"ကားပါမစ်ကြောင့် ဟီးရိုးကနေ ဇီးရိုး ဖြစ်ခဲ့ရတဲ့ ကျွန်းပြန်ကြီး" (ဆောင်းပါး)

 2406

မန်းငြိမ်းမောင်(ကိုကိုးကျွန်း) (NP News) - စက်တင်ဘာ ၆

၂ဝ၁၃ ခုနှစ်၊ ကျွန်တော်တို့ KNU ကိုယ်စားလှယ်အဖွဲ့ဟာ ပြည်ထောင်စုနေ့ကို တက်ရောက်ပြီးတော့ နောက်တစ်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်မှာ နိုင်ငံတော်အစိုးရက ငြိမ်း ချမ်းရေးကြိုးပမ်းဆောင်ရွက်နေတဲ့ EAO ကိုယ်စားလှယ်အဖွဲ့(၉)ဖွဲ့(ALP, CNF, DKBA, KNU, KNU/KNLA-PC, NMSP, PNLO, RCSS, SSPP) ကိုနိုင်ငံတော်အစိုးရကိုယ်စား ပြည်ထောင်စုဝန်ကြီးများဖြစ်ကြတဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး၊ (အခြားမမှတ်မိ) ဝန်ကြီးများက တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲမှာ နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ အခြေအနေများကို ရှင်းလင်းပြောကြားပါတယ်။ တိုင်းရင်းသားကိုယ်စားလှယ်များရဲ့ သဘောထားအမြင်များကိုလည်း ဖိတ်ခေါ်ခဲ့ပါတယ်။ တိုင်းရင်သားကိုယ်စားလှယ် အဖွဲ့အသီးသီးက မိမိတို့ရဲ့ ငြိမ်းချမ်းရေးသဘောထားများနဲ့ပတ်သက်တဲ့ အမြင်များကိုလည်း အသီးသီး တင်ပြခဲ့ပါတယ်။

ကျွန်တော်မှတ်မိသလောက်ကတော့ ကျွန်တော်က ၂ဝဝ၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ အိတ်ဆောင်စာအုပ်အစိမ်းလေးကို လွယ်အိတ်ထဲကနေ ထုတ်ပြီးတော့ နှစ်ဖက်ကိုယ် စားလှယ်များကို ထောင်ပြပါတယ်။ “ ဗမာပြည်ရဲ့ ရှေ့လျှောက်နိုင်ငံရေး၊ ငြိမ်းချမ်းရေး ကိစ္စတွေမှာ ကျွန်တော်တို့ရင်ဆိုင်ရမယ့် အခက်အခဲကတော့ ဟောဒီစာအုပ်အစိမ်းလေးပါဘဲ” ဆိုပြီး ကျွန်တော်မှတ်မှတ်ရရ ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ ဝန်ကြီးဦးမင်းအောင်က စာအိတ်ညိုကလေး (၁)အိတ်စီကို EAO ကိုယ်စားလှယ်အဖွဲ့ အသီးသီးကို ဝေပေးခဲ့ပါတယ်။ ကျွန်တော်က တာဝန်ရှိတဲ့ လူကြီးများကို ဒီစာအိတ်က ဘာစာအိတ်လဲလို့ မေးပါတယ်။ သက်ဆိုင်သူများက ကားပါမစ်လို့ ပြောပါတယ်။ ဒီလောက်ပါပဲ။ ကျွန်တော်ဒီစာအိတ်ကို ဖွင့်လည်း မကြည့်ဘူး။ စိတ်လည်းသိပ်မဝင်စားပါဘူး။ ပြီးတော့ ကျွန်တော်တို့ ကိုယ်စားလှယ်အသီးသီးဟာ သက် ဆိုင်ရာ ဒေသကို ပြန်သွားကြပါတယ်။ ကျွန်တော်တို့ကိုယ်စားလှယ်အဖွဲ့လည်း မိခင်အဖွဲ့အစည်းကို ပြန်ရောက်တဲ့ အချိန်မှာ KNU ဥက္ကဋ္ဌ အဖိုးစောမူတူးစေးဖိုးကို ကျွန် တော်သွားတွေ့ပါတယ်။ ပြည်ထောင်စုနေ့ တက်ရောက်ခဲ့တဲ့ အခြေအနေကို ရှင်းပြပါတယ်။

