KIA က ငွေဝင်ကြမ်းနေသော်လည်း PDF များ ဆင်းရဲချို့တဲ့နေသောကြောင့် အုပ်စုအတွင်း မကျေနပ်ချက်များ ပေါ်ပေါက်နေ

 1359

သုတကျော် (NP News) - အောက်တိုဘာ ၂၁

KIA က ဆက်ကြေးကောက်ပြီး ပိုက်ဆံကို လောဘတကြီးရှာနေသော်လည်း ၎င်းတို့လက် အောက်ရှိ PDF များ ဆင်းရဲချို့တဲ့နေသောကြောင့် အုပ်စုအတွင်း မကျေနပ်ချက်များ ပေါ်ပေါက်နေကြောင်း NP News ၏ သတင်းရင်းမြစ်တစ်ဦးက မျက်မြင်အခြေအနေကို ကိုးကားကာ ပြောကြားသည်။

ထို့ပြင် ကချင်နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်သော ဒေါ်ခွန်ဂျာကလည်း ဖားကန့်ကဲ့သို့ နေရာမျိုးတွင်ပင် စီးပွားရေးသမားများက အခွန်ပေးသော်လည်း PDF များ ထောက်ပံ့မှုမရှိကြောင်း ၎င်း၏ လူမှုကွန်ရက်ဖေ့ခ်ဘွတ်စ်စာမျက်နှာထက်တွင် ရေးသားထားချက်အရ သိရသည်။ ဖားကန့်လိုနေရာမျိုးမှာတောင် စီးပွားရေးသမားတွေကို မေးကြည့်တော့လည်း ဘယ်တုန်းက ဘယ်လောက် (အခွန်) ထည့်လိုက်တယ် ဆိုတာမျိုး အတိအကျကို ပြောကြပါရဲ့။ ပဒက်တွေကျတော့လည်း ကျည် ကာမပါဘဲ မြို့သိမ်းတိုက်ပွဲလုပ်ရတာနဲ့။ စားစရာခက်၊ အနွေးထည်မရှိဘဲ ခိုက်ခိုက်တုန်ရင်း ကင်းစောင့်ရ တယ်ဆိုတာနဲ့။ သက်ဆိုင်ရာ လူကြီးတွေစီးတဲ့ ကားတစ်စီးရောင်းလိုက်ရင် ပဒက်အယောက် (၁၀ဝ)
လောက်ကို အနည်းဆုံး Level 4 နဲ့ အကာအကွယ်ပေးနိုင်တယ်ဆိုတာမျိုး တွက်ချက်ကြည့်ရင်း ဒေါသထွက်မိ ဟု ဒေါ်ခွန်ဂျာက ရေးသားထားသည်။

လက်ရှိ ဖားကန့်ကဲ့သို့ ကျောက်စိမ်းဖြင့် နာမည်ကျော်ပြီး ငွေရလွယ်သောမြို့မျိုးတွင် အခွန်ကို တစ်နှစ်တစ်ကြိမ်ပင် မကတော့ဘဲ မကြာခဏ အခွန်ကောက်နေကြောင်း NP News ဂျာနယ်၏ အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။ ]ဖာခေါင်း လုပ်တဲ့အိမ်မှာ ပြည့်တန်ဆာမတစ်ယောက်ကို နှစ်သောင်းကောက်တယ် ဆယ်ယောက်ဆို နှစ်သိန်းပဲ။ ဖာခေါင်းကတော့ တစ်လဆို ဘယ်လောက်ဆိုတာရှိတယ်။ ဒါက ရှင်းအောင်ပြောတာ။ လမ်းဘေးကွမ်းယာ ဆိုင်ဆို ရောင်းကောင်းတဲ့ဆိုင်ဆို တစ်နှစ်ကို ငါးသိန်း ကနေ ခုနစ်သိန်းအထိရှိတယ်။ အခုက တစ်နှစ်တောင်မဟုတ်ဘူး။ ဆိုင်းတောင်ဆို ဟိုတလောက စစ်ဖြစ်ထားတာကို အခွန် ကောက်ပြီးသားကို အခွန်ထပ်လိုက်ကောက်တယ်။ စတိုးဆိုင်တစ်ဆိုင်ကို သိန်းနှစ်ဆယ် ကောက်တယ်။ သူတို့စာထဲမှာက ခုနစ် သိန်းလောက်ပဲ ရေးထည့်ထားတာ}ဟု ၎င်းက ရှင်းပြသည်။

