အကြမ်းဖက်အားပေး၍ ပဋိပက္ခလှုံ့ဆော်မှုများ လုပ်ခဲ့သော ပြည်ပြေးသတင်းဌာန(၆)ခု၏ လေ့လာစောင့်ကြည့်မှုမှတ်တမ်း

 2161

NP News - နိုဝင်ဘာ ၂၈

(၁) Follower (၁၉)သန်းရှိသော VOA သည် တစ်ရက်ပျမ်းမျှသတင်း(၇)ပုဒ်နှုန်းဖြင့် ရက်ပေါင်း (၃၀)အတွင်း (၂၁၁)ပုဒ်ဖော်ပြခဲ့သည်။ ယင်းတွင် အချက်အလက်မခိုင်မာမှု(၁၂) ပုဒ်၊ အကြမ်းဖက်အားပေးမှု(၄)ပုဒ်နှင့် ပဋိပက္ခလှုံ့ ဆော်မှု(၅၃)ပုဒ် ပါဝင်ခဲ့သည်။ ဥပမာအားဖြင့် ‘‘လားရှိုးမြို့ပေါ်သို့ ဗုံးကြဲတိုက်ခိုက်မှု စစ်တပ်ဆက်လုပ်နေ”၊ ‘‘ သီတင်း ကျွတ်မှာရွာတွေ မီးရှို့ခံနေရတဲ့ ဘုတလင်” အစရှိသော ပဋိပက္ခလှုံ့ဆော် သတင်းများ၊ ရေဘေးကယ်ဆယ်ရေးသမားများ ဖမ်းဆီးငွေညှစ်ခံရသကဲ့သို့သော အချက်အလက်မခိုင်မာသည့်သတင်းများကို ရေးသားဖော်ပြခဲ့သည်။

(၂) RFA သတင်းဌာနသည် Follower (၁၄)သန်းကျော်ရှိထားပြီး တစ်ရက်ပျမ်းမျှ(၂၄)ပုဒ်ခန့်ဖြင့် ရက်(၃၀)အတွင်း(၇၂၃) ပုဒ် အထိဖော်ပြခဲ့သည်။ (၄၄၈)ပုဒ်သည် ပဋိပက္ခလှုံ့ဆော်ထားပြီး အချက်အလက်မခိုင်မာဘဲ (၂၄)ပုဒ်တိတိဖော်ပြထား သကဲ့သို့ အကြမ်းဖက်အားပေးမှုအဖြစ်(၃၀)ပုဒ် ပါဝင်ခဲ့သည်။ ဥပမာအားဖြင့် ဘုတလင်၌စစ်ကြောင်းထိုးချိန် ဒေသခံ (၅၀)ခန့် ဖမ်းဆီးခံထားရဟူ၍ အချက်အလက်မခိုင်မာဘဲ ရေးသားထားခြင်းမျိုးများ မြင်တွေ့ရသည်။

(၃) Myanmar Now သည် Follower (၆)သန်းကျော်ရှိပြီး ရက်(၃၀)အတွင်း (၁၅၇)ပုဒ် ဖော်ပြထားသည်။ ပဋိပက္ခလှုံ့ဆော်မှုအဖြစ်(၈၀)ပုဒ်၊ အကြမ်းဖက်အားပေးအဖြစ်(၈၈)ပုဒ် ရေးသားခဲ့သည်။ ဒေါက်တာ ဇော်မြင့်မောင် သေဆုံးမှုအတွက် စစ်တပ်ကို အပြစ်တင်ထားပြီး ပဋိပက္ခဖြစ်စေရန်လှုံ့ဆော်ထားသကဲ့သို့ သန်းခေါင်စာရင်းကောက် ယူခြင်းကို ဗိုလ်ချုပ်မှူးကြီး၏ အာဏာတည်မြဲရေးအတွက်ဟု ဇောင်းပေးရေးသားမှုများ ရှိခဲ့သည်။

