မန်ယူအသင်းကို ဝယ်ယူမယ့်သတင်းများကို ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ် ငြင်းဆန်

 704

ဂျန်ဇက် (NP News) - ဩဂုတ် ၁၇
Tesla နဲ့ SpaceX ကုမ္ပဏီတို့ရဲ့အကြီးအကဲ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်က ၎င်းအနေနဲ့ ဘယ်အားကစားအသင်းကိုမှ ဝယ်ယူဖို့ အစီအစဉ်မရှိကြောင်း သြဂုတ်လ ၁၇ ရက်မှာ သူ့ရဲ့တွစ်တာမှာ ရေးသားဖော်ပြခဲ့ပါတယ်။

အီလွန်မတ်က သူ့အနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဝယ်ယူမယ်ဆိုရင် ကြိုဆိုမလားဆိုတဲ့ စာသားကို တွစ်တာမှာရေးသားဖော်ပြခဲ့ပြီးနောက် မန်ယူဘော လုံးအသင်းကို အီလွန်မတ် ဝယ်ယူတော့မယ်ဆိုတဲ့သတင်းများကျယ်ကျယ်ပြန့်ပြန်ထွက်ပေါ်ခဲ့ပါတယ်။ အဆိုပါသတင်းများထွက်ပေါ်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပဲ အီလွန်မတ်က " ကျွန်တော့်အနေနဲ့ ဘယ်အားကစားအသင်းကိုမှ ဝယ်ယူမှာမဟုတ်ဘူး၊ အစောပိုင်းက တွစ်တာမှာရေးသားဖော်ပြခဲ့တာတွေက နောက်ပြောင်တာမျိုးသာဖြစ်ပါတယ်"လို့ပြောပါတယ်။

အီလွန်မတ်ဟာ လက်ရှိအချိန်မှာ ကမ္ဘာကျော်လူမှုကွန်ရက်တွစ်တာကို အမေရိကန်ဒေါ်လာ ၄၄ ဘီလျံနဲ့ဝယ်ယူဖို့ စီစဉ်ခဲ့ပေမယ့် နောက်ပိုင်းမှာအငြင်းပွားမှုများဖြစ်ခဲ့ပြီးနောက် တရားရင်ဆိုင်နေရကြောင်းသိရပါတယ်။ မန်ယူအသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာ မိသားစုကလည်း မန်ယူအသင်းကို အီလွန်မတ် ဝယ်ယူမယ်ဆိုတဲ့သတင်းများနဲ့ပတ်သက်ပြီး တစ်စုံတရာတုံ့ပြန်ခြင်းမျိုးမရှိကြောင်းသိရပါတယ်။ အီလွန်မတ်ဟာ အမေရိကန်ဒေါ်လာ ၂၆၅ ဒသမ ၇ ဘီလျံကြွယ်ဝချမ်းသာသူဖြစ်ပြီး ကမ္ဘ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တယ်လို့ Forbes မဂ္ဂဇင်း ကဖော်ပြထားပါတယ်။

မန်ယူအသင်းဟာ တစ်ချိန်က ချန်ပီယံဆုများရယူနိုင်ခဲ့ပေမယ့် လက်ရှိကာလမှာ မျှော်လင့်သလောက်အောင်မြင်မှုများ မရယူနိုင်ဘဲ လက်ရှိပရီးမီးယားလိဂ်ပွဲစဉ် နှစ်ပွဲ ကစားပြီးချိန်မှာ ရှုံးနိမ့်ခဲ့ပြီး အမှတ်ပေးဇယားအောက်ဆုံးအဆင့် ၂ဝ မှာရပ်တည်နေရကြောင်းသိရပါတယ်။

https://www.dw.com/en/elon-musk-not-buying-manchester-united/a-62830173

zawgyi version
မန္ယူအသင္းကို ဝယ္ယူမယ့္သတင္းမ်ားကို ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မတ္ ျငင္းဆန္
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၁၇

