နစကဥက္ကဋ္ဌ ရုရှားသို့ ထပ်မံသွားရောက်ပြီး (၂)လအတွင်း မြန်မာ-ရုရှားထိပ်ပိုင်းခေါင်းဆောင်များ၏ အပြန်အလှန် ခရီးစဉ်(၄)ကြိမ်အထိရှိလာ

 3608

မျိုးကြီး (NP News) - စက်တင်ဘာ ၃

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ ယနေ့ (စက်တင်ဘာလ ၃ ရက်)တွင် ထပ်မံသွားရောက်ခဲ့ပြီး (၂)လအတွင်း မြန်မာ-ရုရှားထိပ်ပိုင်းခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်မှာ (၄)ကြိမ်အထိရှိလာပြီဖြစ်သည်။

နစကဥက္ကဋ္ဌအနေဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံအစိုးရ၊ အရှေ့ဖျားစီးပွားရေးဖိုရမ်(EEF) ၏ ဖိတ်ကြားချက်အရ ရုရှားနိုင်ငံသို့ သွားရောက်ခြင်းဖြစ်ကြောင်း နစကမှ ကြေညာထားသည်။

ရုရှားနိုင်ငံ၊ ဗလာဒီဘော့စတော့မြို့၌ စက်တင်ဘာလ ၅ ရက်မှ ၈ ရက်အထိ ကျင်းပမည့် (၇)ကြိမ်မြောက် အရှေ့ဖျားစီးပွားရေးဖိုရမ်-၂ဝ၂၂ သို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အ နေဖြင့် တက်ရောက်သွားမည့်အပြင် ရုရှားအစိုးရတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေး နွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် နစကဥက္ကဋ္ဌ၏ ရုရှားခရီးစဉ်အတွင်း မြန်မာ-ရုရှား နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများအကြား ချစ်ကြည်ရေး၊ စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်ခိုင်မာရန် ဆွေးနွေးဆောင်ရွက်သွားမည်ဟုလည်း နစကမှ အသိပေးထုတ်ပြန်ထားသည်။

လက်ရှိတွင် ရုရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးအား ပိုမိုမြှင့်တင်လျက်ရှိနေသည်ကို တွေ့ရှိရပြီး နှစ်နိုင်ငံခရီးစဉ်များမှာလည်း ခပ်စိပ်စိပ်ဖြစ်ပေါ်လာသည်ကို တွေ့နေရသည်။

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သော ဇူလိုင်လအတွင်းက ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး ၎င်းခရီးစဉ်အတွင်း နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ ပို့ကုန်သွင်းကုန်များ အပြန်အလှန်တင်ပို့ဆောင်ရွက်နိုင်ရေး၊ ကာကွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ဆွေးနွေးနိုင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ရုရှားနိုင်ငံခရီးစဉ်အပြီး သြဂုတ်လဆန်းပိုင်းတွင် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာဆာဂေးလာဗရော့သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်ကို တွေ့ရှိရသည်။

အလားတူ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့၏ မြန်မာနိုင်ငံခရီးစဉ်အပြီး ယခု သြဂုတ်လကုန်ပိုင်းတွင် ဒုတိယတပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ် ချုပ်မှူးကြီးစိုးဝင်းက ရုရှားနိုင်ငံသို့ ထပ်မံသွားရောက်သည့် ခရီးစဉ်ဖြစ်ပေါ်လာခဲ့သည်ကို တွေ့ရှိရသည်။

ထို့ပြင် ဒုတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ရုရှားနိုင်ငံခရီးစဉ်အပြီး ရက်ပိုင်းအ ကြာတွင် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရုရှားနိုင်ငံခရီးစဉ်ကို သွားရောက် ခြင်းဖြစ်သည်။

ထို့ကြောင့် မြန်မာ-ရုရှား နှစ်နိုင်ငံထိပ်ပိုင်းခေါင်းဆောင်များ၏ အပြန်အလှန်ခရီးစဉ်များမှာ ရက်ပေါင်း(၆ဝ) နှစ်လအတွင်း၌ (၄)ကြိမ်အထိ ရှိလာမည်ဖြစ်သည်။

zawgyi version
နစကဥကၠ႒ ႐ုရွားသို႔ ထပ္မံသြားေရာက္ၿပီး (၂)လအတြင္း ျမန္မာ-႐ုရွားထိပ္ပိုင္းေခါင္းေဆာင္မ်ား၏ အျပန္အလွန္ ခရီးစဥ္(၄)ႀကိမ္အထိရွိလာ
မ်ိဳးႀကီး (NP News) - စက္တင္ဘာ ၃