ပြီးတော့ တစ်ဆက်တည်း ကျွန်တော်ယူလာတဲ့ စာအိတ်ညိုကလေးကို အဖိုး ဥက္ကဋ္ဌကို ပေးလိုက်ပါတယ်။ အဖိုး ဥက္ကဋ္ဌက ကျွန်တော့်ကိုမေးတယ် “ဘာစာလဲ”။ ကျွန်တော်ပြောပြပါတယ် “အဖိုး ဒီစာက ကားပါမစ်လို့ပြောပါတယ် ၊ ကျွန်တော် ဖွင့်လည်းမကြည့် ဘူး” ကျွန်တော် ပြောပြီးတော့ပြန်လာခဲ့ပါတယ်။ နောက်ပိုင်းသိရတာကတော့ KNU အတွက် ကားအစီး ၁၂ဝ ပါမစ်လို့ သိရပါတယ်။ အဖွဲ့အစည်းက သက်ဆိုင်ရာ ခရိုင်တပ်မဟာတွေ၊ ဌာနဆိုင်ရာခေါင်းဆောင်တွေ၊ လိုအပ်တဲ့ခေါင်းဆောင်တွေကို ဝေခြမ်းပေးခဲ့ပါတယ်။ ပိုလျှံတဲ့ ကားအစီးအရေအတွက်ကို လုပ်တတ်ကိုင်တတ်တဲ့ စီးပွားရေးသမားတွေကို ထုခွဲရောင်းချခိုင်းခဲ့ပါတယ်။ နိုင်ငံတော်အစိုးရရဲ့ ကားပါမစ်ပေးတဲ့ ရည်ရွယ်ချက်က အဖွဲ့အစည်းအသီးသီးတွေရဲ့ ရပ်တည်ရေး အခက်အခဲတွေကို တစ်နည်းတစ်လမ်းနဲ့ ဖြေရှင်းရာမှာ တစ်စုံတစ်ရာ အထောက်အကူ ဖြစ်စေရေးအတွက် ကောင်းမွန်တဲ့ ရည် ရွယ်ချက်နဲ့ ပေးခဲ့တာဖြစ်ပါတယ်။

လိုအပ်တဲ့ခေါင်းဆောင်တွေက သူတို့အတွက် လိုအပ်တဲ့ ကား (၁)စီးစီ တောင်းယူခဲ့ကြပါတယ်။ ကျွန်တော်လည်း (၁)စီးလောက် တော့လိုချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် နယ်စပ်နဲ့ မြစ်ဝကျွန်းပေါ်ကို တစ်လကိုနှစ်ခေါက် သုံးခေါက်လောက် လူမှုရေးလုပ်ငန်းနဲ့ ကျောင်းသားလူငယ်တွေရဲ့ ပညာရေးထောက်ပံ့မှု ဆောင်ရွက်နိုင်ရေးအတွက် သွား ရောက်ခဲ့ပါတယ်။ ကျွန်တော်ကား (၁)စီးလောက်လိုချင်ပေမယ့် ကျွန်တော်မတောင်းခဲ့ပါဘူး။ ကျွန်တော့်စိတ်ထဲကခံယူတာကတော့ ငါလည်း ခရီးဝေးကို အမြဲတမ်းသွားနေရတဲ့ လူတစ်ယောက်ဖြစ်တယ်။ အဖွဲ့အစည်းက လိုအပ်ရင် ငါ့ကိုလည်း (၁)စီးလောက်တော့ ပေးမယ်လို့ သဘောထားပါတယ်။ အဲ့အချိန်တုန်းက ကျွန်တော်စီးနေတဲ့ ကားဟာ Toyota Fortuner (လိုင်စင်မဲ့) ဖြစ်ပါတယ်။ ဒီကားကို ကျွန်တော်တစ်ကယ် ခရီးသွားနေတာသိလို့ ကျွန်တော့်မိတ်ဆွေတွေက စုပြီးတော့ စီမံပေးထားတဲ့ကား ဖြစ်ပါတယ်။

