ကမ္ဘာလုံးဆိုင်ရာ IT ပြတ်တောက်မှုကြောင့် အိန္ဒိယလေကြောင်းလိုင်းနဲ့ လေဆိပ်တွေမှာ လုပ်ငန်းလည်ပတ်မှုများ ကြန့်ကြာခဲ့ရ

 919

ရောင်နီ(NP News) - ဇူလိုင် ၂၁

သောကြာနေ့(ဇူလိုင်လ ၁၉ ရက်) က ဖြစ်ပွားခဲ့တဲ့ IT ပြတ်တောက်မှု ပြဿနာကြောင့် အိန္ဒိယလေကြောင်းလိုင်းတွေနဲ့ လေဆိပ်အချို့မှာ နည်းပညာနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အနှောင့်အယှက်ကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒီအတွက် ဝန်ကြီးဌာနက Microsoft နဲ့ ၄င်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို ဆက်သွယ်ထားတယ်လို့ ဆိုရှယ်မီဒီယာ X မှာ ပို့စ်တစ်ခုနဲ့ ပြောကြားခဲ့ပါတယ်။ "ဒီပြတ်တောက်ရတဲ့အကြောင်းရင်းကို ဖော်ထုတ်ထားပြီး ပြဿနာကို ဖြေရှင်းဖို့ အပ်ဒိတ်တွေကိုလည်း ထုတ်ပြန်ထားပါတယ်"လို့ အိန္ဒိယ သတင်းအချက်အလက်နည်းပညာဆိုင်ရာဝန်ကြီး အရှ်ဝီနီဖဗိုင်ရှိနော်က ပြောကြားခဲ့ပါတယ်။

ဒီပြဿနာကြောင့် အွန်လိုင်းဘွတ်ကင်လုပ်ခြင်းနဲ့ check-in လုပ်ဆောင် ချက်တွေ စီမံခန့်ခွဲခြင်း အပါအဝင် အွန်လိုင်းဝန်ဆောင်မှုတွေအပေါ် သက် ရောက်မှုရှိပြီး နည်းပညာဆိုင်ရာ စိန်ခေါ်မှုတွေ ကြုံတွေ့နေရတယ်လို့ အိန္ဒိယလေကြောင်းလိုင်း SpiceJet က ဆိုရှယ်မီဒီယာပလပ်ဖောင်း X မှာ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် Indigo၊ Akasa Air၊ Vistara၊ Air India နဲ့ Air India Express လေကြောင်းလိုင်း၊ နယူးဒေလီ၊ ဘန်ဂါလူရူ၊ ချန်နိုင်းနှင့် မွမ်ဘိုင်းလေဆိပ်တွေမှာ IT ပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ဝန်ဆောင်မှုအချို့ ယာယီထိခိုက်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယရဲ့ ဘဏ်လည်ပတ်မှုတွေမှာတော့ IT ပြဿနာနဲ့ပတ်သက်ပြီး ထိခိုက်မှုမရှိခဲ့ပဲ နိုင်ငံခြားငွေလဲလှယ်မှုတွေလည်း ဆက်လက်လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။

ဇူလိုင်လ ၁၉ ရက်နေ့ (သောကြာနေ့) က Microsoft IT ပြဿနာတွေ စတင်ဖြစ်ခဲ့ပြီး အမေရိကန် လေကြောင်းလိုင်းမှစကမ္ဘာတစ်ဝန်းရှိ အခြားလေကြောင်းလိုင်းတွေ၊ ဘဏ်တွေ၊ မီဒီယာတွေနဲ့ ဆေးရုံအချို့လည်း IT ပြတ်တောက်မှုတွေ ရှိခဲ့ပါတယ်။

zawgyi version
ကမာၻလုံးဆိုင္ရာ IT ျပတ္ေတာက္မႈေၾကာင့္ အိႏၵိယေလေၾကာင္းလိုင္းနဲ႔ ေလဆိပ္ေတြမွာ လုပ္ငန္းလည္ပတ္မႈမ်ား ၾကန႔္ၾကာခဲ့ရ
ေရာင္နီ(NP News) - ဇူလိုင္ ၂၁

