တရုတ်သမ္မတရှီကျင့်ဖျင်နှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့(၆)နှစ်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမည်

 115

ဂျန်ဇက် (NP News) - အောက်တိုဘာ ၂၇
တရုတ်နှင့်အမေရိကန်နိုင်ငံကြား ကုန်သွယ် ရေးစစ်ပွဲဖြစ်ပွားနေချိန်မှာပဲ အမေရိကန်သမ္မတ ဒေါ် နယ်ထရမ့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် အောက်တိုဘာလ (၃၀)ရက်၌တောင်ကိုရီးယားနိုင်ငံတွင် တွေ့ဆုံဆွေးနွေးမည်ဖြစ် ကြောင်းသိရသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့တွေ့ဆုံဆွေးနွေးမှုသည် (၂၀၁၉)ခုနှစ် နောက်ပိုင်း ပထမဆုံးတွေ့ဆုံဆွေးနွေး မှုဖြစ်ကြောင်းသိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် လာမည့် သီတင်းပတ်အတွင်း အာရှတိုက်အတွင်းသို့ ချစ်ကြည်ရေးခရီးသွားရောက်မည်ဖြစ်ရာ တရုတ်သမ္မတနှင့် တွေ့ဆုံ ဆွေးနွေး ဖွယ်ရှိနေကြောင်း၊ အမေရိကန်အစိုးရအဖွဲ့အိမ်ဖြူတော်၏ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်လက်ဗစ်က ကပြော သည်။
အမေရိကန်သမ္မတသည် မလေးရှားနိုင်ငံ တွင်ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက် မည်ဖြစ်သလို အာရှ-ပစိဖိတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အေပက်ထိပ်သီးအစည်းအဝေးများကိုလည်း တက်ရောက် မည်ဖြစ်သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တောင်ကိုရီးယားနိုင်ငံတွင်ကျင်းပမည့် အေပက်ထိပ်သီးအစည်း အဝေး၌ တရုတ်သမ္မတနှင့်တွေ့ဆုံဆွေး နွေးမည်ဖြစ်သော်လည်း အသေးစိတ်အခြေနေများကို အိမ်ဖြူတော်၏ သတင်း ထုတ်ပြန်ရေးအဖွဲ့ခေါင်း ဆောင်က ပြောဆိုခြင်းမရှိခဲ့ကြောင်းသိရသည်။
တရုတ်နှင့်အမေရိကန်နိုင်ငံတို့သည် လက် ရှိအချိန်တွင် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားနေပြီး အမေ ရိကန်သမ္မတက တရုတ်ကုန်စည်များကို နိုဝင်ဘာလမှ စတင်ပြီး အခွန် (၁၀ဝ)ရာခိုင်နှုန်းကျော်အထိ တိုးမြှင့်ကောက်ခံမည်ဟု မကြာသေး မီက ပြောဆိုခဲ့ဖူးသည်။ တရုတ်အစိုးရကလည်း အမေရိကန်နိုင်ငံသို့တင်ပို့နေ သော ရှားပါးမြေသယံဇာတတင်ပို့မှုများကို ကန့်သတ် မည်ဖြစ်ကြောင်းပြောဆိုထားသည်။
အမေရိကန်သမ္မတက တရုတ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးချိန်အတွင်း ကုန်သွယ်ရေးမှသည် နျူကလီးယား ကိစ္စများအထိ ဆွေးနွေးမည်ဖြစ်သလို ရုရှားနိုင်ငံထံမှ တရုတ်အစိုးရ၏ စွမ်းအင်ဝယ်ယူခြင်း များလည်း ပါဝင်မည်ဖြစ် ကြောင်းပြောသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်သမ္မတအဖြစ်တာဝန်ယူပြီးနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ယခုနှစ်အတွင်း သုံးကြိမ် ဖုန်းဆက်ဆွေးနွေးခဲ့ဖူးသော်လည်း တောင်ကိုရီးယားနိုင်ငံတွင်တွေ့ဆုံမှုက ယခုနှစ်အတွင်း ပထဆုံးအကြိမ်တွေ့ဆုံဆွေးနွေးမှုဖြစ်ဖွယ်ရှိနေသည်။