ဒါပေမယ့် ဒီကားပါမစ်ကိစ္စဟာ အဖွဲ့အစည်းအတွင်းမှာရော အပြင်မှာရော ဂရက်ရိုက်ခတ်မှု အတော်ကြီးခဲ့ပါတယ်။ ကျွန်တော့်ကိုလည်း ကားပါမစ်နဲ့ ငြိမ်းချမ်းရေး လဲစားတယ်ဆိုပြီးတော့ ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်ခဲ့ပါတယ်။ အဖွဲ့အစည်းကိုလည်း အလားတူနိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်ပါတယ်။ အဖွဲ့အစည်းအတွင်းမှာ ဘယ် လောက်အထိ ဂရက်ရိုက်ခဲ့သလဲဆိုရင် KNU ဗဟိုအစည်းအဝေးမှာ KNU ဒု-ဥက္ကဋ္ဌ နော်စီဖိုးရာစိန်က(အဲ့ဒီ့တုန်းက)က အစည်းအဝေးကြီးမှာ ကျွန်တော့်ကို တိုက်ရိုက်မေးပြီးတော့ ရှင်းလင်းခိုင်းပါတယ်။ အဲ့ဒီ့အစည်းအဝေးမှာ KNU ရဲ့အစဉ်အလာကြီးတဲ့ ခေါင်းဆောင်ကြီးတစ်ယောက်က ကျွန်တော့်ကို “မန်းငြိမ်းမောင်ကတော့ အရင်တုန်းက ဟီးရိုးဘဲ အခုတော့ ဇီးရိုး ဖြစ်သွားပြီ” ဆိုပြီး ကျွန်တော့်ကို ထောက်ပါတယ်။ ကျွန်တော်ကတော့ အထက်ကပြောခဲ့တဲ့ ဖြစ်စဉ်အတိုင်း အစည်းအဝေးကြီးမှာ ရှင်းလင်းပြခဲ့ပါတယ်။ ခေါင်းဆောင်တွေအားလုံးလည်း အမြင်ရှင်းသွားပါတယ်။

ကျွန်တော်စီးတဲ့ ဒီလိုင်စင်မဲ့ကားနဲ့ ပတ်သတ်ပြီးတော့ ၂ဝ၁၄ ခုနှစ်မှာ ကျွန်တော်မြစ်ဝကျွန်းပေါ်ကိုအပြန် ရန်ကုန်မြို့ကို ဖြတ်တော့ Surprise Check နဲ့ ကြုံပြီးတော့ ကျွန်တော့်ကားကို ယာဉ်ထိန်းတပ်ကြပ်ကြီးက တားပြီး စစ်ဆေးပါတယ်။ ကျွန်တော်က တပ်ကြပ်ကြီးကို ရှင်းပြတယ် “ဆရာကြီး ကျွန်တော်က KNU အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်၊ လူမှုရေးလုပ်ငန်းနဲ့ မြစ်ဝကျွန်းပေါ်ကို သွားမှာ ဖြစ်တယ်၊ ကျွန်တော့်ကားက တော့ Without ဘဲ၊ ဆရာကြီး တာဝန်ရှိတဲ့အတိုင်း အရေးယူပါ” လို့ ပြောတော့ ဆရာ ကြီးက တစ်ချက် “တွေ” သွားပါတယ်။ ပြီးတော့မှ သူက “ကျွန်တော်မဖမ်းပါဘူး ဖထီး၊ ဒါပေမယ့် ဒီကားနဲ့တော့ နေရာတကာ လျှောက်မသွားပါနဲ့” လို့ ကျွန်တော့် ကိုသတိပေးပါတယ်။ တစ်ကယ်က အဲ့ဒီ့ Without ကားနဲ့ တစ်ပြည်လုံးကို လျှောက်သွားတာ ပြဲပြဲစင်ခဲ့ပါတယ်။ အဲ့ဒီ့အချိန်တုန်းက KNU ဟာ NCA လက်မှတ် မထိုးသေးပါဘူး။ ကျွန်တော်တို့ဟာ မတရားအသင်းအဖွဲ့နဲ့ အဖွဲ့ဝင်အဖြစ်ပဲ ရှိနေပါသေးတယ်။ သက်ဆိုင်ရာ အာ ဏာပိုင်တွေက ကျွန်တော်တို့ကို အချိန်မရွေး အရေးယူနိုင်ပါတယ်။ ကျွန်တော်ကတော့ ဒါတွေကို သိပ်အလေးမထားပါဘူး။

