ဖလော်ရီဒါမှာ ပြင်းထန်ဟာရီကိန်းမုန်တိုင်း မီလ်တန်တိုက်ခတ်နေချိန်အတွင်း ကလေး ဒါဇင်နဲ့ချီ မွေးဖွား

 219

ရောင်နီ (NP News) - အောက်တိုဘာ ၂၁

အမေရိကန်နိုင်ငံ ဖလော်ရီဒါ အနောက်ဘက်ကမ်းရိုးတန်းမှာ ပြင်းထန်ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက် တိုက်ခတ်မှုကြောင့် ပြီးခဲ့တဲ့သီတင်းပတ်က ထောင်နဲ့ချီတဲ့နေထိုင်သူတွေ ဘေးလွတ်ရာရွှေ့ပြောင်းရခြင်း၊ ဓာတ်အားပြတ်တောက်ခြင်း၊ ရေကြီးရေလျှံခြင်းနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ထူးခြားဖြစ်စဉ်အနေနဲ့ ဖလော်ရီဒါပြည်နယ်တစ်ဝှမ်းမှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် မိခင်နဲ့ကလေး စောင့်ရှောက်မှု စနစ်တွေ အားနည်းနေချိန်မှာ ကလေးငယ် ဒါဇင်နဲ့ချီပြီး မွေးဖွားမှုရှိခဲ့တယ်လို့ သိရပါတယ်။ ဖလော်ရီဒါပြည်နယ် ပေါ့ခ်ကောင်တီမှာ မုန်တိုင်းဝင်နေချိန် ညသန်းခေါင်ယံမှာ မီးဖွားတော့မယ့် မိခင်ကို ကောင်တီရဲတပ်ဖွဲ့က ဆေးရုံကို အချိန်မီရောက်ရှိအောင် ကူညီပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လေပြင်းတိုက်ခတ်မှု ကြောင့် လူနာတင်ယာဉ်တွေ ကားလမ်းတွေမှာ မောင်နှင်နိုင်စွမ်းမရှိတဲ့အချိန် ကောင်တီရဲတပ်ဖွဲ့က ကင်းလှည့်ကား နဲ့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြရတယ်လို့ Polk County ရဲအရာရှိရုံးမှ လူမှုမီဒီယာပို့စ်တစ်ခုအရ သိရပါတယ်။
ဖလော်ရီဒါ အနောက်ပိုင်းမှာလည်း ဟာရီကိန်းမုန်တိုင်းမှ ဘေးလွတ်ရာရွှေ့ပြောင်းသူများအတွက် ပြုလုပ်ထားတဲ့ Pinellas ကောင်တီအမိုးအကာတစ်ခုမှာ ကလေးမွေးဖွားမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

မီလ်တန် မုန်တိုင်းဟာ ဖလော်ရီဒါကို အောက်တိုဘာ ၁၄ ရက်က ဝင်ရောက်ခဲ့ပြီး ပြင်းထန်တဲ့ မုန်တိုင်းအရှိန်ကြောင့် မြေပြိုမှု၊ ရေကြီးမှုတွေပါဖြစ်စေခဲ့ပြီး လူ ၂၄ ဦးထိ သေဆုံးစေခဲ့တယ်လို့ ဖလော်ရီဒါပြည်နယ် အမြန်လမ်းရဲတပ်ဖွဲ့ က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Zawgyi Version;
ဖေလာ္ရီဒါမွာ ျပင္းထန္ဟာရီကိန္းမုန္တိုင္း မီလ္တန္တိုက္ခတ္ေနခ်ိန္အတြင္း ကေလး ဒါဇင္နဲ႔ခ်ီ ေမြးဖြား
ေရာင္နီ (NP News) - ေအာက္တိုဘာ ၂၁

အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါ အေနာက္ဘက္ကမ္း႐ိုးတန္းမွာ ျပင္းထန္ဟာရီကိန္းမုန္တိုင္း မီလ္တန္ ဝင္ေရာက္ တိုက္ခတ္မႈေၾကာင့္ ၿပီးခဲ့တဲ့သီတင္းပတ္က ေထာင္နဲ႔ခ်ီတဲ့ေနထိုင္သူေတြ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းရျခင္း၊ ဓာတ္အားျပတ္ေတာက္ျခင္း၊ ေရႀကီးေရလွ်ံျခင္းနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္ ထူးျခားျဖစ္စဥ္အေနနဲ႔ ဖေလာ္ရီဒါျပည္နယ္တစ္ဝွမ္းမွာ မုန္တိုင္းတိုက္ခတ္မႈေၾကာင့္ မိခင္နဲ႔ကေလး ေစာင့္ေရွာက္မႈ စနစ္ေတြ အားနည္းေနခ်ိန္မွာ ကေလးငယ္ ဒါဇင္နဲ႔ခ်ီၿပီး ေမြးဖြားမႈရွိခဲ့တယ္လို႔ သိရပါတယ္။ ဖေလာ္ရီဒါျပည္နယ္ ေပါ့ခ္ေကာင္တီမွာ မုန္တိုင္းဝင္ေနခ်ိန္ ညသန္းေခါင္ယံမွာ မီးဖြားေတာ့မယ့္ မိခင္ကို ေကာင္တီရဲတပ္ဖြဲ႕က ေဆး႐ုံကို အခ်ိန္မီေရာက္ရွိေအာင္ ကူညီေပးခဲ့ၾကရတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ ေလျပင္းတိုက္ခတ္မႈ ေၾကာင့္ လူနာတင္ယာဥ္ေတြ ကားလမ္းေတြမွာ ေမာင္ႏွင္ႏိုင္စြမ္းမရွိတဲ့အခ်ိန္ ေကာင္တီရဲတပ္ဖြဲ႕က ကင္းလွည့္ကား နဲ႔ ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ၾကရတယ္လို႔ Polk County ရဲအရာရွိ႐ုံးမွ လူမႈမီဒီယာပို႔စ္တစ္ခုအရ သိရပါတယ္။
ဖေလာ္ရီဒါ အေနာက္ပိုင္းမွာလည္း ဟာရီကိန္းမုန္တိုင္းမွ ေဘးလြတ္ရာေ႐ႊ႕ေျပာင္းသူမ်ားအတြက္ ျပဳလုပ္ထားတဲ့ Pinellas ေကာင္တီအမိုးအကာတစ္ခုမွာ ကေလးေမြးဖြားမႈေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

မီလ္တန္ မုန္တိုင္းဟာ ဖေလာ္ရီဒါကို ေအာက္တိုဘာ ၁၄ ရက္က ဝင္ေရာက္ခဲ့ၿပီး ျပင္းထန္တဲ့ မုန္တိုင္းအရွိန္ေၾကာင့္ ေျမၿပိဳမႈ၊ ေရႀကီးမႈေတြပါျဖစ္ေစခဲ့ၿပီး လူ ၂၄ ဦးထိ ေသဆုံးေစခဲ့တယ္လို႔ ဖေလာ္ရီဒါျပည္နယ္ အျမန္လမ္းရဲတပ္ဖြဲ႕ က သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

Related news

© 2021. All rights reserved.