ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပူးပေါင်းလိုပေမယ့် ခွဲထွက်ရေးလုပ်ရပ်များကို သည်းခံမှာမဟုတ်ကြောင်း တရုတ်အစိုးရပြော

 640

ဂျန်ဇက် (NP News) - စက်တင်ဘာ ၂ဝ

တရုတ်နိုင်ငံအနေနဲ့ ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပူးပေါင်းနိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်သွားဖို့ဆန္ဒရှိနေပြီး ထိုင်ဝမ်ခွဲထွက်ရေးကို ရည်ရွယ်တဲ့လှုပ်ရှားမှုမှန်သမျှကို သည်းခံသွားမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာအိုနင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူဟာ ပုံမှန်ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲမှာ အခုလိုမျိုး ပြောခဲ့တာဖြစ်ပါတယ်။ တရုတ်ဘက်က ကျူးကျော်လာမယ်ဆိုရင် ထိုင်ဝမ်ကို ကူညီပေးသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဘက်က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် တရုတ်က တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ် ပြောရေးဆိုခွင့်ရှိသူက "ထိုင်ဝမ်နဲ့ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းနိုင်ဖို့ ဆန္ဒရှိနေပါတယ်။ တစ်ချိန်တည်း မှာပဲ ထိုင်ဝမ်နဲ့ပတ်သက်ပြီး ခွဲထွက်ရေးလှုပ်ရှားမှုမှန်သမျှကို သည်းခံသွားမှာမဟုတ်ဘူး။ ထိုင်ဝမ်နဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ကိုင်တွယ်မှုတွေကို ဂရုစိုက်စေလိုတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို မှားယွင်းတဲ့ အချက်ပြမှု မျိုးတွေ မလုပ်စေလိုဘူး" လို့ပြောပါတယ်။

၄င်းက "ကမ္ဘာပေါ်မှာ တရုတ် တစ်နိုင်ငံတည်းရှိပါတယ်။ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်းသာဖြစ်တယ်။ တရုတ်အစိုးရဟာ တရုတ်နိုင်ငံရဲ့တရားဝင်အစိုးရသာဖြစ်တယ်" လို့ပြောပါတယ်။

ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်နိုင်ငံကြားတင်းမှုများ ရှိနေခဲ့ကြောင်း သိရပါတယ်။ အမေရိကန် ဟာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံပေမယ့် ထိုင်ဝမ်နဲ့ အဆက်အဆံလုပ်ကူညီပေးနေရာ တရုတ် ဘက် က စိတ်ဆိုးဒေါသဖြစ်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လအစောပိုင်းကလည်း ထိုင်ဝမ်ကို အမေရိကန်အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပီလိုစီအပါအဝင် အမေရိကန် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များ မကြာခဏသွားရောက်ခဲ့ရာ တင်းမာမှုအရှိန်မြင့်တက်ခဲ့ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များလာရောက်ခြင်းကို ကန့်ကွက်ခဲ့ပြီး ထိုင်ဝမ်နားမှာ ကြီးမားတဲ့ စစ်ရေးလေ့ကျင့်ခန်းတွေ လုပ်ဆောင်ခဲ့သလို ထိုင်ဝမ်ရေကြောင်းပိုင်နက် နဲ့ လေကြောင်းပိုင်နက်တွေကို စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေ ချိုးဖောက်ဝင်ရောက်တာမျိုးတွေ ရှိနေခဲ့တယ်လို့ သိရပါတယ်။

zawgyi version
ထိုင္ဝမ္နဲ႔ ၿငိမ္းခ်မ္းစြာျပန္လည္ပူးေပါင္းလိုေပမယ့္ ခြဲထြက္ေရးလုပ္ရပ္မ်ားကို သည္းခံမွာမဟုတ္ေၾကာင္း တ႐ုတ္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၂ဝ