နိုင်ငံတော် အပေါ်မကောင်းတဲ့စိတ်ထားနဲ့ အကြံအ စည် တစ်ခုမှမရှိခဲ့ဘူး။ ကိုယ့်စေတနာ ကိုယ့်လိပ်ပြာ ကိုယ်လုံတဲ့အတွက် သွားစရာရှိတာ သွားလာ လှုပ်ရှားခဲ့တာပါဘဲ။ ဒါနဲ့ပတ်သတ်ပြီးတော့ အဲ့ဒီ့အချိန်တုန်းက ဝန်ကြီးဦးအောင်မင်းက ကျွန်တော်နဲ့ပတ်သတ်ပြီးတော့ မှတ်ချက်စကား တစ်ခွန်းပြောခဲ့ပါတယ် “ဖထီးမန်းငြိမ်းမောင်ကတော့ ဘာမှဂရုမစိုက်ဘူး၊ တစ်ပြည်လုံးကို လျှောက်သွားနေတာ့တာပါပဲ” ဆိုပြီးတော့ မှတ်ချက်ချခဲ့ပါတယ်။

zawgyi version
"ကားပါမစ္ေၾကာင့္ ဟီး႐ိုးကေန ဇီး႐ိုး ျဖစ္ခဲ့ရတဲ့ ကြၽန္းျပန္ႀကီး" (ေဆာင္းပါး)
မန္းၿငိမ္းေမာင္(ကိုကိုးကြၽန္း) (NP News) - စက္တင္ဘာ ၆

၂ဝ၁၃ ခုႏွစ္၊ ကြၽန္ေတာ္တို႔ KNU ကိုယ္စားလွယ္အဖြဲ႕ဟာ ျပည္ေထာင္စုေန႔ကို တက္ေရာက္ၿပီးေတာ့ ေနာက္တစ္ေန႔ ေဖေဖာ္ဝါရီလ ၁၃ ရက္မွာ ႏိုင္ငံေတာ္အစိုးရက ၿငိမ္း ခ်မ္းေရးႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ EAO ကိုယ္စားလွယ္အဖြဲ႕(၉)ဖြဲ႕(ALP, CNF, DKBA, KNU, KNU/KNLA-PC, NMSP, PNLO, RCSS, SSPP) ကိုႏိုင္ငံေတာ္အစိုးရကိုယ္စား ျပည္ေထာင္စုဝန္ႀကီးမ်ားျဖစ္ၾကတဲ့ ဦးစိုးသိန္း၊ ဦးေအာင္မင္း၊ ဦးခင္ရီ၊ ဦးခင္ေမာင္စိုး၊ (အျခားမမွတ္မိ) ဝန္ႀကီးမ်ားက ေတြ႕ဆုံခဲ့ပါတယ္။

ဒီေတြ႕ဆုံပြဲမွာ ႏိုင္ငံေတာ္အစိုးရ၏ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းေဆာင္႐ြက္ေနတဲ့ အေျခအေနမ်ားကို ရွင္းလင္းေျပာၾကားပါတယ္။ တိုင္းရင္းသားကိုယ္စားလွယ္မ်ားရဲ႕ သေဘာထားအျမင္မ်ားကိုလည္း ဖိတ္ေခၚခဲ့ပါတယ္။ တိုင္းရင္သားကိုယ္စားလွယ္ အဖြဲ႕အသီးသီးက မိမိတို႔ရဲ႕ ၿငိမ္းခ်မ္းေရးသေဘာထားမ်ားနဲ႔ပတ္သက္တဲ့ အျမင္မ်ားကိုလည္း အသီးသီး တင္ျပခဲ့ပါတယ္။

