နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှု တတိယအဆင့်ကို စတင်လိုက်ပြီလို့ ရုရှားစစ်ဘက် သတင်းထုတ်ပြန်
2720
Pika (NP News) - ဇူလိုင် ၃၁
မဟာဗျူဟာမြောက်နျူကလီးယားလက်နက်အသုံးပြုမှု စစ်ရေးလေ့ကျင့်မှု တတိယအဆင့်ကို စတင်လုပ်ဆောင်ခဲ့တယ်လို့ ရုရှားအစိုးရက ဇူလိုင်လ (၃၁)ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အဲဒီစစ်ရေးလေ့ကျင့်မှုတွေကို မြောက်ကော့ကေးဆပ်ဒေသက နေရာအများအပြားနဲ့ ခရိုင်းမီးယားကျွန်းဆွယ်အပြင် ရုရှားနဲ့ပူးပေါင်းခဲ့တဲ့ ဒေသလေးခုပါဝင်တဲ့ အလယ်ပိုင်းနဲ့တောင်းပိုင်းစစ်ဘက်ခရိုင်တွေမှာ လုပ်ဆောင်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားထားပါတယ်။ ရုရှားစစ်တပ်ရဲ့စစ်ဆင်ရေးအတွက် ဌာနချုပ်ရှိရာမြို့ဖြစ်တဲ့ Rostov-on-Don မြို့လည်း ပါဝင်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနက 'မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့တွေရဲ့တတိယအဆင့် စစ်ရေးလေ့ကျင့်မှုကို စတင်နေပါပြီ”လို့ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ စစ်ရေးလေ့ကျင့်မှုအတွင်း Iskander-M ဒုံးကျည်စနစ်တွေနဲ့ အမျိုးမျိုးသောလေယာဉ်တွေပါဝင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားထားပါတယ်။ ဒါ့ပြင် စစ်ရေးလေ့ကျင့်မှုမှာပါဝင်တဲ့ စစ်သားတွေဟာ အထူးခဲယမ်းမီးကျည်တွေ လက်ခံရရှိတာတွေအပြင် ဒုံးကျည်စနစ်တွေနဲ့ လေယာဉ်တွေမှာ တပ်ဆင်ခြင်းဆိုင်ရာ လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အနောက်အုပ်စုနိုင်ငံတွေနဲ့ ခြိမ်းခြောက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ နျူကလီးယားလက်နက် စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ဖို့ ရုရှားသမ္မတပူတင်က ပြီးခဲ့တဲ့မေလအစောပိုင်းမှာ အမိန့်ပေးခဲ့တာလည်းဖြစ်ပါတယ်။
zawgyi version
န်ဴကလီးယားလက္နက္ စစ္ေရးေလ့က်င့္မႈ တတိယအဆင့္ကို စတင္လိုက္ၿပီလို႔ ႐ုရွားစစ္ဘက္ သတင္းထုတ္ျပန္
Pika (NP News) - ဇူလိုင္ ၃၁
မဟာဗ်ဴဟာေျမာက္န်ဴကလီးယားလက္နက္အသုံးျပဳမႈ စစ္ေရးေလ့က်င့္မႈ တတိယအဆင့္ကို စတင္လုပ္ေဆာင္ခဲ့တယ္လို႔ ႐ုရွားအစိုးရက ဇူလိုင္လ (၃၁)ရက္ေန႔မွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
အဲဒီစစ္ေရးေလ့က်င့္မႈေတြကို ေျမာက္ေကာ့ေကးဆပ္ေဒသက ေနရာအမ်ားအျပားနဲ႔ ခ႐ိုင္းမီးယားကြၽန္းဆြယ္အျပင္ ႐ုရွားနဲ႔ပူးေပါင္းခဲ့တဲ့ ေဒသေလးခုပါဝင္တဲ့ အလယ္ပိုင္းနဲ႔ေတာင္းပိုင္းစစ္ဘက္ခ႐ိုင္ေတြမွာ လုပ္ေဆာင္ေနတယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားထားပါတယ္။ ႐ုရွားစစ္တပ္ရဲ႕စစ္ဆင္ေရးအတြက္ ဌာနခ်ဳပ္ရွိရာၿမိဳ႕ျဖစ္တဲ့ Rostov-on-Don ၿမိဳ႕လည္း ပါဝင္တယ္လို႔ ႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားထားပါတယ္။
႐ုရွားကာကြယ္ေရးဝန္ႀကီးဌာနက 'မဟာဗ်ဴဟာေျမာက္ န်ဴကလီးယားတပ္ဖြဲ႕ေတြရဲ႕တတိယအဆင့္ စစ္ေရးေလ့က်င့္မႈကို စတင္ေနပါၿပီ”လို႔ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ စစ္ေရးေလ့က်င့္မႈအတြင္း Iskander-M ဒုံးက်ည္စနစ္ေတြနဲ႔ အမ်ိဳးမ်ိဳးေသာေလယာဥ္ေတြပါဝင္တယ္လို႔ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားထားပါတယ္။ ဒါ့ျပင္ စစ္ေရးေလ့က်င့္မႈမွာပါဝင္တဲ့ စစ္သားေတြဟာ အထူးခဲယမ္းမီးက်ည္ေတြ လက္ခံရရွိတာေတြအျပင္ ဒုံးက်ည္စနစ္ေတြနဲ႔ ေလယာဥ္ေတြမွာ တပ္ဆင္ျခင္းဆိုင္ရာ ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္ရမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
အေနာက္အုပ္စုႏိုင္ငံေတြနဲ႔ ၿခိမ္းေျခာက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ န်ဴကလီးယားလက္နက္ စစ္ေရးေလ့က်င့္မႈေတြျပဳလုပ္ဖို႔ ႐ုရွားသမၼတပူတင္က ၿပီးခဲ့တဲ့ေမလအေစာပိုင္းမွာ အမိန႔္ေပးခဲ့တာလည္းျဖစ္ပါတယ္။