အနောက်အုပ်စုနိုင်ငံများက ကန့်ကွက်မှုများရှိပေမယ့် ရုရှားက ယူကရိန်းဒေသ ၄ ခုမှာ ဆန္ဒခံယူပွဲများ စတင်ကျင်းပ

 1262

ဂျန်ဇက် (NP News) – စက်တင်ဘာ ၂၃

ရုရှားအစိုးရတာဝန်ရှိသူများဟာ ဒွန်းဘက်စ်ဒေသရှိ ဒွန်းညက်စ်နဲ့ လူဟန်စ့်အပါအဝင် ယူကရိန်းတောင်ပိုင်းရှိ ရုရှား ထိန်းချုပ်ထားတဲ့ဒေသများကို ရုရှား နဲ့ ပူးပေါင်းလိုခြင်း ရှိ/မရှိ ဆိုတဲ့အချက်ကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွေ စက်တင်ဘာ ၂၃ ရက်နေ့မှာ စတင်လုပ်ကိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

ရုရှားဟာ ဒွန်းညက်စ်၊ လူဟန်စ့်၊ ခါဆွန် နဲ့ Zaporozhye ဒေသတို့မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ခဲ့တာဖြစ်ပြီး ရုရှားနဲ့ ပူးပေါင်းလိုတဲ့ ရလဒ်အများအပြားရရှိခဲ့မယ်ဆိုရင် ရုရှားပိုင်နက်များဖြစ်လာဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဆန္ဒခံယူပွဲအတွက် မဲပေးမှုများကို စက်တင်ဘာ ၂၃ ရက်နေ့မှ စက်တင်ဘာ ၂၇ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး ဆန္ဒခံယူပွဲနဲ့ပတ်သက်တဲ့ ကနဦးမဲရလဒ်များကို စက်တင်ဘာ ၂၈ ရက်နေ့မှာ ထုတ်ပြန်ကြေညာမှာဖြစ်တယ်လို့ သိရပါတယ်။

ယူကရိန်းမှာ ၂ဝ၁၄ ခုနှစ်က အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒွန်းညက်စ် နဲ့ လူဟန့်စ်ဒေသများဟာ ယူကရိန်း နိုင်ငံကနေခွဲထွက်ဖို့ ကြိုးပမ်းနေပြီး အဲဒီဒေသများမှာ နေထိုင်သူအများစုက ရုရှားဘာသာစကားပြောဆိုသူများ ဖြစ်ပြီး ရုရှားနဲ့ နယ်စပ်ချင်းထိစပ်နေတယ်လို့ သိရပါတယ်။

ရုရှားဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက ဒွန်းညက်စ်နဲ့ လူဟန်စ့်ဒေသလွတ်လပ်ရေးကို အသိအမှတ်ပြုထားတယ်လို့ သိရပါတယ်။ ရုရှားဟာ ယူကရိန်းကို ‌ဖေဖော်ဝါရီ ၂၄ ရက်နေ့က စတင်တိုက်ခိုက်ခဲ့ပြီးနောက် ယူကရိန်းတောင်ပိုင်း ဒေသတွေဖြစ်တဲ့ ခါဆွန်ဒေသ နဲ့ Zaporozhye ဒေသတို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

ယူကရိန်းဟာ အဆိုပါ ဒေသ ၄ ခုမှာ ဆန္ဒခံယူပွဲပြုလုပ်မယ့် ရုရှားရဲ့အစီအစဉ်များကို အသိမှတ်ပြုထားခြင်းမရှိသလို ဥရောပသမဂ္ဂနိုင်ငံများကလည်း ရှက်ဖွယ်ကောင်းတဲ့ ဆန္ဒခံယူပွဲဖြစ်ကြောင်း ဝေဖန်ထားပါတယ်။ ဒွန်းညက်စ်ဒေသ အကြီးအကဲတစ်ဦးဖြစ်သူက ယူကရိန်းဟာ ဆန္ဒခံယူပွဲကျင်းပနေချိန်မှာ တိုက်ခိုက်မှုများပြုလုပ်လာမှာကို စိုးရိမ်မိ ကြောင်း ဆိုထားပါတယ်။

ရုရှားသမ္မတပူတင်ဟာ အရန်တပ်ဖွဲ့ဝင်များကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခဲ့ပြီးနောက် ၂ ရက်အကြာမှာ အဆိုပါဒေသ ၄ ခု မှာ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Zawgyi Version;
အေနာက္အုပ္စုႏိုင္ငံမ်ားက ကန႔္ကြက္မႈမ်ားရွိေပမယ့္ ႐ုရွားက ယူကရိန္းေဒသ ၄ ခုမွာ ဆႏၵခံယူပြဲမ်ား စတင္က်င္းပ
ဂ်န္ဇက္ (NP News) – စက္တင္ဘာ ၂၃