ကြၽန္ေတာ္မွတ္မိသေလာက္ကေတာ့ ကြၽန္ေတာ္က ၂ဝဝ၈ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒ အိတ္ေဆာင္စာအုပ္အစိမ္းေလးကို လြယ္အိတ္ထဲကေန ထုတ္ၿပီးေတာ့ ႏွစ္ဖက္ကိုယ္ စားလွယ္မ်ားကို ေထာင္ျပပါတယ္။ “ ဗမာျပည္ရဲ႕ ေရွ႕ေလွ်ာက္ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရး ကိစၥေတြမွာ ကြၽန္ေတာ္တို႔ရင္ဆိုင္ရမယ့္ အခက္အခဲကေတာ့ ေဟာဒီစာအုပ္အစိမ္းေလးပါဘဲ” ဆိုၿပီး ကြၽန္ေတာ္မွတ္မွတ္ရရ ေျပာၾကားခဲ့ပါတယ္။

ေဆြးေႏြးပြဲအၿပီးမွာ ဝန္ႀကီးဦးမင္းေအာင္က စာအိတ္ညိဳကေလး (၁)အိတ္စီကို EAO ကိုယ္စားလွယ္အဖြဲ႕ အသီးသီးကို ေဝေပးခဲ့ပါတယ္။ ကြၽန္ေတာ္က တာဝန္ရွိတဲ့ လူႀကီးမ်ားကို ဒီစာအိတ္က ဘာစာအိတ္လဲလို႔ ေမးပါတယ္။ သက္ဆိုင္သူမ်ားက ကားပါမစ္လို႔ ေျပာပါတယ္။ ဒီေလာက္ပါပဲ။ ကြၽန္ေတာ္ဒီစာအိတ္ကို ဖြင့္လည္း မၾကည့္ဘူး။ စိတ္လည္းသိပ္မဝင္စားပါဘူး။ ၿပီးေတာ့ ကြၽန္ေတာ္တို႔ ကိုယ္စားလွယ္အသီးသီးဟာ သက္ ဆိုင္ရာ ေဒသကို ျပန္သြားၾကပါတယ္။ ကြၽန္ေတာ္တို႔ကိုယ္စားလွယ္အဖြဲ႕လည္း မိခင္အဖြဲ႕အစည္းကို ျပန္ေရာက္တဲ့ အခ်ိန္မွာ KNU ဥကၠ႒ အဖိုးေစာမူတူးေစးဖိုးကို ကြၽန္ ေတာ္သြားေတြ႕ပါတယ္။ ျပည္ေထာင္စုေန႔ တက္ေရာက္ခဲ့တဲ့ အေျခအေနကို ရွင္းျပပါတယ္။

