အမေရိကန်နိုင်ငံ၊ ဆစ်ဒနီမြို့ကမ်းခြေတွေမှာ တွေ့ခဲ့ရတဲ့ အနက်ရောင်ဘောလုံးတွေဟာ အလှကုန်၊ စွန့်ပစ်ဓာတုပစ္စည်းများဖြစ်နေ

 277

ရောင်နီ (NP News) - အောက်တိုဘာ ၂၁

အမေရိကန်နိုင်ငံ ဆစ်ဒနီမြို့ရှိ ပင်လယ်ကမ်းခြေမှာ သောင်တင်နေခဲ့တဲ့ အနက်ရောင်ဘောလုံးတွေဟာ အလှကုန်နဲ့ သန့်ရှင်းရေးသုံး ဓာတုပစ္စည်းတွေနဲ့ဆင်တူနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ အဆိုပါကမ်းခြေတွေကို တော့ အောက်တိုဘာ ၁၉ ရက်မှာ ပြန်လည်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁၅ ရက်က ဆစ်ဒနီမြို့တစ်ဝှမ်းက အထင်ကရကမ်းခြေ ဘွန်ဒီ အပါအဝင် ကမ်းခြေတွေပေါ်မှာ အမျိုးအမည် မသိရတဲ့ အနက်ရောင်ဘောလုံး ၂၀၀၀ ခန့် သောင်တင်နေခဲ့တာပါ။ ဒါကြောင့် ဘွန်ဒီကမ်းခြေ အပါအဝင် ကမ်းခြေရှစ်ခုကို ပိတ်လိုက်ရပြီး သန့်ရှင်းရေး လုပ်ဆောင်ခဲ့ကြရပါတယ်။ အနက်ရောင်ဘောလုံးတွေ ဟာ ဘယ်ကလာတယ်။ ဘာတွေဖြစ်တယ်ဆိုတာ မသိခဲ့ရတာကြောင့် စိုးရိမ်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ "ပတ်ဝန်းကျင် ကာကွယ်ရေးအာဏာပိုင်ရဲ့အကြံပေးချက်အရ အဆိုပါဘောလုံးတွေဟာ သန့်စင်ရေး နဲ့ အလှကုန် တွေမှာ တွေ့ရတဲ့ ဓာတုပစ္စည်းတွေ၊ ဖက်တီး အက်ဆစ်တွေနဲ့ ဖွဲ့စည်းထားတယ်ဆိုတာ အတည်ပြုနိုင်ခဲ့ပါပြီ" လို့ New South Wales Maritime ရဲ့အမှုဆောင်ဒါရိုက်တာ မက်ခ်ဟက်ချင်က အောက်တိုဘာ ၁၈ ရက်က ပြောကြားခဲ့ ပါတယ်။ ဒါပေမယ့် ဘောလုံးတွေဟာ ကျန်းမာရေးနဲ့မညီညွတ်တာကြောင့် ထိတွေ့တာမျိုး မလုပ်သင့်ဘူးလို့ ၎င်းက ဆိုပါတယ်။

New South Wales Environment Protection Authority (EPA) က ဓါတ်ခွဲခန်းစမ်းသပ်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ဘောလုံးတွေ ဘယ်ကလာတယ်ဆိုတာကို ဆုံးဖြတ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ဆစ္ဒနီၿမိဳ႕ကမ္းေျခေတြမွာ ေတြ႕ခဲ့ရတဲ့ အနက္ေရာင္ေဘာလုံးေတြဟာ အလွကုန္၊ စြန႔္ပစ္ဓာတုပစၥည္းမ်ားျဖစ္ေန
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၁

အေမရိကန္ႏိုင္ငံ ဆစ္ဒနီၿမိဳ႕ရွိ ပင္လယ္ကမ္းေျခမွာ ေသာင္တင္ေနခဲ့တဲ့ အနက္ေရာင္ေဘာလုံးေတြဟာ အလွကုန္နဲ႔ သန႔္ရွင္းေရးသုံး ဓာတုပစၥည္းေတြနဲ႔ဆင္တူေနတယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ အဆိုပါကမ္းေျခေတြကို ေတာ့ ေအာက္တိုဘာ ၁၉ ရက္မွာ ျပန္လည္ဖြင့္လွစ္ခဲ့တယ္လို႔ သိရပါတယ္။

ေအာက္တိုဘာ ၁၅ ရက္က ဆစ္ဒနီၿမိဳ႕တစ္ဝွမ္းက အထင္ကရကမ္းေျခ ဘြန္ဒီ အပါအဝင္ ကမ္းေျခေတြေပၚမွာ အမ်ိဳးအမည္ မသိရတဲ့ အနက္ေရာင္ေဘာလုံး ၂၀၀၀ ခန႔္ ေသာင္တင္ေနခဲ့တာပါ။ ဒါေၾကာင့္ ဘြန္ဒီကမ္းေျခ အပါအဝင္ ကမ္းေျခရွစ္ခုကို ပိတ္လိုက္ရၿပီး သန႔္ရွင္းေရး လုပ္ေဆာင္ခဲ့ၾကရပါတယ္။ အနက္ေရာင္ေဘာလုံးေတြ ဟာ ဘယ္ကလာတယ္။ ဘာေတြျဖစ္တယ္ဆိုတာ မသိခဲ့ရတာေၾကာင့္ စိုးရိမ္မႈေတြလည္း ရွိခဲ့တယ္လို႔ ဆိုပါတယ္။ "ပတ္ဝန္းက်င္ ကာကြယ္ေရးအာဏာပိုင္ရဲ႕အႀကံေပးခ်က္အရ အဆိုပါေဘာလုံးေတြဟာ သန႔္စင္ေရး နဲ႔ အလွကုန္ ေတြမွာ ေတြ႕ရတဲ့ ဓာတုပစၥည္းေတြ၊ ဖက္တီး အက္ဆစ္ေတြနဲ႔ ဖြဲ႕စည္းထားတယ္ဆိုတာ အတည္ျပဳႏိုင္ခဲ့ပါၿပီ" လို႔ New South Wales Maritime ရဲ႕အမႈေဆာင္ဒါ႐ိုက္တာ မက္ခ္ဟက္ခ်င္က ေအာက္တိုဘာ ၁၈ ရက္က ေျပာၾကားခဲ့ ပါတယ္။ ဒါေပမယ့္ ေဘာလုံးေတြဟာ က်န္းမာေရးနဲ႔မညီၫြတ္တာေၾကာင့္ ထိေတြ႕တာမ်ိဳး မလုပ္သင့္ဘူးလို႔ ၎က ဆိုပါတယ္။

New South Wales Environment Protection Authority (EPA) က ဓါတ္ခြဲခန္းစမ္းသပ္မႈေတြ ဆက္လက္လုပ္ေဆာင္ေနၿပီး ေဘာလုံးေတြ ဘယ္ကလာတယ္ဆိုတာကို ဆုံးျဖတ္ဖို႔ ႀကိဳးစားေနတယ္လို႔ ဆိုပါတယ္။

Related news

© 2021. All rights reserved.