Facebook သုံးစွဲသူအကောင့်များ၏ ‌Follower များ ရုတ်တရက်ပျောက်ဆုံး

 814

ဖြိုးခန့် (NP News) - အောက်တိုဘာ ၁၂

ကမ္ဘာကျော်လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်သည့် Facebook တွင် ချို့ယွင်းမှုများကြောင့် Follower သန်းနှင့်ချီရှိ သော နာမည်ကြီးအကောင့်များသည် ညတွင်းချင်း Follower ထောင်ဂဏန်းအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။

Facebook ၏ မိခင်ကုမ္ပဏီဖြစ်သည့် Meta ကုမ္ပဏီ စီအီးအို မာ့ခ်ဇူကာဘတ်၏ Follower (၁၁၉) သန်းရှိသော အကောင့်သည်လည်း Follower (၉ဝဝဝ) ကျော်အထိ ကျဆင်းသွားခဲ့ကြောင်းသိရသည်။ Facebook အသုံးပြုသည့် အခြားလူအမျာအပြားသည်လည်း Follower များ ရုတ်တရက်ပျောက်ဆုံးသွားခြင်းနှင့်ပတ်သက်ပြီး စောဒကတက် ခြင်းများရှိခဲ့သည်။

ဖေ့ဘွတ်ချို့ယွင်းမှုကြောင့် Follower အတုအယောင်များ ပျောက်ကွယ်သွားခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ထွက် ပေါ်လာခဲ့ပြီး မာ့ခ်ဇူကာဘတ်၏ သန်းနှင့်ချီသော Follower များသည် အတုအယောင်များဖြစ်နေသလား ဆိုသည့် မေးခွန်းများစွာလည်း ထွက်ပေါ်လာခဲ့ကြောင်းသိရသည်။

အဆိုပါချို့ယွင်းမှုသည် ဟက်ကာများ၏ လက်ချက်ဖြစ်နိုင်သည်ဟု ဝေဖန်မှုများကိုလည်းတွေ့ရှိခဲ့ရပြီး စီအီးအို မာ့ခ်ဇူကာဘတ် ကိုယ်တိုင်လည်း ချို့ယွင်းမှုနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာမှ ထုတ်ဖော်ပြောကြားခြင်းမျိုး မရှိသေး ကြောင်းသိရသည်။

အဆိုပါချို့ယွင်းမှုသည် အောက်တိုဘာ(၁၁)ရက်နေ့ညတွင် စတင်ဖြစ်ပွားခဲ့ကာ ဘာကြောင့်ဖြစ်ရသလဲဆိုသည့် အချက်နှင့်ပတ်သက်ပြီး Facebook ဘက်က ထုတ်ပြန်ထားခြင်းမျိုး မရှိသေးကြောင်းလည်းသိရသည်။ Meta ကုမ္ပဏီ၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “လူအချို့ဟာ သူတို့ရဲ့ Facebook ပရိုဖိုင်တွေမှာ Follower တွေ ပျောက် ဆုံးသွားတာကို ကျွန်တော်တို့တွေ့ခဲ့ပါတယ်။ အားလုံးကို ပုံမှန်အတိုင်းပြန်ဖြစ်အောင် အမြန်ဆုံးလုပ်ဆောင်နေပါ တယ်။ အဆင်မပြေမှုတွေ အားလုံးအတွက်လည်း တောင်းပန်ပါတယ်" ဟု ပြောဆိုခဲ့သည်။

Zawgyi Version;
Facebook သုံးစြဲသူအေကာင့္မ်ား၏ ‌Follower မ်ား ႐ုတ္တရက္ေပ်ာက္ဆုံး
ၿဖိဳးခန႔္ (NP News) - ေအာက္တိုဘာ ၁၂

ကမာၻေက်ာ္လူမႈကြန္ရက္စာမ်က္ႏွာတစ္ခုျဖစ္သည့္ Facebook တြင္ ခ်ိဳ႕ယြင္းမႈမ်ားေၾကာင့္ Follower သန္းႏွင့္ခ်ီရွိ ေသာ နာမည္ႀကီးအေကာင့္မ်ားသည္ ညတြင္းခ်င္း Follower ေထာင္ဂဏန္းအထိ က်ဆင္းသြားခဲ့ေၾကာင္း သိရသည္။

