မင်းသား ဝီလျံမှာ ဗြိတိန်ဘုရင် နေရာကိုဆက်ခံမည့်သူဖြစ်ကြောင်း ဗြိတိန်ဘုရင်အသစ် ချားလ်စ်မင်းသားကြီးဆို

817

ဖြိုးခန့် (NP News) - စက်တင်ဘာ ၁၁
ဘုရင်မကြီးအဲလိစဘတ် II နတ်ရွာစံခဲ့ပြီးနောက် ဗြိတိန်နိုင်ငံ၏ ဘုရင်အသစ်ဖြစ်လာသော ချားလ်စ်မင်းသားကြီးက ၎င်း၏သားအကြီးဆုံးဖြစ်သူ ဝီလျံသည် ၎င်း၏ထီးနန်းဆက်ခံမည့် သူဖြစ်လာမည်ဟု ထုတ်ဖော်ကြေညာလိုက်သည်။
ချားလ်မင်းသားကြီး၏ သားအကြီးဆုံးဖြစ်သည့် ဝီလျံသည် ဝေးလ်စ်နိုင်ငံ၏ မင်းသားအသစ်ဖြစ်လာမည်ဖြစ်သကဲ့သို့ ဖခင်ဖြစ်သူ ချားလ်းမင်းသား တာဝန်ယူခဲ့ဖူးသည့် Cornwall မြို့စား အရိုက်အရာကိုဆက်ခံမည်ဖြစ်ကြောင်းသိရသည်၊၊ အဆိုပါရာထူးများနှင့်အတူ ဝီလျံသည် နိုင်ငံတဝှမ်းရှိ မြေဧက(၁၂၈ဝဝဝ)ခန့်ပိုင်ဆိုင်သည့် Cornwall မြို့စားအဖြစ် အမွေဆက်ခံဖွယ်ရှိနေကြောင်းသိရသည်။ အဆိုပါ အိမ်ယာမြေကွက်သည် ဗြိတိန်နိုင်ငံ၏ ခရိုင်(၂ဝ)တွင် အိမ်ခြံမြေများရှိပြီး ဘုရင်ချားလ်စ် III အတွက် အဓိကဝင်ငွေရင်းမြစ်များထဲမှ တစ်ခုဖြစ်လာနိုင်ဖွယ်ရှိနေကြောင်းသိရသည်၊
အဆိုပါ အိမ်ယာမြေကွက်တွင် စိုက်ပျိုးမွေးမြူရေးမြေများ၊ နေအိမ်များ၊ ဓာတ်သတ္တူတူးဖော်ရေးကွင်းများနှင့် လန်ဒန်မြို့ရှိ Oval ခရစ်ကတ် ကွင်းပါဝင်ကြောင်းသိရသည်၊၊ အဆိုပါမြို့စားပိုင်နက်သည် ယခုနှစ်မတ်လကုန်တွင် နောက်ဆုံးတန်ဖိုး ပေါင် (၁ )ဘီလျံခန့်ရှိပြီး အဆိုပါအမွေဆက်ခံမှုကြောင့် မကြာသေးမီအချိန်အတွင်း ဝီလျံသည် တစ်နိုင်ငံလုံးတွင် အရေးပါအရာရောက်ဆုံး မြေပိုင်ရှင်ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်၊၊
ဗြိတိန်နိုင်ငံ၏ နာမည်ကျော် ဘုရင့်မကြီး အဲလီစဘတ်သည် ပြီးခဲ့သည့်ရက်ပိုင်းတွင် နတ်ရွာစံခဲ့ပြီးနောက် လက်ရှိအချိန်မှာ သူမ ၏သားအကြီးဆုံးဖြစ်သူ ချားလ်မင်းသားကြီးက ဗြိတိန်နိုင်ငံ၏ ဘုရင့်အသစ်ဖြစ် ဆက်ခံခဲ့သည်။