လက်ရှိတွင် အခွန်ကိုလည်း ခေါင်းစဉ်မျိုးစုံဖြင့် ကောက်နေသည့်အနက် PDF များဆိုသော ခေါင်းစဉ်များလည်း ပါဝင် ကြောင်း ၎င်းကဆိုသည်။ ‘ကျောက်ကျင်းတွေကလည်း ပိုက်ဆံတွေ အဲဒီလောက် ရတဲ့ဟာကို PDF တွေကျတော့ ရှင်းရှင်းပြောရရင် ထမင်းတောင် အသားငါးလေး မှန်အောင် မကျွေးနိုင်ဘူး။ ကျည်ကာတွေ ဝယ်ပေးဖို့ဆိုတာ အဝေးကြီးပဲ။ KIA က ကောင်တွေပဲ ချမ်းသာနေတာ’ဟု ၎င်းက ပြောသည်။ KIA လက်အောက်တွင် PDF အင်အား သောင်းဂဏန်းအထိရှိနေပြီး KIA နှင့် PDF များ အကြား ပွတ်တိုက်မှုများကိုလည်း မြင်တွေ့လာရကြောင်း ၎င်းက ရှင်းပြသည်။

‘KIA နဲ့ PDF တွေ အကြားက သိပ်အဆင် မပြေတော့ဘူး။ အဓိက က KIA ကနေရာတိုင်းမှာ ငွေရှာတဲ့ ကိစ္စပေါ့။ စခန်းတွေ ကတော့ တစ်စခန်းပြီး တစ်စခန်းနိုင်အောင် တိုက်နိုင် တာကလည်း KIA က တိုက်နေတဲ့ဟာမျိုး လူတွေက မြင်တာ။ တကယ်တမ်းကျတော့ KIA ကောင်တွေက ပိုက်ဆံ တော်တော်ရှာတယ်။ အဲဒီဟာတွေ အပေါ်မှာ PDF တွေက သိပ်မကျေနပ်တော့ဘူး’ဟု ၎င်းက ဆိုသည်။ KIA လက်အောက်မှ PDF များ ထွက်ခွာပါကလည်း ကောင်းမွန်စွာမနေရဘဲ KIA က ရန်ရှာ ခြင်းမျိုးရှိကြောင်း ၎င်းကရှင်းပြသည်။

Zawgyi Version;
KIA က ေငြဝင္ၾကမ္းေနေသာ္လည္း PDF မ်ား ဆင္းရဲခ်ိဳ႕တဲ့ေနေသာေၾကာင့္ အုပ္စုအတြင္း မေက်နပ္ခ်က္မ်ား ေပၚေပါက္ေန
သုတေက်ာ္ (NP News) - ေအာက္တိုဘာ ၂၁

KIA က ဆက္ေၾကးေကာက္ၿပီး ပိုက္ဆံကို ေလာဘတႀကီးရွာေနေသာ္လည္း ၎တို႔လက္ ေအာက္ရွိ PDF မ်ား ဆင္းရဲခ်ိဳ႕တဲ့ေနေသာေၾကာင့္ အုပ္စုအတြင္း မေက်နပ္ခ်က္မ်ား ေပၚေပါက္ေနေၾကာင္း NP News ၏ သတင္းရင္းျမစ္တစ္ဦးက မ်က္ျမင္အေျခအေနကို ကိုးကားကာ ေျပာၾကားသည္။

ထို႔ျပင္ ကခ်င္ႏိုင္ငံေရး တက္ႂကြလႈပ္ရွားသူ တစ္ဦးျဖစ္ေသာ ေဒၚခြန္ဂ်ာကလည္း ဖားကန႔္ကဲ့သို႔ ေနရာမ်ိဳးတြင္ပင္ စီးပြားေရးသမားမ်ားက အခြန္ေပးေသာ္လည္း PDF မ်ား ေထာက္ပံ့မႈမရွိေၾကာင္း ၎၏ လူမႈကြန္ရက္ေဖ့ခ္ဘြတ္စ္စာမ်က္ႏွာထက္တြင္ ေရးသားထားခ်က္အရ သိရသည္။ ဖားကန႔္လိုေနရာမ်ိဳးမွာေတာင္ စီးပြားေရးသမားေတြကို ေမးၾကည့္ေတာ့လည္း ဘယ္တုန္းက ဘယ္ေလာက္ (အခြန္) ထည့္လိုက္တယ္ ဆိုတာမ်ိဳး အတိအက်ကို ေျပာၾကပါရဲ႕။ ပဒက္ေတြက်ေတာ့လည္း က်ည္ ကာမပါဘဲ ၿမိဳ႕သိမ္းတိုက္ပြဲလုပ္ရတာနဲ႔။ စားစရာခက္၊ အေႏြးထည္မရွိဘဲ ခိုက္ခိုက္တုန္ရင္း ကင္းေစာင့္ရ တယ္ဆိုတာနဲ႔။ သက္ဆိုင္ရာ လူႀကီးေတြစီးတဲ့ ကားတစ္စီးေရာင္းလိုက္ရင္ ပဒက္အေယာက္ (၁၀ဝ)
ေလာက္ကို အနည္းဆုံး Level 4 နဲ႔ အကာအကြယ္ေပးႏိုင္တယ္ဆိုတာမ်ိဳး တြက္ခ်က္ၾကည့္ရင္း ေဒါသထြက္မိ ဟု ေဒၚခြန္ဂ်ာက ေရးသားထားသည္။

