အယ်လ်ဂျီးရီးယားနိုင်ငံတွင် တောမီးလောင်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး(၂၆)ဦးသေဆုံး

 615

ဖြိုးခန့် (NP News) - သြဂုတ် ၁၈
အယ်လ်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းတွင် သြဂုတ် ၁၇ ရက်နေ့က တောမီးလောင်မှုကြောင့် အနည်းဆုံးလူ (၂၆) ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီသောလူများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တူနီးစီးယားနယ်စပ် အယ်လ်တာ့ဖ်ခရိုင်တွင် (၂၄)ဦးသေဆုံးခဲ့ပြီး ဆဲတစ်ဖ်မြို့တွင် မိခင်နှင့် သမီးတို့ ထပ်မံသေဆုံး ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးက မဲလ်ဘဲလ်ဂျု့ဒ်က ထုတ်ပြန်ပြောဆိုခဲ့သည်၊၊ မီးသတ်သမားများသည် ရဟတ်ယာဉ်များ၏ ပံ့ပိုးကူညီမှုနဲ့ သြဂုတ်(၁၇)ရက်နေ့ ညနေပိုင်းတွင် မီးလောင်ကျွမ်းမှုကိုထိန်းချုပ်နိုင်ဖို့ ကြိုးစား နေဆဲဖြစ်ကြောင်း သိရသည်၊၊

ဒေသခံ လူပေါင်း(၃၅ဝ)ခန့်ကို ဘေးလွတ်ကင်းရာသို့ပြောင်းရွှေ့ပေးခဲ့ရကြောင်း သတင်းများအရ သိရသည်၊၊ အယ်လ်တာ့ဖ်ခရိုင်သည် မီး‌လောင်ကျွမ်းမှု(၁၆)ကြိမ်ဖြစ်ပွားခဲ့ပြီး အဆိုးရွားဆုံးနှင့် အထိခိုက်ဆုံးသော ဒေသတစ်ခု ဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးအေဂျင်စီက ပြောကြားခဲ့သည်၊၊

ဆဲတစ်ဖ်မြို့တွင် သေဆုံးသွားသော အသက်(၅၈)နှစ်အရွယ် မိခင်နှင့် အသက်(၃၆)နှစ်အရွယ်သမီးတို့၏ အမည်များ ကို ထုတ်ပြန်ပြောဆိုထားခြင်းမျိုးမရှိဘဲ မီးလောင်ကျွမ်းမှုသည် ဒါဇင်နှင့်ချီသော အိမ်များနှင့် ရွာများသို့ ကူးစက်ပျံ့နှံ့ သွားခဲ့ကြောင်း အရာရှိများကပြောကြားခဲ့သည်၊၊

အယ်လ်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်းတွင် နှစ်စဉ်တောမီးလောင်မှုများဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်နှစ်က တောမီးလောင်မှု ကြောင့် လူ(၉ဝ)နီးပါးထိ သေဆုံးခဲ့ပြီး သစ်တောမြေဟက်တာ (၁)သိန်းကျော် မီးလောင်ခဲ့ကြောင်း သိရသည်၊၊ လက်ရှိနွေရာသီတွင် သြဂုတ်(၁၇)ရက်နေ့အထိ တောမီးလောင်မှုကြောင့် သေဆုံးခဲ့သည့် အယ်လ်ဂျီးရီးယား နိုင်ငံသားစုစုပေါင်း အယောက်(၃ဝ) အထိ ရှိလာပြီဖြစ်ကြောင်းသိရသည်၊၊

https://www.bbc.com/news/world-africa-62581108

Zawgyi Version;
အယ္လ္ဂ်ီးရီးယားႏိုင္ငံတြင္ ေတာမီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံး(၂၆)ဦးေသဆုံး
ၿဖိဳးခန႔္ (NP News) - ၾသဂုတ္ ၁၈
အယ္လ္ဂ်ီးရီးယားႏိုင္ငံေျမာက္ပိုင္းတြင္ ၾသဂုတ္ ၁၇ ရက္ေန႔က ေတာမီးေလာင္မႈေၾကာင့္ အနည္းဆုံးလူ (၂၆) ဦး ေသဆုံးခဲ့ၿပီး ဒါဇင္ႏွင့္ခ်ီေသာလူမ်ား ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

