တောင်ကိုရီးယား မင်းသမီး ယိုးဂျူအန်း အသက် (၂၇) နှစ်မှာ မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့

 1468

ရောင်နီ (NP News) - ဩဂုတ် ၃ဝ

တောင်ကိုရီးယား မင်းသမီး ယိုးဂျူအန်းဟာ သူမ အသက် ၂၇ နှစ်အရွယ်မှာပဲ မိမိကိုယ်ကိုယ် အဆုံးစီရင်ကာ ကွယ်လွန်သွားပြီဖြစ်ကြောင်း တောင်ကိုရီးယားမီဒီယာများက ဖော်ပြခဲ့ကြပါတယ်။

အစ်ကိုဖြစ်သူက တနင်္လာနေ့ (သြဂုတ်လ ၂၉ ရက်) မနက်မှာ သူ့မရဲ့ Instagram မှ သူ့ကိုယ်သူ သတ်သေခဲ့ကြောင်းနဲ့ သူမရဲ့ဈာပနကို သြဂုတ်လ (၃၁) ရက်မှာ ကျင်းပမည်ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ သူမရဲ့ နောက်ဆုံးဆန္ဒအရ သူမရဲ့ နောက်ဆုံးရေးသားခဲ့တဲ့ မှတ်စုကိုလည်း Instagram မှာ မျှဝေပေးခဲ့ပါတယ်။ သူမရဲ့ နောက်ဆုံးမှတ်တမ်းမှာ "လူတကာတွေထက် နောက်ကျကျန်ခဲ့လို့ စိတ်မကောင်းပါဘူး အမေ၊ အဖေ၊ အဖွားနဲ့ အစ်ကိုရေ။ ကျွန်မ လုံးဝ စိတ်မကောင်းပါဘူး၊ ကျွန်မနဲ့ မထိုက်တန်တဲ့ ပျော်ရွှင်စရာ ဘဝတစ်ခုကို ဖြတ်သန်းခဲ့ရပါတယ်၊ ဒါကြောင့် ကျေနပ်တယ်၊ ဒါက လုံလောက်ပါတယ်၊ ဒါကြောင့် ဘယ်သူ့ကိုမှ အပြစ်မတင်ဘဲ ရှေ့ဆက်လိုက်ပါ။ ကျွန်မက သရုပ် ဆောင်လုပ်ချင်တာပါ၊ အဲဒါက ကျွန်မရဲ့ အရာအားလုံး ဒါမှမဟုတ် ကျွန်မရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် အဲဒီ့ဘဝနောက်ကို လိုက်ဖို့ဆိုတာ မလွယ်ပါဘူး၊ တခြားဘာမှ မလုပ်ချင်ဘူး၊ ဒါပေမယ့် အိပ်မက်ဟာ ကျိန်စာတစ်ခုဆိုတာ သဘောပေါက်သွားပါပြီ၊ ဘုရားသခင်က ကျွန်မကို ချစ်တဲ့အတွက် ငရဲကို ပို့မှာမဟုတ်ဘူးဆိုတာ သေချာတယ်၊ ဒါကြောင့် စိတ်မပူပါနဲ့။ ကျွန်မရဲ့ ချစ်ရတဲ့ မိသားစု၊ သူငယ်ချင်းများနဲ့ ချစ်ရတဲ့သူတွေကို ကျေးဇူးတင်ပါတယ်၊ ကျွန်မကို ချစ်ပြီး ဂရု စိုက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ အဲဒါက ကျွန်မရဲ့ ခွန်အားနဲ့ ရယ်မောခြင်းပါပဲ၊ ကျွန်မက အောင်မြင်တဲ့ဘဝနဲ့ ဖြတ်သန်းခဲ့ရတာလို့ ကျွန်မထင်ပါတယ်၊ မမေ့နိုင်စရာ အမှတ်တရတွေကို အဆုံးထိ ယူဆောင်သွားမှာပါ၊ ဒီထက်ပိုပြီး ထုတ်ဖော်မပြနိုင်ခဲ့လို့ တောင်းပန်ပါတယ်၊ ဒါပေမယ့် နားလည်မယ်လို့ မျှော်လင့်ပါတယ်"လို့ ရေးသားခဲ့ပါတယ်။

ဂျူအန်းဟာ ကွယ်လွန်သူ အမေရိကန် ရက်ပ်အဆိုတော် မက်စ် မိုင်လာရဲ့ နာမည်ကျော် သီချင်း Circles (2020) ကို တနင်္ဂနွေညက သူမရဲ့ Instagram Stories မှာ "Watchin' the world falling down its decline" ဆိုတဲ့ စာသားနဲ့အတူ နောက်ဆုံး မျှဝေခဲ့ပြီး အဆုံးစီရင်ခဲ့ပါတယ်။ ဂျူအန်းဟာ ဟာသဒရမ်မာ Big Forest (2018) မှာ ပထမဆုံး သရုပ်ဆောင်ခဲ့ပြီး အချိန်ခရီးသွားစီးရီး Joseon Survival Period (2019) မှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါ၀င်ခဲ့ပါတယ်။

zawgyi version
ေတာင္ကိုရီးယား မင္းသမီး ယိုးဂ်ဴအန္း အသက္ (၂၇) ႏွစ္မွာ မိမိကိုယ္ကိုယ္ အဆုံးစီရင္ခဲ့
ေရာင္နီ (NP News) - ဩဂုတ္ ၃ဝ

