ပြင်ဦးလွင်မြို့ရှိ နေအိမ်တစ်ခု၌ အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးသတ်ခံခဲ့ရပြီး (၃)ဦးဒဏ်ရာရရှိမှုဖြစ်ပွား

 2790

NP News - အောက်တိုဘာ ၁၃

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်ရှိ နေအိမ်တစ်ခုအတွင်း၌ အမျိုးသမီးတစ်ဦး ဓားဖြင့်ထိုးသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၁၃ ရက်) နံနက်(၅)နာရီအချိန်ခန့်တွင် ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုးရွာ၊ ရပ်ကွက်ကြီး (၁၂)၌ ဖြစ်ပွားခဲ့ကြောင်း ပြင်ဦးလွင် နာရေးကူညီမှုအသင်းမှ သိရသည်။

အသတ်ခံရသူမှာ အဆိုပါနေအိမ်မှ အသက်(၅၁)နှစ်အရွယ် အိမ်ပိုင်ရှင်အမျိုးသမီးဖြစ်ပြီး အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁) ဦးတို့တွင်လည်း ဓားဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါအသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

ထို့ကြောင့် ဒဏ်ရာရရှိခဲ့သူ (၃)ဦးကို ပြင်ဦးလွင်(အခမဲ့) နာရေးကူညီမှုအသင်းမှ ပြင်ဦးလွင်မြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်၌ ပြီးခဲ့သည့် စက်တင်ဘာလတွင် အနီးစခန်းလေယာဉ်ကွင်း၏ အနောက်ဘက်ရှိ စည်းကားချောင်းဘေးရှိ ကြက်ခြံတွင်လည်း ကလေးငယ်တစ်ဦး အပါအဝင်(၅)လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့သည်။

zawgyi version
ျပင္ဦးလြင္ၿမိဳ႕ရွိ ေနအိမ္တစ္ခု၌ အမ်ိဳးသမီးတစ္ဦး ဓားျဖင့္ထိုးသတ္ခံခဲ့ရၿပီး (၃)ဦးဒဏ္ရာရရွိမႈျဖစ္ပြား
NP News - ေအာက္တိုဘာ ၁၃

မႏၲေလးတိုင္း၊ ျပင္ဦးလြင္ၿမိဳ႕နယ္ရွိ ေနအိမ္တစ္ခုအတြင္း၌ အမ်ိဳးသမီးတစ္ဦး ဓားျဖင့္ထိုးသတ္ခံခဲ့ရေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔(ေအာက္တိုဘာလ ၁၃ ရက္) နံနက္(၅)နာရီအခ်ိန္ခန႔္တြင္ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ေရခ်မ္းအိုး႐ြာ၊ ရပ္ကြက္ႀကီး (၁၂)၌ ျဖစ္ပြားခဲ့ေၾကာင္း ျပင္ဦးလြင္ နာေရးကူညီမႈအသင္းမွ သိရသည္။

အသတ္ခံရသူမွာ အဆိုပါေနအိမ္မွ အသက္(၅၁)ႏွစ္အ႐ြယ္ အိမ္ပိုင္ရွင္အမ်ိဳးသမီးျဖစ္ၿပီး အမ်ိဳးသား(၂)ဦးႏွင့္ အမ်ိဳးသမီး(၁) ဦးတို႔တြင္လည္း ဓားဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း အဆိုပါအသင္းမွ တာဝန္ရွိသူတစ္ဦးကဆိုသည္။

ထို႔ေၾကာင့္ ဒဏ္ရာရရွိခဲ့သူ (၃)ဦးကို ျပင္ဦးလြင္(အခမဲ့) နာေရးကူညီမႈအသင္းမွ ျပင္ဦးလြင္ၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။

ျပင္ဦးလြင္ၿမိဳ႕နယ္၌ ၿပီးခဲ့သည့္ စက္တင္ဘာလတြင္ အနီးစခန္းေလယာဥ္ကြင္း၏ အေနာက္ဘက္ရွိ စည္းကားေခ်ာင္းေဘးရွိ ၾကက္ၿခံတြင္လည္း ကေလးငယ္တစ္ဦး အပါအဝင္(၅)ေလာင္းၿပိဳင္ လူသတ္မႈျဖစ္ပြားခဲ့သည္။

Related news

© 2021. All rights reserved.