တူနီးစီးယားနယ္စပ္ အယ္လ္တာ့ဖ္ခ႐ိုင္တြင္ (၂၄)ဦးေသဆုံးခဲ့ၿပီး ဆဲတစ္ဖ္ၿမိဳ႕တြင္ မိခင္ႏွင့္ သမီးတို႔ ထပ္မံေသဆုံး ခဲ့ေၾကာင္း ျပည္ထဲေရးဝန္ႀကီးက မဲလ္ဘဲလ္ဂ်ဳ႕ဒ္က ထုတ္ျပန္ေျပာဆိုခဲ့သည္၊၊ မီးသတ္သမားမ်ားသည္ ရဟတ္ယာဥ္မ်ား၏ ပံ့ပိုးကူညီမႈနဲ႔ ၾသဂုတ္(၁၇)ရက္ေန႔ ညေနပိုင္းတြင္ မီးေလာင္ကြၽမ္းမႈကိုထိန္းခ်ဳပ္ႏိုင္ဖို႔ ႀကိဳးစား ေနဆဲျဖစ္ေၾကာင္း သိရသည္၊၊

ေဒသခံ လူေပါင္း(၃၅ဝ)ခန႔္ကို ေဘးလြတ္ကင္းရာသို႔ေျပာင္းေ႐ႊ႕ေပးခဲ့ရေၾကာင္း သတင္းမ်ားအရ သိရသည္၊၊ အယ္လ္တာ့ဖ္ခ႐ိုင္သည္ မီး‌ေလာင္ကြၽမ္းမႈ(၁၆)ႀကိမ္ျဖစ္ပြားခဲ့ၿပီး အဆိုး႐ြားဆုံးႏွင့္ အထိခိုက္ဆုံးေသာ ေဒသတစ္ခု ျဖစ္ေၾကာင္း အရပ္ဘက္ကာကြယ္ေရးေအဂ်င္စီက ေျပာၾကားခဲ့သည္၊၊

ဆဲတစ္ဖ္ၿမိဳ႕တြင္ ေသဆုံးသြားေသာ အသက္(၅၈)ႏွစ္အ႐ြယ္ မိခင္ႏွင့္ အသက္(၃၆)ႏွစ္အ႐ြယ္သမီးတို႔၏ အမည္မ်ား ကို ထုတ္ျပန္ေျပာဆိုထားျခင္းမ်ိဳးမရွိဘဲ မီးေလာင္ကြၽမ္းမႈသည္ ဒါဇင္ႏွင့္ခ်ီေသာ အိမ္မ်ားႏွင့္ ႐ြာမ်ားသို႔ ကူးစက္ပ်ံ႕ႏွံ႔ သြားခဲ့ေၾကာင္း အရာရွိမ်ားကေျပာၾကားခဲ့သည္၊၊

အယ္လ္ဂ်ီးရီးယားႏိုင္ငံ ေျမာက္ပိုင္းတြင္ ႏွစ္စဥ္ေတာမီးေလာင္မႈမ်ားျဖစ္ပြားခဲ့ၿပီး ၿပီးခဲ့သည့္ႏွစ္က ေတာမီးေလာင္မႈ ေၾကာင့္ လူ(၉ဝ)နီးပါးထိ ေသဆုံးခဲ့ၿပီး သစ္ေတာေျမဟက္တာ (၁)သိန္းေက်ာ္ မီးေလာင္ခဲ့ေၾကာင္း သိရသည္၊၊ လက္ရွိေႏြရာသီတြင္ ၾသဂုတ္(၁၇)ရက္ေန႔အထိ ေတာမီးေလာင္မႈေၾကာင့္ ေသဆုံးခဲ့သည့္ အယ္လ္ဂ်ီးရီးယား ႏိုင္ငံသားစုစုေပါင္း အေယာက္(၃ဝ) အထိ ရွိလာၿပီျဖစ္ေၾကာင္းသိရသည္၊၊

https://www.bbc.com/news/world-africa-62581108

Related news

© 2021. All rights reserved.