ေတာင္ကိုရီးယား မင္းသမီး ယိုးဂ်ဴအန္းဟာ သူမ အသက္ ၂၇ ႏွစ္အ႐ြယ္မွာပဲ မိမိကိုယ္ကိုယ္ အဆုံးစီရင္ကာ ကြယ္လြန္သြားၿပီျဖစ္ေၾကာင္း ေတာင္ကိုရီးယားမီဒီယာမ်ားက ေဖာ္ျပခဲ့ၾကပါတယ္။

အစ္ကိုျဖစ္သူက တနလၤာေန႔ (ၾသဂုတ္လ ၂၉ ရက္) မနက္မွာ သူ႔မရဲ႕ Instagram မွ သူ႔ကိုယ္သူ သတ္ေသခဲ့ေၾကာင္းနဲ႔ သူမရဲ႕ဈာပနကို ၾသဂုတ္လ (၃၁) ရက္မွာ က်င္းပမည္ျဖစ္ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။ သူမရဲ႕ ေနာက္ဆုံးဆႏၵအရ သူမရဲ႕ ေနာက္ဆုံးေရးသားခဲ့တဲ့ မွတ္စုကိုလည္း Instagram မွာ မွ်ေဝေပးခဲ့ပါတယ္။ သူမရဲ႕ ေနာက္ဆုံးမွတ္တမ္းမွာ "လူတကာေတြထက္ ေနာက္က်က်န္ခဲ့လို႔ စိတ္မေကာင္းပါဘူး အေမ၊ အေဖ၊ အဖြားနဲ႔ အစ္ကိုေရ။ ကြၽန္မ လုံးဝ စိတ္မေကာင္းပါဘူး၊ ကြၽန္မနဲ႔ မထိုက္တန္တဲ့ ေပ်ာ္႐ႊင္စရာ ဘဝတစ္ခုကို ျဖတ္သန္းခဲ့ရပါတယ္၊ ဒါေၾကာင့္ ေက်နပ္တယ္၊ ဒါက လုံေလာက္ပါတယ္၊ ဒါေၾကာင့္ ဘယ္သူ႔ကိုမွ အျပစ္မတင္ဘဲ ေရွ႕ဆက္လိုက္ပါ။ ကြၽန္မက သ႐ုပ္ ေဆာင္လုပ္ခ်င္တာပါ၊ အဲဒါက ကြၽန္မရဲ႕ အရာအားလုံး ဒါမွမဟုတ္ ကြၽန္မရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ႏိုင္ပါတယ္၊ ဒါေပမယ့္ အဲဒီ့ဘဝေနာက္ကို လိုက္ဖို႔ဆိုတာ မလြယ္ပါဘူး၊ တျခားဘာမွ မလုပ္ခ်င္ဘူး၊ ဒါေပမယ့္ အိပ္မက္ဟာ က်ိန္စာတစ္ခုဆိုတာ သေဘာေပါက္သြားပါၿပီ၊ ဘုရားသခင္က ကြၽန္မကို ခ်စ္တဲ့အတြက္ ငရဲကို ပို႔မွာမဟုတ္ဘူးဆိုတာ ေသခ်ာတယ္၊ ဒါေၾကာင့္ စိတ္မပူပါနဲ႔။ ကြၽန္မရဲ႕ ခ်စ္ရတဲ့ မိသားစု၊ သူငယ္ခ်င္းမ်ားနဲ႔ ခ်စ္ရတဲ့သူေတြကို ေက်းဇူးတင္ပါတယ္၊ ကြၽန္မကို ခ်စ္ၿပီး ဂ႐ု စိုက္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္၊ အဲဒါက ကြၽန္မရဲ႕ ခြန္အားနဲ႔ ရယ္ေမာျခင္းပါပဲ၊ ကြၽန္မက ေအာင္ျမင္တဲ့ဘဝနဲ႔ ျဖတ္သန္းခဲ့ရတာလို႔ ကြၽန္မထင္ပါတယ္၊ မေမ့ႏိုင္စရာ အမွတ္တရေတြကို အဆုံးထိ ယူေဆာင္သြားမွာပါ၊ ဒီထက္ပိုၿပီး ထုတ္ေဖာ္မျပႏိုင္ခဲ့လို႔ ေတာင္းပန္ပါတယ္၊ ဒါေပမယ့္ နားလည္မယ္လို႔ ေမွ်ာ္လင့္ပါတယ္"လို႔ ေရးသားခဲ့ပါတယ္။

ဂ်ဴအန္းဟာ ကြယ္လြန္သူ အေမရိကန္ ရက္ပ္အဆိုေတာ္ မက္စ္ မိုင္လာရဲ႕ နာမည္ေက်ာ္ သီခ်င္း Circles (2020) ကို တနဂၤေႏြညက သူမရဲ႕ Instagram Stories မွာ "Watchin' the world falling down its decline" ဆိုတဲ့ စာသားနဲ႔အတူ ေနာက္ဆုံး မွ်ေဝခဲ့ၿပီး အဆုံးစီရင္ခဲ့ပါတယ္။ ဂ်ဴအန္းဟာ ဟာသဒရမ္မာ Big Forest (2018) မွာ ပထမဆုံး သ႐ုပ္ေဆာင္ခဲ့ၿပီး အခ်ိန္ခရီးသြားစီးရီး Joseon Survival Period (2019) မွာ ဇာတ္ပို႔သ႐ုပ္ေဆာင္အျဖစ္ ပါ၀င္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.