Facebook ၏ မိခင္ကုမၸဏီျဖစ္သည့္ Meta ကုမၸဏီ စီအီးအို မာ့ခ္ဇူကာဘတ္၏ Follower (၁၁၉) သန္းရွိေသာ အေကာင့္သည္လည္း Follower (၉ဝဝဝ) ေက်ာ္အထိ က်ဆင္းသြားခဲ့ေၾကာင္းသိရသည္။ Facebook အသုံးျပဳသည့္ အျခားလူအမ်ာအျပားသည္လည္း Follower မ်ား ႐ုတ္တရက္ေပ်ာက္ဆုံးသြားျခင္းႏွင့္ပတ္သက္ၿပီး ေစာဒကတက္ ျခင္းမ်ားရွိခဲ့သည္။

ေဖ့ဘြတ္ခ်ိဳ႕ယြင္းမႈေၾကာင့္ Follower အတုအေယာင္မ်ား ေပ်ာက္ကြယ္သြားျခင္းျဖစ္သည္ဟု ေဝဖန္မႈမ်ား ထြက္ ေပၚလာခဲ့ၿပီး မာ့ခ္ဇူကာဘတ္၏ သန္းႏွင့္ခ်ီေသာ Follower မ်ားသည္ အတုအေယာင္မ်ားျဖစ္ေနသလား ဆိုသည့္ ေမးခြန္းမ်ားစြာလည္း ထြက္ေပၚလာခဲ့ေၾကာင္းသိရသည္။

အဆိုပါခ်ိဳ႕ယြင္းမႈသည္ ဟက္ကာမ်ား၏ လက္ခ်က္ျဖစ္ႏိုင္သည္ဟု ေဝဖန္မႈမ်ားကိုလည္းေတြ႕ရွိခဲ့ရၿပီး စီအီးအို မာ့ခ္ဇူကာဘတ္ ကိုယ္တိုင္လည္း ခ်ိဳ႕ယြင္းမႈႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ရာမွ ထုတ္ေဖာ္ေျပာၾကားျခင္းမ်ိဳး မရွိေသး ေၾကာင္းသိရသည္။

အဆိုပါခ်ိဳ႕ယြင္းမႈသည္ ေအာက္တိုဘာ(၁၁)ရက္ေန႔ညတြင္ စတင္ျဖစ္ပြားခဲ့ကာ ဘာေၾကာင့္ျဖစ္ရသလဲဆိုသည့္ အခ်က္ႏွင့္ပတ္သက္ၿပီး Facebook ဘက္က ထုတ္ျပန္ထားျခင္းမ်ိဳး မရွိေသးေၾကာင္းလည္းသိရသည္။ Meta ကုမၸဏီ၏ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက “လူအခ်ိဳ႕ဟာ သူတို႔ရဲ႕ Facebook ပ႐ိုဖိုင္ေတြမွာ Follower ေတြ ေပ်ာက္ ဆုံးသြားတာကို ကြၽန္ေတာ္တို႔ေတြ႕ခဲ့ပါတယ္။ အားလုံးကို ပုံမွန္အတိုင္းျပန္ျဖစ္ေအာင္ အျမန္ဆုံးလုပ္ေဆာင္ေနပါ တယ္။ အဆင္မေျပမႈေတြ အားလုံးအတြက္လည္း ေတာင္းပန္ပါတယ္" ဟု ေျပာဆိုခဲ့သည္။

Picture

Ko Phyo

12/10/2022 22:10

ဘာလား ဟ😁

Picture

Htun Aung Kyaw

13/10/2022 08:44

ဟေ 😁😁

Picture

Kyauk Mae

13/10/2022 10:47

မဟုတ်မှန်တော့သရုပ်မှန်ပေါ်...

Related news

© 2021. All rights reserved.