မြန်မာအရေးအတွက် အာဆီယံသဘောတူညီချက်ငါးချက်က ခေတ်နှင့်လျော်ညီမှုမရှိကြောင်း ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဝေဖန်ထောက်ပြ

 449

ဂျန်ဇက် (NP News) - ‌အောက်တိုဘာ ၂၁

မြန်မာအရေးအတွက် သဘောတူညီထားသည့် အာဆီယံသဘောတူညီချက်ငါးချက်က ခေတ်နှင့် အံဝင်လျော်ညီမှု မရှိတော့ကြောင်း၊ အာဆီယံသဘောတူညီ ချက်ငါးချက်ထဲတွင် အကြမ်းဖက်မှုများ တားဆီးရန်ဆိုသောအချက် ပါဝင်နေသော်လည်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏အခြေအနေများက ပြည်တွင်းစစ်အခြေအနေများသို့ ပြောင်းလဲလုနီးပါး ဖြစ်နေကြောင်း၊ ကမ္ဘော ဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထုတ်ဖော်ပြောဆိုလိုက်သည်။ အာဆီယံ ထိပ်သီးအစည်းအဝေးကျင်းပခဲ့ပြီးနောက် ရက် ပိုင်းအကြာတွင် ကမ္ဘောဒီးယားလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ ဟွန်ဆန်သည် ပြင်သစ်နိုင်ငံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
လာအိုနိုင်ငံတွင် ပြီးခဲ့သည့် သီတင်းပတ်က ကျင်းပခဲ့သော အာဆီယံထိပ်သီးအစည်းအဝေးအတွင်း အာဆီယံ ခေါင်းဆောင်များက မြန်မာအရေးကိုဖြေရှင်းရန်ကြိုးပမ်းရာတွင် အာဆီယံသဘောတူညီချက်ငါးချက်က အဓိက ရည်òန်းကိုးကားစရာအဖြစ် ဆက်လက်ရှိမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိနေသည့် နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် စေ့စပ်ဆွေးနွေးမှုများဖြစ်လာစေရန် ချဉ်းကပ်မှု အသစ်များ လုပ်ဆောင်ရဖွယ်ရှိနေကြောင်း မြန်မာနိုင်ငံတွင်ဖြစ်ပွားနေသည့်အခက်အခဲပြဿနာများကို စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်း၍ရမည်မဟုတ်ကြောင်း၊ စေ့စပ်ဆွေးနွေးမှုမှတစ်ဆင့် ငြိမ်းချမ်းရေးအဖြေရှာရန် အချိန်ယူရမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထပ်မံသတိပေးသည်။
မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေသည့် နိုင်ငံရေးပြဿနာများကိုဖြေရှင်းနိုင်ရန်အတွက် စေ့စပ်ဆွေးနွေးမှုများ ဖြစ်လာ စေရန် ချဉ်းကပ်မှုအသစ်များ လုပ်ဆောင်ရဖွယ်ရှိနေကြောင်း ဟွန်ဆန်က ပြောဆိုသည်။ မြန်မာနိုင်ငံတွင် (၂၀၂၁) ခုနှစ်က နိုင်ငံရေး ပြဿနာများဖြစ်လာခဲ့ပြီးနောက်ပိုင်း အာဆီယံအဖွဲ့သည် မြန်မာအရေးကိုကြားဝင် ဖြေရှင်းရန် ကြိုးပမ်းခဲ့ပြီး (၂၀၂၁) ခုနှစ်ဧပြီလ အတွင်း နစကအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးကာ အာဆီယံသဘောတူညီ ချက်ငါးချက်ရယူ နိုင်ခဲ့ကြောင်းသိရသည်။
