စင်ကာပူမှာ ခွေးကိုနှိပ်စက်တဲ့ မြန်မာအိမ်အကူ ထောင်ဒဏ်ချမှတ်ခံရ

 699

ရောင်နီ (NP News) - နိုဝင်ဘာ ၂၈

စင်ကာပူမှာ အလုပ်ရှင်ရဲ့ညွှန်ကြားချက်အတိုင်း ခွေးကိုနှိက်စက်ခဲ့တဲ့ မြန်မာအိမ်အကူ ဂျူနီလယ်အွန်ပိုင်ကို တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှု ၃ မှုနဲ့ အင်္ဂါနေ့ (နိုဝင်ဘာ ၂၆ ရက်) မှာ ထောင်ဒဏ် ၉ လ ချမှတ်ခဲ့ပါတယ်။

ယခုနှစ် အစောပိုင်းက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့ခဲ့တဲ့ဗီဒီယိုတစ်ခုအရ အိမ်အကူ ဂျူနီဟာ ခွေးကို တုတ်နဲ့ ၂ ကြိမ်ရိုက်နှက်ခဲ့ပြီး လသာဆောင်လက်ရန်းမှာ ကြိုးနဲ့ချည်နှောင်ထားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။တရားရုံးစာရွက်စာတမ်းတွေအရ ဂျူနီ(အသက် ၁၅ နှစ်) ဟာ ဟိုင် လို့ခေါ်တဲ့ အသက် ၃၇ နှစ်အရွယ် အမျိုးသမီးရဲ့အိမ်အကူဖြစ်ပြီး အိမ်ရှင်ရဲ့ခိုင်းစေမှုအရ လုပ်ဆောင်ရတယ်လို့ ဆိုပါတယ်။ ခွေးလေးကတော့ ဟိုင်ရဲ့ချစ်သူ အသက် ၄၃ နှစ်အရွယ် လဲ့ရဲ့ခွေးဖြစ်ပါတယ်။ ဒါအပြင် အဲဒီခွေးဟာ လဲ့ရဲ့အရင်ရည်းစားဟောင်းနဲ့အတူ မွေးထားတာဖြစ်ပြီး ယခင်က အရင်ရည်းစားဟောင်းအိမ်မှာ နေထိုင်တဲ့ခွေးဖြစ်ပါတယ်။ ဒါပေမယ့် လဲ့က ရည်းစားနဲ့ပြတ်ပြီးနောက် ခွေးကိုပြန်ခေါ်လာပြီး ဟိုင့်ကို မွေးစားဖို့ပေးခဲ့တာ ဖြစ်ပါတယ်။ ခွေးကတော့ တိရစ္ဆာန်ဆေးကုဆရာဝန်ရဲ့ပြောကြားချက်အရ ဦးခေါင်းကို ရိုက်နှက်ခံရခြင်းကြောင့် ပြင်းထန်ဝေဒနာခံစားခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဟိုင်ဟာ ဂျူနီကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၆ ရက်က အလုပ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အခုအမှုမှာတော့ ခွေးကိုနှိပ်စက်ဖို့ ခိုင်းစေခဲ့တဲ့အလုပ်ရှင်ကိုလည်း အရေးယူမှုတစ်စုံတစ်ရာ ရှိ၊ မရှိဆိုတာကို မသိရသေးပါဘူး။

Zawgyi Version;
စင္ကာပူမွာ ေခြးကိုႏွိပ္စက္တဲ့ ျမန္မာအိမ္အကူ ေထာင္ဒဏ္ခ်မွတ္ခံရ
ေရာင္နီ (NP News) - ႏိုဝင္ဘာ ၂၈

စင္ကာပူမွာ အလုပ္ရွင္ရဲ႕ၫႊန္ၾကားခ်က္အတိုင္း ေခြးကိုႏွိက္စက္ခဲ့တဲ့ ျမန္မာအိမ္အကူ ဂ်ဴနီလယ္အြန္ပိုင္ကို တိရစာၦန္ညႇင္းပန္းႏွိပ္စက္မႈ ၃ မႈနဲ႔ အဂၤါေန႔ (ႏိုဝင္ဘာ ၂၆ ရက္) မွာ ေထာင္ဒဏ္ ၉ လ ခ်မွတ္ခဲ့ပါတယ္။

ယခုႏွစ္ အေစာပိုင္းက ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ခဲ့တဲ့ဗီဒီယိုတစ္ခုအရ အိမ္အကူ ဂ်ဴနီဟာ ေခြးကို တုတ္နဲ႔ ၂ ႀကိမ္႐ိုက္ႏွက္ခဲ့ၿပီး လသာေဆာင္လက္ရန္းမွာ ႀကိဳးနဲ႔ခ်ည္ေႏွာင္ထားခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။တရား႐ုံးစာ႐ြက္စာတမ္းေတြအရ ဂ်ဴနီ(အသက္ ၁၅ ႏွစ္) ဟာ ဟိုင္ လို႔ေခၚတဲ့ အသက္ ၃၇ ႏွစ္အ႐ြယ္ အမ်ိဳးသမီးရဲ႕အိမ္အကူျဖစ္ၿပီး အိမ္ရွင္ရဲ႕ခိုင္းေစမႈအရ လုပ္ေဆာင္ရတယ္လို႔ ဆိုပါတယ္။ ေခြးေလးကေတာ့ ဟိုင္ရဲ႕ခ်စ္သူ အသက္ ၄၃ ႏွစ္အ႐ြယ္ လဲ့ရဲ႕ေခြးျဖစ္ပါတယ္။ ဒါအျပင္ အဲဒီေခြးဟာ လဲ့ရဲ႕အရင္ရည္းစားေဟာင္းနဲ႔အတူ ေမြးထားတာျဖစ္ၿပီး ယခင္က အရင္ရည္းစားေဟာင္းအိမ္မွာ ေနထိုင္တဲ့ေခြးျဖစ္ပါတယ္။ ဒါေပမယ့္ လဲ့က ရည္းစားနဲ႔ျပတ္ၿပီးေနာက္ ေခြးကိုျပန္ေခၚလာၿပီး ဟိုင့္ကို ေမြးစားဖို႔ေပးခဲ့တာ ျဖစ္ပါတယ္။ ေခြးကေတာ့ တိရစာၦန္ေဆးကုဆရာဝန္ရဲ႕ေျပာၾကားခ်က္အရ ဦးေခါင္းကို ႐ိုက္ႏွက္ခံရျခင္းေၾကာင့္ ျပင္းထန္ေဝဒနာခံစားခဲ့ရၿပီး ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

ဟိုင္ဟာ ဂ်ဴနီကို ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလ ၁၆ ရက္က အလုပ္ခန႔္အပ္ခဲ့တာျဖစ္ပါတယ္။ အခုအမႈမွာေတာ့ ေခြးကိုႏွိပ္စက္ဖို႔ ခိုင္းေစခဲ့တဲ့အလုပ္ရွင္ကိုလည္း အေရးယူမႈတစ္စုံတစ္ရာ ရွိ၊ မရွိဆိုတာကို မသိရေသးပါဘူး။

Related news

© 2021. All rights reserved.