စစ်ပွဲက အနိုင်အရှုံးမရှိဘဲ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေသာ ထိခိုက်ဆုံးရှုံးစေခဲ့ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ပြော

 455

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၂

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအဖြစ်တာဝန်ယူထားတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က အာဆီယံအဖွဲ့ဟာ စစ်ပွဲကို ရှောင်ရှားရမှာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ စစ်ပွဲ နဲ့ စစ်ပွဲမီးတောက်တွေကြောင့် ခါးသီးတဲ့သမိုင်းကြောင်းကိုဖြတ်သန်းခဲ့ရတဲ့နိုင်ငံဖြစ်တဲ့အတွက် အာဆီယံအဖွဲ့ကိုစစ်ပွဲရှောင်ရှားဖို့ တိုက်တွန်းနေခြင်းဖြစ်ကြောင်းသိရပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်ဟာ စက်တင်ဘာလ ၁၂ ရက်ကကျင်းပတဲ့ ASEAN Leadership and Partnership Forum 2022 ခေါင်းဆောင်များအစည်းအဝေးမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။ ၄င်းက "အာဆီယံဟာ စစ်ပွဲကို ရှောင်ရှားရမယ်။ စစ်ပွဲဟာ နိုင်သူ ရှုံးသူမရှိဘဲ အပျက်အစီးတွေနဲ့ ပြည်သူတွေရဲ့ အသက်တွေ၊ ဘဝတွေသာ ဆုံးရှုံးစေခဲ့တာဖြစ်တယ်။ ကျွန်တော်တို့နိုင်ငံဟာ စစ်ပွဲကိုခါးသီးစွာခံစားခဲ့တဲ့သမိုင်းကြောင်းကို ဖြတ်သန်းနေရတဲ့နိုင်ငံဖြစ်တယ်။ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာနဲ့အပြန်အလှန်နားလည်မှု နဲ့ ဖြေရှင်းရမှာဖြစ်တယ်။
ပြည်သူကောင်းကျိုးချမ်းသာရယူနိုင်ဖို့ win-win မူဝါဒနဲ့နိုင်ငံရေးကိုအဓိက ဦးစားပေးတည်ဆောက်ရမှာဖြစ်တယ်"လို့ပြောပါတယ်။

ဝန်ကြီးချုပ်ဟွန်ဆန်က ကမ္ဘာမှာ ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှု ပြင်းထန်နေချိန်မှာ အာဆီယံဟာ ဒေသအတွင်းမှာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတိုးတက်ရေးကို ပူး ပေါင်းဆောင်ရွက်ပြီး အတုယူစံပြထားရတဲ့ဒေသမျိုးဖြစ်အောင်လုပ်ဆောင်ရမှာဖြစ် ကြောင်းဆိုပါတယ်။ အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေနဲ့ ပွင့်လင်းမြင်သာမှု၊ ပိုမိုအား ကောင်းအောင်လုပ်ဆောင်ပြီး ဒေသအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ၊ တွေ့ဆုံဆွေး နွေးမှုတွေအတွက် အဓိကအခန်းကဏ္ဍကပါဝင်နိုင်အောင်လုပ်ဆောင်ရမှာဖြစ်ကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌကပြောပါတယ်။

အာဆီယံရဲ့ ASEAN Economic Club ဟာ အာဆီယံနိုင်ငံများရဲ့စီးပွားရေးတိုးမြင့်နိုင်ရေးအတွက် အဓိကအရေးပါတဲ့ကဏ္ဍကပါဝင်မှာဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဆိုပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်က အာဆီယံဟာ နိုင်ငံများရဲ့စီးပွားရေး ဖွံ့ဖြိုးတိုး တက်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးစီးပွားရယူနိုင်ရေး ပြည်သူများရဲ့အခြေခံလိုအပ်ချက်များကို ရယူနိုင်အောင် စီးပွာရေးလုံခြုံမှုများတိုးမြင့်နိုင်ဖို့ အထူးကြိုးစားဆောင်ရွက်မှာဖြစ်ကြောင်းဆိုပါတယ်။

zawgyi version
စစ္ပြဲက အႏိုင္အရႈံးမရွိဘဲ ျပည္သူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ေတြသာ ထိခိုက္ဆုံးရႈံးေစခဲ့ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၂

အာဆီယံအလွည့္က် ဥကၠ႒အျဖစ္တာဝန္ယူထားတဲ့ ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဟြန္ဆန္က အာဆီယံအဖြဲ႕ဟာ စစ္ပြဲကို ေရွာင္ရွားရမွာျဖစ္တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

