အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ရှိတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့ပြော

 46

Pika (NP News) - နိုဝင်ဘာ ၂၈
အစ္စရေးနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဆောင်ဖို့အတွက် ဆန္ဒရှိတယ်လို့ ဟားမက်လက်နက်ကိုင်အဖွဲ့က နိုင်ငံတကာ ကြားဝင်စေ့စပ်တဲ့အဖွဲ့တွေကို အသိပေးခဲ့တယ်လို့ သိရပါတယ်။ အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာမှာ ဟားမက်လက်နက်ကိုင်အဖွဲ့ရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်ကြားဝင်စေ့စပ်ပေးထားတဲ့ အစ္စရေးနဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကြား အပစ်အခတ်ရပ်စဲရေးဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အစ္စရေးတပ်ဖွဲ့တွေကို လာမယ့်ရက်ပေါင်း(၆ဝ)အတွင်း ရုတ်သိမ်းစေမှာဖြစ်ပြီး ယခင်က ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်စပ်ဒေသတစ်လျှောက်မှာ လက်ဘနွန်စစ်တပ်ကို ဖြန့်ကျက်ချထားခွင့်ပြုမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဟားမက်လက်နက်ကိုင်အဖွဲ့အကြီးတန်းပြောရေးဆိုခွင့်ရှိသူ ဆာမီအဘူဇူရီက "လက်ဘနွန်ပြည်သူတွေကို ကာကွယ်ပေးမယ့် သဘောတူညီချက်ကို ရရှိခဲ့တဲ့ လက်ဘနွန်နဲ့ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ရဲ့အခွင့်အရေးကို ဟားမက်လက်နက်ကိုင်အဖွဲ့က အသိအမှတ်ပြုပါတယ်။ ပြီးတော့ အဲဒီသဘောတူညီချက်ဟာ ဂါဇာကမ်းမြောင် ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်နိုင်မယ့် သဘောတူညီချက်ရရှိစေဖို့အတွက် လမ်းခင်းပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောခဲ့ပါတယ်။

ဟားမက်လက်နက်ကိုင်အဖွဲ့ဟာ ဂါဇာကမ်းမြောင်ဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်မယ့် သဘောတူညီ ချက်ကို ရရှိဖို့ စိတ်ဝင်စားပေမယ့်လည်း အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက အဲဒီသဘောတူညီချက်ကို စိတ်ဝင်စားပုံမပေါ်ဘူးလို့ ဆာမီအဘူဇူရီက ပြောကြားခဲ့ပါတယ်။ ဟားမက်လက်နက်ကိုင်အဖွဲ့က ၎င်းတို့ဟာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့အကျဉ်းသားအပြန်အလှန်လဲလှယ်မှုတွေအတွက် အဆင်သင့်ဖြစ်နေပြီ ဆိုတာကို အီဂျစ်၊ တူရကီနဲ့ ကာတာတို့ကို အသိပေးခဲ့တယ်လို့ အမည်မဖော်လိုတဲ့ ဟားမက်လက်နက်ကိုင်အဖွဲ့ အရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။
၂ဝ၂၃ ခုနှစ် အောက်တိုဘာလ(၇)ရက်မှာ အစ္စရေး-ဟားမက်စစ်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံသား(၁၂၀၀)ကျော် သေဆုံးခဲ့ပြီး ပါလက်စတိုင်းလူမျိုး(၄၀၀၀၀)ကျော် သေဆုံးထားတယ်လို့ ဂါဇာ ကမ်းမြောင်ဒေသကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Zawgyi Version;
အပစ္အခတ္ရပ္စဲေရးအတြက္ အဆင္သင့္ရွိတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕ေျပာ
Pika (NP News) - ႏိုဝင္ဘာ ၂၈
အစၥေရးနဲ႔ အပစ္အခတ္ရပ္စဲေရးလုပ္ေဆာင္ဖို႔အတြက္ ဆႏၵရွိတယ္လို႔ ဟားမက္လက္နက္ကိုင္အဖြဲ႕က ႏိုင္ငံတကာ ၾကားဝင္ေစ့စပ္တဲ့အဖြဲ႕ေတြကို အသိေပးခဲ့တယ္လို႔ သိရပါတယ္။ အစၥေရးနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးကို ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ ဟားမက္လက္နက္ကိုင္အဖြဲ႕ရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