လက္ရွိ ဖားကန႔္ကဲ့သို႔ ေက်ာက္စိမ္းျဖင့္ နာမည္ေက်ာ္ၿပီး ေငြရလြယ္ေသာၿမိဳ႕မ်ိဳးတြင္ အခြန္ကို တစ္ႏွစ္တစ္ႀကိမ္ပင္ မကေတာ့ဘဲ မၾကာခဏ အခြန္ေကာက္ေနေၾကာင္း NP News ဂ်ာနယ္၏ အထက္ပါ သတင္းရင္းျမစ္က ဆိုသည္။ ]ဖာေခါင္း လုပ္တဲ့အိမ္မွာ ျပည့္တန္ဆာမတစ္ေယာက္ကို ႏွစ္ေသာင္းေကာက္တယ္ ဆယ္ေယာက္ဆို ႏွစ္သိန္းပဲ။ ဖာေခါင္းကေတာ့ တစ္လဆို ဘယ္ေလာက္ဆိုတာရွိတယ္။ ဒါက ရွင္းေအာင္ေျပာတာ။ လမ္းေဘးကြမ္းယာ ဆိုင္ဆို ေရာင္းေကာင္းတဲ့ဆိုင္ဆို တစ္ႏွစ္ကို ငါးသိန္း ကေန ခုနစ္သိန္းအထိရွိတယ္။ အခုက တစ္ႏွစ္ေတာင္မဟုတ္ဘူး။ ဆိုင္းေတာင္ဆို ဟိုတေလာက စစ္ျဖစ္ထားတာကို အခြန္ ေကာက္ၿပီးသားကို အခြန္ထပ္လိုက္ေကာက္တယ္။ စတိုးဆိုင္တစ္ဆိုင္ကို သိန္းႏွစ္ဆယ္ ေကာက္တယ္။ သူတို႔စာထဲမွာက ခုနစ္ သိန္းေလာက္ပဲ ေရးထည့္ထားတာ}ဟု ၎က ရွင္းျပသည္။

လက္ရွိတြင္ အခြန္ကိုလည္း ေခါင္းစဥ္မ်ိဳးစုံျဖင့္ ေကာက္ေနသည့္အနက္ PDF မ်ားဆိုေသာ ေခါင္းစဥ္မ်ားလည္း ပါဝင္ ေၾကာင္း ၎ကဆိုသည္။ ‘ေက်ာက္က်င္းေတြကလည္း ပိုက္ဆံေတြ အဲဒီေလာက္ ရတဲ့ဟာကို PDF ေတြက်ေတာ့ ရွင္းရွင္းေျပာရရင္ ထမင္းေတာင္ အသားငါးေလး မွန္ေအာင္ မေကြၽးႏိုင္ဘူး။ က်ည္ကာေတြ ဝယ္ေပးဖို႔ဆိုတာ အေဝးႀကီးပဲ။ KIA က ေကာင္ေတြပဲ ခ်မ္းသာေနတာ’ဟု ၎က ေျပာသည္။ KIA လက္ေအာက္တြင္ PDF အင္အား ေသာင္းဂဏန္းအထိရွိေနၿပီး KIA ႏွင့္ PDF မ်ား အၾကား ပြတ္တိုက္မႈမ်ားကိုလည္း ျမင္ေတြ႕လာရေၾကာင္း ၎က ရွင္းျပသည္။

‘KIA နဲ႔ PDF ေတြ အၾကားက သိပ္အဆင္ မေျပေတာ့ဘူး။ အဓိက က KIA ကေနရာတိုင္းမွာ ေငြရွာတဲ့ ကိစၥေပါ့။ စခန္းေတြ ကေတာ့ တစ္စခန္းၿပီး တစ္စခန္းႏိုင္ေအာင္ တိုက္ႏိုင္ တာကလည္း KIA က တိုက္ေနတဲ့ဟာမ်ိဳး လူေတြက ျမင္တာ။ တကယ္တမ္းက်ေတာ့ KIA ေကာင္ေတြက ပိုက္ဆံ ေတာ္ေတာ္ရွာတယ္။ အဲဒီဟာေတြ အေပၚမွာ PDF ေတြက သိပ္မေက်နပ္ေတာ့ဘူး’ဟု ၎က ဆိုသည္။ KIA လက္ေအာက္မွ PDF မ်ား ထြက္ခြာပါကလည္း ေကာင္းမြန္စြာမေနရဘဲ KIA က ရန္ရွာ ျခင္းမ်ိဳးရွိေၾကာင္း ၎ကရွင္းျပသည္။

Related news

© 2021. All rights reserved.