Zawgyi Version
မင္းသား ဝီလ်ံမွာ ၿဗိတိန္ဘုရင္ ေနရာကိုဆက္ခံမည့္သူျဖစ္ေၾကာင္း ၿဗိတိန္ဘုရင္အသစ္ ခ်ားလ္စ္မင္းသားႀကီးဆို
ၿဖိဳးခန႔္ (NP News) - စက္တင္ဘာ ၁၁
ဘုရင္မႀကီးအဲလိစဘတ္ II နတ္႐ြာစံခဲ့ၿပီးေနာက္ ၿဗိတိန္ႏိုင္ငံ၏ ဘုရင္အသစ္ျဖစ္လာေသာ ခ်ားလ္စ္မင္းသားႀကီးက ၎၏သားအႀကီးဆုံးျဖစ္သူ ဝီလ်ံသည္ ၎၏ထီးနန္းဆက္ခံမည့္ သူျဖစ္လာမည္ဟု ထုတ္ေဖာ္ေၾကညာလိုက္သည္။
ခ်ားလ္မင္းသားႀကီး၏ သားအႀကီးဆုံးျဖစ္သည့္ ဝီလ်ံသည္ ေဝးလ္စ္ႏိုင္ငံ၏ မင္းသားအသစ္ျဖစ္လာမည္ျဖစ္သကဲ့သို႔ ဖခင္ျဖစ္သူ ခ်ားလ္းမင္းသား တာဝန္ယူခဲ့ဖူးသည့္ Cornwall ၿမိဳ႕စား အ႐ိုက္အရာကိုဆက္ခံမည္ျဖစ္ေၾကာင္းသိရသည္၊၊ အဆိုပါရာထူးမ်ားႏွင့္အတူ ဝီလ်ံသည္ ႏိုင္ငံတဝွမ္းရွိ ေျမဧက(၁၂၈ဝဝဝ)ခန႔္ပိုင္ဆိုင္သည့္ Cornwall ၿမိဳ႕စားအျဖစ္ အေမြဆက္ခံဖြယ္ရွိေနေၾကာင္းသိရသည္။ အဆိုပါ အိမ္ယာေျမကြက္သည္ ၿဗိတိန္ႏိုင္ငံ၏ ခ႐ိုင္(၂ဝ)တြင္ အိမ္ၿခံေျမမ်ားရွိၿပီး ဘုရင္ခ်ားလ္စ္ III အတြက္ အဓိကဝင္ေငြရင္းျမစ္မ်ားထဲမွ တစ္ခုျဖစ္လာႏိုင္ဖြယ္ရွိေနေၾကာင္းသိရသည္၊
အဆိုပါ အိမ္ယာေျမကြက္တြင္ စိုက္ပ်ိဳးေမြးျမဴေရးေျမမ်ား၊ ေနအိမ္မ်ား၊ ဓာတ္သတၱဴတူးေဖာ္ေရးကြင္းမ်ားႏွင့္ လန္ဒန္ၿမိဳ႕ရွိ Oval ခရစ္ကတ္ ကြင္းပါဝင္ေၾကာင္းသိရသည္၊၊ အဆိုပါၿမိဳ႕စားပိုင္နက္သည္ ယခုႏွစ္မတ္လကုန္တြင္ ေနာက္ဆုံးတန္ဖိုး ေပါင္ (၁ )ဘီလ်ံခန႔္ရွိၿပီး အဆိုပါအေမြဆက္ခံမႈေၾကာင့္ မၾကာေသးမီအခ်ိန္အတြင္း ဝီလ်ံသည္ တစ္ႏိုင္ငံလုံးတြင္ အေရးပါအရာေရာက္ဆုံး ေျမပိုင္ရွင္ျဖစ္လာမည္ျဖစ္ေၾကာင္းသိရသည္၊၊
ၿဗိတိန္ႏိုင္ငံ၏ နာမည္ေက်ာ္ ဘုရင့္မႀကီး အဲလီစဘတ္သည္ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ နတ္႐ြာစံခဲ့ၿပီးေနာက္ လက္ရွိအခ်ိန္မွာ သူမ ၏သားအႀကီးဆုံးျဖစ္သူ ခ်ားလ္မင္းသားႀကီးက ၿဗိတိန္ႏိုင္ငံ၏ ဘုရင့္အသစ္ျဖစ္ ဆက္ခံခဲ့သည္။
https://www.wionews.com/world/prince-william-to-inherit-ps1bn-estate-as-he-becomes-the-new-duke-of-cornwall-514795