ရုရှားနိုင်ငံရဲ့လောင်စာဆီများကို မြန်မာ တင်သွင်းမယ်လို့ ပိုလန်အခြေစိုက် Warsaw institute ဖော်ပြထား

 1071

ဂျန်ဇက် (NPNews) - ဩဂုတ် ၂၅

မြန်မာနိုင်ငံဟာ ရုရှားနိုင်ငံနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေတဲ့ နိုင်ငံများစာရင်းထဲမှာရှိနေတဲ့အတွက် ရုရှားနိုင်ငံထံမှ ရေနံနဲ့ လောင်စာဆီတင်သွင်းမှုများ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပိုလန်အခြေစိုက် warsaw institute မှာဖော်ပြထားပါတယ်။

ရုရှားနဲ့ မြန်မာနိုင်ငံတို့ဟာ နီးကပ်တဲ့ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံက လောင်စာဆီလိုအပ်ချက်ရှိနေသလို ရုရှားကလည်း အနောက်အုပ်စုနိုင်ငံများ ပိတ်ဆို့ခံရတဲ့အတွက် စွမ်းအင်တင်ပို့နိုင်မယ့် နိုင်ငံတွေကြိုးပမ်းရှာဖွေနေတယ်လို့ သိရပါတယ်။

ယူကရိန်းစစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အနောက်အုပ်စုနိုင်ငံများဟာ ရုရှားရဲ့စွမ်းအင်တင်ပို့မှုများကို ပိတ်ပင်ခဲ့ရာ မြန်မာနိုင်ငံဟာ အာရှတိုက်မှာ ရုရှားအတွက် အရေကြီးတဲ့စျေးကွက်တစ်ခုဖြစ်လာဖွယ်ရှိနေကြောင်း ပိုလန်အခြေစိုက် warsaw institute က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကုန်စျေးနှုန်းမြင့်တက်မှုစိုးရိမ်မှုတွေကို ဖြေလျော့နိုင်ဖို့ ရုရှားနိုင်ငံထံမှ လောင်စာဆီနဲ့ ရေနံဝယ်ယူဖို့ စီစဉ်နေကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောခဲ့ဖူးပါတယ်။

နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့လက ရုရှားနိုင်ငံကို သွားရောက်ချိန်အတွင်း ရေနံနဲ့ ဓါတ်ငွေ့ကိစ္စများ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စက်တင်ဘာလအစောပိုင်းမှာ လောင်စာဆီသင်္ဘောတွေ ရောက်ရှိနေတယ်လို့ သတင်းများလည်း ထွက်ပေါ်နေခဲ့ပါတယ်။ နစကဟာ ရုရှားနိုင်ငံထံမှ လောင်စာဆီတင်သွင်းမယ့်အစီအစဉ်ကို ကျေနပ်နေပြီး ရုရှားနိုင်ငံရဲ့လောင်စာဆီက အရည်အသွေးကောင်းပြီး ကုန်ကျစရိတ်သက်သာမယ်လို့ မျှော်လင့်နေပါတယ်။

ဒါပေမယ့် ရုရှားနိုင်ငံကနေ လောင်စာဆီတွေကို မြန်မာနိုင်ငံထံ ဘယ်လိုပုံစံမျိုး တင်ပို့မလဲဆိုတဲ့အချက်က ရှင်းရှင်းလင်းလင်းမရှိသေးဘူးလို့ ပိုလန်အခြေစိုက် warsaw institute က ဆိုပါတယ်။ မြန်မာနဲ့ ရုရှား နှစ်နိုင်ငံစလုံးဟာ အိန္ဒိယ (သို့မဟုတ်) တရုတ်နိုင်ငံကိုဖြတ်သန်းပြီး ပိုက်လိုင်းနဲ့ လောင်စာဆီများတင်ပို့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ စင်ကာပူနိုင်ငံကတဆင့် လောင်စာဆီတွေ တင်သွင်းနေရတယ်လို့လည်း သိရပါတယ်။ နစကအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရုရှားနိုင်ငံက လောင်စာဆီတွေကို ဝယ်ယူတင်သွင်းကြီးကြပ်ဖို့ ကော်မတီတစ်ခုကို ဖွဲ့စည်းထားပြီးလည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း Petrol စျေးနှုန်းဟာ ၃ဝဝ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး နိုင်ငံတဝန်းမှာ လောင်စာဆီရောင်းတဲ့အရောင်းဆိုင်တွေ ပိတ်သိမ်းခဲ့ရတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံကြားဆက်ဆံရေးဟာ ပြီးခဲ့တဲ့ ၁၈ လအတွင်း ပိုမိုတိုးတက်ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။