ၿပီးေတာ့ တစ္ဆက္တည္း ကြၽန္ေတာ္ယူလာတဲ့ စာအိတ္ညိဳကေလးကို အဖိုး ဥကၠ႒ကို ေပးလိုက္ပါတယ္။ အဖိုး ဥကၠ႒က ကြၽန္ေတာ့္ကိုေမးတယ္ “ဘာစာလဲ”။ ကြၽန္ေတာ္ေျပာျပပါတယ္ “အဖိုး ဒီစာက ကားပါမစ္လို႔ေျပာပါတယ္ ၊ ကြၽန္ေတာ္ ဖြင့္လည္းမၾကည့္ ဘူး” ကြၽန္ေတာ္ ေျပာၿပီးေတာ့ျပန္လာခဲ့ပါတယ္။ ေနာက္ပိုင္းသိရတာကေတာ့ KNU အတြက္ ကားအစီး ၁၂ဝ ပါမစ္လို႔ သိရပါတယ္။ အဖြဲ႕အစည္းက သက္ဆိုင္ရာ ခ႐ိုင္တပ္မဟာေတြ၊ ဌာနဆိုင္ရာေခါင္းေဆာင္ေတြ၊ လိုအပ္တဲ့ေခါင္းေဆာင္ေတြကို ေဝျခမ္းေပးခဲ့ပါတယ္။ ပိုလွ်ံတဲ့ ကားအစီးအေရအတြက္ကို လုပ္တတ္ကိုင္တတ္တဲ့ စီးပြားေရးသမားေတြကို ထုခြဲေရာင္းခ်ခိုင္းခဲ့ပါတယ္။ ႏိုင္ငံေတာ္အစိုးရရဲ႕ ကားပါမစ္ေပးတဲ့ ရည္႐ြယ္ခ်က္က အဖြဲ႕အစည္းအသီးသီးေတြရဲ႕ ရပ္တည္ေရး အခက္အခဲေတြကို တစ္နည္းတစ္လမ္းနဲ႔ ေျဖရွင္းရာမွာ တစ္စုံတစ္ရာ အေထာက္အကူ ျဖစ္ေစေရးအတြက္ ေကာင္းမြန္တဲ့ ရည္ ႐ြယ္ခ်က္နဲ႔ ေပးခဲ့တာျဖစ္ပါတယ္။

လိုအပ္တဲ့ေခါင္းေဆာင္ေတြက သူတို႔အတြက္ လိုအပ္တဲ့ ကား (၁)စီးစီ ေတာင္းယူခဲ့ၾကပါတယ္။ ကြၽန္ေတာ္လည္း (၁)စီးေလာက္ ေတာ့လိုခ်င္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ နယ္စပ္နဲ႔ ျမစ္ဝကြၽန္းေပၚကို တစ္လကိုႏွစ္ေခါက္ သုံးေခါက္ေလာက္ လူမႈေရးလုပ္ငန္းနဲ႔ ေက်ာင္းသားလူငယ္ေတြရဲ႕ ပညာေရးေထာက္ပံ့မႈ ေဆာင္႐ြက္ႏိုင္ေရးအတြက္ သြား ေရာက္ခဲ့ပါတယ္။ ကြၽန္ေတာ္ကား (၁)စီးေလာက္လိုခ်င္ေပမယ့္ ကြၽန္ေတာ္မေတာင္းခဲ့ပါဘူး။ ကြၽန္ေတာ့္စိတ္ထဲကခံယူတာကေတာ့ ငါလည္း ခရီးေဝးကို အၿမဲတမ္းသြားေနရတဲ့ လူတစ္ေယာက္ျဖစ္တယ္။ အဖြဲ႕အစည္းက လိုအပ္ရင္ ငါ့ကိုလည္း (၁)စီးေလာက္ေတာ့ ေပးမယ္လို႔ သေဘာထားပါတယ္။ အဲ့အခ်ိန္တုန္းက ကြၽန္ေတာ္စီးေနတဲ့ ကားဟာ Toyota Fortuner (လိုင္စင္မဲ့) ျဖစ္ပါတယ္။ ဒီကားကို ကြၽန္ေတာ္တစ္ကယ္ ခရီးသြားေနတာသိလို႔ ကြၽန္ေတာ့္မိတ္ေဆြေတြက စုၿပီးေတာ့ စီမံေပးထားတဲ့ကား ျဖစ္ပါတယ္။