အေမရိကန္ၾကားဝင္ေစ့စပ္ေပးထားတဲ့ အစၥေရးနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ၾကား အပစ္အခတ္ရပ္စဲေရးဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ အစၥေရးတပ္ဖြဲ႕ေတြကို လာမယ့္ရက္ေပါင္း(၆ဝ)အတြင္း ႐ုတ္သိမ္းေစမွာျဖစ္ၿပီး ယခင္က ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ ထိန္းခ်ဳပ္ထားတဲ့ နယ္စပ္ေဒသတစ္ေလွ်ာက္မွာ လက္ဘႏြန္စစ္တပ္ကို ျဖန႔္က်က္ခ်ထားခြင့္ျပဳမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဟားမက္လက္နက္ကိုင္အဖြဲ႕အႀကီးတန္းေျပာေရးဆိုခြင့္ရွိသူ ဆာမီအဘူဇူရီက "လက္ဘႏြန္ျပည္သူေတြကို ကာကြယ္ေပးမယ့္ သေဘာတူညီခ်က္ကို ရရွိခဲ့တဲ့ လက္ဘႏြန္နဲ႔ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ရဲ႕အခြင့္အေရးကို ဟားမက္လက္နက္ကိုင္အဖြဲ႕က အသိအမွတ္ျပဳပါတယ္။ ၿပီးေတာ့ အဲဒီသေဘာတူညီခ်က္ဟာ ဂါဇာကမ္းေျမာင္ ေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္ႏိုင္မယ့္ သေဘာတူညီခ်က္ရရွိေစဖို႔အတြက္ လမ္းခင္းေပးႏိုင္မယ္လို႔ ေမွ်ာ္လင့္ပါတယ္" လို႔ ေျပာခဲ့ပါတယ္။

ဟားမက္လက္နက္ကိုင္အဖြဲ႕ဟာ ဂါဇာကမ္းေျမာင္ေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲကို အဆုံးသတ္မယ့္ သေဘာတူညီ ခ်က္ကို ရရွိဖို႔ စိတ္ဝင္စားေပမယ့္လည္း အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက အဲဒီသေဘာတူညီခ်က္ကို စိတ္ဝင္စားပုံမေပၚဘူးလို႔ ဆာမီအဘူဇူရီက ေျပာၾကားခဲ့ပါတယ္။ ဟားမက္လက္နက္ကိုင္အဖြဲ႕က ၎တို႔ဟာ အပစ္အခတ္ရပ္စဲေရးသေဘာတူညီခ်က္နဲ႔အက်ဥ္းသားအျပန္အလွန္လဲလွယ္မႈေတြအတြက္ အဆင္သင့္ျဖစ္ေနၿပီ ဆိုတာကို အီဂ်စ္၊ တူရကီနဲ႔ ကာတာတို႔ကို အသိေပးခဲ့တယ္လို႔ အမည္မေဖာ္လိုတဲ့ ဟားမက္လက္နက္ကိုင္အဖြဲ႕ အရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။
၂ဝ၂၃ ခုႏွစ္ ေအာက္တိုဘာလ(၇)ရက္မွာ အစၥေရး-ဟားမက္စစ္ပြဲ စတင္ျဖစ္ပြားခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ အစၥေရးႏိုင္ငံသား(၁၂၀၀)ေက်ာ္ ေသဆုံးခဲ့ၿပီး ပါလက္စတိုင္းလူမ်ိဳး(၄၀၀၀၀)ေက်ာ္ ေသဆုံးထားတယ္လို႔ ဂါဇာ ကမ္းေျမာင္ေဒသက်န္းမာေရးဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

Related news

© 2021. All rights reserved.