႐ုရွားအစိုးရတာဝန္ရွိသူမ်ားဟာ ဒြန္းဘက္စ္ေဒသရွိ ဒြန္းညက္စ္နဲ႔ လူဟန္စ့္အပါအဝင္ ယူကရိန္းေတာင္ပိုင္းရွိ ႐ုရွား ထိန္းခ်ဳပ္ထားတဲ့ေဒသမ်ားကို ႐ုရွား နဲ႔ ပူးေပါင္းလိုျခင္း ရွိ/မရွိ ဆိုတဲ့အခ်က္ကို ျပည္လုံးကြၽတ္ဆႏၵခံယူပြဲေတြ စက္တင္ဘာ ၂၃ ရက္ေန႔မွာ စတင္လုပ္ကိုင္ေနၿပီျဖစ္တယ္လို႔ သိရပါတယ္။

႐ုရွားဟာ ဒြန္းညက္စ္၊ လူဟန္စ့္၊ ခါဆြန္ နဲ႔ Zaporozhye ေဒသတို႔မွာ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲလုပ္ခဲ့တာျဖစ္ၿပီး ႐ုရွားနဲ႔ ပူးေပါင္းလိုတဲ့ ရလဒ္အမ်ားအျပားရရွိခဲ့မယ္ဆိုရင္ ႐ုရွားပိုင္နက္မ်ားျဖစ္လာဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

ဆႏၵခံယူပြဲအတြက္ မဲေပးမႈမ်ားကို စက္တင္ဘာ ၂၃ ရက္ေန႔မွ စက္တင္ဘာ ၂၇ ရက္ေန႔အထိ က်င္းပမွာျဖစ္ၿပီး ဆႏၵခံယူပြဲနဲ႔ပတ္သက္တဲ့ ကနဦးမဲရလဒ္မ်ားကို စက္တင္ဘာ ၂၈ ရက္ေန႔မွာ ထုတ္ျပန္ေၾကညာမွာျဖစ္တယ္လို႔ သိရပါတယ္။

ယူကရိန္းမွာ ၂ဝ၁၄ ခုႏွစ္က အာဏာသိမ္းမႈျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ဒြန္းညက္စ္ နဲ႔ လူဟန႔္စ္ေဒသမ်ားဟာ ယူကရိန္း ႏိုင္ငံကေနခြဲထြက္ဖို႔ ႀကိဳးပမ္းေနၿပီး အဲဒီေဒသမ်ားမွာ ေနထိုင္သူအမ်ားစုက ႐ုရွားဘာသာစကားေျပာဆိုသူမ်ား ျဖစ္ၿပီး ႐ုရွားနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတယ္လို႔ သိရပါတယ္။

႐ုရွားဟာ ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလက ဒြန္းညက္စ္နဲ႔ လူဟန္စ့္ေဒသလြတ္လပ္ေရးကို အသိအမွတ္ျပဳထားတယ္လို႔ သိရပါတယ္။ ႐ုရွားဟာ ယူကရိန္းကို ‌ေဖေဖာ္ဝါရီ ၂၄ ရက္ေန႔က စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ ယူကရိန္းေတာင္ပိုင္း ေဒသေတြျဖစ္တဲ့ ခါဆြန္ေဒသ နဲ႔ Zaporozhye ေဒသတို႔ကို သိမ္းပိုက္ထိန္းခ်ဳပ္ထားႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ယူကရိန္းဟာ အဆိုပါ ေဒသ ၄ ခုမွာ ဆႏၵခံယူပြဲျပဳလုပ္မယ့္ ႐ုရွားရဲ႕အစီအစဥ္မ်ားကို အသိမွတ္ျပဳထားျခင္းမရွိသလို ဥေရာပသမဂၢႏိုင္ငံမ်ားကလည္း ရွက္ဖြယ္ေကာင္းတဲ့ ဆႏၵခံယူပြဲျဖစ္ေၾကာင္း ေဝဖန္ထားပါတယ္။ ဒြန္းညက္စ္ေဒသ အႀကီးအကဲတစ္ဦးျဖစ္သူက ယူကရိန္းဟာ ဆႏၵခံယူပြဲက်င္းပေနခ်ိန္မွာ တိုက္ခိုက္မႈမ်ားျပဳလုပ္လာမွာကို စိုးရိမ္မိ ေၾကာင္း ဆိုထားပါတယ္။

႐ုရွားသမၼတပူတင္ဟာ အရန္တပ္ဖြဲ႕ဝင္မ်ားကို စစ္မႈထမ္းဖို႔ ဆင့္ေခၚခဲ့ၿပီးေနာက္ ၂ ရက္အၾကာမွာ အဆိုပါေဒသ ၄ ခု မွာ ျပည္လုံးကြၽတ္ဆႏၵခံယူပြဲက်င္းပဖို႔ စီစဥ္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.