(၄) Follower (၁၇)သန်းကျော်ရှိသော The Irrawaddy သည် ရက်(၃၀)အတွင်း သတင်း(၁၉၇)ပုဒ်ဖော်ပြခဲ့ပြီး ပဋိပက္ခလှုံ့ဆော်မှု (၆၁)ပုဒ်၊ အချက်အလက်မခိုင်မာမှု(၂၉)ပုဒ်နှင့် အကြမ်းဖက်အားပေးမှု(၇)ပုဒ်ရှိခဲ့သည်။ ဥပမာ အားဖြင့် ပြည်သူ့စစ်မှုထမ်းစုဆောင်းမှုကို ရည်ရွယ်ထိုးနှက်ခြင်း၊ ဘုတလင်သို့ တပ်မတော်စစ်ကြောင်းထွက်မှုကို လူထုထိတ်လန့်စေရန် ရေးသားခြင်းအပါအဝင် အကြမ်းဖက်သမားများ၏ အရေးသာမှုအချို့ကို ဇောင်းပေးရေးသားခြင်းများ ရှိခဲ့သည်။

(၅) Follower (၂၁) သန်းကျော်ရှိသော Mizzima သည် ရက်ပေါင်း(၃၀)အတွင်း (၅၆၂)ပုဒ်အထိဖော်ပြခဲ့ပြီး ပဋိပက္ခ လှုံ့ဆော်မှု(၁၈၄)ပုဒ်၊ အချက်အလက်မခိုင်မာမှု(၉၅)ပုဒ်နှင့် အကြမ်းဖက်အားပေးမှု(၁၁၁)ပုဒ်အထိ ရှိခဲ့သည်။ မအူပင်၌ PDF ဟု စွပ်စွဲဖမ်းဆီးထားသူ စစ်ကြောရေးတွင် သေဆုံးကြောင်း ပဋိပက္ခဖြစ်စေရန် ရည်ရွယ်ရေးသားသကဲ့သို့ မိုင်းနင်း မိသူ စစ်ရှောင်အရပ်သား ဆေးကုသခွင့်ပိတ်ခံရသဖြင့် သေဆုံးကြောင်းလည်း လှုံ့ဆော်ရေးသားသည်။ ရေဘေး အကူအညီများကို စစ်တပ်က ပိတ်ပင်နေသယောင် ဝါဒဖြန့်မှုများလည်း ရှိခဲ့သည်။

(၆) DVB သည် Follower သန်း(၂၀)ကျော်ရှိထားပြီး ရက်(၃၀)အတွင်း (၇၂၃)ပုဒ်အထိ ဖော်ပြမှုရှိခဲ့သည်။ ယင်းတွင် ပဋိပက္ခလှုံ့ဆော်အားပေးမှု(၄၁၈)ပုဒ်၊ အကြမ်းဖက်အားပေးမှု(၃၃)ပုဒ်နှင့် အချက်အလက် မခိုင်မာမှု(၆၀)ပုဒ်အထိ ပါဝင်ခဲ့သည်။ ဥပမာအားဖြင့် ဒေါက်တာဇော်မြင့်မောင်ကွယ်လွန်မှုသတင်းများကို လည်းကောင်း၊ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှုများကိုလည်းကောင်း လူထုဘက်က အုံကြွမှုဖြစ်စေရန် ပဋိ ပက္ခလှုံ့ဆော်မှုဆန်ဆန်ရေးသားခဲ့သည်။

ယခုဖော်ပြပါအချက်အလက်များသည် (၂၀၂၄) ခုနှစ် စက်တင်ဘာ(၂၁)ရက်မှ အောက်တိုဘာ(၂၀)ရက်အထိ နေ့စဉ်စောင့်ကြည့်ပြုစုထားသော စစ်တမ်းကိုအခြေခံပါသည်။

zawgyi version
အၾကမ္းဖက္အားေပး၍ ပဋိပကၡလႈံ႕ေဆာ္မႈမ်ား လုပ္ခဲ့ေသာ ျပည္ေျပးသတင္းဌာန(၆)ခု၏ ေလ့လာေစာင့္ၾကည့္မႈမွတ္တမ္း
NP News - ႏိုဝင္ဘာ ၂၈