ရုရှားဟာ မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်များရောင်းပေးခြင်း၊မြန်မာစစ်သားတွေကို လေ့ကျင့်သင့်ကြားပေးခဲ့ပြီး နှစ်နိုင်ငံကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။ ရုရှားအစိုးရတာဝန်ရှိသူများဟာ မကြာသေးမီက မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး ရုရှားဟာ မြန်မာနိုင်ငံမှာ ရေတပ်အခြေစိုက်စခန်းတည်ဆောက်ဖို့ ဆွေးနွေးဖွယ်ရှိခဲ့ကြောင်း warsaw institute က ဖော်ပြထားပါတယ်။ ၏

ရုရှားနိုင်ငံက ၄င်းတို့ရဲ့လောင်စာဆီတွေကို ပါကစ္စတန် နဲ့ သီရိလင်္ကာနိုင်ငံများထံ ရောင်းချခဲ့ပြီးနောက် မြန်မာနိုင်ငံဟာ တောင်အာရှဒေသမှာ ရုရှားထံမှ လောင်စာဆီဝယ်ယူခွင့်ရတဲ့ နောက်ထပ်နိုင်ငံတစ်နိုင်ငံဖြစ်လာဖွယ်ရှိနေပါတယ်။

Zawgyi Version;
႐ုရွားႏိုင္ငံရဲ႕ေလာင္စာဆီမ်ားကို ျမန္မာ တင္သြင္းမယ္လို႔ ပိုလန္အေျခစိုက္ Warsaw institute ေဖာ္ျပထား
ဂ်န္ဇက္ (NPNews) - ဩဂုတ္ ၂၅

ျမန္မာႏိုင္ငံဟာ ႐ုရွားႏိုင္ငံနဲ႔ေကာင္းမြန္တဲ့ဆက္ဆံေရးရွိေနတဲ့ ႏိုင္ငံမ်ားစာရင္းထဲမွာရွိေနတဲ့အတြက္ ႐ုရွားႏိုင္ငံထံမွ ေရနံနဲ႔ ေလာင္စာဆီတင္သြင္းမႈမ်ား လုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ပိုလန္အေျခစိုက္ warsaw institute မွာေဖာ္ျပထားပါတယ္။

႐ုရွားနဲ႔ ျမန္မာႏိုင္ငံတို႔ဟာ နီးကပ္တဲ့ပူးေပါင္းေဆာင္႐ြက္မႈမ်ား လုပ္ေဆာင္ေနၿပီး ျမန္မာႏိုင္ငံက ေလာင္စာဆီလိုအပ္ခ်က္ရွိေနသလို ႐ုရွားကလည္း အေနာက္အုပ္စုႏိုင္ငံမ်ား ပိတ္ဆို႔ခံရတဲ့အတြက္ စြမ္းအင္တင္ပို႔ႏိုင္မယ့္ ႏိုင္ငံေတြႀကိဳးပမ္းရွာေဖြေနတယ္လို႔ သိရပါတယ္။

ယူကရိန္းစစ္ပြဲျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း အေနာက္အုပ္စုႏိုင္ငံမ်ားဟာ ႐ုရွားရဲ႕စြမ္းအင္တင္ပို႔မႈမ်ားကို ပိတ္ပင္ခဲ့ရာ ျမန္မာႏိုင္ငံဟာ အာရွတိုက္မွာ ႐ုရွားအတြက္ အေရႀကီးတဲ့ေစ်းကြက္တစ္ခုျဖစ္လာဖြယ္ရွိေနေၾကာင္း ပိုလန္အေျခစိုက္ warsaw institute က ဆိုပါတယ္။

ျမန္မာႏိုင္ငံမွာ ကုန္ေစ်းႏႈန္းျမင့္တက္မႈစိုးရိမ္မႈေတြကို ေျဖေလ်ာ့ႏိုင္ဖို႔ ႐ုရွားႏိုင္ငံထံမွ ေလာင္စာဆီနဲ႔ ေရနံဝယ္ယူဖို႔ စီစဥ္ေနေၾကာင္း နစကေျပာေရးဆိုခြင့္ရွိသူ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာခဲ့ဖူးပါတယ္။

နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ၿပီးခဲ့တဲ့လက ႐ုရွားႏိုင္ငံကို သြားေရာက္ခ်ိန္အတြင္း ေရနံနဲ႔ ဓါတ္ေငြ႕ကိစၥမ်ား ေဆြးေႏြးခဲ့တယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံကို စက္တင္ဘာလအေစာပိုင္းမွာ ေလာင္စာဆီသေဘၤာေတြ ေရာက္ရွိေနတယ္လို႔ သတင္းမ်ားလည္း ထြက္ေပၚေနခဲ့ပါတယ္။ နစကဟာ ႐ုရွားႏိုင္ငံထံမွ ေလာင္စာဆီတင္သြင္းမယ့္အစီအစဥ္ကို ေက်နပ္ေနၿပီး ႐ုရွားႏိုင္ငံရဲ႕ေလာင္စာဆီက အရည္အေသြးေကာင္းၿပီး ကုန္က်စရိတ္သက္သာမယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။

ဒါေပမယ့္ ႐ုရွားႏိုင္ငံကေန ေလာင္စာဆီေတြကို ျမန္မာႏိုင္ငံထံ ဘယ္လိုပုံစံမ်ိဳး တင္ပို႔မလဲဆိုတဲ့အခ်က္က ရွင္းရွင္းလင္းလင္းမရွိေသးဘူးလို႔ ပိုလန္အေျခစိုက္ warsaw institute က ဆိုပါတယ္။ ျမန္မာနဲ႔ ႐ုရွား ႏွစ္ႏိုင္ငံစလုံးဟာ အိႏၵိယ (သို႔မဟုတ္) တ႐ုတ္ႏိုင္ငံကိုျဖတ္သန္းၿပီး ပိုက္လိုင္းနဲ႔ ေလာင္စာဆီမ်ားတင္ပို႔ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ စင္ကာပူႏိုင္ငံကတဆင့္ ေလာင္စာဆီေတြ တင္သြင္းေနရတယ္လို႔လည္း သိရပါတယ္။ နစကအႀကီးအကဲ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ဟာ ႐ုရွားႏိုင္ငံက ေလာင္စာဆီေတြကို ဝယ္ယူတင္သြင္းႀကီးၾကပ္ဖို႔ ေကာ္မတီတစ္ခုကို ဖြဲ႕စည္းထားၿပီးလည္းျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း Petrol ေစ်းႏႈန္းဟာ ၃ဝဝ ရာခိုင္ႏႈန္းျမင့္တက္ခဲ့ၿပီး ႏိုင္ငံတဝန္းမွာ ေလာင္စာဆီေရာင္းတဲ့အေရာင္းဆိုင္ေတြ ပိတ္သိမ္းခဲ့ရတယ္လို႔ သိရပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ႐ုရွားႏိုင္ငံၾကားဆက္ဆံေရးဟာ ၿပီးခဲ့တဲ့ ၁၈ လအတြင္း ပိုမိုတိုးတက္ေကာင္းမြန္လာခဲ့တယ္လို႔ သိရပါတယ္။

႐ုရွားဟာ ျမန္မာႏိုင္ငံကို စစ္လက္နက္ပစၥည္မ်ားေရာင္းေပးျခင္း၊ျမန္မာစစ္သားေတြကို ေလ့က်င့္သင့္ၾကားေပးခဲ့ၿပီး ႏွစ္ႏိုင္ငံၾကား ကာကြယ္ေရး ပူးေပါင္းေဆာင္႐ြက္မႈ ပိုမိုေကာင္းမြန္လာခဲ့တယ္လို႔ သိရပါတယ္။ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားဟာ မၾကာေသးမီက ျမန္မာႏိုင္ငံကိုသြားေရာက္ခဲ့ၿပီး ႐ုရွားဟာ ျမန္မာႏိုင္ငံမွာ ေရတပ္အေျခစိုက္စခန္းတည္ေဆာက္ဖို႔ ေဆြးေႏြးဖြယ္ရွိခဲ့ေၾကာင္း warsaw institute က ေဖာ္ျပထားပါတယ္။ ၏

႐ုရွားႏိုင္ငံက ၄င္းတို႔ရဲ႕ေလာင္စာဆီေတြကို ပါကစၥတန္ နဲ႔ သီရိလကၤာႏိုင္ငံမ်ားထံ ေရာင္းခ်ခဲ့ၿပီးေနာက္ ျမန္မာႏိုင္ငံဟာ ေတာင္အာရွေဒသမွာ ႐ုရွားထံမွ ေလာင္စာဆီဝယ္ယူခြင့္ရတဲ့ ေနာက္ထပ္ႏိုင္ငံတစ္ႏိုင္ငံျဖစ္လာဖြယ္ရွိေနပါတယ္။

Related news

© 2021. All rights reserved.