ္တဲ့ ဆပ္ပို႐ိုဟာ ေအာက္တိုဘာ ၂ဝ ရက္က ေဆာင္းရာသီရဲ႕ပထမဆုံး ဆီးႏွင္းက်ဆင္းခဲ့တယ္လို႔ ဂ်ပန္မိုးေလဝသေအဂ်င္စီ (JMA) က ေျပာၾကားခဲ့ပါတာ္။

ဆပ္ပို႐ိုရဲ႕ပထမဆုံး ဆီးႏွင္းက်ဆင္းမႈဟာ ၂၀၂၃ ခုႏွစ္ကထက္ ၂၂ ရက္ေစာၿပီး ပ်မ္းမွ်ထက္ ၈ ရက္ေစာ တယ္လို႔ JMA က ေျပာပါတယ္။ ေအာက္တိုဘာ ၂၀ ရက္ နံနက္ပိုင္းက ဆပ္ပို႐ိုရဲ႕မြင္ဝါေတာင္ ရႈခင္းဟာ ဆီးႏွင္းေတြနဲ႔ ဖုံးလႊမ္းေနၿပီျဖစ္ပါတယ္။ "ၿပီးခဲ့တဲ့ သီတင္းပတ္ ကြၽန္မဒီကို ေရာက္တုန္းက ေတာင္ဟာ ေနရာေတာ္ေတာ္မ်ားမ်ား စိမ္းေနေသးတယ္” "ဒါေပမယ့္ ဒီေန႔ ႏွင္းေတြၾကားမွာ အနီနဲ႔ အဝါေရာင္ အ႐ြက္ေတြကို ၾကည့္ရတာ ေပ်ာ္တယ္" လို႔ ေဒသခံ အမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။

၂၀၂၄ ခုႏွစ္ဟာ လာနီညာ ရာသီဥတုျဖစ္စဥ္ေၾကာင့္ ကမာၻ႔ေနရာ ေတာ္ေတာ္မ်ားမ်ားမွာ ပုံမွန္ထက္ ေဆာင္းအဝင္ ေစာၿပီး အေအးပိုမယ္လို႔ မိုးေလဝသကြၽမ္းက်င္သူေတြက ခန႔္မွန္းထားပါတယ္။

Related news

© 2021. All rights reserved.