လူမှုကွန်ယက် Facebook စာမျက်နှာတွင် (၈)ဆ(၁)ဆငွေတုရောင်သည်ဆိုကာ ငွေကြေးလိမ်လည်ခဲ့သူအမျိုးသမီးကို ဖမ်းဆီး

 323

နာမူ (NP News) - နိုဝင်ဘာ ၂၈

လူမှုကွန်ယက် Facebook စာမျက်နှာတွင် (၈)ဆ (၁) ဆငွေတုရောင်သည်ဆိုကာ ငွေကြေးလိမ်လည်ခဲ့သူအမျိုးသမီးကို ဖော်ထုတ်ဖမ်းဆီး ထားကြောင်း နစက၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ အမျိုးသမီးကို နိုဝင်ဘာလ ၁၇ ရက်၊ နံနက်ပိုင်းတွင် အခေါက်ရွှေရောင်းသူဝယ်သူအမည်ပါ လူမှုကွန်ယက် Facebook Group အတွင်း Amara Pan အမည်ပါ Facebook အကောင့်မှတဆင့် “ငွေတုရောင်းတယ် မှတ်ပုံတင်တဲ့ ရောင်းပေးတယ် လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင် မဝယ်ပါနဲ့ Viber / 09971007328 သို့ ဆက်သွယ်ပါ”ဟု စာသားဖြင့် ငွေစက္ကူအတုပုံများ ပိုစ့်တင်ထားမှုကို တွေ့ရှိရသဖြင့် စုံစမ်းဖော်ထုတ်မှုများလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထို့သို့ စုံစမ်းမှုများလုပ်ဆောင်ခဲ့ရာ Amara Pan အမည်ပါ Facebook အကောင့်ပိုင်ရှင်ဖြစ်သူမှာ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် နေထိုင်သည့် အသက်(၁၈)နှစ်အရွယ် မအေးအေးအောင် ဖြစ်ကြောင်းသိရှိခဲ့ရပြီး နိုဝင်ဘာလ ၂၄ ရက်၊ နံနက် ၉ နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်၌ ငွေကြေးလိမ်လည်ရယူခဲ့ရာ၌ အသုံးပြုခဲ့သော VIVO Y83 အမျိုးအစား အနီရောင်လက်ကိုင်ဖုန်း တစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကျူးလွန်သူ၏ ထွက်ဆိုချက်အရ ၎င်းသည် Amara Pan အမည်ပါ Facebook အကောင့်မှတဆင့် Facebook Group များအတွင်း “ငွေတု ရောင်းတယ် မှတ်ပုံတင်တဲ့ရောင်းပေးတယ် လူလိမ်မဟုတ်ပါ လူလိမ်ထင်ရင်မဝယ်ပါနဲ့ Viber/ 09971007328 သို့ ဆက်သွယ်ပါ”ဟု စာသားများ လိုက်လံရေးသား၍ ပိုစ့်များတင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် Viber မှတစ်ဆင့် ငွေစက္ကူအတုဝယ်ယူရန် ဆက်သွယ်လာသူများအား ငွေစက္ကူအစစ် တစ်ဆလျှင် ငွေစက္ကူအတု(၈)ဆရမည်ဖြစ်ကြောင်း၊ မြင်းခြံမြို့မှဆိုပါက အိမ်အရောက်ငွေချေပြုလုပ်၍ရကြောင်းနှင့် ကျန်မြို့များဖြစ်ပါက စရံတစ်ဝက်ပေးချေ၍ ငွေစက္ကူ အတုရရှိမှသာ ကျန်ငွေတစ်ဝက်အား ပေးချေ၍ရကြောင်း လိမ်လည်ခဲ့ကြောင်း သိရသည်။
ထို့နောက်အဆိုပါဖုန်းနံပါတ်ဖြင့် ဖွင့်လှစ်ထားသည့် Hnin Mya Wavepay အကောင့်အတွင်းသို့ ငွေလွှဲခိုင်းခဲ့ပြီး ငွေလွှဲရောက်ရှိပါက Viber အကောင့်အား Block ကာ ငွေကြေးများအား လိမ်လည်ရယူခဲ့ကြောင်း သိရသည်။
ထို့ကြောင့် ငွေတုများ ရောင်းသည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများပြုလုပ်ခဲ့သူ ကျူးလွန်သူ မအေးအေးအောင်ကို ဧည့်ဂေဟာနယ်မြေ ရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဂ)ဖြင့် အမှုဖွင့်အရေးယူထားရှိကြောင်းလည်း သိရသည်။

အလားတူ လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ကိုယ်ပိုင် Page များဖွင့်ကာ ငွေတုဝယ်ယူနိုင်သည်ဟုဆို၍ ငွေတုဝယ်လိုသူများထံမှ ငွေကြေးလိမ်လည်ရယူမှုများ ဖြစ်ပွားလျက်ရှိသဖြင့် အဆိုပါ အကောင့်ပိုင်ရှင်များကို ဖမ်းဆီးဖော်ထုတ်ရမိရေး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နည်းပညာအကူအညီရယူကာ အထူးအမှုစစ်အဖွဲ့များဖွဲ့စည်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

zawgyi version
လူမႈကြန္ယက္ Facebook စာမ်က္ႏွာတြင္ (၈)ဆ(၁)ဆေငြတုေရာင္သည္ဆိုကာ ေငြေၾကးလိမ္လည္ခဲ့သူအမ်ိဳးသမီးကို ဖမ္းဆီး
နာမူ (NP News) - ႏိုဝင္ဘာ ၂၈

