ဘတ်ဂျက်သုံးစွဲရာတွင် ငွေရှိမှသာ သုံးစွဲနိုင်မည်ဖြစ်သဖြင့် အခွန်အခများပြည့်ပြည့်ဝဝရရှိရန်လိုကြောင်း နစကဥက္ကဋ္ဌ ပြော
119
ယွန်း (NP News) - နိုဝင်ဘာ ၂၈
ဘတ်ဂျက်သုံးစွဲရာတွင် ငွေရှိမှသာ သုံးစွဲနိုင်မည်ဖြစ်သဖြင့် အခွန်အခများ ပြည့်ပြည့်ဝဝရရှိရန် လိုကြောင်း နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အသိပေးပြောကြားသည်။
ယမန်နေ့ (နိုဝင်ဘာ ၂၇ ရက်)က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
အဆိုပါအစည်အဝေးတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။
အသုံးစရိတ်များပိုမိုသုံးစွဲခြင်းဖြင့် ကုန်ထုတ်လုပ်မှုတိုးတက်ခြင်း၊ ပြည်တွင်းစားသုံးမှုအတွက် အထောက်အကူပြုခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများပေါ်ပေါက်ခြင်း၊ ကုန်စည်ကူးသန်းရောင်းဝယ်မှုများ တိုးတက်စေမည့်အပြင် ပုဂ္ဂလိက ကဏ္ဍ၏ ဝယ်လိုအား တိုးတက်စေနိုင်ခြင်းကြောင့် နိုင်ငံ့စီးပွားပြန် လည်တိုးတက်လာစေနိုင်ကြောင်း နစကဥက္ကဋ္ဌက အစည်းအဝေးတွင် ပြော သည်။
ထိုသို့ ဘတ်ဂျက်သုံးစွဲရာတွင် ငွေရှိမှသာ သုံးစွဲနိုင်မည်ဖြစ်သဖြင့် အခွန်အခများ ပြည့်ပြည့်ဝဝရရှိရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
ထို့ပြင် သဘာဝဘေးအန္တရာယ်နှင့် လူတို့ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန်အတွက် လိုအပ်သည့်ဘတ်ဂျက်ငွေများကိုလည်း ချထားပေးမည်ဖြစ်ပြီး ထည့်သွင်းတွက်ချက်ဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောသည်။
ကုန်ထုတ်လုပ်မှုလုပ်ငန်းများရှိမှသာလျှင် အခွန်အခများလည်း ရရှိမည်ဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အောင်မြင်ရန် စနစ်တကျကြပ်မတ် ဆောင် ရွက်နိုင်ရေးကိုလည်း တိုက်တွန်းထားသည်။
ထို့ကြောင့် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အလျင်အမြန်အထောက်အကူပြုမည့် လုပ် ငန်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးမည့်လုပ်ငန်းများတွင် ထိရောက်စွာ စိစစ်သုံးစွဲရန် အသိပေးပြောကြားသည်။
zawgyi version
ဘတ္ဂ်က္သုံးစြဲရာတြင္ ေငြရွိမွသာ သုံးစြဲႏိုင္မည္ျဖစ္သျဖင့္ အခြန္အခမ်ားျပည့္ျပည့္ဝဝရရွိရန္လိုေၾကာင္း နစကဥကၠ႒ ေျပာ
ယြန္း (NP News) - ႏိုဝင္ဘာ ၂၈
ဘတ္ဂ်က္သုံးစြဲရာတြင္ ေငြရွိမွသာ သုံးစြဲႏိုင္မည္ျဖစ္သျဖင့္ အခြန္အခမ်ား ျပည့္ျပည့္ဝဝရရွိရန္ လိုေၾကာင္း နစက ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အသိေပးေျပာၾကားသည္။