Zawgyi Version:
တ႐ုတ္သမၼတရွီက်င့္ဖ်င္ႏွင့္ အေမရိကန္သမၼတေဒၚနယ္ထရမ့္တို႔(၆)ႏွစ္အတြင္း ပထမဆုံးအႀကိမ္ေတြ႕ဆုံေဆြးေႏြး မည္
ဂ်န္ဇက္ (NP News) - ေအာက္တိုဘာ ၂၇
တ႐ုတ္ႏွင့္အေမရိကန္ႏိုင္ငံၾကား ကုန္သြယ္ ေရးစစ္ပြဲျဖစ္ပြားေနခ်ိန္မွာပဲ အေမရိကန္သမၼတ ေဒၚ နယ္ထရမ့္ႏွင့္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္တို႔သည္ ေအာက္တိုဘာလ (၃၀)ရက္၌ေတာင္ကိုရီးယားႏိုင္ငံတြင္ ေတြ႕ဆုံေဆြးေႏြးမည္ျဖစ္ ေၾကာင္းသိရသည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ႏွင့္ တ႐ုတ္သမၼတရွီက်င့္ဖ်င္တို႔ေတြ႕ဆုံေဆြးေႏြးမႈသည္ (၂၀၁၉)ခုႏွစ္ ေနာက္ပိုင္း ပထမဆုံးေတြ႕ဆုံေဆြးေႏြး မႈျဖစ္ေၾကာင္းသိရသည္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ လာမည့္ သီတင္းပတ္အတြင္း အာရွတိုက္အတြင္းသို႔ ခ်စ္ၾကည္ေရးခရီးသြားေရာက္မည္ျဖစ္ရာ တ႐ုတ္သမၼတႏွင့္ ေတြ႕ဆုံ ေဆြးေႏြး ဖြယ္ရွိေနေၾကာင္း၊ အေမရိကန္အစိုးရအဖြဲ႕အိမ္ျဖဴေတာ္၏ သတင္းထုတ္ျပန္ေရးအဖြဲ႕ေခါင္းေဆာင္လက္ဗစ္က ကေျပာ သည္။
အေမရိကန္သမၼတသည္ မေလးရွားႏိုင္ငံ တြင္က်င္းပမည့္ အာဆီယံထိပ္သီးအစည္းအေဝးကို တက္ေရာက္ မည္ျဖစ္သလို အာရွ-ပစိဖိတ္စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ ေအပက္ထိပ္သီးအစည္းအေဝးမ်ားကိုလည္း တက္ေရာက္ မည္ျဖစ္သည္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ ေတာင္ကိုရီးယားႏိုင္ငံတြင္က်င္းပမည့္ ေအပက္ထိပ္သီးအစည္း အေဝး၌ တ႐ုတ္သမၼတႏွင့္ေတြ႕ဆုံေဆြး ေႏြးမည္ျဖစ္ေသာ္လည္း အေသးစိတ္အေျခေနမ်ားကို အိမ္ျဖဴေတာ္၏ သတင္း ထုတ္ျပန္ေရးအဖြဲ႕ေခါင္း ေဆာင္က ေျပာဆိုျခင္းမရွိခဲ့ေၾကာင္းသိရသည္။
တ႐ုတ္ႏွင့္အေမရိကန္ႏိုင္ငံတို႔သည္ လက္ ရွိအခ်ိန္တြင္ ကုန္သြယ္ေရးစစ္ပြဲျဖစ္ပြားေနၿပီး အေမ ရိကန္သမၼတက တ႐ုတ္ကုန္စည္မ်ားကို ႏိုဝင္ဘာလမွ စတင္ၿပီး အခြန္ (၁၀ဝ)ရာခိုင္ႏႈန္းေက်ာ္အထိ တိုးျမႇင့္ေကာက္ခံမည္ဟု မၾကာေသး မီက ေျပာဆိုခဲ့ဖူးသည္။ တ႐ုတ္အစိုးရကလည္း အေမရိကန္ႏိုင္ငံသို႔တင္ပို႔ေန ေသာ ရွားပါးေျမသယံဇာတတင္ပို႔မႈမ်ားကို ကန႔္သတ္ မည္ျဖစ္ေၾကာင္းေျပာဆိုထားသည္။
အေမရိကန္သမၼတက တ႐ုတ္သမၼတႏွင့္ ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း ကုန္သြယ္ေရးမွသည္ န်ဴကလီးယား ကိစၥမ်ားအထိ ေဆြးေႏြးမည္ျဖစ္သလို ႐ုရွားႏိုင္ငံထံမွ တ႐ုတ္အစိုးရ၏ စြမ္းအင္ဝယ္ယူျခင္း မ်ားလည္း ပါဝင္မည္ျဖစ္ ေၾကာင္းေျပာသည္။ ေဒၚနယ္ထရမ့္သည္ အေမရိကန္သမၼတအျဖစ္တာဝန္ယူၿပီးေနာက္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ႏွင့္ ယခုႏွစ္အတြင္း သုံးႀကိမ္ ဖုန္းဆက္ေဆြးေႏြးခဲ့ဖူးေသာ္လည္း ေတာင္ကိုရီးယားႏိုင္ငံတြင္ေတြ႕ဆုံမႈက ယခုႏွစ္အတြင္း ပထဆုံးအႀကိမ္ေတြ႕ဆုံေဆြးေႏြးမႈျဖစ္ဖြယ္ရွိေနသည္။

Related news

© 2021. All rights reserved.