Taxi ယာဉ်မောင်းအားသတ်၍ ကားလုယက်ခဲ့သူများအား တောင်ကြီးမြို့တွင် ဖမ်းဆီးရမိ

 1051

NP News - အောက်တိုဘာ ၄

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဖြစ်ပွားခဲ့သော Taxi ယာဉ်မောင်းအား သတ်၍ ကားလုယက်ခဲ့သူများအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း နစကမှအသိပေးထုတ်ပြန်ထားသည်။

မန္တလေးတိုင်း၊ မဟာမြိုင်ရပ်ကွက်၊ သိပ္ပံလမ်းမြောက်ဘက် (၆၂) အရှေ့ဘက်ခြမ်းတွင် နေထိုင်သော Taxi ယာဉ်မောင်သမား ကိုပြည့် ဆိုသူသည် အောက်တိုဘာလ (၂)ရက်၊ နံနက်(၇)နာရီတွင် မြို့တွင်းဘုရားဖူးရန်ကားလာငှားခြင်းကြောင့် ကားအငှားလိုက်ခဲ့ရာမှ အဆက်အသွယ်မရတော့ကြောင်း ၎င်းနှင့်ရင်းနှီးသူများထံမှ သိရသည်။

ထို့နောက် အောက်တိုဘာလ(၂)ရက်၊ ည (၈)နာရီအချိန်တွင် အဆိုပါ Taxi ယာဉ် မောင်းသမား ကိုပြည့်၏အလောင်းအား ရင်အုံအောက်နှင့် ခြေသလုံးတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် ပြည်ကြီးတံခွန်မြို့နယ်၊ EPC ရုံးအနောက်ဘက် စက်မှုပန်းခြံလမ်း × (၁၂၈) လမ်းတွင် တွေ့ရှိခဲ့ကြောင်း ရွှေမဉ္ဇူ ပရဟိတအသင်းမှ သတင်းရရှိခဲ့သည်။

၎င်းသည် ကားအငှားလိုက်ရာမှ အသတ်ခံရပြီး ကားအလုခံရခြင်းဖြစ်သည်။

ထို့ကြောင့် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးရှာဖွေမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ အောက်တိုဘာလ(၃)ရက် ည(၈)နာရီခွဲအချိန်တွင် အ ကြမ်းဖက်ကျူးလွန်ခဲ့သူများကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း နစကမှ အသိပေး ထုတ်ပြန်ထားသည်။

zawgyi version
Taxi ယာဥ္ေမာင္းအားသတ္၍ ကားလုယက္ခဲ့သူမ်ားအား ေတာင္ႀကီးၿမိဳ႕တြင္ ဖမ္းဆီးရမိ
NP News - ေအာက္တိုဘာ ၄

မႏၲေလးတိုင္း၊ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေသာ Taxi ယာဥ္ေမာင္းအား သတ္၍ ကားလုယက္ခဲ့သူမ်ားအား ဖမ္းဆီးရမိၿပီျဖစ္ေၾကာင္း နစကမွအသိေပးထုတ္ျပန္ထားသည္။

မႏၲေလးတိုင္း၊ မဟာၿမိဳင္ရပ္ကြက္၊ သိပၸံလမ္းေျမာက္ဘက္ (၆၂) အေရွ႕ဘက္ျခမ္းတြင္ ေနထိုင္ေသာ Taxi ယာဥ္ေမာင္သမား ကိုျပည့္ ဆိုသူသည္ ေအာက္တိုဘာလ (၂)ရက္၊ နံနက္(၇)နာရီတြင္ ၿမိဳ႕တြင္းဘုရားဖူးရန္ကားလာငွားျခင္းေၾကာင့္ ကားအငွားလိုက္ခဲ့ရာမွ အဆက္အသြယ္မရေတာ့ေၾကာင္း ၎ႏွင့္ရင္းႏွီးသူမ်ားထံမွ သိရသည္။

ထို႔ေနာက္ ေအာက္တိုဘာလ(၂)ရက္၊ ည (၈)နာရီအခ်ိန္တြင္ အဆိုပါ Taxi ယာဥ္ ေမာင္းသမား ကိုျပည့္၏အေလာင္းအား ရင္အုံေအာက္ႏွင့္ ေျခသလုံးတို႔တြင္ ထိုးသြင္းဒဏ္ရာမ်ားျဖင့္ ျပည္ႀကီးတံခြန္ၿမိဳ႕နယ္၊ EPC ႐ုံးအေနာက္ဘက္ စက္မႈပန္းၿခံလမ္း × (၁၂၈) လမ္းတြင္ ေတြ႕ရွိခဲ့ေၾကာင္း ေ႐ႊမၪၨဴ ပရဟိတအသင္းမွ သတင္းရရွိခဲ့သည္။

၎သည္ ကားအငွားလိုက္ရာမွ အသတ္ခံရၿပီး ကားအလုခံရျခင္းျဖစ္သည္။

ထို႔ေၾကာင့္ အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ေဆာင္႐ြက္ခဲ့ရာ ေအာက္တိုဘာလ(၃)ရက္ ည(၈)နာရီခြဲအခ်ိန္တြင္ အ ၾကမ္းဖက္က်ဴးလြန္ခဲ့သူမ်ားကို ရွမ္းျပည္နယ္၊ ေတာင္ႀကီးၿမိဳ႕အတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း နစကမွ အသိေပး ထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.