ကေမာၻဒီးယားႏိုင္ငံဟာ စစ္ပြဲ နဲ႔ စစ္ပြဲမီးေတာက္ေတြေၾကာင့္ ခါးသီးတဲ့သမိုင္းေၾကာင္းကိုျဖတ္သန္းခဲ့ရတဲ့ႏိုင္ငံျဖစ္တဲ့အတြက္ အာဆီယံအဖြဲ႕ကိုစစ္ပြဲေရွာင္ရွားဖို႔ တိုက္တြန္းေနျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္ဟာ စက္တင္ဘာလ ၁၂ ရက္ကက်င္းပတဲ့ ASEAN Leadership and Partnership Forum 2022 ေခါင္းေဆာင္မ်ားအစည္းအေဝးမွာ မိန႔္ခြန္းေျပာဆိုခ်ိန္အတြင္း အခုလိုမ်ိဳးေျပာခဲ့တာျဖစ္ပါတယ္။ ၄င္းက "အာဆီယံဟာ စစ္ပြဲကို ေရွာင္ရွားရမယ္။ စစ္ပြဲဟာ ႏိုင္သူ ရႈံးသူမရွိဘဲ အပ်က္အစီးေတြနဲ႔ ျပည္သူေတြရဲ႕ အသက္ေတြ၊ ဘဝေတြသာ ဆုံးရႈံးေစခဲ့တာျဖစ္တယ္။ ကြၽန္ေတာ္တို႔ႏိုင္ငံဟာ စစ္ပြဲကိုခါးသီးစြာခံစားခဲ့တဲ့သမိုင္းေၾကာင္းကို ျဖတ္သန္းေနရတဲ့ႏိုင္ငံျဖစ္တယ္။ ပဋိပကၡေတြကို ၿငိမ္းခ်မ္းစြာနဲ႔အျပန္အလွန္နားလည္မႈ နဲ႔ ေျဖရွင္းရမွာျဖစ္တယ္။
ျပည္သူေကာင္းက်ိဳးခ်မ္းသာရယူႏိုင္ဖို႔ win-win မူဝါဒနဲ႔ႏိုင္ငံေရးကိုအဓိက ဦးစားေပးတည္ေဆာက္ရမွာျဖစ္တယ္"လို႔ေျပာပါတယ္။

ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က ကမာၻမွာ ပထဝီႏိုင္ငံေရးအရ ၿပိဳင္ဆိုင္မႈ ျပင္းထန္ေနခ်ိန္မွာ အာဆီယံဟာ ေဒသအတြင္းမွာ ၿငိမ္းခ်မ္းေရး၊ တည္ၿငိမ္ေရးနဲ႔ ဖြံ႕ၿဖိဳးတိုးတိုးတက္ေရးကို ပူး ေပါင္းေဆာင္႐ြက္ၿပီး အတုယူစံျပထားရတဲ့ေဒသမ်ိဳးျဖစ္ေအာင္လုပ္ေဆာင္ရမွာျဖစ္ ေၾကာင္းဆိုပါတယ္။ အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအေနနဲ႔ ပြင့္လင္းျမင္သာမႈ၊ ပိုမိုအား ေကာင္းေအာင္လုပ္ေဆာင္ၿပီး ေဒသအတြင္း ပူးေပါင္းေဆာင္႐ြက္မႈေတြ၊ ေတြ႕ဆုံေဆြး ေႏြးမႈေတြအတြက္ အဓိကအခန္းက႑ကပါဝင္ႏိုင္ေအာင္လုပ္ေဆာင္ရမွာျဖစ္ေၾကာင္း အာဆီယံအလွည့္က် ဥကၠ႒ကေျပာပါတယ္။

အာဆီယံရဲ႕ ASEAN Economic Club ဟာ အာဆီယံႏိုင္ငံမ်ားရဲ႕စီးပြားေရးတိုးျမင့္ႏိုင္ေရးအတြက္ အဓိကအေရးပါတဲ့က႑ကပါဝင္မွာျဖစ္ေၾကာင္း ကေမာၻဒီးယားဝန္ႀကီးခ်ဳပ္ဆိုပါတယ္။ ဝန္ႀကီးခ်ဳပ္ဟြန္ဆန္က အာဆီယံဟာ ႏိုင္ငံမ်ားရဲ႕စီးပြားေရး ဖြံ႕ၿဖိဳးတိုး တက္မႈ၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ အက်ိဳးစီးပြားရယူႏိုင္ေရး ျပည္သူမ်ားရဲ႕အေျခခံလိုအပ္ခ်က္မ်ားကို ရယူႏိုင္ေအာင္ စီးပြာေရးလုံၿခဳံမႈမ်ားတိုးျမင့္ႏိုင္ဖို႔ အထူးႀကိဳးစားေဆာင္႐ြက္မွာျဖစ္ေၾကာင္းဆိုပါတယ္။

Related news

© 2021. All rights reserved.