ဒါေပမယ့္ ဒီကားပါမစ္ကိစၥဟာ အဖြဲ႕အစည္းအတြင္းမွာေရာ အျပင္မွာေရာ ဂရက္႐ိုက္ခတ္မႈ အေတာ္ႀကီးခဲ့ပါတယ္။ ကြၽန္ေတာ့္ကိုလည္း ကားပါမစ္နဲ႔ ၿငိမ္းခ်မ္းေရး လဲစားတယ္ဆိုၿပီးေတာ့ ျပင္းထန္စြာ ထိုးႏွက္တိုက္ခိုက္ခဲ့ပါတယ္။ အဖြဲ႕အစည္းကိုလည္း အလားတူႏိုင္ငံေရးအရ ထိုးႏွက္တိုက္ခိုက္ပါတယ္။ အဖြဲ႕အစည္းအတြင္းမွာ ဘယ္ ေလာက္အထိ ဂရက္႐ိုက္ခဲ့သလဲဆိုရင္ KNU ဗဟိုအစည္းအေဝးမွာ KNU ဒု-ဥကၠ႒ ေနာ္စီဖိုးရာစိန္က(အဲ့ဒီ့တုန္းက)က အစည္းအေဝးႀကီးမွာ ကြၽန္ေတာ့္ကို တိုက္႐ိုက္ေမးၿပီးေတာ့ ရွင္းလင္းခိုင္းပါတယ္။ အဲ့ဒီ့အစည္းအေဝးမွာ KNU ရဲ႕အစဥ္အလာႀကီးတဲ့ ေခါင္းေဆာင္ႀကီးတစ္ေယာက္က ကြၽန္ေတာ့္ကို “မန္းၿငိမ္းေမာင္ကေတာ့ အရင္တုန္းက ဟီး႐ိုးဘဲ အခုေတာ့ ဇီး႐ိုး ျဖစ္သြားၿပီ” ဆိုၿပီး ကြၽန္ေတာ့္ကို ေထာက္ပါတယ္။ ကြၽန္ေတာ္ကေတာ့ အထက္ကေျပာခဲ့တဲ့ ျဖစ္စဥ္အတိုင္း အစည္းအေဝးႀကီးမွာ ရွင္းလင္းျပခဲ့ပါတယ္။ ေခါင္းေဆာင္ေတြအားလုံးလည္း အျမင္ရွင္းသြားပါတယ္။

ကြၽန္ေတာ္စီးတဲ့ ဒီလိုင္စင္မဲ့ကားနဲ႔ ပတ္သတ္ၿပီးေတာ့ ၂ဝ၁၄ ခုႏွစ္မွာ ကြၽန္ေတာ္ျမစ္ဝကြၽန္းေပၚကိုအျပန္ ရန္ကုန္ၿမိဳ႕ကို ျဖတ္ေတာ့ Surprise Check နဲ႔ ႀကဳံၿပီးေတာ့ ကြၽန္ေတာ့္ကားကို ယာဥ္ထိန္းတပ္ၾကပ္ႀကီးက တားၿပီး စစ္ေဆးပါတယ္။ ကြၽန္ေတာ္က တပ္ၾကပ္ႀကီးကို ရွင္းျပတယ္ “ဆရာႀကီး ကြၽန္ေတာ္က KNU အဖြဲ႕ဝင္တစ္ေယာက္ျဖစ္တယ္၊ လူမႈေရးလုပ္ငန္းနဲ႔ ျမစ္ဝကြၽန္းေပၚကို သြားမွာ ျဖစ္တယ္၊ ကြၽန္ေတာ့္ကားက ေတာ့ Without ဘဲ၊ ဆရာႀကီး တာဝန္ရွိတဲ့အတိုင္း အေရးယူပါ” လို႔ ေျပာေတာ့ ဆရာ ႀကီးက တစ္ခ်က္ “ေတြ” သြားပါတယ္။ ၿပီးေတာ့မွ သူက “ကြၽန္ေတာ္မဖမ္းပါဘူး ဖထီး၊ ဒါေပမယ့္ ဒီကားနဲ႔ေတာ့ ေနရာတကာ ေလွ်ာက္မသြားပါနဲ႔” လို႔ ကြၽန္ေတာ့္ ကိုသတိေပးပါတယ္။ တစ္ကယ္က အဲ့ဒီ့ Without ကားနဲ႔ တစ္ျပည္လုံးကို ေလွ်ာက္သြားတာ ၿပဲၿပဲစင္ခဲ့ပါတယ္။ အဲ့ဒီ့အခ်ိန္တုန္းက KNU ဟာ NCA လက္မွတ္ မထိုးေသးပါဘူး။ ကြၽန္ေတာ္တို႔ဟာ မတရားအသင္းအဖြဲ႕နဲ႔ အဖြဲ႕ဝင္အျဖစ္ပဲ ရွိေနပါေသးတယ္။ သက္ဆိုင္ရာ အာ ဏာပိုင္ေတြက ကြၽန္ေတာ္တို႔ကို အခ်ိန္မေ႐ြး အေရးယူႏိုင္ပါတယ္။ ကြၽန္ေတာ္ကေတာ့ ဒါေတြကို သိပ္အေလးမထားပါဘူး။