သို့သော်လည်း အာဆီယံ သဘောတူညီချက်ငါးချက်မှာတိုး တက်မှုမရှိကြောင်း ဝေဖန်ပြစ်တင်မှုများရှိနေခဲ့ပြီး အာဆီယံသဘောတူညီ ချက်များတွင်ပါဝင်သော မြန်မာအရေးတွင် ပါဝင်နေသူအားလုံး တွေ့ဆုံဆွေးနွေးနိုင် ရမည်ဆိုသော အချက်လည်း သုံးနှစ်ကျော်အတွင်း အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ဟွန်ဆန် တာဝန်ယူနေသည့်ကာလအတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံကိုလာရောက်ခဲ့ဖူးကာ SAC အဖွဲ့အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် မြန်မာအစိုးရ တာဝန်ရှိသူများနှင့်တွေ့ဆုံ ဆွေးနွေးခဲ့ဖူးကြောင်းသိရသည်။
ကမ္ဘောဒီးယားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း ဝန်ကြီးချုပ် ဟွန်ဆန်အပြင် အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ဖြစ်သူ ပရက်ဆိုခွန်တို့ မြန်မာနိုင်ငံကို လာရောက်ကာ အစိုးရတာဝန်ရှိသူ များနှင့်ဆွေးနွေးနိုင်ခဲ့သော်လည်း အင်ဒိုနီးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်အတွင်း သက်ဆိုင်ရာတာဝန်ရှိသူများသည် မြန်မာနိုင်ငံသို့ လာရောက်ခြင်းမရှိသကဲ့သို့ အထူးကိုယ်စားလှယ်သည်လည်း မြန်မာနိုင်ငံသို့ လာရောက်ခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာအေရးအတြက္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္က ေခတ္ႏွင့္ေလ်ာ္ညီမႈမရွိေၾကာင္း ကေမာၻဒီးယား လႊတ္ေတာ္ဥကၠ႒ ေဝဖန္ေထာက္ျပ
ဂ်န္ဇက္ (NP News) - ‌ေအာက္တိုဘာ ၂၁

ျမန္မာအေရးအတြက္ သေဘာတူညီထားသည့္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္က ေခတ္ႏွင့္ အံဝင္ေလ်ာ္ညီမႈ မရွိေတာ့ေၾကာင္း၊ အာဆီယံသေဘာတူညီ ခ်က္ငါးခ်က္ထဲတြင္ အၾကမ္းဖက္မႈမ်ား တားဆီးရန္ဆိုေသာအခ်က္ ပါဝင္ေနေသာ္လည္း လက္ရွိအခ်ိန္အထိ ျမန္မာႏိုင္ငံ၏အေျခအေနမ်ားက ျပည္တြင္းစစ္အေျခအေနမ်ားသို႔ ေျပာင္းလဲလုနီးပါး ျဖစ္ေနေၾကာင္း၊ ကေမာၻ ဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အာဆီယံ ထိပ္သီးအစည္းအေဝးက်င္းပခဲ့ၿပီးေနာက္ ရက္ ပိုင္းအၾကာတြင္ ကေမာၻဒီးယားလႊတ္ေတာ္ဥကၠ႒ျဖစ္သူ ဟြန္ဆန္သည္ ျပင္သစ္ႏိုင္ငံ၏ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ႏွင့္ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ထည့္သြင္းေျပာဆိုခဲ့ျခင္းျဖစ္သည္။
