ရုရှားရဲ့ Nord Stream ဓါတ်ငွေ့ပိုက်လိုင်းဖျက်ဆီးခံရခြင်းက အမေရိကန်အစိုးရအတွက် အခွင့်အလမ်းကောင်းများ ဖြစ်လာဖွယ်ရှိနေ

 1305

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂

ဥရောပကိုပေးပို့နေတဲ့ ရုရှားရဲ့ Nord Stream ဓါတ်ငွေ့ပိုက်လိုင်းဖျက်ဆီးခံရခြင်းဟာ ဥရောပနိုင်ငံများအတွက် ရုရှားစွမ်းအင်ရယူမှုများကိုဖြတ်တောက်စေဖို့ ကြီးမားတဲ့အခွင့်အရေးကောင်းတစ်ခုဖြစ်တယ်လို့ အမေရိကန်အစိုးရက ရူမြင်သုံးသပ်လျက်ရှိနေပါတယ်။

Nord Stream ဓါတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးခံရပြီးနောက် အမေရိကန်အစိုးရဟာ လက်ရှိအချိန်မှာ ဥရောပနိုင်ငံများကို LNG ဓါတ်ငွေ့အရည်အများဆုံးတင်ပို့တဲ့နိုင်ငံဖြစ်အောင် ကြိုးပမ်းဖို့ စီစဉ်လျက်ရှိနေကြောင်း သိရပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလီကန်က ဆောင်းရာသီကို ရောက်ရှိခါနီးအချိန်မှာ အမေရိကန်အစိုးရဟာ ဥရောပနိုင်ငံတွေကို ရုရှားထံကနေ စွမ်းအင်နဲ့ လောင်စာဆီရယူမှုများကို လျော့စေလိုတယ်လို့ ဆိုခဲ့ပါတယ်။

ပင်လယ်ရေအောက်မှာထားရှိတဲ့ Nord Stream ဓါတ်ငွေ့ပိုက်လိုင်းဖျက်ဆီးခံရခြင်းဟာ ရုရှားကနေ ဥရောပနိုင်ငံ များထံ ဓါတ်ငွေ့ပေးပို့မှုများအတွက် အကန့်အသတ်မရှိ ဆုံးရှုံးမှုများဖြစ်လာစေနိုင်ကြောင်း ရုရှားစွမ်းအင်ကုမ္ပဏီ ဖြစ်တဲ့ ဂတ်စ်ပရွန်က ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး က "အမေရိကန်ဟာ ဥရောပတိုက်ရှိနိုင်ငံများကို လက်ရှိအချိန်မှာ ဓါတ်ငွေ့အရည် LNG အများဆုံးတင်ပို့နေတဲ့နိုင်ငံတွေထဲမှာ ဦးဆောင်နေတယ်။
ဒါ့အပြင် အမေရိကန်အစိုးရဟာ ဥရောပနိုင်ငံများကို ကိုယ်ပိုင်လောင်စာ၊စွမ်းအင်များကို သင်္ဘောတွေနဲ့ပေးပို့ဖို့ အစီအစဉ်ရှိနေပါတယ်။ ရုရှားရဲ့ဓါတ်ငွေ့ပိုက်လိုင်းဖျက်ဆီးခံရခြင်းဟာ ဥရောပနိုင်ငံများအတွက် ရုရှားစွမ်းအပေါ် မှီခိုနေရမှုကိုစွန့်လွှတ်ဖို့ အခွင့်အရေးကောင်းဖြစ်တယ်။ ဒါ့အပြင် စွမ်းအင်ကို လက်နက်သဖွယ်အသုံးချနေတဲ့ ရုရှားသမ္မတပူတင်နဲ့ ခပ်ဝေးဝေးနေထိုင်ဖို့ အခွင့်အရေးကောင်းဖြစ်စေခဲ့တယ်" လို့ပြောပါတယ်။

အမေရိကန်ဟာ အရင်တည်းက ဥရောပတိုက်ရှိနိုင်ငံများကို ရုရှားရဲ့ဓါတ်ငွေ့အစား ၄င်းတို့ထုတ်လုပ်တဲ့ဓါတ်ငွေ့အရည်အသုံးပြုဖို့ နှစ်ပေါင်းများစွာကြာ စည်းရုံးသိမ်းသွင်းလျက်ရှိနေတဲ့နိုင်ငံဖြစ်တယ်လို့ သိရပါတယ်။

ဥရောပတိုက်ရှိနိုင်ငံတွေကို ပို့လွှတ်နေတဲ့ Nord Stream 1 နဲ့ Nord Stream 2 ဓါတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးခံရခြင်းဟာ အမေရိကန်လက်ချက်အဖြစ် ထင်ကြေးပေးမှုများလည်းမြင့်တက်လျက်ရှိနေတယ်လို့ သိရပါတယ်။

Nord Stream 1 နဲ့ Nord Stream 2 ဓါတ်ငွေ့ပိုက်လိုင်း ဖျက်ဆီးခံရခြင်းနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံဟာ လက်ရှိအချိန်မှာ ဥရောပနိုင်ငံများကို LNG ဓါတ်ငွေ့စျေးနှုန်းမြင့်တက်ရောင်းချဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi Version;
႐ုရွားရဲ႕ Nord Stream ဓါတ္ေငြ႕ပိုက္လိုင္းဖ်က္ဆီးခံရျခင္းက အေမရိကန္အစိုးရအတြက္ အခြင့္အလမ္းေကာင္းမ်ား ျဖစ္လာဖြယ္ရွိေန
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂

ဥေရာပကိုေပးပို႔ေနတဲ့ ႐ုရွားရဲ႕ Nord Stream ဓါတ္ေငြ႕ပိုက္လိုင္းဖ်က္ဆီးခံရျခင္းဟာ ဥေရာပႏိုင္ငံမ်ားအတြက္ ႐ုရွားစြမ္းအင္ရယူမႈမ်ားကိုျဖတ္ေတာက္ေစဖို႔ ႀကီးမားတဲ့အခြင့္အေရးေကာင္းတစ္ခုျဖစ္တယ္လို႔ အေမရိကန္အစိုးရက ႐ူျမင္သုံးသပ္လ်က္ရွိေနပါတယ္။

Nord Stream ဓါတ္ေငြ႕ပိုက္လိုင္း ဖ်က္ဆီးခံရၿပီးေနာက္ အေမရိကန္အစိုးရဟာ လက္ရွိအခ်ိန္မွာ ဥေရာပႏိုင္ငံမ်ားကို LNG ဓါတ္ေငြ႕အရည္အမ်ားဆုံးတင္ပို႔တဲ့ႏိုင္ငံျဖစ္ေအာင္ ႀကိဳးပမ္းဖို႔ စီစဥ္လ်က္ရွိေနေၾကာင္း သိရပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး အန္တိုနီဘလီကန္က ေဆာင္းရာသီကို ေရာက္ရွိခါနီးအခ်ိန္မွာ အေမရိကန္အစိုးရဟာ ဥေရာပႏိုင္ငံေတြကို ႐ုရွားထံကေန စြမ္းအင္နဲ႔ ေလာင္စာဆီရယူမႈမ်ားကို ေလ်ာ့ေစလိုတယ္လို႔ ဆိုခဲ့ပါတယ္။

ပင္လယ္ေရေအာက္မွာထားရွိတဲ့ Nord Stream ဓါတ္ေငြ႕ပိုက္လိုင္းဖ်က္ဆီးခံရျခင္းဟာ ႐ုရွားကေန ဥေရာပႏိုင္ငံ မ်ားထံ ဓါတ္ေငြ႕ေပးပို႔မႈမ်ားအတြက္ အကန႔္အသတ္မရွိ ဆုံးရႈံးမႈမ်ားျဖစ္လာေစႏိုင္ေၾကာင္း ႐ုရွားစြမ္းအင္ကုမၸဏီ ျဖစ္တဲ့ ဂတ္စ္ပ႐ြန္က ေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး က "အေမရိကန္ဟာ ဥေရာပတိုက္ရွိႏိုင္ငံမ်ားကို လက္ရွိအခ်ိန္မွာ ဓါတ္ေငြ႕အရည္ LNG အမ်ားဆုံးတင္ပို႔ေနတဲ့ႏိုင္ငံေတြထဲမွာ ဦးေဆာင္ေနတယ္။
ဒါ့အျပင္ အေမရိကန္အစိုးရဟာ ဥေရာပႏိုင္ငံမ်ားကို ကိုယ္ပိုင္ေလာင္စာ၊စြမ္းအင္မ်ားကို သေဘၤာေတြနဲ႔ေပးပို႔ဖို႔ အစီအစဥ္ရွိေနပါတယ္။ ႐ုရွားရဲ႕ဓါတ္ေငြ႕ပိုက္လိုင္းဖ်က္ဆီးခံရျခင္းဟာ ဥေရာပႏိုင္ငံမ်ားအတြက္ ႐ုရွားစြမ္းအေပၚ မွီခိုေနရမႈကိုစြန႔္လႊတ္ဖို႔ အခြင့္အေရးေကာင္းျဖစ္တယ္။ ဒါ့အျပင္ စြမ္းအင္ကို လက္နက္သဖြယ္အသုံးခ်ေနတဲ့ ႐ုရွားသမၼတပူတင္နဲ႔ ခပ္ေဝးေဝးေနထိုင္ဖို႔ အခြင့္အေရးေကာင္းျဖစ္ေစခဲ့တယ္" လို႔ေျပာပါတယ္။

အေမရိကန္ဟာ အရင္တည္းက ဥေရာပတိုက္ရွိႏိုင္ငံမ်ားကို ႐ုရွားရဲ႕ဓါတ္ေငြ႕အစား ၄င္းတို႔ထုတ္လုပ္တဲ့ဓါတ္ေငြ႕အရည္အသုံးျပဳဖို႔ ႏွစ္ေပါင္းမ်ားစြာၾကာ စည္း႐ုံးသိမ္းသြင္းလ်က္ရွိေနတဲ့ႏိုင္ငံျဖစ္တယ္လို႔ သိရပါတယ္။

ဥေရာပတိုက္ရွိႏိုင္ငံေတြကို ပို႔လႊတ္ေနတဲ့ Nord Stream 1 နဲ႔ Nord Stream 2 ဓါတ္ေငြ႕ပိုက္လိုင္း ဖ်က္ဆီးခံရျခင္းဟာ အေမရိကန္လက္ခ်က္အျဖစ္ ထင္ေၾကးေပးမႈမ်ားလည္းျမင့္တက္လ်က္ရွိေနတယ္လို႔ သိရပါတယ္။

Nord Stream 1 နဲ႔ Nord Stream 2 ဓါတ္ေငြ႕ပိုက္လိုင္း ဖ်က္ဆီးခံရျခင္းနဲ႔ပတ္သက္ၿပီး အေမရိကန္ႏိုင္ငံဟာ လက္ရွိအခ်ိန္မွာ ဥေရာပႏိုင္ငံမ်ားကို LNG ဓါတ္ေငြ႕ေစ်းႏႈန္းျမင့္တက္ေရာင္းခ်ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.