ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများနဲ့ စွမ်းအင်လုံခြုံရေးကိစ္စကို အိန္ဒိယဝန်ကြီးချုပ်မိုဒီ အဓိကထားဆွေးနွေးမယ်

708

ဂျန်ဇက် (NP News) - စက်တင်ဘာ ၁၆
အိန္ဒိယနိုင်ငံဟာ ဥဇဘက်ကစ္စတန်နိုင်ငံမှာကျင်းပတဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးအတွင်း အခြားအဖွဲ့ဝင်နိုင်ငံများနဲ့ စွမ်းအင်လုံခြုံရေးနဲ့ ဒေသအတွင်း လုံခြုံရေးကိစ္စများကို တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနတာဝန်ရှိသူတစ်ဦးဖြစ်သူ ဗစ်နေးကဝါထရာ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ဥဇဘက်ကစ္စတန် နိုင်ငံမှာကျင်းပတဲ့အစည်းအဝေးအတွင်း အိန္ဒိယဝန်ကြီးချုပ်မိုဒီ၊ တရုတ်သမ္မတ ရှီကျင့်ဖျင်၊ ရုရှားသမ္မတပူတင် နဲ့ ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်နာရစ်တို့ တက်ရောက်မှာဖြစ်ပြီးတွေ့ဆုံဆွေးနွေးမယ်လို့ သိရပါတယ်။
အိန္ဒိယဟာ လက်ရှိအချိန်မှာ ရုရှားနိုင်ငံထံမှ ရေနံ၊ ကျောက်မီးသွေးနဲ့ ဓါတ်မြေသြဇာများကို လျော့စျေးနဲ့ တင်သွင်းလျက်ရှိနေတယ်လို့ သိရပါတယ်။ ရုရှားဟာ အနောက်အုပ်စုနိုင်ငံများရဲ့ပိတ်ဆို့မှုများတွေ့ကြုံနေရချိန်မှာ စျေးကွက်အသစ်ရယူနိုင်ဖို့ တရုတ်၊ အိန္ဒိယနိုင်ငံတို့ထံ စွမ်းအင်ပစ္စည်းများ အဓိကထား တင်သွင်းလျက်ရှိနေပါတယ်။
ကဝါထရာ က "ကျွန်တော်တို့ဟာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းအဝေးမှာ စွမ်းအင်လုံခြုံရေးအပြင် အခြားကိစ္စတွေကို ဆွေးနွေးသွားမှာပါ။ ဝန်ကြီးချုပ်မိုဒီဟာ အဲဒီအစည်းအဝေးမှာ စွမ်းအင်လုံခြုံရေးနဲ့ စွမ်းအင်နဲ့ပတ်သက်ပြီး ငွေကြေးပေးချေမှုတွေကို အဓိကထားဆွေးနွေးမှာပါ" လို့ပြောပါတယ်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကို တရုတ်၊ ရုရှားတို့နဲ့ အာရှတိုက်အလယ်ပိုင်းနိုင်ငံတွေနဲ့ ပူးပေါင်းပြီး ၁၉၉ဝ ခုနှစ်မှာ ဖွဲ့စည်းခဲ့ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတို့ဟာ ပြီးခဲ့တဲ့ ၅ နှစ်မှာ ပူးပေါင်းပါဝင်ခဲ့ပြီး ဒေသအတွင်း အဖွဲ့အစည်းများထဲ အကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ ၄ဝ ရာခိုင်နှုန်းရှိနေတဲ့အဖွဲ့ဖြစ်ပါတယ်။
ရုရှားအစိုးရအဖွဲ့ကလည်း ရုရှားသမ္မတပူတင် နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ စက်တင်ဘာ ၁၅ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးမှာဖြစ်ပြီး အစားစာနဲ့ ဓါတ်မြေသြဇာတို့ကို တင်သွင်းရေးအတွက် အဓိကထားဆွေးနွေးမှာဖြစ်ပါတယ်။
အိန္ဒိယဟာ ဒီနှစ်အစောပိုင်းက တစ်ရက်ကို ရေနံစည်ပေါင်း နှစ်သောင်းခန့်သာ တင်သွင်းခဲ့ပေမယ့် ဧပြီလကနေ သြဂုတ်လအတွင်း တစ်ရက်ကို ရေနံစည်ပေါင်း ၇၅၇ဝဝဝ ခန့် တင်သွင်းနေတယ်လို့ သိရပါတယ်။