လာအိုႏိုင္ငံတြင္ ၿပီးခဲ့သည့္ သီတင္းပတ္က က်င္းပခဲ့ေသာ အာဆီယံထိပ္သီးအစည္းအေဝးအတြင္း အာဆီယံ ေခါင္းေဆာင္မ်ားက ျမန္မာအေရးကိုေျဖရွင္းရန္ႀကိဳးပမ္းရာတြင္ အာဆီယံသေဘာတူညီခ်က္ငါးခ်က္က အဓိက ရည္òန္းကိုးကားစရာအျဖစ္ ဆက္လက္ရွိမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခဲ့သည္။ ျမန္မာႏိုင္ငံတြင္ ျဖစ္ပြားလ်က္ရွိေနသည့္ ႏိုင္ငံေရးျပႆနာမ်ားကို ေျဖရွင္းႏိုင္ရန္အတြက္ ေစ့စပ္ေဆြးေႏြးမႈမ်ားျဖစ္လာေစရန္ ခ်ဥ္းကပ္မႈ အသစ္မ်ား လုပ္ေဆာင္ရဖြယ္ရွိေနေၾကာင္း ျမန္မာႏိုင္ငံတြင္ျဖစ္ပြားေနသည့္အခက္အခဲျပႆနာမ်ားကို စစ္ေရးနည္းလမ္းျဖင့္ ေျဖရွင္း၍ရမည္မဟုတ္ေၾကာင္း၊ ေစ့စပ္ေဆြးေႏြးမႈမွတစ္ဆင့္ ၿငိမ္းခ်မ္းေရးအေျဖရွာရန္ အခ်ိန္ယူရမည္ျဖစ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေဟာင္း ဟြန္ဆန္က ထပ္မံသတိေပးသည္။
ျမန္မာႏိုင္ငံတြင္ျဖစ္ပြားလ်က္ရွိေနသည့္ ႏိုင္ငံေရးျပႆနာမ်ားကိုေျဖရွင္းႏိုင္ရန္အတြက္ ေစ့စပ္ေဆြးေႏြးမႈမ်ား ျဖစ္လာ ေစရန္ ခ်ဥ္းကပ္မႈအသစ္မ်ား လုပ္ေဆာင္ရဖြယ္ရွိေနေၾကာင္း ဟြန္ဆန္က ေျပာဆိုသည္။ ျမန္မာႏိုင္ငံတြင္ (၂၀၂၁) ခုႏွစ္က ႏိုင္ငံေရး ျပႆနာမ်ားျဖစ္လာခဲ့ၿပီးေနာက္ပိုင္း အာဆီယံအဖြဲ႕သည္ ျမန္မာအေရးကိုၾကားဝင္ ေျဖရွင္းရန္ ႀကိဳးပမ္းခဲ့ၿပီး (၂၀၂၁) ခုႏွစ္ဧၿပီလ အတြင္း နစကအဖြဲ႕ အႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ႏွင့္ ေတြ႕ဆုံေဆြးေႏြးကာ အာဆီယံသေဘာတူညီ ခ်က္ငါးခ်က္ရယူ ႏိုင္ခဲ့ေၾကာင္းသိရသည္။
သို႔ေသာ္လည္း အာဆီယံ သေဘာတူညီခ်က္ငါးခ်က္မွာတိုး တက္မႈမရွိေၾကာင္း ေဝဖန္ျပစ္တင္မႈမ်ားရွိေနခဲ့ၿပီး အာဆီယံသေဘာတူညီ ခ်က္မ်ားတြင္ပါဝင္ေသာ ျမန္မာအေရးတြင္ ပါဝင္ေနသူအားလုံး ေတြ႕ဆုံေဆြးေႏြးႏိုင္ ရမည္ဆိုေသာ အခ်က္လည္း သုံးႏွစ္ေက်ာ္အတြင္း အေကာင္အထည္ေဖာ္ႏိုင္ျခင္းမရွိေသးေၾကာင္း သိရသည္။ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္အျဖစ္ ဟြန္ဆန္ တာဝန္ယူေနသည့္ကာလအတြင္း အာဆီယံအလွည့္က် ဥကၠ႒အျဖစ္ ျမန္မာႏိုင္ငံကိုလာေရာက္ခဲ့ဖူးကာ SAC အဖြဲ႕အႀကီးအကဲဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ အပါအဝင္ ျမန္မာအစိုးရ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ ေဆြးေႏြးခဲ့ဖူးေၾကာင္းသိရသည္။
ကေမာၻဒီးယားႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္အတြင္း ဝန္ႀကီးခ်ဳပ္ ဟြန္ဆန္အျပင္ အာဆီယံဥကၠ႒၏ အထူးကိုယ္စားလွယ္ျဖစ္သူ ပရက္ဆိုခြန္တို႔ ျမန္မာႏိုင္ငံကို လာေရာက္ကာ အစိုးရတာဝန္ရွိသူ မ်ားႏွင့္ေဆြးေႏြးႏိုင္ခဲ့ေသာ္လည္း အင္ဒိုနီးရွားႏိုင္ငံက အာဆီယံအလွည့္က်ဥကၠ႒အျဖစ္ တာဝန္ယူခ်ိန္အတြင္း သက္ဆိုင္ရာတာဝန္ရွိသူမ်ားသည္ ျမန္မာႏိုင္ငံသို႔ လာေရာက္ျခင္းမရွိသကဲ့သို႔ အထူးကိုယ္စားလွယ္သည္လည္း ျမန္မာႏိုင္ငံသို႔ လာေရာက္ျခင္းမ်ိဳးမရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.