ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်၌ ဘုရားဖူးပြည်သူများ ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်၍ CCTV မှတ်တမ်းထွက်ပေါ်လာ

 8547

NP News - အောက်တိုဘာ ၁၄

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဘုရား တောင်တက်ကားဂိတ်၌ ဘုရားဖူးပြည်သူများ ပစ်ခတ်ခံရမှုဖြစ်စဉ်နှင့် ပတ်သက်၍ CCTV မှတ်တမ်းတစ်ခု လူမှုကွန်ယက်တွင် ထွက်ပေါ်လာခဲ့သည်။

ဖြစ်စဉ်မှာ အောက်တိုဘာလ ၁၂ ရက် ၊ နံနက် ၁ဝ နာရီ ၂၅ မိနစ်အချိန်ခန့်တွင် ကျိုက်ထီးရိုးဘုရား ကင်ပွန်းစခန်းတောင်တက်ကားဂိတ်၌ ပစ်ခတ်ခံရခြင်းဖြစ်ပြီး ဘုရားဖူးပြည်သူ အမျိုးသမီး(၃)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူလည်း အများအပြားရှိခဲ့သည်။

ဘုရားဖူးပြည်သူများသည် တောင်တက်ကားဂိတ်ရှိ ကားပေါ်သို့ တည်ငြိမ်အေးချမ်းစွာ တက်ရောက်နေစဉ်အချိန်တွင် ရုတ်တရက် လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း CCTV မှတ်တမ်းအရ တွေ့ရသည်။

ထိုသို့ ပစ်ခတ်ခံရချိန်တွင် တောင်တက်ကားပေါ်သို့ တက်ရောက်ရန် လှေကားပေါ်တွင် ရောက်ရှိနေသည့် ကလေးငယ်၏ လက်အား ဆွဲကိုင်ထားသည့် အမျိုးသမီးကြီးတစ်ဦးမှာ လှေကားပေါ်မှ ပက်လက်လန်လဲကျကာ သေဆုံးသွားကြောင်း တွေ့ရသည်။

ထို့ပြင် ကားပေါ်သို့ ရောက်ရှိနေသည့် အခြားသောဘုရားဖူးများမှာ ကားပေါ်မှခုန်ချထွက်ပြေးမှုများရှိသကဲ့သို့ ကားပေါ်တွင်လည်း ပုန်းအောင်နေသူများရှိခဲ့သည်ကို တွေ့ရသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရမှုကြောင့် အမျိုးသမီး(၃)ဦးမှာ သေဆုံးသွားခဲ့ပြီး (၁၉) မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ကျိုက်ထီးရိုးဘုရားတောင်တက်ကားဂိတ် ပစ်ခတ်မှုတွင် ပြည်သူများအား ထိခိုက်ရန် လုပ်ဆောင်ခဲ့ခြင်းမရှိသည့်အတွက် CCTV မှတ်တမ်းချပြပေးရန် သထုံ PDF အဖွဲ့က တောင်းဆိုထားသည်ကို တွေ့ရသည်။

ထိုကဲ့သို့တောင်းဆိုပြီးနောက်ပိုင်းတွင် ကျိုက်ထီးရိုးဘုရားတောင်တက်ကားဂိတ် ပစ်ခတ်မှုနှင့်ပတ်သက်၍ ယခုကဲ့သို့ CCTV မှတ်တမ်းတစ်ခု ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။

ဘုရားဖူးပြည်သူများ ထိခိုက်ခဲ့မှုကြောင့် ၎င်းလုပ်ရပ်အပေါ် အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအချို့နှင့် နစကက ဘက်ကလည်း ပြစ်တင်ရှုတ်ချထားသည်။

zawgyi version
က်ိဳက္ထီး႐ိုးဘုရား ေတာင္တက္ကားဂိတ္၌ ဘုရားဖူးျပည္သူမ်ား ပစ္ခတ္ခံရမႈျဖစ္စဥ္ႏွင့္ပတ္သက္၍ CCTV မွတ္တမ္းထြက္ေပၚလာ
NP News - ေအာက္တိုဘာ ၁၄

မြန္ျပည္နယ္၊ က်ိဳက္ထိုၿမိဳ႕နယ္ရွိ က်ိဳက္ထီး႐ိုးဘုရား ေတာင္တက္ကားဂိတ္၌ ဘုရားဖူးျပည္သူမ်ား ပစ္ခတ္ခံရမႈျဖစ္စဥ္ႏွင့္ ပတ္သက္၍ CCTV မွတ္တမ္းတစ္ခု လူမႈကြန္ယက္တြင္ ထြက္ေပၚလာခဲ့သည္။