(၁) Follower (၁၉)သန္းရွိေသာ VOA သည္ တစ္ရက္ပ်မ္းမွ်သတင္း(၇)ပုဒ္ႏႈန္းျဖင့္ ရက္ေပါင္း (၃၀)အတြင္း (၂၁၁)ပုဒ္ေဖာ္ျပခဲ့သည္။ ယင္းတြင္ အခ်က္အလက္မခိုင္မာမႈ(၁၂) ပုဒ္၊ အၾကမ္းဖက္အားေပးမႈ(၄)ပုဒ္ႏွင့္ ပဋိပကၡလႈံ႕ ေဆာ္မႈ(၅၃)ပုဒ္ ပါဝင္ခဲ့သည္။ ဥပမာအားျဖင့္ ‘‘လားရႈိးၿမိဳ႕ေပၚသို႔ ဗုံးႀကဲတိုက္ခိုက္မႈ စစ္တပ္ဆက္လုပ္ေန”၊ ‘‘ သီတင္း ကြၽတ္မွာ႐ြာေတြ မီးရႈိ႕ခံေနရတဲ့ ဘုတလင္” အစရွိေသာ ပဋိပကၡလႈံ႕ေဆာ္ သတင္းမ်ား၊ ေရေဘးကယ္ဆယ္ေရးသမားမ်ား ဖမ္းဆီးေငြညႇစ္ခံရသကဲ့သို႔ေသာ အခ်က္အလက္မခိုင္မာသည့္သတင္းမ်ားကို ေရးသားေဖာ္ျပခဲ့သည္။

(၂) RFA သတင္းဌာနသည္ Follower (၁၄)သန္းေက်ာ္ရွိထားၿပီး တစ္ရက္ပ်မ္းမွ်(၂၄)ပုဒ္ခန႔္ျဖင့္ ရက္(၃၀)အတြင္း(၇၂၃) ပုဒ္ အထိေဖာ္ျပခဲ့သည္။ (၄၄၈)ပုဒ္သည္ ပဋိပကၡလႈံ႕ေဆာ္ထားၿပီး အခ်က္အလက္မခိုင္မာဘဲ (၂၄)ပုဒ္တိတိေဖာ္ျပထား သကဲ့သို႔ အၾကမ္းဖက္အားေပးမႈအျဖစ္(၃၀)ပုဒ္ ပါဝင္ခဲ့သည္။ ဥပမာအားျဖင့္ ဘုတလင္၌စစ္ေၾကာင္းထိုးခ်ိန္ ေဒသခံ (၅၀)ခန႔္ ဖမ္းဆီးခံထားရဟူ၍ အခ်က္အလက္မခိုင္မာဘဲ ေရးသားထားျခင္းမ်ိဳးမ်ား ျမင္ေတြ႕ရသည္။

(၃) Myanmar Now သည္ Follower (၆)သန္းေက်ာ္ရွိၿပီး ရက္(၃၀)အတြင္း (၁၅၇)ပုဒ္ ေဖာ္ျပထားသည္။ ပဋိပကၡလႈံ႕ေဆာ္မႈအျဖစ္(၈၀)ပုဒ္၊ အၾကမ္းဖက္အားေပးအျဖစ္(၈၈)ပုဒ္ ေရးသားခဲ့သည္။ ေဒါက္တာ ေဇာ္ျမင့္ေမာင္ ေသဆုံးမႈအတြက္ စစ္တပ္ကို အျပစ္တင္ထားၿပီး ပဋိပကၡျဖစ္ေစရန္လႈံ႕ေဆာ္ထားသကဲ့သို႔ သန္းေခါင္စာရင္းေကာက္ ယူျခင္းကို ဗိုလ္ခ်ဳပ္မႉးႀကီး၏ အာဏာတည္ၿမဲေရးအတြက္ဟု ေဇာင္းေပးေရးသားမႈမ်ား ရွိခဲ့သည္။