ႏိုင္ငံေတာ္ အေပၚမေကာင္းတဲ့စိတ္ထားနဲ႔ အႀကံအ စည္ တစ္ခုမွမရွိခဲ့ဘူး။ ကိုယ့္ေစတနာ ကိုယ့္လိပ္ျပာ ကိုယ္လုံတဲ့အတြက္ သြားစရာရွိတာ သြားလာ လႈပ္ရွားခဲ့တာပါဘဲ။ ဒါနဲ႔ပတ္သတ္ၿပီးေတာ့ အဲ့ဒီ့အခ်ိန္တုန္းက ဝန္ႀကီးဦးေအာင္မင္းက ကြၽန္ေတာ္နဲ႔ပတ္သတ္ၿပီးေတာ့ မွတ္ခ်က္စကား တစ္ခြန္းေျပာခဲ့ပါတယ္ “ဖထီးမန္းၿငိမ္းေမာင္ကေတာ့ ဘာမွဂ႐ုမစိုက္ဘူး၊ တစ္ျပည္လုံးကို ေလွ်ာက္သြားေနတာ့တာပါပဲ” ဆိုၿပီးေတာ့ မွတ္ခ်က္ခ်ခဲ့ပါတယ္။

Picture

Ko Moe

06/09/2022 19:45

ပြည်ပ အလှူခံစားရတဲ့ အရသာနဲ့ နော်စီဖိုးရာစိန်နဲ့ နဒါယ်မြ ဘော်ကျော်ဟဲ တို့က လူမိုက်လုပ်စားနေခဲ့တာပါ။အဖိုးမူတူးဆိုရင် မျက်နှငယ်လေး ဖြစ်နေမှာ အရမ်းစိုးရိမ်မိပါတယ်။ဦးဂျော်နိကိုလည်း စိတ်‌‌သဘောထားဖြူစင်သူလို့ပဲ မြင်ပါတယ်။အရည်အချင်းရှိလို့ နေ ရာ ရခဲ့သူတွေလို့ လုံးဝ ယုံကြည်ပါတယ်။သူများကို မနာလို ဝန်တို လုပ်ကြံ လုယူပြီး တက်လာတဲ့ သူတွေလို့ လုံးဝ လုံးဝ မယုံကြည်ကြောင်းပါ။အခုတော့ မရှိတော့တဲ့ ဖအေ နာမည်အားကိုးနဲ့ ဖာသည်ဆန်တဲ့ ကေအန်ယူထဲက ငမိုက်သား တစ်သိုက်ကို ချီးသုပ်ပြီး သား ဖိနပ်နဲ့ စိတ်တိုင်းကျ လေး ဆော်ပလော်တိးချင်စရာ ကိုယ့်လူမျိူးကို ချနင်းတဲ့ ဟာတွေ ကို အမြဲတမ်းပဲ ထိုင်ဆဲနေမိပါတော့တယ်ဗျာ။သူတော်ကောင်းစိတ်သာ မြဲပါစေ ဖထီး ဒီတပွဲ လူကောင်းတွေ ကြံ့ကြံ့ခံ အောင်ပွဲဆင်သင့်ပါကြောင်း ပြည်သူတစ်ဦးအနေနဲ့ အလေးပြု ဦးညွတ်ပါတော့သည် ခင်ဗျာ

Related news

© 2021. All rights reserved.