တ႐ုတ္ႏိုင္ငံအေနနဲ႔ ထိုင္ဝမ္နဲ႔ ၿငိမ္းခ်မ္းစြာျပန္လည္ပူးေပါင္းႏိုင္ဖို႔ အေကာင္းဆုံးလုပ္ေဆာင္သြားဖို႔ဆႏၵရွိေနၿပီး ထိုင္ဝမ္ခြဲထြက္ေရးကို ရည္႐ြယ္တဲ့လႈပ္ရွားမႈမွန္သမွ်ကို သည္းခံသြားမွာ မဟုတ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မာအိုနင္က ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနေျပာေရးဆိုခြင့္ရွိသူဟာ ပုံမွန္ျပဳလုပ္ေနက် သတင္းစာရွင္းလင္းပြဲမွာ အခုလိုမ်ိဳး ေျပာခဲ့တာျဖစ္ပါတယ္။ တ႐ုတ္ဘက္က က်ဴးေက်ာ္လာမယ္ဆိုရင္ ထိုင္ဝမ္ကို ကူညီေပးသြားမွာျဖစ္ေၾကာင္း အေမရိကန္သမၼတဂ်ိဳးဘိုင္ဒန္ဘက္က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္က တုံ႔ျပန္ခဲ့တာလည္း ျဖစ္ပါတယ္။

တ႐ုတ္ ေျပာေရးဆိုခြင့္ရွိသူက "ထိုင္ဝမ္နဲ႔ ၿငိမ္းခ်မ္းစြာျပန္လည္ေပါင္းစည္းႏိုင္ဖို႔ ဆႏၵရွိေနပါတယ္။ တစ္ခ်ိန္တည္း မွာပဲ ထိုင္ဝမ္နဲ႔ပတ္သက္ၿပီး ခြဲထြက္ေရးလႈပ္ရွားမႈမွန္သမွ်ကို သည္းခံသြားမွာမဟုတ္ဘူး။ ထိုင္ဝမ္နဲ႔ပတ္သက္ၿပီး အေမရိကန္အစိုးရရဲ႕ကိုင္တြယ္မႈေတြကို ဂ႐ုစိုက္ေစလိုတယ္။ အေမရိကန္ဟာ ထိုင္ဝမ္ကို မွားယြင္းတဲ့ အခ်က္ျပမႈ မ်ိဳးေတြ မလုပ္ေစလိုဘူး" လို႔ေျပာပါတယ္။

၄င္းက "ကမာၻေပၚမွာ တ႐ုတ္ တစ္ႏိုင္ငံတည္းရွိပါတယ္။ ထိုင္ဝမ္ဟာ တ႐ုတ္ႏိုင္ငံရဲ႕ အစိတ္အပိုင္းသာျဖစ္တယ္။ တ႐ုတ္အစိုးရဟာ တ႐ုတ္ႏိုင္ငံရဲ႕တရားဝင္အစိုးရသာျဖစ္တယ္" လို႔ေျပာပါတယ္။

ထိုင္ဝမ္အေရးနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ တ႐ုတ္ႏိုင္ငံၾကားတင္းမႈမ်ား ရွိေနခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္ ဟာ တ႐ုတ္တစ္ႏိုင္ငံတည္းမူဝါဒကို ေထာက္ခံေပမယ့္ ထိုင္ဝမ္နဲ႔ အဆက္အဆံလုပ္ကူညီေပးေနရာ တ႐ုတ္ ဘက္ က စိတ္ဆိုးေဒါသျဖစ္ေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့လအေစာပိုင္းကလည္း ထိုင္ဝမ္ကို အေမရိကန္ေအာက္လႊတ္ေတာ္ဥကၠ႒ နန္စီပီလိုစီအပါအဝင္ အေမရိကန္ လႊတ္ေတာ္ကိုယ္စားလွယ္အဖြဲ႕မ်ား မၾကာခဏသြားေရာက္ခဲ့ရာ တင္းမာမႈအရွိန္ျမင့္တက္ခဲ့ပါတယ္။ တ႐ုတ္ဟာ ထိုင္ဝမ္ကို အေမရိကန္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားလာေရာက္ျခင္းကို ကန႔္ကြက္ခဲ့ၿပီး ထိုင္ဝမ္နားမွာ ႀကီးမားတဲ့ စစ္ေရးေလ့က်င့္ခန္းေတြ လုပ္ေဆာင္ခဲ့သလို ထိုင္ဝမ္ေရေၾကာင္းပိုင္နက္ နဲ႔ ေလေၾကာင္းပိုင္နက္ေတြကို စစ္သေဘၤာေတြ၊ တိုက္ေလယာဥ္ေတြ ခ်ိဳးေဖာက္ဝင္ေရာက္တာမ်ိဳးေတြ ရွိေနခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.