ျဖစ္စဥ္မွာ ေအာက္တိုဘာလ ၁၂ ရက္ ၊ နံနက္ ၁ဝ နာရီ ၂၅ မိနစ္အခ်ိန္ခန႔္တြင္ က်ိဳက္ထီး႐ိုးဘုရား ကင္ပြန္းစခန္းေတာင္တက္ကားဂိတ္၌ ပစ္ခတ္ခံရျခင္းျဖစ္ၿပီး ဘုရားဖူးျပည္သူ အမ်ိဳးသမီး(၃)ဦး ေသဆုံးကာ ထိခိုက္ဒဏ္ရာရရွိသူလည္း အမ်ားအျပားရွိခဲ့သည္။

ဘုရားဖူးျပည္သူမ်ားသည္ ေတာင္တက္ကားဂိတ္ရွိ ကားေပၚသို႔ တည္ၿငိမ္ေအးခ်မ္းစြာ တက္ေရာက္ေနစဥ္အခ်ိန္တြင္ ႐ုတ္တရက္ လက္နက္ငယ္ျဖင့္ ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း CCTV မွတ္တမ္းအရ ေတြ႕ရသည္။

ထိုသို႔ ပစ္ခတ္ခံရခ်ိန္တြင္ ေတာင္တက္ကားေပၚသို႔ တက္ေရာက္ရန္ ေလွကားေပၚတြင္ ေရာက္ရွိေနသည့္ ကေလးငယ္၏ လက္အား ဆြဲကိုင္ထားသည့္ အမ်ိဳးသမီးႀကီးတစ္ဦးမွာ ေလွကားေပၚမွ ပက္လက္လန္လဲက်ကာ ေသဆုံးသြားေၾကာင္း ေတြ႕ရသည္။

ထို႔ျပင္ ကားေပၚသို႔ ေရာက္ရွိေနသည့္ အျခားေသာဘုရားဖူးမ်ားမွာ ကားေပၚမွခုန္ခ်ထြက္ေျပးမႈမ်ားရွိသကဲ့သို႔ ကားေပၚတြင္လည္း ပုန္းေအာင္ေနသူမ်ားရွိခဲ့သည္ကို ေတြ႕ရသည္။

ထိုသို႔ ပစ္ခတ္တိုက္ခိုက္ခံရမႈေၾကာင့္ အမ်ိဳးသမီး(၃)ဦးမွာ ေသဆုံးသြားခဲ့ၿပီး (၁၉) မွာလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

က်ိဳက္ထီး႐ိုးဘုရားေတာင္တက္ကားဂိတ္ ပစ္ခတ္မႈတြင္ ျပည္သူမ်ားအား ထိခိုက္ရန္ လုပ္ေဆာင္ခဲ့ျခင္းမရွိသည့္အတြက္ CCTV မွတ္တမ္းခ်ျပေပးရန္ သထုံ PDF အဖြဲ႕က ေတာင္းဆိုထားသည္ကို ေတြ႕ရသည္။

ထိုကဲ့သို႔ေတာင္းဆိုၿပီးေနာက္ပိုင္းတြင္ က်ိဳက္ထီး႐ိုးဘုရားေတာင္တက္ကားဂိတ္ ပစ္ခတ္မႈႏွင့္ပတ္သက္၍ ယခုကဲ့သို႔ CCTV မွတ္တမ္းတစ္ခု ထြက္ေပၚလာခဲ့ျခင္းလည္း ျဖစ္သည္။

ဘုရားဖူးျပည္သူမ်ား ထိခိုက္ခဲ့မႈေၾကာင့္ ၎လုပ္ရပ္အေပၚ အရပ္ဘက္အဖြဲ႕အစည္းမ်ား၊ ႏိုင္ငံေရးပါတီအခ်ိဳ႕ႏွင့္ နစကက ဘက္ကလည္း ျပစ္တင္ရႈတ္ခ်ထားသည္။

Picture

Htun Aung Kyaw

14/10/2022 12:09

ဒါမျိုးဖြစ်နေရမှာ ခုလိုသက်သေနဲ့တကွပြလိုက်တော့ အေးရော

Picture

Chan Chan

14/10/2022 17:52

ဒီကောင်တွေပြည်ဖျတ်မီဒီညာတွေအားကိုးနဲ့တိုင်းပြည်နဲ့ပြည်သူလူထုတွေအပေါ်မှာသတင်းအမှားတွေနဲ့ဝါဒဖြန့်နေတာတွေကများနေပြီးထမိန်ခြုံတွေဆိုတော့လည်းဗြောင်လိမ်တဲ့အကြမ်းဖက်pdfကောင်တွေ

Picture

MgThetlin

14/10/2022 19:35

ဒီကောင်တွေမလုပ်ဘယ်သူလုပ်မာလဲ

Related news

© 2021. All rights reserved.