မုံရွာမြို့တွင် ညောင်ပင်အောက်၌ထိုင်နေသော အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံး

 1216

NP News - စက်တင်ဘာ ၆

စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ညောင်ပင်အောက်၌ထိုင်နေသော အမျိုးသားတစ်ဦး သေ နတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ ၄ရက် ၊ နံနက် ၈နာရီ ၁ဝ မိနစ်အချိန်တွင် မုံရွာမြို့၊ ရုံးကြီးရပ်ကွက်၊ တာဘောင်ဘေးရှိ ကျောက်ဆောင်ဆိပ်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

အဆိုပါဖြစ်စဉ်မှာ ရုံးကြီးရပ်ကွက်တွင် နေထိုင်သူ ကိုဇော်ဦး(၃၃)နှစ်သည် အဆိုပါရပ် ကွက် တာဘောင်ဘေး ကျောက်ဆောင်ဆိပ်အနီးရှိ ညောင်ပင်အောက်တွင် ထိုင်နေချိန် အကြမ်းဖက်သမား (၂)ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။

၎င်းပစ်ခတ်မှုကြောင့် ကိုဇော်ဦးတွင် လည်ပင်း၊ ရင်ဘတ်နှင့် နောက်ကျောတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ (၆)ချက်ရရှိခဲ့၍ အခင်းဖြစ်ရာနေရာတွင် သေဆုံးခဲ့ကြောင်း မြန်မာ နိုင်ငံရဲတပ်ဖွဲ့မှ ဆိုထားသည်။

အလားတူ နေ့လည် ၁နာရီခွဲအချိန်တွင် ရေဦးမြို့၊ ကံပေါက်ကျေးရွာအနီး မူးဘောင်ပေါ်တွင် ဦးခေါင်းပြတ်၍ သေဆုံးနေသည့် အမျိုးသားအလောင်း တစ်လောင်းအား တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

အဆိုပါအမျိုးသားသည် အသက်(၃၂)နှစ်ခန့်ရှိပြီး ရင်ဘတ်ပြတ်ရှဒဏ်ရာတစ်ချက်၊ ဦးခေါင်းပြတ်ဒဏ်ရာများဖြင့် သေဆုံးနေခဲ့၍ ၎င်းနှင့် ပတ်သတ်၍ စုံစမ်းအတည်ပြုလျက်ရှိကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။

ထို့ပြင် ညနေ ၄နာရီအချိန်တွင် မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့တွင် သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခံရမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဝမ်းတွင်းမြို့၊ ခင်ဘန်းရွာတွင် နေထိုင်သူ ဦးဇော်လွင်ဋ္ဌေး(၃၄)နှစ်သည် ရွာနှင့်အရှေ့ဘက်တစ်မိုင်ခန့်အကွာရှိ လယ်အတွင်း ရေသွင်းနေစဉ် ဆိုင်ကယ် (၂)စီးဖြင့် ရောက်ရှိလာသော အကြမ်းဖက်သမား (၄)ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ရဲတပ် ဖွဲ့မှ ဆိုသည်။

အဆိုပါပစ်ခတ်မှုကြောင့် ဦးဇော်လွင်ဋ္ဌေးတွင် နားထင်၊ နဖူး၊ ပါးနှင့် လက်ဖျံတို့၌ ကျည်ဖောက်ဝင်ဒဏ်ရာ (၄)ချက်ရရှိ၍ အခင်းဖြစ်ရာ နေရာတွင် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုထားသည်။

zawgyi version
မုံ႐ြာၿမိဳ႕တြင္ ေညာင္ပင္ေအာက္၌ထိုင္ေနေသာ အမ်ိဳးသားတစ္ဦး ေသနတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံး
NP News - စက္တင္ဘာ ၆