Zawgyi Version;
ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ဝင္ႏိုင္ငံမ်ားနဲ႔ စြမ္းအင္လုံၿခဳံေရးကိစၥကို အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီ အဓိကထားေဆြးေႏြးမယ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၁၆
အိႏၵိယႏိုင္ငံဟာ ဥဇဘက္ကစၥတန္ႏိုင္ငံမွာက်င္းပတဲ့ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္းအေဝးအတြင္း အျခားအဖြဲ႕ဝင္ႏိုင္ငံမ်ားနဲ႔ စြမ္းအင္လုံၿခဳံေရးနဲ႔ ေဒသအတြင္း လုံၿခဳံေရးကိစၥမ်ားကို ေတြ႕ဆုံေဆြးေႏြးသြားမွာျဖစ္ေၾကာင္း အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနတာဝန္ရွိသူတစ္ဦးျဖစ္သူ ဗစ္ေနးကဝါထရာ က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
ဥဇဘက္ကစၥတန္ ႏိုင္ငံမွာက်င္းပတဲ့အစည္းအေဝးအတြင္း အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီ၊ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္၊ ႐ုရွားသမၼတပူတင္ နဲ႔ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ ရွာဘတ္နာရစ္တို႔ တက္ေရာက္မွာျဖစ္ၿပီးေတြ႕ဆုံေဆြးေႏြးမယ္လို႔ သိရပါတယ္။
အိႏၵိယဟာ လက္ရွိအခ်ိန္မွာ ႐ုရွားႏိုင္ငံထံမွ ေရနံ၊ ေက်ာက္မီးေသြးနဲ႔ ဓါတ္ေျမၾသဇာမ်ားကို ေလ်ာ့ေစ်းနဲ႔ တင္သြင္းလ်က္ရွိေနတယ္လို႔ သိရပါတယ္။ ႐ုရွားဟာ အေနာက္အုပ္စုႏိုင္ငံမ်ားရဲ႕ပိတ္ဆို႔မႈမ်ားေတြ႕ႀကဳံေနရခ်ိန္မွာ ေစ်းကြက္အသစ္ရယူႏိုင္ဖို႔ တ႐ုတ္၊ အိႏၵိယႏိုင္ငံတို႔ထံ စြမ္းအင္ပစၥည္းမ်ား အဓိကထား တင္သြင္းလ်က္ရွိေနပါတယ္။
ကဝါထရာ က "ကြၽန္ေတာ္တို႔ဟာ ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္းအေဝးမွာ စြမ္းအင္လုံၿခဳံေရးအျပင္ အျခားကိစၥေတြကို ေဆြးေႏြးသြားမွာပါ။ ဝန္ႀကီးခ်ဳပ္မိုဒီဟာ အဲဒီအစည္းအေဝးမွာ စြမ္းအင္လုံၿခဳံေရးနဲ႔ စြမ္းအင္နဲ႔ပတ္သက္ၿပီး ေငြေၾကးေပးေခ်မႈေတြကို အဓိကထားေဆြးေႏြးမွာပါ" လို႔ေျပာပါတယ္။
ရွန္ဟိုင္းပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕ကို တ႐ုတ္၊ ႐ုရွားတို႔နဲ႔ အာရွတိုက္အလယ္ပိုင္းႏိုင္ငံေတြနဲ႔ ပူးေပါင္းၿပီး ၁၉၉ဝ ခုႏွစ္မွာ ဖြဲ႕စည္းခဲ့ပါတယ္။ အိႏၵိယနဲ႔ ပါကစၥတန္ႏိုင္ငံတို႔ဟာ ၿပီးခဲ့တဲ့ ၅ ႏွစ္မွာ ပူးေပါင္းပါဝင္ခဲ့ၿပီး ေဒသအတြင္း အဖြဲ႕အစည္းမ်ားထဲ အႀကီးဆုံးအဖြဲ႕အစည္းတစ္ခုျဖစ္ၿပီး ကမာၻ႔လူဦးေရရဲ႕ ၄ဝ ရာခိုင္ႏႈန္းရွိေနတဲ့အဖြဲ႕ျဖစ္ပါတယ္။
႐ုရွားအစိုးရအဖြဲ႕ကလည္း ႐ုရွားသမၼတပူတင္ နဲ႔ အိႏၵိယဝန္ႀကီးခ်ဳပ္မိုဒီတို႔ စက္တင္ဘာ ၁၅ ရက္ေန႔မွာ ေတြ႕ဆုံေဆြးေႏြးမွာျဖစ္ၿပီး အစားစာနဲ႔ ဓါတ္ေျမၾသဇာတို႔ကို တင္သြင္းေရးအတြက္ အဓိကထားေဆြးေႏြးမွာျဖစ္ပါတယ္။
အိႏၵိယဟာ ဒီႏွစ္အေစာပိုင္းက တစ္ရက္ကို ေရနံစည္ေပါင္း ႏွစ္ေသာင္းခန႔္သာ တင္သြင္းခဲ့ေပမယ့္ ဧၿပီလကေန ၾသဂုတ္လအတြင္း တစ္ရက္ကို ေရနံစည္ေပါင္း ၇၅၇ဝဝဝ ခန႔္ တင္သြင္းေနတယ္လို႔ သိရပါတယ္။