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ႐ုရွားႏိုင္ငံသို႔ ယေန႔ (စက္တင္ဘာလ ၃ ရက္)တြင္ ထပ္မံသြားေရာက္ခဲ့ၿပီး (၂)လအတြင္း ျမန္မာ-႐ုရွားထိပ္ပိုင္းေခါင္းေဆာင္မ်ား၏ အျပန္အလွန္ခရီးစဥ္မွာ (၄)ႀကိမ္အထိရွိလာၿပီျဖစ္သည္။

နစကဥကၠ႒အေနျဖင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံအစိုးရ၊ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္(EEF) ၏ ဖိတ္ၾကားခ်က္အရ ႐ုရွားႏိုင္ငံသို႔ သြားေရာက္ျခင္းျဖစ္ေၾကာင္း နစကမွ ေၾကညာထားသည္။

႐ုရွားႏိုင္ငံ၊ ဗလာဒီေဘာ့စေတာ့ၿမိဳ႕၌ စက္တင္ဘာလ ၅ ရက္မွ ၈ ရက္အထိ က်င္းပမည့္ (၇)ႀကိမ္ေျမာက္ အေရွ႕ဖ်ားစီးပြားေရးဖိုရမ္-၂ဝ၂၂ သို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္အ ေနျဖင့္ တက္ေရာက္သြားမည့္အျပင္ ႐ုရွားအစိုးရတာဝန္ရွိသူမ်ားႏွင့္လည္း ေတြ႕ဆုံေဆြး ေႏြးသြားမည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ နစကဥကၠ႒၏ ႐ုရွားခရီးစဥ္အတြင္း ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံအစိုးရႏွင့္ ျပည္သူမ်ားအၾကား ခ်စ္ၾကည္ေရး၊ စီးပြားေရးႏွင့္ က႑ေပါင္းစုံတြင္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ပိုမိုတိုးတက္ခိုင္မာရန္ ေဆြးေႏြးေဆာင္႐ြက္သြားမည္ဟုလည္း နစကမွ အသိေပးထုတ္ျပန္ထားသည္။

လက္ရွိတြင္ ႐ုရွား-ျမန္မာ ႏွစ္ႏိုင္ငံဆက္ဆံေရးအား ပိုမိုျမႇင့္တင္လ်က္ရွိေနသည္ကို ေတြ႕ရွိရၿပီး ႏွစ္ႏိုင္ငံခရီးစဥ္မ်ားမွာလည္း ခပ္စိပ္စိပ္ျဖစ္ေပၚလာသည္ကို ေတြ႕ေနရသည္။

နစကဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္သည္ ၿပီးခဲ့ေသာ ဇူလိုင္လအတြင္းက ႐ုရွားႏိုင္ငံသို႔ သြားေရာက္ခဲ့ၿပီး ၎ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံစီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈျမႇင့္တင္ေရး၊ ပို႔ကုန္သြင္းကုန္မ်ား အျပန္အလွန္တင္ပို႔ေဆာင္႐ြက္ႏိုင္ေရး၊ ကာကြယ္ေရးက႑မ်ားတြင္ ပူးေပါင္းေဆာင္႐ြက္ႏိုင္ေရးတို႔ကို ေဆြးေႏြးႏိုင္ခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္၏ ႐ုရွားႏိုင္ငံခရီးစဥ္အၿပီး ၾသဂုတ္လဆန္းပိုင္းတြင္ ႐ုရွားႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီး မစၥတာဆာေဂးလာဗေရာ့သည္ ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့သည္ကို ေတြ႕ရွိရသည္။

အလားတူ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာဗေရာ့၏ ျမန္မာႏိုင္ငံခရီးစဥ္အၿပီး ယခု ၾသဂုတ္လကုန္ပိုင္းတြင္ ဒုတိယတပ္ မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဒုတိယဗိုလ္ ခ်ဳပ္မႉးႀကီးစိုးဝင္းက ႐ုရွားႏိုင္ငံသို႔ ထပ္မံသြားေရာက္သည့္ ခရီးစဥ္ျဖစ္ေပၚလာခဲ့သည္ကို ေတြ႕ရွိရသည္။

ထို႔ျပင္ ဒုတပ္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီးစိုးဝင္း၏ ႐ုရွားႏိုင္ငံခရီးစဥ္အၿပီး ရက္ပိုင္းအ ၾကာတြင္ တပ္ခ်ဳပ္ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ႐ုရွားႏိုင္ငံခရီးစဥ္ကို သြားေရာက္ ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ ျမန္မာ-႐ုရွား ႏွစ္ႏိုင္ငံထိပ္ပိုင္းေခါင္းေဆာင္မ်ား၏ အျပန္အလွန္ခရီးစဥ္မ်ားမွာ ရက္ေပါင္း(၆ဝ) ႏွစ္လအတြင္း၌ (၄)ႀကိမ္အထိ ရွိလာမည္ျဖစ္သည္။

Related news

© 2021. All rights reserved.