ယမန္ေန႔ (ႏိုဝင္ဘာ ၂၇ ရက္)က ေနျပည္ေတာ္ရွိ နစက ဥကၠ႒႐ုံး၊ အစည္း အေဝးခန္းမ၌ က်င္းပခဲ့သည့္ ဘ႑ာေရးဆိုင္ရာေကာ္မရွင္ အစည္းအေဝးတြင္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။
အဆိုပါအစည္အေဝးတြင္ ျပည္ေထာင္စုႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ား၏ ၂၀၂၄- ၂၀၂၅ ဘ႑ာေရးႏွစ္အတြက္ ျဖည့္စြက္ခြင့္ျပဳေငြေတာင္းခံမႈမ်ားကို ဘ႑ာေရးဆိုင္ရာေကာ္မရွင္က အတည္ျပဳေပးခဲ့ျခင္းျဖစ္သည္။
အသုံးစရိတ္မ်ားပိုမိုသုံးစြဲျခင္းျဖင့္ ကုန္ထုတ္လုပ္မႈတိုးတက္ျခင္း၊ ျပည္တြင္းစားသုံးမႈအတြက္ အေထာက္အကူျပဳျခင္း၊ အလုပ္အကိုင္အခြင့္အလမ္းမ်ားေပၚေပါက္ျခင္း၊ ကုန္စည္ကူးသန္းေရာင္းဝယ္မႈမ်ား တိုးတက္ေစမည့္အျပင္ ပုဂၢလိက က႑၏ ဝယ္လိုအား တိုးတက္ေစႏိုင္ျခင္းေၾကာင့္ ႏိုင္ငံ့စီးပြားျပန္ လည္တိုးတက္လာေစႏိုင္ေၾကာင္း နစကဥကၠ႒က အစည္းအေဝးတြင္ ေျပာ သည္။
ထိုသို႔ ဘတ္ဂ်က္သုံးစြဲရာတြင္ ေငြရွိမွသာ သုံးစြဲႏိုင္မည္ျဖစ္သျဖင့္ အခြန္အခမ်ား ျပည့္ျပည့္ဝဝရရွိရန္လိုေၾကာင္းလည္း နစကဥကၠ႒က အသိေပးေျပာၾကားထားသည္။
ထို႔ျပင္ သဘာဝေဘးအႏၲရာယ္ႏွင့္ လူတို႔ေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရမႈမ်ားအတြက္ ျပန္လည္ထူေထာင္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ေပးရန္အတြက္ လိုအပ္သည့္ဘတ္ဂ်က္ေငြမ်ားကိုလည္း ခ်ထားေပးမည္ျဖစ္ၿပီး ထည့္သြင္းတြက္ခ်က္ေဆာင္႐ြက္ရန္လိုေၾကာင္း နစကဥကၠ႒က ေျပာသည္။
ကုန္ထုတ္လုပ္မႈလုပ္ငန္းမ်ားရွိမွသာလွ်င္ အခြန္အခမ်ားလည္း ရရွိမည္ျဖစ္ရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအလိုက္ စိုက္ပ်ိဳးေမြးျမဴေရးကိုအေျခခံသည့္ ကုန္ထုတ္လုပ္ငန္းမ်ား ေအာင္ျမင္ရန္ စနစ္တက်ၾကပ္မတ္ ေဆာင္ ႐ြက္ႏိုင္ေရးကိုလည္း တိုက္တြန္းထားသည္။
ထို႔ေၾကာင့္ ျပည္ေထာင္စုႏွင့္ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ား၏ ၂၀၂၄- ၂၀၂၅ ဘ႑ာေရးႏွစ္အတြက္ ျဖည့္စြက္ခြင့္ျပဳေငြေတာင္းခံမႈမ်ားကို ႏိုင္ငံေတာ္၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈကို အလ်င္အျမန္အေထာက္အကူျပဳမည့္ လုပ္ ငန္းမ်ားႏွင့္ ျပည္သူလူထုတစ္ရပ္လုံး၏ လူမႈစီးပြားဘဝကို ျမႇင့္တင္ေပးမည့္လုပ္ငန္းမ်ားတြင္ ထိေရာက္စြာ စိစစ္သုံးစြဲရန္ အသိေပးေျပာၾကားသည္။