တာချီလိတ်မြို့တွင် မယ်ဆိုင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်

895
ယွန်း (NP News) - စက်တင်ဘာ ၁၂
တာချီလိတ်မြို့တွင် မယ်ဆိုင်မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့(စက်တင်ဘာ ၁၂ ရက်) မနက် ၉ နာရီအချိန် ထုတ်ပြန်ချက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
မယ်ဆိုင်မြစ်ရေသည် တာချီလိတ်မြို့(လွယ်တော်ခမ်းရပ်ကွက်)တွင် ယင်းမြို့၏ စိုးရိမ်ရေအမှတ်အထက်သို့ ပေထက်ဝက်ခန့်ကျော်လွန်ရောက် ရှိနေကြောင်း မိုးဇလမှ ဆိုသည်။
ထို့ပြင် အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း (၂) ပေခန့် ဆက်လက်တက်လာနိုင်ပြီး တာချီလိတ်မြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်၍တည်ရှိနိုင်ကြောင်း မိုးဇလမှ သိရသည်။
ထို့ကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းတွင် နေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် မိုးဇလမှ သတိပေးထုတ်ပြန်ထားသည်။
၎င်းအပြင် ပြီးခဲ့တဲ့ သြဂုတ်လအတွင်း တာချီလိတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မယ်ဆိုင်မြစ်ရေမြင့်တက်ပြီး ရပ်ကွက်အချို့နှင့် ကားလမ်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

Zawgyi Version;
တာခ်ီလိတ္ၿမိဳ႕တြင္ မယ္ဆိုင္ျမစ္ေရသည္ စိုးရိမ္ေရမွတ္အထက္တြင္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း မိုးဇလထုတ္ျပန္
ယြန္း (NP News) - စက္တင္ဘာ ၁၂
တာခ်ီလိတ္ၿမိဳ႕တြင္ မယ္ဆိုင္ျမစ္ေရသည္ စိုးရိမ္ေရမွတ္အထက္တြင္ ဆက္လက္တည္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။
မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနမွ ယေန႔(စက္တင္ဘာ ၁၂ ရက္) မနက္ ၉ နာရီအခ်ိန္ ထုတ္ျပန္ခ်က္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။
မယ္ဆိုင္ျမစ္ေရသည္ တာခ်ီလိတ္ၿမိဳ႕(လြယ္ေတာ္ခမ္းရပ္ကြက္)တြင္ ယင္းၿမိဳ႕၏ စိုးရိမ္ေရအမွတ္အထက္သို႔ ေပထက္ဝက္ခန႔္ေက်ာ္လြန္ေရာက္ ရွိေနေၾကာင္း မိုးဇလမွ ဆိုသည္။
ထို႔ျပင္ အဆိုပါျမစ္ေရသည္ ေနာက္တစ္ရက္အတြင္း (၂) ေပခန႔္ ဆက္လက္တက္လာႏိုင္ၿပီး တာခ်ီလိတ္ၿမိဳ႕၏ စိုးရိမ္ေရမွတ္အထက္တြင္ ဆက္၍တည္ရွိႏိုင္ေၾကာင္း မိုးဇလမွ သိရသည္။
ထို႔ေၾကာင့္ တာခ်ီလိတ္ၿမိဳ႕နယ္အတြင္းရွိ ျမစ္ကမ္းအနီးႏွင့္ ေျမနိမ့္ပိုင္းတြင္ ေနထိုင္သူမ်ားအေနျဖင့္ အထူးသတိျပဳေနထိုင္ၾကရန္ မိုးဇလမွ သတိေပးထုတ္ျပန္ထားသည္။
၎အျပင္ ၿပီးခဲ့တဲ့ ၾသဂုတ္လအတြင္း တာခ်ီလိတ္ၿမိဳ႕နယ္တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ မယ္ဆိုင္ျမစ္ေရျမင့္တက္ၿပီး ရပ္ကြက္အခ်ိဳ႕ႏွင့္ ကားလမ္းမ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ပြားခဲ့သည္။