လူမႈကြန္ယက္ Facebook စာမ်က္ႏွာတြင္ (၈)ဆ (၁) ဆေငြတုေရာင္သည္ဆိုကာ ေငြေၾကးလိမ္လည္ခဲ့သူအမ်ိဳးသမီးကို ေဖာ္ထုတ္ဖမ္းဆီး ထားေၾကာင္း နစက၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ အမ်ိဳးသမီးကို ႏိုဝင္ဘာလ ၁၇ ရက္၊ နံနက္ပိုင္းတြင္ အေခါက္ေ႐ႊေရာင္းသူဝယ္သူအမည္ပါ လူမႈကြန္ယက္ Facebook Group အတြင္း Amara Pan အမည္ပါ Facebook အေကာင့္မွတဆင့္ “ေငြတုေရာင္းတယ္ မွတ္ပုံတင္တဲ့ ေရာင္းေပးတယ္ လူလိမ္မဟုတ္ပါ လူလိမ္ထင္ရင္ မဝယ္ပါနဲ႔ Viber / 09971007328 သို႔ ဆက္သြယ္ပါ”ဟု စာသားျဖင့္ ေငြစကၠဴအတုပုံမ်ား ပိုစ့္တင္ထားမႈကို ေတြ႕ရွိရသျဖင့္ စုံစမ္းေဖာ္ထုတ္မႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

ထို႔သို႔ စုံစမ္းမႈမ်ားလုပ္ေဆာင္ခဲ့ရာ Amara Pan အမည္ပါ Facebook အေကာင့္ပိုင္ရွင္ျဖစ္သူမွာ ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္၊ ဇီးျဖဴကုန္းေက်း႐ြာတြင္ ေနထိုင္သည့္ အသက္(၁၈)ႏွစ္အ႐ြယ္ မေအးေအးေအာင္ ျဖစ္ေၾကာင္းသိရွိခဲ့ရၿပီး ႏိုဝင္ဘာလ ၂၄ ရက္၊ နံနက္ ၉ နာရီခြဲအခ်ိန္တြင္ ၎၏ေနအိမ္၌ ေငြေၾကးလိမ္လည္ရယူခဲ့ရာ၌ အသုံးျပဳခဲ့ေသာ VIVO Y83 အမ်ိဳးအစား အနီေရာင္လက္ကိုင္ဖုန္း တစ္လုံးႏွင့္အတူ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

က်ဴးလြန္သူ၏ ထြက္ဆိုခ်က္အရ ၎သည္ Amara Pan အမည္ပါ Facebook အေကာင့္မွတဆင့္ Facebook Group မ်ားအတြင္း “ေငြတု ေရာင္းတယ္ မွတ္ပုံတင္တဲ့ေရာင္းေပးတယ္ လူလိမ္မဟုတ္ပါ လူလိမ္ထင္ရင္မဝယ္ပါနဲ႔ Viber/ 09971007328 သို႔ ဆက္သြယ္ပါ”ဟု စာသားမ်ား လိုက္လံေရးသား၍ ပိုစ့္မ်ားတင္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ Viber မွတစ္ဆင့္ ေငြစကၠဴအတုဝယ္ယူရန္ ဆက္သြယ္လာသူမ်ားအား ေငြစကၠဴအစစ္ တစ္ဆလွ်င္ ေငြစကၠဴအတု(၈)ဆရမည္ျဖစ္ေၾကာင္း၊ ျမင္းၿခံၿမိဳ႕မွဆိုပါက အိမ္အေရာက္ေငြေခ်ျပဳလုပ္၍ရေၾကာင္းႏွင့္ က်န္ၿမိဳ႕မ်ားျဖစ္ပါက စရံတစ္ဝက္ေပးေခ်၍ ေငြစကၠဴ အတုရရွိမွသာ က်န္ေငြတစ္ဝက္အား ေပးေခ်၍ရေၾကာင္း လိမ္လည္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္အဆိုပါဖုန္းနံပါတ္ျဖင့္ ဖြင့္လွစ္ထားသည့္ Hnin Mya Wavepay အေကာင့္အတြင္းသို႔ ေငြလႊဲခိုင္းခဲ့ၿပီး ေငြလႊဲေရာက္ရွိပါက Viber အေကာင့္အား Block ကာ ေငြေၾကးမ်ားအား လိမ္လည္ရယူခဲ့ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ေငြတုမ်ား ေရာင္းသည္ဟုဆိုကာ ေငြေၾကးလိမ္လည္မႈမ်ားျပဳလုပ္ခဲ့သူ က်ဴးလြန္သူ မေအးေအးေအာင္ကို ဧည့္ေဂဟာနယ္ေျမ ရဲစခန္းတြင္ ဆက္သြယ္ေရးဥပေဒပုဒ္မ ၆၆(ဂ)ျဖင့္ အမႈဖြင့္အေရးယူထားရွိေၾကာင္းလည္း သိရသည္။

အလားတူ လူမႈကြန္ရက္စာမ်က္ႏွာမ်ားေပၚတြင္ ကိုယ္ပိုင္ Page မ်ားဖြင့္ကာ ေငြတုဝယ္ယူႏိုင္သည္ဟုဆို၍ ေငြတုဝယ္လိုသူမ်ားထံမွ ေငြေၾကးလိမ္လည္ရယူမႈမ်ား ျဖစ္ပြားလ်က္ရွိသျဖင့္ အဆိုပါ အေကာင့္ပိုင္ရွင္မ်ားကို ဖမ္းဆီးေဖာ္ထုတ္ရမိေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားမွ နည္းပညာအကူအညီရယူကာ အထူးအမႈစစ္အဖြဲ႕မ်ားဖြဲ႕စည္း၍ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.