ငါန်းဇွန်မြို့တွင် နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် (၄)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့

1131

NP News - စက်တင်ဘာ ၁၃
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် နေအိမ်အတွင်းဝင်ရောက်၍ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် (၄)ဦးသေဆုံးပြီး (၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ စက်တင်ဘာလ ၁၁ ရက်၊ ည ၁ဝ နာရီအချိန်ခန့်တွင် ငါန်းဇွန်းမြို့နယ်၊ ဖောင်းကတောကျေးရွာ၌ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အဆိုပါဖြစ်စဉ်မှာ ဖောင်းကတောကျေးရွာတွင် နေထိုင်သူ ဦးလှဟန်သည် ၎င်း၏နေ အိမ်တွင် တစ်ရွာတည်းနေထိုင်သူ ကိုလှဆန်း၊ ဒေါ်ပြုံး၊ ဒေါ်နွယ်စိုး၊ ဦးအံ့ကျော်တို့နှင့်အတူရှိနေချိန်တွင် အကြမ်းဖက်အဖွဲ့က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် ဦးလှဟန်၊ ဦးလှဆန်း၊ ဒေါ်ပြုံးနှင့် ဒေါ်နွယ်စိုးတို့ (၄)ဦးသည် သေနတ်ထိမှန်ဒဏ်ရာများဖြင့်သေဆုံးခဲ့ပြီး ဦးအံ့ကျော်တွင် သေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသနိုင်ရန် ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဆိုထားသည်။
အလားတူ နံနက် ၆နာရီခွဲအချိန်တွင် အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာ၊ စစ်ကိုင်း-မန္တ လေးကားလမ်းဘေး၌ အမျိုးသား(၃)ဦး သေဆုံးနေကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
အဆိုပါအမျိုးသား(၃)ဦးသည် စစ်ကိုင်း-မန္တလေးကားလမ်းဘေးရှိ “ဒေါ်အေးကြင်” ထမင်းဆိုင်လမ်းကြားတွင် ဓားဒဏ်ရာများဖြင့် လဲကျသေဆုံးနေခြင်းဖြစ်ပြီး ၎င်းတို့အား မန္တလေးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့မှ ဆိုသည်။
အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ လုပ်ကြံသတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်း ဖက်များကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

zawgyi version
ငါန္းဇြန္ၿမိဳ႕တြင္ ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ (၄)ဦးေသဆုံးၿပီး (၁)ဦးဒဏ္ရာရရွိခဲ့
NP News - စက္တင္ဘာ ၁၃
မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္တြင္ ေနအိမ္အတြင္းဝင္ေရာက္၍ ေသနတ္ျဖင့္ ပစ္ခတ္မႈေၾကာင့္ (၄)ဦးေသဆုံးၿပီး (၁)ဦးဒဏ္ရာရရွိခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ စက္တင္ဘာလ ၁၁ ရက္၊ ည ၁ဝ နာရီအခ်ိန္ခန႔္တြင္ ငါန္းဇြန္းၿမိဳ႕နယ္၊ ေဖာင္းကေတာေက်း႐ြာ၌ ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
အဆိုပါျဖစ္စဥ္မွာ ေဖာင္းကေတာေက်း႐ြာတြင္ ေနထိုင္သူ ဦးလွဟန္သည္ ၎၏ေန အိမ္တြင္ တစ္႐ြာတည္းေနထိုင္သူ ကိုလွဆန္း၊ ေဒၚၿပဳံး၊ ေဒၚႏြယ္စိုး၊ ဦးအံ့ေက်ာ္တို႔ႏွင့္အတူရွိေနခ်ိန္တြင္ အၾကမ္းဖက္အဖြဲ႕က ဆိုင္ကယ္မ်ားျဖင့္ ေရာက္ရွိလာၿပီး ေသနတ္မ်ားျဖင့္ ဝိုင္းဝန္းပစ္ခတ္ခဲ့ေၾကာင္း ရဲတပ္ဖြဲ႕မွ ေျပာသည္။
အဆိုပါပစ္ခတ္မႈေၾကာင့္ ဦးလွဟန္၊ ဦးလွဆန္း၊ ေဒၚၿပဳံးႏွင့္ ေဒၚႏြယ္စိုးတို႔ (၄)ဦးသည္ ေသနတ္ထိမွန္ဒဏ္ရာမ်ားျဖင့္ေသဆုံးခဲ့ၿပီး ဦးအံ့ေက်ာ္တြင္ ေသနတ္ထိမွန္ဒဏ္ရာမ်ား ရရွိခဲ့သျဖင့္ ေဆးကုသႏိုင္ရန္ ငါန္းဇြန္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ဆိုထားသည္။
အလားတူ နံနက္ ၆နာရီခြဲအခ်ိန္တြင္ အမရပူရၿမိဳ႕နယ္၊ ငယ္တိုးေက်း႐ြာ၊ စစ္ကိုင္း-မႏၲ ေလးကားလမ္းေဘး၌ အမ်ိဳးသား(၃)ဦး ေသဆုံးေနေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
အဆိုပါအမ်ိဳးသား(၃)ဦးသည္ စစ္ကိုင္း-မႏၲေလးကားလမ္းေဘးရွိ “ေဒၚေအးၾကင္” ထမင္းဆိုင္လမ္းၾကားတြင္ ဓားဒဏ္ရာမ်ားျဖင့္ လဲက်ေသဆုံးေနျခင္းျဖစ္ၿပီး ၎တို႔အား မႏၲေလးျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ထားေၾကာင္း ရဲတပ္ဖြဲ႕မွ ဆိုသည္။
အထက္ပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ လုပ္ႀကံသတ္ျဖတ္မႈ က်ဴးလြန္ခဲ့သည့္ အၾကမ္း ဖက္မ်ားကို ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ အျပစ္ေပးအေရးယူႏိုင္ရန္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။