ေသာၾကာေန႔(ဇူလိုင္လ ၁၉ ရက္) က ျဖစ္ပြားခဲ့တဲ့ IT ျပတ္ေတာက္မႈ ျပႆနာေၾကာင့္ အိႏၵိယေလေၾကာင္းလိုင္းေတြနဲ႔ ေလဆိပ္အခ်ိဳ႕မွာ နည္းပညာနဲ႔ လုပ္ငန္းလည္ပတ္မႈဆိုင္ရာ အေႏွာင့္အယွက္ၾကန႔္ၾကာမႈေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။

ဒီအတြက္ ဝန္ႀကီးဌာနက Microsoft နဲ႔ ၄င္းရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြကို ဆက္သြယ္ထားတယ္လို႔ ဆိုရွယ္မီဒီယာ X မွာ ပို႔စ္တစ္ခုနဲ႔ ေျပာၾကားခဲ့ပါတယ္။ "ဒီျပတ္ေတာက္ရတဲ့အေၾကာင္းရင္းကို ေဖာ္ထုတ္ထားၿပီး ျပႆနာကို ေျဖရွင္းဖို႔ အပ္ဒိတ္ေတြကိုလည္း ထုတ္ျပန္ထားပါတယ္"လို႔ အိႏၵိယ သတင္းအခ်က္အလက္နည္းပညာဆိုင္ရာဝန္ႀကီး အရွ္ဝီနီဖဗိုင္ရွိေနာ္က ေျပာၾကားခဲ့ပါတယ္။

ဒီျပႆနာေၾကာင့္ အြန္လိုင္းဘြတ္ကင္လုပ္ျခင္းနဲ႔ check-in လုပ္ေဆာင္ ခ်က္ေတြ စီမံခန႔္ခြဲျခင္း အပါအဝင္ အြန္လိုင္းဝန္ေဆာင္မႈေတြအေပၚ သက္ ေရာက္မႈရွိၿပီး နည္းပညာဆိုင္ရာ စိန္ေခၚမႈေတြ ႀကဳံေတြ႕ေနရတယ္လို႔ အိႏၵိယေလေၾကာင္းလိုင္း SpiceJet က ဆိုရွယ္မီဒီယာပလပ္ေဖာင္း X မွာ ေျပာၾကားခဲ့ပါတယ္။ အထူးသျဖင့္ Indigo၊ Akasa Air၊ Vistara၊ Air India နဲ႔ Air India Express ေလေၾကာင္းလိုင္း၊ နယူးေဒလီ၊ ဘန္ဂါလူ႐ူ၊ ခ်န္ႏိုင္းႏွင့္ မြမ္ဘိုင္းေလဆိပ္ေတြမွာ IT ျပႆနာေတြနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဝန္ေဆာင္မႈအခ်ိဳ႕ ယာယီထိခိုက္ခဲ့တယ္လို႔ သိရပါတယ္။ အိႏၵိယရဲ႕ ဘဏ္လည္ပတ္မႈေတြမွာေတာ့ IT ျပႆနာနဲ႔ပတ္သက္ၿပီး ထိခိုက္မႈမရွိခဲ့ပဲ ႏိုင္ငံျခားေငြလဲလွယ္မႈေတြလည္း ဆက္လက္လုပ္ေဆာင္ႏိုင္တယ္လို႔ သိရပါတယ္။

ဇူလိုင္လ ၁၉ ရက္ေန႔ (ေသာၾကာေန႔) က Microsoft IT ျပႆနာေတြ စတင္ျဖစ္ခဲ့ၿပီး အေမရိကန္ ေလေၾကာင္းလိုင္းမွစကမာၻတစ္ဝန္းရွိ အျခားေလေၾကာင္းလိုင္းေတြ၊ ဘဏ္ေတြ၊ မီဒီယာေတြနဲ႔ ေဆး႐ုံအခ်ိဳ႕လည္း IT ျပတ္ေတာက္မႈေတြ ရွိခဲ့ပါတယ္။

Related news

© 2021. All rights reserved.