အင်ဒိုနီးရှားပြည်တွင်း ဘောလုံးပွဲစဉ်မှာ ပရိသတ်အချင်းချင်း အကြမ်းဖက်မှုတွေကြောင့် အနည်းဆုံးလူပေါင်း ၁၇ဝ ကျော်သေဆုံးခဲ့

 696

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂

အင်ဒိုနီးရှားနိုင်ငံမှာ အောက်တိုဘာ ၁ ရက်နေ့က ကျင်းပတဲ့ ဘောလုံးပွဲတစ်ခုမှာ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားချိန်အတွင်း ပရိသတ်များ အုပ်စုလိုက်ကြောက်လန့်တကြားပြေးရာကနေ လူနင်းမှုများဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး လူပေါင်း ၁၇ဝ ကျော် သေဆုံးခဲ့ကာ ၁၈ဝ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဖြစ်ရပ်ဟာ ကမ္ဘာ့ဘောလုံးလောကမှာ ဘောလုံးကွင်းအတွင်း လူသေဆုံးမှုအများဆုံးဖြစ်စေခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ လူနင်းအင်ဒိုနီးရှားလုံခြုံရေးအဖွဲ့အကြီးအကဲက အဆိုပါဘောလုံးအတွင်း လာရောက်တဲ့ ပရိသတ်အရေအတွက်ဟာ ဝင့်ဆံ့နိုင်တဲ့အရေ အတွက်ထက် ပိုမိုများပြားနေခဲ့ပြီး ပရိသတ် ၃၈ဝဝဝ သာ ဝင်ဆံ့တဲ့ ဘောလုံးကွင်းမှာ ဘောလုံးပွဲလက်မှတ်ကိုင်ဆောင်ထားတဲ့ ပရိသတ်ပေါင်း ၄၂ဝဝဝ ခန့်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျားဗားကျွန်းအခြေစိုက် ပါဆီဘာယာအသင်းနဲ့ ဆူရာဘာယာအသင်းတို့ အောက်တိုဘာ ၁ ရက်နေ့က ညပိုင်းက ကစားတဲ့ပွဲစဉ်မှာ အကြမ်းဖက်မှုများဖြစ်ပွားခဲ့တာဖြစ်ပြီး ရှုံးနိမ့်ခဲ့တဲ့အသင်းရဲ့ ပရိသတ်များဟာ ကွင်းအတွင်းကိုဝင်ရောက်ဖို့ကြိုးပမ်းခဲ့ရာ ရဲများက မျက်ရည်ယိုဗုံးများ၊ ပစ်ခတ်နှိမ်နှင်းခဲ့ရပြီး ပရိသတ်များ ကြောက်လန့်တကြားထွက်ပြေးမှုတွေ၊ လူနင်းမှုတွေ နဲ့ အသက်ရှုကြပ်ခြင်းများတွေ ဖြစ်ခဲ့ကြောင်း အရှေ့ဂျာဗား ရဲတပ်ဖွဲ့အကြီးအကဲ နီကိုအာဖင်တာ က ပြောပါတယ်။

ရဲတပ်ဖွဲ့အကြီးအကဲနီကို အာဖင်တာ က "အသင်းနှစ်သင်းရဲ့ပရိသတ်တွေကြား မင်းမဲ့စရိုက်ဆန်ဆန် အကြမ်းဖက် မှုဖြစ်ပွားခဲ့တာပါ။ ပရိသတ်တွေဟာ လုံခြုံရေးအဖွဲ့တွေကိုလည်းတိုက်ခိုက်ခဲ့သလို ကားတွေကို တိုက်ခိုက် မီးရှို့ခဲ့ တယ်။ အကြမ်းဖက်မှုတွေဖြစ်လာချိန်မှာ အချို့ပရိသတ်တွေဟာ ဘောလုံးကွင်း ဝင်ပေါက်ဂိတ်ကို ထွက်ပြေးခဲ့ တယ်" လို့ပြောပါတယ်။

ရဲအရာရှိနှစ်ဦးသေဆုံးခဲ့သလို ကွင်းထဲမှာလူပေါင်း ၃၄ ဦးသေဆုံးခဲ့ကာ ဆေးရုံရောက်မှ သေဆုံးတာမျိုးတွေလည်း ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲနီကို အာဖင်တာ က ပြောပါတယ်။ ရုပ်သံဖိုင်များထဲမှာ ပရီသတ်တွေဟာ မာလန်ဘောလုံးကွင်းအတွင်း အလုအယက်ပြေးဝင်တာမျိုးတွေရှိခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA ရဲ့ စည်းကမ်းတွေထဲမှာ ဘောလုံးကွင်းအတွင်းကို ပရိသတ်များဝင်ရောက်ဖို့ကြိုးပမ်းမယ်ဆိုရင် လုံခြုံရေးတပ်ဖွဲ့တွေ က ရာဘာကျည်ဆံ ဒါမှမဟုတ် မျက်ရည်ယိုဗုံး အသုံးပြုရမယ်လို့ သတ်မှတ်ဖော်ပြထားပါတယ်။

ပြိုင်ဘက်ပရိသတ်များကြား အကြမ်းဖက်တိုက်ခိုက်မှုများဖြစ်ခဲ့သလို ဘောလုံးကွင်းအပြင်ဘက်ရှိ ကားများကိုလည်း မီးရှို့ဖျက်ဆီးတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;








Related news

© 2021. All rights reserved.