Tesla နဲ႔ SpaceX ကုမၸဏီတို႔ရဲ႕အႀကီးအကဲ ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္ အီလြန္မတ္က ၎အေနနဲ႔ ဘယ္အားကစားအသင္းကိုမွ ဝယ္ယူဖို႔ အစီအစဥ္မရွိေၾကာင္း ၾသဂုတ္လ ၁၇ ရက္မွာ သူ႔ရဲ႕တြစ္တာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။

အီလြန္မတ္က သူ႔အေနနဲ႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကို ဝယ္ယူမယ္ဆိုရင္ ႀကိဳဆိုမလားဆိုတဲ့ စာသားကို တြစ္တာမွာေရးသားေဖာ္ျပခဲ့ၿပီးေနာက္ မန္ယူေဘာ လုံးအသင္းကို အီလြန္မတ္ ဝယ္ယူေတာ့မယ္ဆိုတဲ့သတင္းမ်ားက်ယ္က်ယ္ျပန႔္ျပန္ထြက္ေပၚခဲ့ပါတယ္။ အဆိုပါသတင္းမ်ားထြက္ေပၚခဲ့ၿပီးေနာက္ နာရီပိုင္းအၾကာမွာပဲ အီလြန္မတ္က " ကြၽန္ေတာ့္အေနနဲ႔ ဘယ္အားကစားအသင္းကိုမွ ဝယ္ယူမွာမဟုတ္ဘူး၊ အေစာပိုင္းက တြစ္တာမွာေရးသားေဖာ္ျပခဲ့တာေတြက ေနာက္ေျပာင္တာမ်ိဳးသာျဖစ္ပါတယ္"လို႔ေျပာပါတယ္။

အီလြန္မတ္ဟာ လက္ရွိအခ်ိန္မွာ ကမာၻေက်ာ္လူမႈကြန္ရက္တြစ္တာကို အေမရိကန္ေဒၚလာ ၄၄ ဘီလ်ံနဲ႔ဝယ္ယူဖို႔ စီစဥ္ခဲ့ေပမယ့္ ေနာက္ပိုင္းမွာအျငင္းပြားမႈမ်ားျဖစ္ခဲ့ၿပီးေနာက္ တရားရင္ဆိုင္ေနရေၾကာင္းသိရပါတယ္။ မန္ယူအသင္းပိုင္ရွင္ေတြျဖစ္တဲ့ ဂေလဇာ မိသားစုကလည္း မန္ယူအသင္းကို အီလြန္မတ္ ဝယ္ယူမယ္ဆိုတဲ့သတင္းမ်ားနဲ႔ပတ္သက္ၿပီး တစ္စုံတရာတုံ႔ျပန္ျခင္းမ်ိဳးမရွိေၾကာင္းသိရပါတယ္။ အီလြန္မတ္ဟာ အေမရိကန္ေဒၚလာ ၂၆၅ ဒသမ ၇ ဘီလ်ံႂကြယ္ဝခ်မ္းသာသူျဖစ္ၿပီး ကမၻ့အခ်မ္းသာဆုံး ပုဂၢိဳလ္ျဖစ္တယ္လို႔ Forbes မဂၢဇင္း ကေဖာ္ျပထားပါတယ္။

မန္ယူအသင္းဟာ တစ္ခ်ိန္က ခ်န္ပီယံဆုမ်ားရယူႏိုင္ခဲ့ေပမယ့္ လက္ရွိကာလမွာ ေမွ်ာ္လင့္သေလာက္ေအာင္ျမင္မႈမ်ား မရယူႏိုင္ဘဲ လက္ရွိပရီးမီးယားလိဂ္ပြဲစဥ္ ႏွစ္ပြဲ ကစားၿပီးခ်ိန္မွာ ရႈံးနိမ့္ခဲ့ၿပီး အမွတ္ေပးဇယားေအာက္ဆုံးအဆင့္ ၂ဝ မွာရပ္တည္ေနရေၾကာင္းသိရပါတယ္။

https://www.dw.com/en/elon-musk-not-buying-manchester-united/a-62830173

Related news

© 2021. All rights reserved.