(၄) Follower (၁၇)သန္းေက်ာ္ရွိေသာ The Irrawaddy သည္ ရက္(၃၀)အတြင္း သတင္း(၁၉၇)ပုဒ္ေဖာ္ျပခဲ့ၿပီး ပဋိပကၡလႈံ႕ေဆာ္မႈ (၆၁)ပုဒ္၊ အခ်က္အလက္မခိုင္မာမႈ(၂၉)ပုဒ္ႏွင့္ အၾကမ္းဖက္အားေပးမႈ(၇)ပုဒ္ရွိခဲ့သည္။ ဥပမာ အားျဖင့္ ျပည္သူ႔စစ္မႈထမ္းစုေဆာင္းမႈကို ရည္႐ြယ္ထိုးႏွက္ျခင္း၊ ဘုတလင္သို႔ တပ္မေတာ္စစ္ေၾကာင္းထြက္မႈကို လူထုထိတ္လန႔္ေစရန္ ေရးသားျခင္းအပါအဝင္ အၾကမ္းဖက္သမားမ်ား၏ အေရးသာမႈအခ်ိဳ႕ကို ေဇာင္းေပးေရးသားျခင္းမ်ား ရွိခဲ့သည္။

(၅) Follower (၂၁) သန္းေက်ာ္ရွိေသာ Mizzima သည္ ရက္ေပါင္း(၃၀)အတြင္း (၅၆၂)ပုဒ္အထိေဖာ္ျပခဲ့ၿပီး ပဋိပကၡ လႈံ႕ေဆာ္မႈ(၁၈၄)ပုဒ္၊ အခ်က္အလက္မခိုင္မာမႈ(၉၅)ပုဒ္ႏွင့္ အၾကမ္းဖက္အားေပးမႈ(၁၁၁)ပုဒ္အထိ ရွိခဲ့သည္။ မအူပင္၌ PDF ဟု စြပ္စြဲဖမ္းဆီးထားသူ စစ္ေၾကာေရးတြင္ ေသဆုံးေၾကာင္း ပဋိပကၡျဖစ္ေစရန္ ရည္႐ြယ္ေရးသားသကဲ့သို႔ မိုင္းနင္း မိသူ စစ္ေရွာင္အရပ္သား ေဆးကုသခြင့္ပိတ္ခံရသျဖင့္ ေသဆုံးေၾကာင္းလည္း လႈံ႕ေဆာ္ေရးသားသည္။ ေရေဘး အကူအညီမ်ားကို စစ္တပ္က ပိတ္ပင္ေနသေယာင္ ဝါဒျဖန႔္မႈမ်ားလည္း ရွိခဲ့သည္။

(၆) DVB သည္ Follower သန္း(၂၀)ေက်ာ္ရွိထားၿပီး ရက္(၃၀)အတြင္း (၇၂၃)ပုဒ္အထိ ေဖာ္ျပမႈရွိခဲ့သည္။ ယင္းတြင္ ပဋိပကၡလႈံ႕ေဆာ္အားေပးမႈ(၄၁၈)ပုဒ္၊ အၾကမ္းဖက္အားေပးမႈ(၃၃)ပုဒ္ႏွင့္ အခ်က္အလက္ မခိုင္မာမႈ(၆၀)ပုဒ္အထိ ပါဝင္ခဲ့သည္။ ဥပမာအားျဖင့္ ေဒါက္တာေဇာ္ျမင့္ေမာင္ကြယ္လြန္မႈသတင္းမ်ားကို လည္းေကာင္း၊ ျပည္ပထြက္ခြာ အလုပ္လုပ္ကိုင္မႈမ်ားကိုလည္းေကာင္း လူထုဘက္က အုံႂကြမႈျဖစ္ေစရန္ ပဋိ ပကၡလႈံ႕ေဆာ္မႈဆန္ဆန္ေရးသားခဲ့သည္။

ယခုေဖာ္ျပပါအခ်က္အလက္မ်ားသည္ (၂၀၂၄) ခုႏွစ္ စက္တင္ဘာ(၂၁)ရက္မွ ေအာက္တိုဘာ(၂၀)ရက္အထိ ေန႔စဥ္ေစာင့္ၾကည့္ျပဳစုထားေသာ စစ္တမ္းကိုအေျခခံပါသည္။

Related news

© 2021. All rights reserved.