အမေရိကန်-တရုတ်ကုန်သွယ်ရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး တရုတ်(တိုင်ပေ)က စိုးရိမ်စရာမလိုဘူးလို့ အမေရိကန်ပြော

 96

Pika (NP News) - အောက်တိုဘာ ၂၇

မလေးရှားနိုင်ငံမှာ ကျင်းပမယ့် တရုတ်-အမေရိကန်ကုန်သွယ်ရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး တရုတ်(တိုင်ပေ) အစိုးရက စိုးရိမ်စရာမလိုဘူးလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မာကိုရူဘီအိုက “ကျွန်တော်တို့ဟာ တရုတ်နဲ့ကုန်သွယ်ရေး သဘောတူညီချက်တစ်ခုခုရရှိသွားတာမျိုး ဒါမှမဟုတ် ကုန်သွယ်ရေးတွေမှာ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတစ်ခုရရှိစေဖို့အတွက် တရုတ်(တိုင်ပေ)ရဲ့ အဝေးကို အမေရိကန်က ထွက်သွားတာမျိုး လုပ်ဆောင်သွားမှာနဲ့ပတ်သက်ပြီး တရုတ်(တိုင်ပေ)အစိုးရက စိုးရိမ်နေတာပါ။ ဒါပေမယ့်လည်း အဲဒီလိုမျိုးတွေဖြစ်လာလိမ့်မယ်လို့တော့ ကျွန်တော်မထင်ပါဘူး” လို့ ပြောခဲ့ပါတယ်။
မာကိုရူဘီအိုဟာ အာရှကိုသွားရောက်လည်ပတ်နေတဲ့ခရီးစဉ်အတွင်း ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်လို့ လည်း သိရပါတယ်။ မာကိုရူဘီအိုက “ဘယ်သူကမှ အဲ့ဒီလိုမျိုးလုပ်ဆောင်ဖို့ စဉ်းစားမနေပါဘူး” လို့ ပြောခဲ့ပါတယ်။
အမေရိကန်နိုင်ငံဟာ တရုတ်(တိုင်ပေ)ကျွန်းနဲ့ တရားဝင်သံတမန်ဆက်ဆံရေးတွေမရှိပေမယ့်လည်း ကျွန်းရဲ့ အရေးအပါဆုံး နိုင်ငံတကာကျောထောက်နောက်ခံနိုင်ငံအဖြစ် ရပ်တည်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် အမေရိကန်နိုင်ငံဟာ တရုတ်(တိုင်ပေ)အစိုးရက ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်နိုင်ရန်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ အတူ စစ်လက်နက်ပစ္စည်းထောက်ပံ့ပေးမှုတွေကို လုပ်ဆောင်လျက်ရှိတယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေမရိကန္-တ႐ုတ္ကုန္သြယ္ေရးေဆြးေႏြးပြဲေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္(တိုင္ေပ)က စိုးရိမ္စရာမလိုဘူးလို႔ အေမရိကန္ေျပာ
Pika (NP News) - ေအာက္တိုဘာ ၂၇
မေလးရွားႏိုင္ငံမွာ က်င္းပမယ့္ တ႐ုတ္-အေမရိကန္ကုန္သြယ္ေရးေဆြးေႏြးပြဲေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္(တိုင္ေပ) အစိုးရက စိုးရိမ္စရာမလိုဘူးလို႔ အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။ မာကို႐ူဘီအိုက “ကြၽန္ေတာ္တို႔ဟာ တ႐ုတ္နဲ႔ကုန္သြယ္ေရး သေဘာတူညီခ်က္တစ္ခုခုရရွိသြားတာမ်ိဳး ဒါမွမဟုတ္ ကုန္သြယ္ေရးေတြမွာ အျပဳသေဘာေဆာင္တဲ့ ဆက္ဆံမႈတစ္ခုရရွိေစဖို႔အတြက္ တ႐ုတ္(တိုင္ေပ)ရဲ႕ အေဝးကို အေမရိကန္က ထြက္သြားတာမ်ိဳး လုပ္ေဆာင္သြားမွာနဲ႔ပတ္သက္ၿပီး တ႐ုတ္(တိုင္ေပ)အစိုးရက စိုးရိမ္ေနတာပါ။ ဒါေပမယ့္လည္း အဲဒီလိုမ်ိဳးေတြျဖစ္လာလိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္မထင္ပါဘူး” လို႔ ေျပာခဲ့ပါတယ္။
မာကို႐ူဘီအိုဟာ အာရွကိုသြားေရာက္လည္ပတ္ေနတဲ့ခရီးစဥ္အတြင္း ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္လို႔ လည္း သိရပါတယ္။ မာကို႐ူဘီအိုက “ဘယ္သူကမွ အဲ့ဒီလိုမ်ိဳးလုပ္ေဆာင္ဖို႔ စဥ္းစားမေနပါဘူး” လို႔ ေျပာခဲ့ပါတယ္။
အေမရိကန္ႏိုင္ငံဟာ တ႐ုတ္(တိုင္ေပ)ကြၽန္းနဲ႔ တရားဝင္သံတမန္ဆက္ဆံေရးေတြမရွိေပမယ့္လည္း ကြၽန္းရဲ႕ အေရးအပါဆုံး ႏိုင္ငံတကာေက်ာေထာက္ေနာက္ခံႏိုင္ငံအျဖစ္ ရပ္တည္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ အေမရိကန္ႏိုင္ငံဟာ တ႐ုတ္(တိုင္ေပ)အစိုးရက ကိုယ့္ကိုယ္ကိုယ္ ခုခံကာကြယ္ႏိုင္ရန္ဆိုတဲ့ ေျပာဆိုခ်က္ေတြနဲ႔ အတူ စစ္လက္နက္ပစၥည္းေထာက္ပံ့ေပးမႈေတြကို လုပ္ေဆာင္လ်က္ရွိတယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.