စစ္ကိုင္းတိုင္း၊ မုံ႐ြာၿမိဳ႕တြင္ ေညာင္ပင္ေအာက္၌ထိုင္ေနေသာ အမ်ိဳးသားတစ္ဦး ေသ နတ္ျဖင့္ ပစ္ခတ္ခံရ၍ ေသဆုံးခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ စက္တင္ဘာလ ၄ရက္ ၊ နံနက္ ၈နာရီ ၁ဝ မိနစ္အခ်ိန္တြင္ မုံ႐ြာၿမိဳ႕၊ ႐ုံးႀကီးရပ္ကြက္၊ တာေဘာင္ေဘးရွိ ေက်ာက္ေဆာင္ဆိပ္အနီးတြင္ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

အဆိုပါျဖစ္စဥ္မွာ ႐ုံးႀကီးရပ္ကြက္တြင္ ေနထိုင္သူ ကိုေဇာ္ဦး(၃၃)ႏွစ္သည္ အဆိုပါရပ္ ကြက္ တာေဘာင္ေဘး ေက်ာက္ေဆာင္ဆိပ္အနီးရွိ ေညာင္ပင္ေအာက္တြင္ ထိုင္ေနခ်ိန္ အၾကမ္းဖက္သမား (၂)ဦးက ဆိုင္ကယ္တစ္စီးျဖင့္ ေရာက္လာၿပီး ေသနတ္ျဖင့္ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။

၎ပစ္ခတ္မႈေၾကာင့္ ကိုေဇာ္ဦးတြင္ လည္ပင္း၊ ရင္ဘတ္ႏွင့္ ေနာက္ေက်ာတို႔၌ က်ည္ေဖာက္ဝင္ဒဏ္ရာ (၆)ခ်က္ရရွိခဲ့၍ အခင္းျဖစ္ရာေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ျမန္မာ ႏိုင္ငံရဲတပ္ဖြဲ႕မွ ဆိုထားသည္။

အလားတူ ေန႔လည္ ၁နာရီခြဲအခ်ိန္တြင္ ေရဦးၿမိဳ႕၊ ကံေပါက္ေက်း႐ြာအနီး မူးေဘာင္ေပၚတြင္ ဦးေခါင္းျပတ္၍ ေသဆုံးေနသည့္ အမ်ိဳးသားအေလာင္း တစ္ေလာင္းအား ေတြ႕ရွိခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။

အဆိုပါအမ်ိဳးသားသည္ အသက္(၃၂)ႏွစ္ခန႔္ရွိၿပီး ရင္ဘတ္ျပတ္ရွဒဏ္ရာတစ္ခ်က္၊ ဦးေခါင္းျပတ္ဒဏ္ရာမ်ားျဖင့္ ေသဆုံးေနခဲ့၍ ၎ႏွင့္ ပတ္သတ္၍ စုံစမ္းအတည္ျပဳလ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။

ထို႔ျပင္ ညေန ၄နာရီအခ်ိန္တြင္ မႏၲေလးတိုင္း၊ ဝမ္းတြင္းၿမိဳ႕တြင္ ေသနတ္ျဖင့္ပစ္ခတ္ သတ္ျဖတ္ခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။

ျဖစ္စဥ္မွာ ဝမ္းတြင္းၿမိဳ႕၊ ခင္ဘန္း႐ြာတြင္ ေနထိုင္သူ ဦးေဇာ္လြင္ေ႒း(၃၄)ႏွစ္သည္ ႐ြာႏွင့္အေရွ႕ဘက္တစ္မိုင္ခန႔္အကြာရွိ လယ္အတြင္း ေရသြင္းေနစဥ္ ဆိုင္ကယ္ (၂)စီးျဖင့္ ေရာက္ရွိလာေသာ အၾကမ္းဖက္သမား (၄)ဦးက ေသနတ္ျဖင့္ ပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ ဖြဲ႕မွ ဆိုသည္။

အဆိုပါပစ္ခတ္မႈေၾကာင့္ ဦးေဇာ္လြင္ေ႒းတြင္ နားထင္၊ နဖူး၊ ပါးႏွင့္ လက္ဖ်ံတို႔၌ က်ည္ေဖာက္ဝင္ဒဏ္ရာ (၄)ခ်က္ရရွိ၍ အခင္းျဖစ္ရာ ေနရာတြင္ ေသဆုံးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုထားသည္။

Related news

© 2021. All rights reserved.